တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်

ဆူပါမားကတ်တစ်ခုမှာ ငွေရှင်းဖို့တန်းစီတဲ့ အခါ သင်ရွေးလိုက်မိတဲ့ကောင်တာက ဘာလို့အမြဲလိုလိုနှေးနေရတာပါလဲ။ ဘာလို့ အိမ်သာတက်တဲ့အချိန် ရေချိုးခန်းဝင်တဲ့အချိန်မှ တယ်လီဖုန်းတွေ ခဏခဏလာရတာပါလဲ။ မီးပွိုင့်တွေက ကိုယ်အလျင်လိုအရေးကြီးပြီဆို မီးနီပဲပြလေ့ရှိတာလဲ? ကားပိတ်နေတဲ့အခါ ကိုယ့်လမ်းကြောကပဲ အမြဲနှေးပြီး ဘေးကလမ်းကြောက ကားတွေကျော်တက်ကြကုန်တာပါလဲ။ အရေးပေါ် တခုခုလိုအပ်လာပြီဆို ရှာနေတဲ့ပစ္စည်းက အမြဲပျောက်နေပြီး ရှာမတွေ့တာမျိုး ကြုံဖူးပါသလား။ ထီးမပါတဲ့နေ့တွေ မိုးရွာပြီး ထီးပါတဲ့နေ့ဆို မိုးမရွာတဲ့အပြင် ယူလာတဲ့ ထီးပါ တနေရာရာမှာ မေ့ကျန်ခဲ့တာမျိုးရော ကြုံဖူးပါသလား။ ဒါတွေက ကံဆိုးမှုသက်သက်လား?တိုက်ဆိုင်မှုများလား ဒါမှမဟုတ် အကြောင်းပြချက်တခုရှိနေမလား? အပေါ်ကအကြောင်းရာတွေထဲက သင်တခုခုကြုံဖူးပါက Congratulations ပါ။သင့်လိုပဲ လူတိုင်းအဲ့လိုကြုံဖူးပါတယ်။သင်တစ်ယောက်ထဲကွက်ပြီး ကံဆိုးနေတာမဟုတ်ပါဘူး။သင်ကလဲ ကံဆိုးတတ်တဲ့လူအများထဲက လူတစ်ယောက်ပါပဲ။ ဒီဖြစ်ရပ်အများစုကို နိယာမတစ်ခုက ရှင်းပြခဲ့ပါတယ်။ဒါကို Murphy ဆိုတဲ့ ပုဂ္ဂိုလ်ကစတင်ထောက်ပြခဲ့လို့Murphy’s Law လို့ လူသိများကြပါတယ်။ MurphyContinue reading “တနေ့စာအလွဲများနဲ့ Murphy Law မိတ်ဆက်”

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 4)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) မိန်းမတို့ စိတ်ဖိစီးမှုပပျောက်ရန် ပြဿနာများကို ဖွင့်ဟပြောပြသောအခါ ယောကျာ်းတို့ မကြိုက်ကြပါ။ပြဿနာသည် မိမိနှင့်သက်ဆိုင်နေသဖြင့်၊ မိမိတွင်တာဝန်ရှိသဖြင့် မိန်းမကပြောနေခြင်းဖြစ်ရမည်ဟု တွေးကြသည်။ယောကျာ်းတို့အနေဖြင့် ပြဿနာကို ထုတ်ပြောရခြင်းသည် အကူအညီယူလိုသဖြင့် (သို့) တစ်ပါးသူကို အပြစ်တင်လိုသဖြင့်ဖြစ်သည်။ထို့ကြောင့် မိန်းမက ပြဿနာများကိုပြောပြလျှင် သူသိသော ဘောင်အတွင်းမှတွေးပြီး အကူအညီလိုလို့လား၊ အပြစ်တင်နေတာလား ဆိုတာကိုသာ တွေးမိသည်။မိန်းမက အလွန်စိတ်ပျက်နေသောပုံပေါက်လျှင် မိမိကိုအပြစ်တင်နေပြီဟုထင်ပြီး ကာကွယ်ပြောဆိုတော့သည်။မိန်းမက ပုံမှန်အတိုင်းဖြစ်လျှင် (သို့) အလွန်စိတ်ပျက်နေသောပုံမပေါက်လျှင် အကူအညီတောင်းနေသည်ဟုထင်ပြီး အဖြေရှာပေးတတ်သည်။မည်သို့ပင်ပြုမူစေကာမူ မိန်းမတို့စိတ်မသက်သာဘဲ စိတ်ပျက်ရသည် ချည်းပင်ဖြစ်သည်။ယောကျာ်းတို့နားလည်ရန်မှာ စိတ်ပါလက်ပါနားထောင်ပေးခြင်းဖြင့်သာContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 4)”

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 3)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) စိတ်ဖိစီးမှုကို ယောကျာ်းနှင့်မိန်းမ တုံ့ပြန်ပုံခြင်းမတူညီကြပါ။ယောကျာ်းစိတ်ညစ်လျှင် စိတ်ညစ်စေသည့် ပြဿနာကိုမေ့ပျောက်အောင် နေထိုင်ကြသည်။မိန်းမတို့စိတ်ဖိစီးလျှင် ပြဿနာကို အထပ်ထပ်အခါခါပြောခြင်းဖြင့် စိတ်သက်သာရာရကြသည်။ နှစ်ယောက်လုံးစိတ်ဖိစီးမှုများနေတဲ့အချိန်ကို မြင်ကြည့်ပါ။ယောကျာ်းက စကားမပြောဘဲ မေ့မေ့ပျောက်ပျောက်နေလိုက်ချင်သည်။ သို့သော်မိန်းမက ပြဿနာကိုထပ်တလဲလဲ ပြောဆိုချင်သည်။ ယောကျာ်းကရှောင်သောအခါ မိန်းမကပိုပြီးစိတ်ထိခိုက်သည်။ ဂရုမစိုက်ဘူးဆိုပြီးခံစားရသည်။ယောကျာ်းကလည်း အေးဆေးနေချင်တာကို နားမလည်ဘဲ တတွတ်တွတ်လာပြောနေတယ်ဆိုပြီး စိတ်ဖိစီးမှုပိုများသွားတတ်သည်။ ဒီလိုတွေဘာကြောင့်ဖြစ်ရသနည်း။ရှေ့အခန်းမှာရေးခဲ့သလိုပဲ ယောကျာ်းတို့ဟာ ပြဿနာရှိရင် ကိုယ်တိုင်ကြိုးစားဖြေရှင်းကြသည်။ မလိုအပ်ဘဲ အချင်းချင်း တိုင်ပင်လေ့မရှိကြ။တစ်ယောက်တည်းသေချာစဉ်းစားပြီး အဖြေရှာတတ်ကြသည်။မိမိလိုချင်သောအဖြေကို ရှာတွေ့ပြီလို့ထင်လျှင် နှုတ်စိတ်နေတာမျိုးမရှိတော့ဘဲ နဂိုအတိုင်း ပြန်လည်ပြုမူတတ်သည်။အဖြေရှာမတွေ့သေးခင်ကာလမှာ ပြဿနာကိုမေ့ပျောက်အောင်Continue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 3)”

ဘာကြောင့် ဦးနှောဏ်တခြမ်းစီက ဘက်မတူသောခန္ဓာကိုယ်တခြမ်းစီကို ထိန်းချုပ်ရသနည်း?

လူသားတို့၏ brain သည် ဘယ်တခြမ်း ညာတခြမ်းစီရှိပြီး ဘယ်ဖက် brain သည် ညာဖက် body ကိုထိန်းချုပ်၍ ညာဖက် brain ကမူ ဘယ်ဖက် body ကိုထိန်းချုပ်ထားသည်။ ဤသည်ကို ဆေးပညာအရ Contralateral control of the brain ဟုဆိုကြသည်။ အဘယ်ကြောင့် ဤသို့ ဘက်မတူသော body ကိုမတူညီသော brain ကထိန်းချုပ်နေရသနည်း။ အကြောင်းရင်းကတော့ brain မှဆင်းလာသော ခိုင်းစေသည့် output (motor) tracts များ နဲ့ brain သို့သွားသော အာရုံခံ (sensory) tracts များသည် တဖက်တချက်စီသို့ ဖြတ်သွားသောကြောင့်ဖြစ်ပါတယ်။ ဒါကို “Midline crossing” or “Decussation” ဟုခေါ်ပါတယ်။Continue reading “ဘာကြောင့် ဦးနှောဏ်တခြမ်းစီက ဘက်မတူသောခန္ဓာကိုယ်တခြမ်းစီကို ထိန်းချုပ်ရသနည်း?”

အမှားတွေဟာ ပကတိတန်ဖိုး ရှိနေမလား ???

ပကတိတန်ဖိုးဆိုတာ အလယ်တန်း သင်္ချာမှာပါခဲ့တဲ့ concept တစ်ခုပဲ။ အပေါင်းတွေ အနုတ်တွေ လုံးဝမပါတဲ့ တန်ဖိုးလို့ ပြောကြတယ်။ -3 ရဲ့ ပကတိက 3 ပဲ။ 3 ဆိုတာ အပေါင်းလည်း မဟုတ်ဘူး၊ အနုတ်လည်း မဟုတ်ဘူး။ 3 က 3 ပဲ။ ဘာမှမဟုတ်နေပဲနဲ့ သူ့အတိုင်းရှိနေတာကိုက ပကတိတန်ဖိုးပဲ။ ဒါဆိုရင်ရော အမှားတစ်ခုဟာ ပကတိဖြစ်နေမလား။ ရုတ်တရက်ဆို အူကြောင်ကြောင် နိုင်နေမယ်။ အမှားဆိုတာ အမှားပဲပေါ့။ အမှားမဟုတ်ရင် အမှန်ပဲလို့ ယူဆစရာ ရှိတယ်။ ဒါပေမယ့် တချို့ကိစ္စတွေမှာ အမှားတွေက ပကတိတန်ဖိုးများ ရှိနေမလားလို့ တွေးမိတယ်။ ဥပမာ ကျွန်ပိုင်ရှင်စနစ်ဆိုတာ မှားလားလို့ အခုနေမေးရင် လူတိုင်းမှားတယ် ဖြေမှာပဲ။ ဒုက္ခရောက်တဲ့သူတွေ နည်းမှ မနည်းခဲ့ဘဲ။Continue reading “အမှားတွေဟာ ပကတိတန်ဖိုး ရှိနေမလား ???”

Design a site like this with WordPress.com
Get started