Freedom of Speech နဲ့ Freedom of Reach

လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဟိုးအရင်ကတည်းက ရနေပြီးသားပဲ။ ဘာမပြောနဲ့ ညာမပြောနဲ့လို့ ဘယ်လိုတားတား တစ်ယောက်တည်းရှိနေတဲ့ချိန်တော့ ပြောလို့ရတယ် မဟုတ်လား။ မသကာ လျှာဖြတ်ပစ်မှပဲ ​ပွဲကပြတ်သွားတာ။ အဲ့တာကြောင့် ရှေးခေတ် ပဒေသရာဇ်စနစ်မှာ ဘုရင်ကို ပေါက်ကရဆဲရင် လျှာဖြတ်ရင်ဖြတ်၊ မဖြတ်ရင် လျှာပါတဲ့ ခေါင်းကိုဖြတ်ပစ်တာပဲ။ Freedom of Reach ကတော့ လူတွေသိပ်တွေးမိကြမှာ မဟုတ်ဘူး။ လွတ်လပ်စွာ ပေါက်ရောက်မှုလို့ ဘာသာပြန်မယ်လေ။ ကိုယ်ရဲ့ ပြောဆိုရေးသားမှုတွေက တစ်ဖက်နားကို ပေါက်ရောက်တာကို ပြောချင်တာ။ မြင်သာမြင် မသိစေနဲ့ ဆိုတာက Freedom of Reach ကို ပိတ်ပင်လိုက်တာပဲ။ ဒါကို လူတွေ တွေးမိမှာ မဟုတ်ဘူး။ အခုခေတ်မှာ ဆက်သွယ်ရေး ဖွံ့ဖြိုးလာမှုနဲ့အတူ Freedom of Reach ကContinue reading “Freedom of Speech နဲ့ Freedom of Reach”

စစ်ပွဲနဲ့ စွန့်လွှတ်ခြင်းများ

၉တန်းလောက်တုန်းက 5 plus channel မှာ ယောင်းဂယ်ဆိုမွန်ဆိုတဲ့ ကိုရီးယား သမိုင်း ဇာတ်လမ်းတွဲလာတယ်။ ဂျူမုံထက်တောင် ကျနော်ပိုကြိုက်သေးတယ်။ ဇာတ်လမ်းက တရုတ်ပြည် တန်မင်းဆက်ခေတ်မှာ ဂိုဂူလျောလို့ ခေါ်တဲ့ အခုမြောက်ကိုရီးယားကို သွားသိမ်းတဲ့အကြောင်း ရိုက်ထားတာ။ ဂိုဂူလျောဆိုတာ ဂျူမုံကိုယ်တိုင် တရုတ် လွှမ်းမိုးမှုအောက်ကနေ ပြန်တည်ထောင်ထားတယ်ဆိုတာ သိကြမှာပဲ။ ဒီနေရာမှာ ပြောချင်တာက အခု ကိုရီးယားကျွန်းဆွယ်မှာ တောင်မြောက် ၂ခြမ်းကွဲနေသလို အရင်တုန်းကလည်း မြောက်ဘက်မှာ ဂိုဂူလျော၊ တောင်ဘက်မှာ ရှီလာနဲ့ ဘတ်ဂျယ်ဆိုပြီး ၃နိုင်ငံ ကွဲနေခဲ့တာပါ။ တရုတ် တန်မင်းဆက်က ဂိုဂူလျောကို စစ်တိုက်တော့ အစကမနိုင်ဘူး။ နောက်လည်း နိုင်မှာ မဟုတ်တော့ တောင်ဘက်က ရှီလာနဲ့ ပေါင်းပြီး ဂိုဂူလျောကို သိမ်းဖို့ကြံတယ်။ ဂိုဂူလျောကို တရုတ်က တိုက်နေချိန်Continue reading “စစ်ပွဲနဲ့ စွန့်လွှတ်ခြင်းများ”

ဒါကြီး မပြီးကြစေချင်သူများ

အဲလ်ဗတ်ကမူးအကြောင်း စာတစ်အုပ်မှာ ဖတ်မိတော့ သူရေးဖူးတဲ့ စည်းအပြင်ကလူ၊ ပလိပ်၊ မနုဿပျက်ခန်း (The Fall ကို တော်ကောင်းမင်း ဘာသာပြန်)၊ လူတစ်ယောက်ရဲ့ အရိုးသားဆုံးဖွင့်ဟဝန်ခံချက် (စာအုပ်တူတူကိုပဲ နရီမင်းက ဘာသာပြန်)၊ The Myth of Sisyphus (အခုဖတ်နေ၊ ထွက်ထားတဲ့ Kdrama က အဲ့ဝတ္ထုကို ရိုက်ထားတာမဟုတ်) တွေကို သတိရမိပါတယ်။ အဲဗတ်ကမူးက သူကိုယ်တိုင် ဖြစ်တည်မှုဝါဒီတစ်ဦး မဟုတ်ဘူးလို့ ငြင်းလင့်ကစား သူရေးတဲ့ စာတွေ အက်ဆေးတွေမှာ လူသားတစ်ဦး၏ ပုဂ္ဂလဖြစ်တည်မှုကိုပဲ ခံစားချက်သက်သက်နဲ့ ရေးဖွဲ့ထားတာတွေ ဖတ်ရလေ့ရှိပါတယ်။ အဲ့ဒီထဲမှာမှ ပလိပ်ဆိုတဲ့ ထင်လင်းဘာသာပြန် ဝတ္ထုကို ပြေးသတိရမိတယ်။ အဲ့ဝတ္ထုကြီးထဲက အကြောင်းအရာတွေ ဖြစ်စဥ်တွေက ကျနော်တို့ အခုကြုံတွေ့နေရတဲ့ ဒဿန အကျပ်အတည်းနဲ့ သိပ်တူတာပဲ။Continue reading “ဒါကြီး မပြီးကြစေချင်သူများ”

နာမဝိသေသနများနဲ့ လမ်းခွဲခြင်း (သို့) stoping body shaming

Adj ဆိုတာ N ကို အထူးပြုတာလို့ ငယ်ငယ်က သင်ဖူးကြပါတယ်။ ရှိပြီသား နာမ်တစ်ခုကို အထူးပြုပြီးဖြစ်အောင် စကားလုံးလေး ကပ်ပေးလိုက်တာပဲ။ အဲ့လိုကပ်ပေးလိုက်လို့ ကိုယ်ပြောချင်တဲ့ နာမ်က ပိုပေါ်လွင်တယ်၊ ပိုထူးခြားတယ်။ ဒီနေရာမှာ အဲ့လိုကပ်တာက ကောင်းလား၊ မကောင်းလားကို တခါမှ မဆန်းစစ်ခဲ့ကြဘူး။ ငယ်ငယ်ကဆို မျက်မှန်တပ်ထားတဲ့သူကို လေးလုံး မှန်ကြောင်စသဖြင့် လူကောင်ညှပ်နေရင် စောင်ဂျပု၊ ငါးဖောင်ရိုးစသဖြင့် ခေါ်ခဲ့ကြဖူးမယ်။ အခေါ်ခံခဲ့ရတဲ့သူက ကျေနပ်နေရင် ဘာပြဿနာမှ မရှိဖူးပဲ ပြီးခဲ့ကြဖူးမယ်။ ဟဲဟဲ ဟဲဟဲ နဲ့ပေါ့။ အဲ့တာတွေကို ပြန်လေ့လာကြည့်ရင် ပိန်သူကို ဝက်လို့ ခေါ်တာ မဟုတ်သလို ဝနေသူကို ငါးဖောင်ရိုးလို့လည်း ခေါ်တာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း အဲ့ဒီ နာမဝိသေသနတွေကို စိတ်ခံစားချက်နဲ့ သုံးစွဲပစ်တာပဲ။Continue reading “နာမဝိသေသနများနဲ့ လမ်းခွဲခြင်း (သို့) stoping body shaming”

ကောင်းကင်ယံက အတိတ်နေ့စွဲများ

ညအချိန်မှာကောင်းကင်ကို မော့မကြည့်ဖူးတဲ့သူ မရှိနိုင်ပါဘူး။လတစ်စင်းနဲ့ ကြယ်တွေကိုကြည့်ရင်း ဖွဲ့သီခဲ့တဲ့ကဗျာတွေ၊ ဆိုခဲ့တဲ့တေးသွားတွေလည်း မနည်းလှပါဘူး။ရှေးယခင်က တစ်နေရာကနေတစ်နေရာကို ခရီးသွားရင် လမ်းမပျောက်အောင် ကြယ်တွေကိုပဲ အမှတ်အသားပြုခဲ့ကြရတယ်။သို့သော် ကျွန်ုပ်တို့ညစဉ်ကောင်းကင်ကိုကြည့်တိုင်း မြင်တွေ့ရသော ကြယ်၊လ အကုန်လုံးဟာ အတိတ်ကာလမှ လက်ရှိပစ္စုပ္ပန်ကာလအပေါ် သက်ရောက်နေမှုတစ်ခုသာဖြစ်တယ်လို့ဆိုရင် စာဖတ်သူလက်ခံနိုင်ပါသလား။ ရှင်းလင်းသွားစေဖို့ အလင်းရဲ့အလုပ်လုပ်ပုံကို အရင် ပြောဖို့လိုတယ်။အရာဝတ္ထုတစ်ခုကိုမြင်နိုင်ဖို့ အဲ့ဒီဝတ္ထုက ထွက်လာတဲ့အလင်း ကျွန်ုပ်တို့မျက်စိထဲက မြင်လွှာပေါ်ကိုရောက်ဖို့လိုအပ်တယ်။အလင်းရဲ့အလျှင်ကို အထက်တန်းရူပဗေဒမှာ သင်ခဲ့ရတော့ မစိမ်းကြဘူးလို့ထင်ပါတယ်။၁စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ (186,000 miles per second) ရှိပါတယ်။ကမ္ဘာနဲ့လ ၂၃၈၈၅၅ မိုင်ကွာဝေးပါတယ်။ လရဲ့အလင်းကမ္ဘာကိုရောက်ဖို့ ၁စက္ကန့်ကျော်ကြာပါတယ်။ဒါကြောင့် ညအချိန်မြင်ရတဲ့လသည် လွန်ခဲ့တဲ့အတိတ် ၁စက္ကန့်ကျော်က လဖြစ်တယ်။ လမှာဖြစ်သမျှ ကျွန်ုပ်တို့ ၁စက္ကန့်ကျော်ကြာမှသိရတယ်။ ကမ္ဘာနဲ့နေ မိုင်ပေါင်း ၉၃သန်းကွာဝေးတယ်။နေရဲ့အလင်းကမ္ဘာကို ရောက်ဖို့ ၈မိနစ်နဲ့ စက္ကန့်Continue reading “ကောင်းကင်ယံက အတိတ်နေ့စွဲများ”

Design a site like this with WordPress.com
Get started