တစ်ဖက်လူကို အပြစ်တင် မစောကြစေချင်…

စာဖတ်သူတွေထဲ အိမ်မှာ Wifi တပ်ထားတဲ့သူတွေ ပါမှာပါ။ ဘယ်လိုင်းရွေးရွေး စျေးပေါတယ်ဆိုရင် တခါတခါ လိုင်းပြတ်တတ်ပါတယ်။ တချို့ဆို စျေးကြီးပေးတာတောင် လိုင်းက မကောင်းပါဘူး။ ဂိမ်းကစားခံနီးလို့ Ping က ဝါနေ၊ နီနေရင် ဒေါသထွက်ရပါတယ်။ ဂိမ်းဆော့နေတုန်းမှာ ဖြစ်ရင်တော့ ဒေါသက ငယ်ထိပ်ရောက်လာတာပေါ့။ ကျွန်တော်ဆိုရင် ဒီလိုဖြစ်လာတဲ့အခါ ချက်ချင်းတော့ ဖုန်းဆက်ပြီး လှမ်းမဆဲပါဘူး။ ကောင်းလာနိုးနိုးနဲ့ စောင့်တာပေါ့။ တစ်ရက်စောင့်တယ်… နှစ်ရက်စောင့်တယ်… ၃ရက်မြောက်တဲ့ထိ ဝေလေလေပဲဆိုရင်တော့ ဖုန်းဆက်ပါပြီ။ အဲ့ဒီအချိန်ထိ မဆဲသေးပါဘူး။ အကျိုးအကြောင်း မေးကြည့်ပါတယ်။ Customer Service တွေက တခါတခါမှာ ဘာဖြစ်နေလဲ သေချာမသိကြပါဘူး။ အဲ့ဒီအခါမှာ အလွတ်ကျက်ထားတဲ့ ဖြေရှင်းနည်းတွေ ပြောပါလိမ့်မယ်။ Restart လေးချကြည့်ပါ ဘာညာပေါ့။ အဲ့လိုဆိုရင် သူတို့စိတ်ကျေနပ်အောင် လုပ်ပေးလိုက်ပါတယ်။Continue reading “တစ်ဖက်လူကို အပြစ်တင် မစောကြစေချင်…”

သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်လို့ရလား?

ဂြိုလ်သားတွေ ဘယ်မှာလဲ? ဆိုတဲ့ Article အဆုံးမှာ Civilization တစ်ခုဟာ သူတို့ရဲ့သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်ပြီး နေထိုင်သွားလို့ရတယ်လို့ ရေးခဲ့ပါတယ်။အခု လူတွေအနေနဲ့ရော အဲ့လိုလုပ်လို့ ရမရ ပြောချင်တာပါ။ စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?https://ouo.io/YZewKM ပထမဦးဆုံး မေးခွန်းတစ်ခုနဲ့ စရပါလိမ့်မယ်။ ဘာကို Upload လုပ်မှာလဲ? သိစိတ်ကို လုပ်မှာပေါ့။ဒီတော့ သိစိတ်ဆိုတာ ဘာလဲမေးရပြန်ပါတယ်။ သိစိတ်ဆိုတာ ဦးနှောက်ထဲက အာရုံကြောလေးတွေမှာ ဖြတ်စီးသွားတဲ့ လျှပ်စီးကြောင်းတွေကနေ ဖြစ်ပေါ်လာတာပါ။ဦးနှောက်ရဲ့ဘယ်အပိုင်းမှာ သိစိတ်ရှိလဲဆိုတာ ပြောဖို့ခက်ပါတယ်။ တချို့အပိုင်းတွေဟာ သိစိတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ သိကြပေမယ့် တခါတခါလည်း အစိတ်အပိုင်း ၂ခုပေါင်းလိုက်မှ သိစိတ်လိုဖြစ်လာတာတွေလည်း ရှိပါတယ်။ ဒီတော့ Upload လုပ်ဖို့ ယူဆချက် ၃ခုရှိဖို့ လိုအပ်ပါတယ်။ ပထမတစ်ခုက PhysicalismContinue reading “သိစိတ်ကို ကွန်ပြူတာပေါ် Upload လုပ်လို့ရလား?”

လက်ကိုဆပ်ပြာနဲ့ဆေးတာရယ် အရက်ပြန်နဲ့ဆေးတာရယ်မှာ ဘာကပိုကောင်းလဲ?

ကိုဗစ်ကိုကာကွယ်ဖို့အတွက် လက်ဆေးဖို့ပြောကြတာ ခဏခဏကြားရမှာပါ။ လက်ဆေးခိုင်းတယ်ဆိုတာ လက်ကိုဖောက်ပြီးရောဂါပိုးကဝင်နိုင်လို့မဟုတ်ပါဘူး။လက်မှာရောဂါပိုးပါလာရင် နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိတွေကို ကိုင်မိရင် ပိုးကအလွယ်တကူဝင်သွားနိုင်လို့ပါ။ COVID-19 ရောဂါပိုးက virus ပိုးဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို phospholipid လို့ခေါ်တဲ့ အဆီပြင်နဲ့၂ထပ်ကာထားပါတယ်။ Phospholipid bilayer လို့ခေါ်ကြပါတယ်။ အဲ့အဆီပြင်အလွှာက ရောဂါပိုးအတွက်မရှိမဖြစ်အရေးပါပါတယ်။ ထိုအဆီပြင်အလွှာသာ ပေါက်ပြဲသွားရင် ရောဂါပိုးကလဲ အလိုလိုသေသွားမှာဖြစ်ပါတယ်။ အဆီပြင်အလွှာပေါ်မှာ virus ပိုးအတွက်အရေးကြီးတဲ့ protein spike တွေလဲပါတာမို့ အဆီပြင်အလွှာသာမရှိရင် ပိုးကဘာမှလုပ်လို့မရတော့ပါဘူး။ ဆပ်ပြာက အဆိုပါ အဆီပြင်ကြားထဲကို ဝင်ရောက်ပြီး အဆီ molecule တခုနဲ့တခုချိတ်ထားတဲ့နေရာကို ပြုတ်ထွက်သွားစေပါတယ်။ အဆီကြားကို ထိုးဖောက်ပြီး အလွယ်တကူပျက်စီးသွားအောင်ဖျက်ဆီးလိုက်တဲ့အတွက် ရောဂါပိုးက ပျက်စီးသွားပြီး သေသွားရပါတယ်။ ရေနဲ့ဆေးချလိုက်တော့ သေပြီးသားပိုးမွှားအပိုင်းအစလေးတွေက တခါတည်း ရေနဲ့အတူပါသွားလို့ သန့်သွားပါတယ်။ အရက်ပြန်ကလဲContinue reading “လက်ကိုဆပ်ပြာနဲ့ဆေးတာရယ် အရက်ပြန်နဲ့ဆေးတာရယ်မှာ ဘာကပိုကောင်းလဲ?”

ကြောင်တွေ ခွေးတွေက သခင်နဲ့အပြင်လောကကို ဘာအရောင်တွေအနေနဲ့မြင်ရသလဲ?

Colourblind အကြောင်းရှာဖတ်ရင်းနဲ့ ရုတ်တရက်သိချင်လာတာက ခွေးလေးတွေ ကြောင်လေးတွေကရော သူတို့သခင်နဲ့ ပတ်ဝန်းကျင်ကို ဘယ်လိုအရောင်နဲ့မြင်ရသလဲဆိုတာ တွေးမိပြီး ရှာဖတ်မိပါတယ်။ ခွေးတွေကြောင်တွေကရော colour blind များရှိကြသလားပေါ့။ အရင်ဆုံး ကြောင်လေးတွေအကြောင်း ပြောပြချင်ပါတယ်။ ကြောင်နဲ့ လူတွေရဲ့ colour vision ကခပ်ဆင်ဆင်တူပါတယ်။ လူတွေရဲ့ မြင်လွှာ (retina) မှာ အလင်းရောင်ကိုသိတဲ့ ဆဲလ် ၂မျိုးရှိပါတယ်။ တုတ်ချောင်းနဲ့တူတဲ့ဆဲလ်တွေကို rod receptors လို့ခေါ်ပါတယ်။ rods တွေက အလင်းအားနည်းတဲ့အခါမှာ ကြည့်လို့မြင်အောင်ကူညီပေးပါတယ်။ ကန်တော့ခွက်ပုံနဲ့တူတဲ့ ဆဲလ်တွေကိုတော့ cone receptors လို့ခေါ်ပါတယ်။ Cone receptors တွေကတော့ အရောင်ကိုသိပြီး colour vision မှာအသုံးကျပါတယ်။ ကြောင်တွေမှာက rods တွေပိုများလို့ ညဖက်အလင်းရောင်နည်းတဲ့အခါ night visionContinue reading “ကြောင်တွေ ခွေးတွေက သခင်နဲ့အပြင်လောကကို ဘာအရောင်တွေအနေနဲ့မြင်ရသလဲ?”

Color blind အတွက်ထုတ်ထားတဲ့မျက်မှန်တွေက ဘယ်လိုအလုပ်လုပ်သလဲ?

ခဏခဏရေးပေးဖို့ပြောထားတဲ့ topic လေးမို့လို့ အခုရေးပေးလိုက်ပါပြီခင်ဗျ။ ဒီ post က colour blind ရောဂါအကြောင်းရေးမှာမဟုတ်ဘဲ colour blind သမားတွေက အထူးသီးသန့်မျက်မှန်တပ်ရင် ပြန်ကောင်းသွားသလားဆိုတာကို အဓိကရေးသွားမှာပါ။ Social media တွေမှာ colour blind သမားတွေ အထူးသီးသန့်မျက်မှန်တပ်ပြီးတဲ့အခါ အရမ်းကိုအံ့သြစိတ်လှုပ်ရှားပြီး မျက်ရည်တွေကျကြ အရမ်းပျော်ကြတဲ့ video တွေမြင်ဖူးကြမှာပါ။ အခုမှပဲ လောကကြီးက အရမ်းလှနေပါလား တို့၊ အရောင်စုံလိုက်တဲ့လောကကြီးတို့ ၊ အရောင်တွေက ထူးဆန်းလိုက်တာဆိုပြီး color blind သမားတွေက မျက်မှန်တပ်ကာ ပြောတတ်ကြပါတယ်။ ဒါဆို တကယ်ပဲ အဲ့မျက်မှန်တွေအရမ်းစွမ်းလို့လားဆိုရင် မှန်တဝက် မမှန်တဝက်လို့ပဲ ဆိုရမှာပါ။ Colour blind လို့ဆိုတိုင်း လုံးဝ အဖြူအမည်းပဲမြင်ရတယ်လို့ မဆိုလိုပါဘူး။ တော်တော်များများက အရောင်တွေကိုမြင်ရပါတယ်။Continue reading “Color blind အတွက်ထုတ်ထားတဲ့မျက်မှန်တွေက ဘယ်လိုအလုပ်လုပ်သလဲ?”

Design a site like this with WordPress.com
Get started