သရဲကြောက်တာကို CBT နဲ့ကုသလို့ရသလား?

Psychology အကြောင်းရေးတဲ့စာတွေမှာ တခုခုဆိုရင် CBT နဲ့ကုသလို့ရတယ်ဆိုပြီး ခဏခဏပါတာတွေ့ဖူးမှာပါ။ CBT ဆိုတာဘာလဲဆိုတာ ဒီ post မှာရေးပေးသွားပါ့မယ်။ CBT ရဲ့အရှည်ကောက်က Cognitive Behavioural Therapy ဖြစ်ပါတယ်။ ဗမာလို ရှင်းရှင်းပြောရရင် နှစ်သိမ့်ဆွေးနွေးအဖြေရှာတဲ့သဘောပါပဲ။ (အတိအကျဘာသာပြန်ထားတာကိုတော့ မတွေ့ဖူးသေးလို့ပါ။) ဒါလေးများ သိသားပဲဆိုပြီးမထင်ပါနဲ့ဦး။ ထင်သလောက်မရိုးရှင်းသလို ထိရောက်မှုလဲတကယ်ရှိတာမို့ ယနေ့ စိတ်ရောဂါအတော်များများကို ဒီနည်းနဲ့လက်ခံကုသနေကြပါတယ်။ ဒီကုထုံးက ကုပေးနိုင်တဲ့ရောဂါတွေက စိတ်ကျရောဂါ (Depression ကောင်ဇိုးလေးများ) ကြောက်စိတ်မျိုးစုံ (phobia သမားများ) စိုးရိမ်သောကများခြင်း (Anxiety ရောဂါသမားများ) စွဲလမ်းမှုပြဿနာများ (Addiction သမားများ) အတိတ်ဖြစ်ရပ်ဆိုးကရုန်းမထွက်နိုင်ခြင်း (Post traumatic stress disorder) အစွဲကြီးသော OCD ရောဂါသမားများ စတဲ့ စိတ်ရောဂါအတော်များများကို ကုသပေးနိုင်လို့ သွားရှုပ်လို့တဲ့မရတဲ့Continue reading “သရဲကြောက်တာကို CBT နဲ့ကုသလို့ရသလား?”

မြင်မြင်သမျှစားချင်တဲ့ အထန်ဂေါင်းကြီးတို့ရောဂါ

1937 ခုနှစ်တုန်းက သိပ္ပံပညာရှင် ၂ဦးက တောထဲက မျောက်တွေကိုဖမ်းလာပြီး စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ မျောက်ရဲ့ ဦးနှောက်အစိတ်အပိုင်းတချို့ကဖယ်ထုတ်ပြီး လေ့လာတာပါ။(ကြားရတာ ရက်စက်လိုက်တာလို့ထင်စရာရှိပေမယ့် လူသားတွေကို ဆေးကုသဖို့ဆိုတာ အဲ့လိုစမ်းသပ်မှုတွေလုပ်မှပဲသိလာတာပါ) စမ်းသပ်ချက်မှာ မျောက်ဦးနှောက်ရဲ့ temporal lobe ဆိုတဲ့အပိုင်းကို ဘယ်ရောညာရောဖြတ်တောက်လိုက်ပါတယ်။ ပြီးတဲ့အခါ မျောက်ကိုခေါင်းပြန်ချုပ်ပေးလိုက်ပြီး ဘာတွေပြောင်းလဲသွားလဲဆိုတာစမ်းသပ်ပါတယ်။ မျောက်တွေမှာ စသတိထားမိတာက Visual agnosia စရလာတာပါ။ သူတို့မြင်နေကျအရာတွေကို မမြင်ဖူးမတွေ့ဖူးသလို ကြည့်နေတာမျိုးပါ။မျက်လုံးကန်းသွားတာတော့မဟုတ်ပါဘူး။ ဥပမာ မျောက်ဆိုရင် ငှက်ပျောသီးမြင်ရင် ဘာလဲဆိုတာ ကောင်းကောင်းသိနေရမယ်။ ဒီမျောက်တွေကတော့ ငှက်ပျောသီးကိုမြင်ပေမယ့် ငှက်ပျောသီးလို့မထင်ကြတော့တာပါ။ ငှက်ပျောသီးကိုမြင်ပြီး ဘောလုံးလား တုတ်ချောင်းလားစသဖြင့် ရောထွေးကုန်ပါတယ်။ နောက်ပြီး မျောက်တွေက အရာရာစူးစမ်းကိုင်တွယ်ချင်စိတ်များလာပါတယ်။ သူတို့မျက်လုံးထဲမြင်သမျှကို အထူးအဆန်းလိုကြည့်ပြီး စူးစမ်းတယ် လိုက်ကိုင်ကြည့်တယ်။ အဲ့တာကို Hypermetamorphosis လို့ခေါ်ပါတယ်။ သူတို့က မြင်တာမှန်သမျှလိုက်ကိုင်တာပါ။Continue reading “မြင်မြင်သမျှစားချင်တဲ့ အထန်ဂေါင်းကြီးတို့ရောဂါ”

ဘုရားပုံတော်ကိုမြင်ရင် ပြစ်မှားချင်လာသော စိတ်အခြေအနေ

ခေါင်းစဥ်ကို စိတ်ဝင်စားအောင်ပေးထားတာဖြစ်ပါတယ်။ တကယ်တမ်းပြောရရင် ဒီလိုစိတ်ဝေဒနာမျိုးက ဗုဒ္ဓဘာသာတခုတည်းမှာကြုံရတာမဟုတ်ပါဘူး။ ဘာသာတရားတိုင်းမှာလိုလို ဘာသာရေးနဲ့ စိတ်အစွဲတွေရောပြီးဖြစ်တတ်တဲ့ စိတ်ရောဂါအုပ်စုကိုခြုံပြီးဆိုလိုချင်တာဖြစ်ပါတယ်။ အဲ့လိုဖြစ်တဲ့ရောဂါကို Scrupulosity လို့ခေါ်ပါတယ်။ ဘာသာရေးအရဖြစ်ဖြစ် ကျင့်ဝတ်အရဖြစ်ဖြစ်မသင့်လျော်တဲ့ ကိစ္စတွေကို တွေးမိ လုပ်ချင်မိတဲ့စိတ်ရောဂါဆန်းဖြစ်ပြီးတော့ OCD (Obsessive Compulsive Disorder) ရဲ့အခွဲရောဂါတခုပါပဲ။ OCD အကြောင်းကိုတော့ အောက်က link မှာဖတ်ကြည့်လို့ရပါတယ်။ https://ouo.io/JHL0t7 ဒီရောဂါကဘာဖြစ်တာလဲဆိုတော့ ဘုရားဆင်းတုတွေမြင်ရင် ဆဲချင်လာတာတို့၊ ဘုရားပုံတော်ကိုမြင်မိရင် လိင်ပိုင်းဆိုင်ရာအတွေးတွေဝင်လာတာတို့၊ ဘုရားနဲ့ ညစ်ညမ်းတဲ့ပုံတွေကိုတွဲမြင်နေတာတို့ စတာတွေပါဝင်ပါတယ်။ တခါတုန်းက facebook မှာ အဲ့အကြောင်းဝန်ခံထားတဲ့ post တခုတောင်ဖတ်မိပါသေးတယ်။Post ပိုင်ရှင်အမျိုးသမီးက သူ့စိတ်ကြောင့် သူစိတ်ညစ်ရပုံကို ရေးထားတာပါ။ သူရေးထားတာကိုမှတ်မိသလောက်ပြန်ပြောပြရရင် သူကဘာသာတရား လိုက်စားပါတယ်။ဒါပေမယ့် ဘုရားရှိခိုးနေရင်း ဘုရားကိုအာရုံပြုနေရင်း ညစ်ညမ်းတဲ့ပုံတွေနဲ့ ဘုရားကိုတွဲမြင်မြင်မိနေပါတယ်တဲ့။ သူကမကောင်းမှန်းသိပေမယ့် စိတ်ကလုံးဝဖျောက်လို့မရဘဲContinue reading “ဘုရားပုံတော်ကိုမြင်ရင် ပြစ်မှားချင်လာသော စိတ်အခြေအနေ”

ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)

အရင့်အရင် post တွေတုန်းက OCD အကြောင်းကို အနည်းငယ်ဖော်ပြဖူးပါတယ်။အခုတော့ တောင်းဆိုတဲ့သူတွေများလာလို့ OCD သီးသန့်ရေးပေးလိုက်ပါတယ်။ OCD ဆိုတာ စိတ်ဝေဒနာတမျိုးဖြစ်ပြီး Obsessive Compulsive Disorder လို့ခေါ်ပါတယ်။ သူ့အကြောင်းကို ၂ပိုင်းခွဲမြင်လို့ရပါတယ်။သူ့နာမည်အတိုင်းပဲ Obsessive အပိုင်းနဲ့ Compulsive အပိုင်းတို့ဖြစ်ပါတယ်။ Obsessive ဖြစ်တယ်ဆိုတာ အစွဲအလမ်းစိတ်တခုဖြစ်တာကိုဆိုလိုတာပါ။တနည်းအားဖြင့် အတွေးတခု ကိစ္စတခုကို စိတ်အာရုံထဲမှာဖျောက်လို့မရဘဲ ထပ်တလဲလဲတွေးမိနေတာမျိုးပါ။ ဥပမာ ညအိပ်ခါနီး ငါတံခါးတွေပိတ်ပြီးပြီလား… သူခိုးတွေဝင်လာရင်ဘယ်လိုလုပ်မလဲလို့ တွေးမိတာပါ။ ပုံမှန်လူဆိုရင် တခါတွေးမိမယ်။ တံခါးသွားပိတ်မယ်။ ပြီးရင် စိတ်ချလက်ချအိပ်မယ်ပေါ့။ OCD သမားကကျတော့ တွေးမိပြီး တံခါးသွားပိတ်လိုက်ပေမယ့် အိပ်ရာထဲရောက်ရင် ထပ်တွေးမိပြန်ပါတယ်။ ငါတံခါးပိတ်တာ သေချာရော သော့ခတ်မိရဲ့လားလို့ တွေးကာ နောက်တခါသွားစစ်ပြန်ပါတယ်။ တခါအိပ်ရာထဲရောက်ရင် တံခါးပိတ်ပြီးသလားကိုပဲထပ်တွေးမိပြန်ပါတယ်။ “ငါကိုယ်တိုင်သေချာပိတ်ခဲ့တာပဲလေ” လို့ဖြေတွေးတွေးလို့မရအောင်ကို ဖြစ်နေတာပါ။“နင်ကအမြဲContinue reading “ဖျောက်မရသောအစွဲများနှင့် Obsessive compulsive disorder (OCD)”

သင်မသိလောက်သေးတဲ့ ဘယ်သန်ညာသန်မျိုးစုံများ

တလောကပဲ စာဖတ်သူတယောက်က ဘယ်ညာကိစ္စတွေရေးပေးဖို့လာပြောပါတယ်။ဘယ်သန်ညာသန်ကိစ္စက လူတိုင်းကြားဖူးနေကျဆိုတော့ သိပ်ထူးဆန်းတဲ့အရာမဟုတ်လို့ ဖတ်ကြပါ့မလားပေါ့။ ဒါပေမယ့် လူသိပ်မသိကြသေးတဲ့ကိစ္စတွေပါ ထည့်ရေးပေးမှာမို့လို့ ဆက်ဖတ်ကြည့်ရအောင်။ ဘယ်သန်ညာသန်ဖြစ်ရတဲ့ကိစ္စကို ဆေးပညာမှာ Lateralization (or) Laterality လို့ခေါ်ပါတယ်။ လူအများက ဘယ်သန်ညာသန်ဆိုရင် လက်ကိုပဲပြေးမြင်ကြပါတယ်။ တကယ်က လက်တခုတည်း ဘယ်သန်ညာသန်ရှိတာမဟုတ်ပါဘူး။ခြေထောက်မှာလဲ ဘယ်ခြေသန်တာ ညာခြေသန်တာ ရှိသလို မျက်လုံးမှာလဲ Dominant eye ဆိုတာရှိပါတယ်။ နောက်ပြီး Language centre (ဘာသာစကားကို ဦးနှောက်ကတုံ့ပြန်တဲ့နေရာ) ကလဲ ဘယ်ညာမတူပါဘူး။ အများသိထားတဲ့အတိုင်း ညာလက်ကို ဘယ်ဖက်ဦးနှောက်အခြမ်းကထိန်းချုပ်ပြီး ဘယ်လက်ကိုတော့ ညာဖက်ဦးနှောက်အခြမ်းက ထိန်းချုပ်ပါတယ်။ ညာသန်သမားတွေမှာ ဘယ်ဖက်ဦးနှောက်က ညာလက်ကိုထိန်းချုပ်ပါတယ်။ဘယ်သန်တွေကတော့ ညာဦးနှောက်က ထိန်းပါတယ်။ စကားပြောတဲ့ language centre ကကျတော့ လူတိုင်းလိုလိုရဲ့ left brain မှာရှိပါတယ်။Continue reading “သင်မသိလောက်သေးတဲ့ ဘယ်သန်ညာသန်မျိုးစုံများ”

Design a site like this with WordPress.com
Get started