ပထမပိုင်းရေးအပြီးမှာ စာဖတ်သူတချို့ကမေးကြတယ်။ သေးပေါက်ချလိုက်တော့ စက်တွေရော စိုပြီးထိခိုက်ကုန်လားတဲ့။ အာကာသဝတ်စုံက အကြမ်းဖျင်းခွဲလိုက်ရင် အဓိက ၂ထပ်အနည်းဆုံးပါပြီး ယာဥ်မှူးဝတ်တဲ့အပိုင်း ရယ် စက်တွေတပ်ထားတဲ့အပိုင်းရယ်ဆိုပြီး ၂ထပ် (၂ လွှာ) ပါပါတယ်။ အလွှာ ၂ခုကြားကိုတော့ အောက်ဆီဂျင်ပေးဖြတ်ထားပါတယ်။ ဝတ်စုံကြီးကလှောင်ပိတ်ပြီး အိုက်လို့ ချွေးတွေဘာတွေ ထွက်ရင် oxygen ကအမြဲဖြတ်စီးနေလို့ လေအေးပေးထားသလိုဖြစ်ပြီး ချွေးတွေခြောက်သွားပါရောတဲ့။ အခုလဲ မြေပြင်က မောင်ဉာဏ်ကောင်းသိပ္ပံပညာရှင်တွေက တပ်ထားတဲ့စက်တွေကို ခဏပိတ်ထားလိုက်ပြီး အာကာသယာဥ်မှူးကို သေးပေါက်ခွင့်ပေးလိုက်တယ်။ အလွှာကြားမှာ oxygen flow ကဖြတ်စီးနေလို့ ခဏအကြာမှာ ရှုးရှုးလေးများ ခြောက်တောက်တောက်ဖြစ်လာပါရော။ (ချွေးတွေခြောက်သွားသလိုပေါ့) အဲ့ကျမှ ပိတ်ထားတဲ့ စက်တွေပြန်ဖွင့်ပြီး လိုရာခရီးကိုဆက်သွားနိုင်ပါသတဲ့။ ကဲ မောင်ဉာဏ်ကောင်းတို့ တကွက်ပြလိုက်ပါပြီ။ အစောပိုင်းခေတ်တွေမှာ အာကာသယာဥ်မှူးဖြစ်ရတာက ထင်သလောက်ပျော်စရာမကောင်းတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။ ဒီအညစ်ကြေးစွန့်ရတဲ့ ပြဿနာကလဲ တခုအပါအဝင်ပဲပေါ့။Continue reading “အာကာသထဲမှာ ဘယ်လိုချီးပါ သေးပေါက်ကြတုန်း? (Part 2)”
Category Archives: လင်းမူ
အာကာသထဲမှာ ဘယ်လိုချီးပါသေးပေါက်ကြတုန်း? (Part 1)
ခေါင်းစဥ်က နည်းနည်းရိုင်းသွားရင် sorry ပါဗျ။ ဒါပေမယ့် စိတ်ဝင်စားဖို့တော့ တော်တော်ကောင်းတဲ့ ကိစ္စတခုပါ။ အာကာသယာဥ်မှူးတွေ ကမ္ဘာပေါ်ပြန်ရောက်လာရင်လဲ အဲ့မေးခွန်းက အမေးခံရဆုံး မေးခွန်းထဲမှာပါပါတယ်တဲ့။ ဒါဆို ကျနော်တို့ သမိုင်းကြောင်းလေးကနေစပြီး ပြောကြည့်ရအောင်။ ၁၉၆၁ ခုနှစ်တုန်းက အမေရိကန်နိုင်ငံရဲ့ပထမဦးဆုံးအာကာသယာဥ်မှူး Alan Shepard ကို အာကာသထဲကိုလွှတ်လိုက်ပါတယ်။ အာကာသထဲကိုအသွားမှာ ကမ္ဘာ့ဆွဲငင်အားကနေအကွာ ၁၅မိနစ်လောက်လဲကြာတော့အာကာသယာဥ်မှူး Shepard က သမိုင်းဝင်စကားကြီးတခွန်းပြောခဲ့ပါတယ်။ “ဟကောင်တွေ လုပ်ဦး…ငါသေးပေါက်ချင်လာပြီ” တဲ့။ အဲ့စကားကိုကြားကြားခြင်း ကမ္ဘာမြေပေါ်ကသိပ္ပံပညာရှင်တွေလဲ တော်တော်ကြောင်သွားမှာပဲ။ သူတို့မမျှော်လင့်ထားမိတဲ့အရာတခုကို စကြုံနေတာမို့ပါ။ အာကာသထဲရောက်နေမှတော့ ဘယ်လိုလို့ အိမ်သာရှိမှာလဲပေါ့… သူတို့လဲ မစဥ်းစားထားမိဘူး… အိမ်သာကိစ္စကို…။ Shepard က တကယ်ကို သေးတော်တော်ပေါက်ချင်နေတာပါ။ ပေါက်ချလိုက်ဖို့ကလဲ အာကာသဝတ်စုံကြီးထဲဖြစ်နေ။တပ်ဆင်ထားတဲ့ စက်ပစ္စည်းကိရိယာတွေက သေးစိုကုန်ရင် အကုန်ပျက်စီးသွားနိုင်ပါတယ်။ ကမ္ဘာမြေကိုလဲ သေးပြန်ပေါက်ဖို့တခုထဲနဲ့တော့ပြန်လာလို့ကလဲContinue reading “အာကာသထဲမှာ ဘယ်လိုချီးပါသေးပေါက်ကြတုန်း? (Part 1)”
ကိုမြင့်နိုင်ကြီးက လင်းနို့ကလာတာဆိုရင် လင်းနို့ကျဘာလို့ရောဂါမရတာလဲ?
ကျနော်တို့သိတဲ့ ကြားဖူးတဲ့ရောဂါပိုးတော်တော်များများက လင်းနို့ဆီကလာတာပါ။ အဆိုးဆုံးဆိုတဲ့ ကုရအခက်ဆုံးဆိုတဲ့ ဗိုင်းရပ်စ်ပိုးတွေကို လင်းနို့ကသယ်ဆောင်ထားတာပါ။ အီဘိုလာဗိုင်းရပ်စ်က လူကိုအသေအကြေဖျားစေပြီး တကိုယ်လုံးက သွေးတွေယိုထွက်ရင်း သေစေတာပါ။ ဒါလဲ လင်းနို့ကလာတာပါ။ (…လို့ယူဆထားပါတယ်။) 2002-2003 ခုနှစ်လောက်က လူတွအများကြီးကိုဒုက္ခရောက်စေခဲ့တဲ့ SARS ဆိုတဲ့ရောဂါပိုးကလဲလင်းနို့ကတဆင့် ကြောင်ကတိုး (civets) တွေကိုကူးပြီး လူဆီရောက်လာတာပါ။ တခါ MERS ဆိုတဲ့ရောဂါပိုးကလဲ လင်းနို့ကနေ ကုလားအုတ်တွေကို ကူးပြီး လူကိုဆက်ကူးပါတယ်။ အခုနောက်ဆုံး လက်ရှိ ကိုမြင့်နိုင်ကြီးကလဲ ဘယ်ကလာမှန်းငြင်းနေကြတုန်းဆိုပဲမယ့် သဘာဝမှာတော့ လင်းနို့မှာတွေ့ရတတ်ပြန်ပါတယ်။ ဆိုတော့ ဒီလင်းနို့က လူတွေကို ဒုက္ခပေးတဲ့ ပိုးပေါင်းစုံသယ်ထားပြီး သူကိုယ်တိုင်ကျ ဘာရောဂါမှမခံစားရဘူးလား။ တကယ်တမ်းက လင်းနို့က တော်တော်လေးကို ထူးဆန်းတဲ့တိရစ္ဆာန်တမျိုးပါ။ ဥပမာပြောရရင် ပျံနိုင်တဲ့ နို့တိုက်သတ္တဝါဆိုလို့ လင်းနို့ပဲရှိတာပါ။(အဲ့တာကြောင့်လဲ နာမည်မှာ “နို့”လို့ပါတာလားမသိပါ။) သူပျံသန်းတဲအခါContinue reading “ကိုမြင့်နိုင်ကြီးက လင်းနို့ကလာတာဆိုရင် လင်းနို့ကျဘာလို့ရောဂါမရတာလဲ?”
မင်းဂွတ်သီးကို သကြားနဲ့တွဲစားရင်သေတတ်တာဟုတ်လား အဖြေရှာကြခြင်း
ဒီတခါလဲ အများလက်ခံထားတဲ့ common belief လေးတခုအကြောင်း ဆွေးနွေးကြည့်ချင်ပါတယ်။ ဟိုတနေ့က အိမ်မှာ မင်းဂွတ်သီးစားကြတော့ အမြဲကြားနေကျစကားကို ထပ်ကြားရပြန်ပါတယ်။ “ဟိုကောင်လေး မင်းဂွတ်သီးစားပြီး သကြားမစားနဲ့နော်”“နိဗ္ဗာန်ကိုရက်တိုတိုနဲ့ရောက်နေဦးမယ်”တဲ့။ အဲ့တာနဲ့ လူကစဥ်းစားမိပြန်ရောတခြားအသီးတွေလဲ သကြားနဲ့တွဲစားနေတာပဲ… ဘာလို့ ဒီမင်းဂွတ်သီးကျမှ သကြားနဲ့တွဲစားရင်သေတတ်တာလဲဆိုပြီး ရှာဖွေကြည့်မိပါလေရော… လူကတော့ သိပ်မယုံချင်ဘူး။ Fruit ဆိုမှတော့ အသီးထဲမှာကိုယ်က သကြားဓာတ်ကပါပြီးသားပဲ အနည်းဆုံး Polysaccharide တို့ Sucrose တို့ Fructose တို့တော့ ပါမှာပဲ။ အိမ်သုံးသကြားဆိုတာလဲ ကြံကရတဲ့ Sucrose ပဲဆိုတော့ တွဲစားလို့ရမှာပါပေါ့။ အဲ့တာနဲ့ ရှာဖတ်မိတော့ ဒီမှာတင်မဟုတ်ဘူး၊ အာရှတိုက်ရဲ့နေရာတော်တော်များများမှာကိုက အဲ့လိုယုံကြတာဗျ။ အထူးသဖြင့် ကမ္ဘောဒီးယားမှာဆို ပညာတတ်တွေကအစ ဒါကိုယုံကြသတဲ့။ ဘာလို့ယုံတာလဲ အကြောင်းပြချက်မေးတော့ မဖြေနိုင်ပေမယ့် လူကြီးတွေပြောထားလို့ဆိုတာကြောင့် တွဲမစားကြတာပါ။ ဒါဆိုContinue reading “မင်းဂွတ်သီးကို သကြားနဲ့တွဲစားရင်သေတတ်တာဟုတ်လား အဖြေရှာကြခြင်း”
Science Nuts များ သခွားသီးပြဿနာအဖြေရှာကြခြင်း (မြွေကျော်သီးတွေ ဘာလို့ခါး?)
ဟိုရက်ကပဲ စာဖတ်သူတယောက်က commentလာမန့်ပြီး မေးခွန်းတခု မေးထားတယ်ဗျ။ သခွားသီးပေါ် မြွေတက်ရင် ခါးတယ်ဆိုတာ ဟုတ်လားပေါ့။ သူမေးတော့မှပဲ အိမ်ကအမေပြောတာ သတိရမိတယ်။ မြွေဖြတ်သွားလို့ မြွေလျှပ်ပြေးသွားလို့ သခွားသီးတွေခါးကုန်ပြီ လို့ ခဏခဏကြားဖူးတယ်။ ဒီလိုပဲ…ခပ်ပေါ့ပေါ့နေလိုက်မိတာ… အခုတော့ စာဖတ်သူတွေမေးတော့မှ “ဟုတ်သားပဲ အဲ့တာဘာလို့လဲမသိဘူး” ဆိုပြီး စာရေးသူတယောက် ရှာဖွေဖတ်ရှုမိပါတော့တယ်။ ကဲ …သခွားသီးပြဿနာကို ဖြေရှင်းကြည့်ရအောင်လား။ သခွားသီးကို cucumber လို့ခေါ်ပြီး melon တို့ squash တို့စတဲ့ ဘူးဖရုံ၊ ဖရဲသီး တွေနဲ့ အမျိုးအရင်းကြီးဖြစ်ပါတယ်တဲ့။ သခွားသီးက အမျိုးအစား အများကြီးရှိတယ်ဗျ။ကျနော် တွေ့သလောက် အမျိုး ၃၀ – ၄၀ လောက်ရှိပြီး တချို့ဟာတွေကပဲ စားလို့ကောင်းတာပါ။ သခွားသီးအမျိုးအစားပေါ်မူတည်ပြီး ခါးတဲ့အမျိုး မခါးတဲ့အမျိုးဆိုပြီး ရှိတယ်တဲ့။ ကျနော်တို့Continue reading “Science Nuts များ သခွားသီးပြဿနာအဖြေရှာကြခြင်း (မြွေကျော်သီးတွေ ဘာလို့ခါး?)”