အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 3)

Lucid dream မက်အောင် နောက်ထပ်လေ့ကျင့်လို့ရတဲ့ နည်းလမ်းကတော့MILD လို့အတိုကောက် ခေါ်တဲ့ Mnemonic induction of lucid dreams ဆိုတဲ့နည်းပါ။ ဒီနည်းကကျ စိတ်ကိုလေ့ကျင့်ပေးသလိုပါပဲ။မိမိကိုယ်ကို အိပ်ခါနီး သတိပေးရပါတယ်။ “ငါအိပ်ပျော်သွားလို့ အိပ်မက်မက်တဲ့အခါ ငါသိနေမယ် မှတ်မိနေမယ်” စသဖြင့် ကိုယ့်ဘာသာ သတိပေးရင်း အိပ်သွားတာပါ။(သိုင်းမချခင် အီးရားးးးဆိုပြီး ကီသွင်းသလိုပေါ့) တရေးနိုးလာရင်လဲ ပြန်မအိပ်ခင် အဲ့လိုသတိလေးသွင်းရင်း ပြန်အိပ်သွားရင် dream ထဲရောက်တဲ့အခါ သတိရသွားဖို့ chance ပိုများတယ်လို့ဆိုပါတယ်။ တတိယနည်းကတော့ Wake back to bed (WBTB) လို့ခေါ်ပါတယ်။ သိပ္ပံပညာရှင်တွေတွေ့ရှိချက်အရ အိပ်မက်တွေက REM sleep မှာပဲမက်ပြီး ညနက်လာလေလေ မိုးလင်းခါနီးလာလေလေ REM sleep ကပိုပိုကြာလာတယ်လို့ဆိုပါတယ်။ ဆိုလိုတာက မိုးလင်းခါနီးContinue reading “အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 3)”

အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 2)

Lucid dreaming ကို သိပ္ပံပညာရှင်တွေကလက်ခံကြပေမယ့် ဘာလို့ lucid dream ဖြစ်ရတာလဲဆိုတာ သေချာမသိကြသေးပါဘူး။ Lucid dream တွေက ဘယ်လိုအသုံးဝင်သလဲ….ဘာတွေပိုထူးခြားလဲဆိုတာ လေ့လာနေဆဲပါ။ ကျန်းမာရေးအတွက်ရော ပိုကောင်းစေသလား ပိုဆိုးစေသလားကိုလဲ အခုထိ ငြင်းခုန်အဖြေရှာနေကြတုန်းဖြစ်ပါတယ်။ လေ့လာမှုတခုကဖော်ပြချက်အရအရွယ်ရောက်ပြီးသားသူတွေရဲ့ ၅၅% က ဘဝမှာ တကြိမ်တခါတော့ lucid dream မက်ဖူးပါလိမ့်မယ်တဲ့။ ၂၃% လောက်ကတော့ တလတခါလောက်ကို lucid dream မက်တတ်ကြပါတယ်တဲ့။ သိပ်တော့မရှားလှပေမယ့် ပေါတော့မပေါလှပါဘူး။ တချို့ကလဲ မက်ဖူးသလိုရှိပေမယ့် သိပ်မမှတ်မိကြတာလဲဖြစ်နိုင်ပါတယ်။ ကဲ… ဟုတ်ပြီ Lucid dream ထဲမှာဘာတွေလုပ်လို့ရလဲဆိုတော့…. တချို့က အိပ်မက်ဆိုး nighmare တွေမက်လို့နိုးလာရင်ပြန်အိပ်ပြီး အိပ်မက်ဆိုးကို happy ending ဖြစ်အောင်လုပ်လို့ရပါတယ်တဲ့။ အဲ့တော့ အိပ်မက်ဆိုးတွေကို ကုသလို့ရတဲ့နည်းတမျိုးဖြစ်လာပါတော့တယ်။ တချို့တွေကကျContinue reading “အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 2)”

အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)

အိပ်မက်အကြောင်းပြောကြရရင် လူတွေက တော်တော် စိတ်ဝင်စားကြပါတယ်။ အိပ်မက်တွေကလဲ တော်တော်ထူးဆန်းပြီး အခုထိကို သိပ္ပံနည်းအရ အဖြေရှာမရသေးတဲ့ ပုစ္ဆာတပုဒ်ပါပဲ။ ပိုထူးဆန်းတာက Lucid dreamer လို့ခေါ်တဲ့ အိပ်မက်မက်နေတာကို သိနေပြီး မိမိလိုသလို အိပ်မက်ကိုထိန်းချုပ်ခံစားနိုင်ကြတာပါ။ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းပြီး ပျော်စရာကောင်းလောက်တဲ့ကိစ္စမို့ လူတိုင်းလိုလို Lucid dreaming မက်ဖူးချင်ကြပါတယ်။ နာမည်ကြီးဇာတ်ကား inception ထဲမှာဆို Lucid dream ကို ဆေးနဲ့ induce လုပ်ပြီး အိပ်မက်ထဲမှာ လိုသလိုလှုပ်ရှားကြတာကို မြင်ဖူးကြမှာပါ။ သမိုင်းကြောင်းကိုပြန်ပြောရရင် ဟိုးခေတ်ကထဲက အာရှတိုက်မှာ Lucid dream ဆိုတဲ့ အယူအဆရှိခဲ့တယ်လို့ဆိုပါတယ်။ ဟိန္ဒူရှေးဟောင်းကျမ်းဂန်တွေမှာလဲ ပါသလို ဗုဒ္ဓဘာသာဆိုရင် တိဘက်ဘုန်းကြီးတွေရဲ့ကျမ်းစာတွေ ကျင့်စဥ်တွေထဲမှာလဲ ပါဝင်နေတယ်လို့ဆိုပါတယ်။ အနောက်တိုင်းမှာတော့ အိပ်မက်ကိုသိနေခြင်း၊ လိုသလိုထိန်းချုပ်လို့ရခြင်းဆိုတဲ့ အယူအဆကို ဂရိတွေးခေါ်ပညာရှင်Continue reading “အိပ်မက်ကိုထိန်းချုပ်ကြခြင်း (သို့) Lucid dreaming ဆိုတာဘာလဲ (Part 1)”

အမျိုးအချင်းချင်း မိဘမောင်နှမအချင်းချင်း သွေးမလှူသင့်ဘူးဆိုတာ တကယ်လား?

ဒီစာကိုရေးရတာ စာဖတ်သူတွေသေချာမသိကြဘူးထင်လို့ ရေးလိုက်တာပါ။ အထင်အမြင်မလွဲဘဲ အဆုံးထိသေချာဖတ်ကြည့်ကြဖို့ ကြိုပြောပါရစေ။ စာဖတ်သူတို့ ကြားဖူးကောင်းကြားဖူးပါလိမ့်မယ်။ အရေးပေါ်သွေးလိုတဲ့အခါ မိဘမောင်နှမအမျိုးအချင်းချင်းဆီက သွေးကို မသွင်းသင့်ပါဘူးလို့ တချို့ဆရာဝန်တွေဖြစ်ဖြစ် အရပ်ထဲမှာဖြစ်ဖြစ် ပြောတတ်ကြပါတယ်။ အဲ့တာတကယ် ဟုတ်လား မဟုတ်ဘူးလားကို ဆေးပညာရှုထောင့်ကနေ တင်ပြသွားပါမယ်။ ပထမဆုံးအနေနဲ့ မိမိနဲ့ သွေးချင်းနီးတဲ့ ဆွေမျိုးတွေကို First degree relatives လို့ခေါ်ကြောင်း သိရပါမယ်။ မိမိရဲ့ အဖေအမေအရင်းရယ်၊ မောင်နှမ ညီအကို အရင်းအချာ တွေကို first degree relative လို့ခေါ်ပါတယ်။ အဒေါ်တွေ ဦးလေးတွေ မောင်နှမဝမ်းကွဲတွေကတော့ second degree relatives တွေပါ။ သွေးမလှူသင့်တာက first degree relative သွေးသားအရင်းအချာအချင်းချင်းပါ။ ဥပမာ သားသမီးက မိဘကို မလှူသင့်သလိုContinue reading “အမျိုးအချင်းချင်း မိဘမောင်နှမအချင်းချင်း သွေးမလှူသင့်ဘူးဆိုတာ တကယ်လား?”

ကိုမြင့်နိုင်ကြီးနှင့် အနံ့ပျောက်ခြင်းဒုက္ခ

အခုတလော ကိုမြင့်နိုင်ကြီးကတော်တော်အခြေအနေဆိုးလာပြီး ကူးစက်ခံရသူတွေ ဆက်တိုက်ကို များပြားလာနေပါတယ်။ စာဖတ်သူတို့အားလုံးလဲ နီးစပ်ရာအချင်းချင်း ကျန်းမာရေးသတိပေးကြဖို့ လိုအပ်လာပါပြီဗျ။ Mask တပ်ဖို့၊ လက်ဆေးဖို့ ၊ နေမကောင်းသလိုဖြစ်လာရင် အိမ်ထဲမှာပဲနေဖို့ ၊ လူစုလူဝေးဆီမသွားဖို့ လိုအပ်လာပါပြီ။ အိမ်နီးချင်းတိုင်းပြည်တွေမှာ Lock down ချနေတာတွေ ၊ ဆေးရုံမဆန့်တော့လို့ အိမ်မှာပဲ isolation နေခိုင်းတဲ့ သတင်းတွေအများကြီးတက်လာပါတယ်။ Covid-19 စဖြစ်ပြီဆို အစောဆုံးသတိထားမိတာက အနံ့ပျောက်တာပါ။ အနံ့ပျောက်တာတိုင်း covid 19 လားဆိုတော့အဲ့လိုလဲမဟုတ်ပါဘူး။ တခြား viral infection တွေဖြစ်တဲ့ ရာသီတုပ်ကွေး influenza virus, parainfluenza virus တို့ ဖြစ်ရင်လဲ နှာစေးပြီး အနံ့မရတာဖြစ်တတ်ပါတယ်။ Covid 19 မှာကျတော့ နှာစေးတာသိပ်မရှိဘဲနဲ့ကို နှာခြောက်ကြီးနဲ့ အနံ့မရတော့တာမို့Continue reading “ကိုမြင့်နိုင်ကြီးနှင့် အနံ့ပျောက်ခြင်းဒုက္ခ”

Design a site like this with WordPress.com
Get started