သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)

ပထမတပိုင်းမှာ Porphyria cutanea tarda နဲ့ Vampire နဲ့ ဆင်တူကြောင်းပြောခဲ့ပြီးပါပြီ။ နောက်ပိုင်းဆေးပညာမှာတော့ ဒီအယူအဆကို လက်မခံကြပြန်ပါဘူး။ ဥပမာ – Porphyria က တော်တော်လေး ရှားပါးတဲ့ရောဂါတခုမို့ Vampire တွေလို အုပ်စုလိုက်ဖြစ်ရအောင် မပေါများလှပါဘူး။ Porphyria က တံတွေးကနေ မကူးစက်တာမို့သူများကို ကိုက်လိုက်ရင် အကိုက်ခံရတဲ့သူက vampire ဘဝပြောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်တချက်က သွေးသောက်ရင် ပိုသက်သာတယ်ဆိုတဲ့အချက်က ဆေးပညာအရ နဲနဲလွဲနေပါတယ်။ သွေးထဲမှာ Heme ပါလို့ Heme က လက္ခဏာတွေကိုသက်သာစေတာက အမှန်ပါ။ ဒါပေမယ့် ပါးစပ်ကသောက်လိုက်ရင် အူထဲရောက်သွားတဲ့ အခါ Heme ကို သွေးထဲအလုံးလိုက်မပို့ပေးပါဘူး။ Heme ကို Iron (သံဓာတ်) အဖြစ် ချေဖျက်ပြီးContinue reading “သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)”

သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 1)

Vampire လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေက ရုပ်ရှင်တွေထဲမှာရော စာအုပ်တွေထဲမှာပါ အတော်လေးရေပန်းစားခဲ့ပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေ series တွေမှာလဲ Vampire အကြောင်းကို ခမ်းခမ်းနားနား ရိုက်ပြကြတာ၊ ဇာတ်လမ်းတွေချဲ့ထွင်ပြီး လူစိတ်ဝင်စားအောင်ရိုက်ပြကြတာ မနည်းမနောပါပဲ။ ဒီ Vampire တွေက တကယ်ပဲရှိနိုင်သလား။ သာမန်လူကနေ ဒီလိုဘဝကိုပြောင်းသွားတာလား။ဆေးပညာမှာရော သွေးစုပ်ဖုတ်ကောင်ပြောင်းသွားနိုင်တဲ့ရောဂါ ရှိသလား။ ဟုတ်ကဲ့…Vampire နဲ့အတော်လေးဆင်တူတဲ့ရောဂါတွေ ဆေးပညာမှာရှိပါတယ်။ Vampire ရဲ့ လူသိများတဲ့ အချက်တွေက ၁။ လူတွေရဲ့ သွေးကိုစုပ်တယ်။ ၂။ လူမရှိရင် တိရစ္ဆာန်တွေကိုရှာပြီး သွေးစုပ်ကြတယ်။ ၃။ လူတွေနဲ့ ဝေးရာအရပ်မှာနေပြီး လင်းနို့တွေနဲ့ အနေနီးတယ်။ ၄။ နေရောင်ကို အလွန်ကြောက်ပြီး နေရောင်ထိရင် အရေပြားတွေလောင်ကုန်တယ်။ ၅။ ကြောက်စရာရုပ်သွင်ပြင်ရှိပြီး အစွယ်တွေထွက်နေတယ်။ ၆။ ကြက်သွန်ဖြူကိုကြောက်တယ်။ ၇။ VampireContinue reading “သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 1)”

ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)

ပထမပိုင်းက အိပ်မက် ၁၀မျိုးကို အခု တခုစီ အဖြေရှာကြည့်ကြရအောင်။ အောက်မှာပြောပြမယ့် အိပ်မက်တွေရဲ့ message တွေက အများလက်ခံယူဆထားတဲ့ အယူအဆ (Freud theory) ပေါ်မူတည်ပြီး ဖွင့်ဆိုထားတာဖြစ်ပါတယ်။ သိပ္ပံနည်းကျ 100% မှန်ကန်မည်လို့တော့ အာမ မခံနိုင်ပါခင်ဗျ။ ၁။ အဆင်သင့်မဖြစ်သေးတဲ့ စာမေးပွဲတွေဖြေရတယ်လို့ မက်တတ်ကြပါတယ်။ လူတိုင်းလိုလို အဲ့လို အိပ်မက်တွေမက်ဖူးကြပြီး တယောက်နဲ့တယောက် စာမေးပွဲအမျိုးအစားမတူကြပါဘူးတဲ့။ ဥပမာ ဆယ်တန်းစာမေးပွဲဖြေဖူးတဲ့သူက ဆယ်တန်းကိုပြန်စွဲပြီး မက်ကြတယ်။ သရုပ်ဆောင်မင်းသားမင်းသမီးတွေဆို သရုပ်ဆောင်လူရွေးပွဲကိုမက်လေ့ရှိတယ်။ ဝန်ထမ်းတွေဆို အလုပ်ဝင်စာမေးပွဲ interview စတာတွေကိုမက်တတ်ပါတယ်။ မက်လိုက်တိုင်း အေးအေးဆေးဆေး စာမေးပွဲကိုမဖြေရတတ်ဘဲ စာတွေမေ့ကုန်တာ ၊ အချိန်မမှီတော့တာ ၊ interview ဆိုရင် ပြောရမယ့်စကားတွေမေ့ကုန်တာ ထစ်ကုန်တာ စတဲ့ အလွဲအချော်တွေပဲမက်လေ့ရှိပါတယ်။ ဒီလို အိပ်မက်တွေရဲ့Continue reading “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 2)”

ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)

လူတွေဘာလို့ အိပ်မက်မက်ရတာလဲ။ အိပ်မက်မက်ခြင်းက အတိတ်ကဖြစ်ရပ်ကိုစွဲပြီးမက်ကြတာလား။ ဒါမှမဟုတ် မဖြစ်သေးတဲ့ အနာဂတ်ရဲ့ ရှေ့ပြေးနိမိတ်ပုံအနေနဲ့ အိပ်မက်မက်ကြတာလား။ အိပ်မက်ထဲက အရာတွေက ဘာအဓိပ္ပာယ်တွေရှိကြလဲ။ အမှန်ပြောရရင် သိပ္ပံပညာရှင်များအနေနဲ့ အပေါ်ကမေးခွန်းတွေကို ယနေ့တိုင် မဖြေနိုင်သေးပါဘူး။ လူတွေအိပ်ရင် ဘာလို့ အိပ်မက်မက်တာလဲ ကိုလဲ လေ့လာနေဆဲ အဖြေရှာနေဆဲပါ။ အိပ်မက်တွေနဲ့ပတ်သက်ပြီး စိတ်ပညာရှင်တွေကတော့ အယူအဆအမျိုးမျိုးရှိပါတယ်။ အိပ်မက်အယူအဆတွေထဲမှာ ဆရာကြီး Sigmund Freud ရဲ့ အယူအဆက တော်တော်လွှမ်းမိုးမှုရှိပါတယ်။ သူ့ယုံကြည်ချက်အရ လက်တွေ့ဘဝရဲ့ မပြည့်ဝသေးတဲ့ ဆန္ဒတွေ ၊ အတွေးတွေ ၊ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေ ၊ ငုံလျှိုးနေတဲ့ စိတ်ကူးတွေ ထင်ဟပ်ပြီး အိပ်မက်မက်အနေနဲ့ ပေါ်ထွက်လာတာလို့ ဆိုပါတယ်။ Freud က အိပ်မက်တခုစီကို အနက်ဖွင့်တဲ့အခါ ၂ပိုင်းရှိတယ်လို့ ဆိုပါတယ်။Continue reading “ဆယ်တန်းစာမေးပွဲကို အိပ်မက်မက်ကြခြင်းအပါအဝင် အိပ်မက်နှင့် psychology အယူအဆများ (Part 1)”

ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 2)

ဒုတိယပိုင်းမှာတော့ ပထမပိုင်းကမေးခွန်းတွေကို ပြန်လည်အဖြေရှာကြမှာဖြစ်ပါတယ်။ တိရစ္ဆာန်တွေကို အောင်မြင်စွာ ပုံတူပွားပြနိုင်ခဲ့တဲ့အချက်က သိပ္ပံလောကကို ဆူဆူညံညံဖြစ်သွားစေခဲ့ပါတယ်။ ဒီနည်းပညာကို စိတ်ဝင်စားလာကြပြီး တချို့သော သူဌေးတွေဟာ သူတို့ပိုင်တဲ့ မြင်းမျိုးစိတ်တွေကို clone ထားကြပါတယ်။ မြင်းကောင်းမျိုးသန့် တွေရဖို့ကိုလဲ မျိုးစပ်တဲ့နည်းတွေ Clone နည်းတွေနဲ့ ကြိုးပမ်းနေကြပါတယ်။ တခုရှိတာက ပုံတူပွားထားတဲ့ အကောင်က မူလအကောင်နဲ့ 100% တူမယ်လို့ အတိကျမပြောနိုင်ပါ။ တကယ်လဲ လက်တွေ့မှာ ခပ်ပါးပါး မတူတဲ့အချက်တွေတွေ့ရပါတယ်။ ပြိုင်ပွဲတိုင်းနိုင်တဲ့ ပြိုင်မြင်းတကောင်ကို ပုံတူပွားပြီး မွေးလာတဲ့မြင်းဟာ ပြိုင်မြင်းဖြစ်ချင်မှဖြစ်လာနိုင်သလို တကယ်သန်မာချင်မှလဲသန်မာမှာပါ။ သူ့ကိုကျွေးမွေးတဲ့အစာပုံစံ ၊ ပတ်ဝန်းကျင်ရဲ့စနစ် ၊လေ့ကျင့်ပေးတဲ့ပုံစံ ၊ သူ့ရဲ့စိတ်နေစိတ်ထား (ပြိုင်ဆိုင်မှုပြင်းထန်တဲ့ကောင်လား) စတာတွေက Clone လိုက်ရုံနဲ့ ကွက်တိတူမလာပါဘူးတဲ့။ ဒါပေမယ့်လဲ အပျော်တမ်းမွေးကြတဲ့ တိရစ္ဆာန်ချစ်သူတွေကတော့ သူတို့မွေးထားတဲ့အကောင်လေးတွေ သေသွားတဲ့အခါContinue reading “ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 2)”

Design a site like this with WordPress.com
Get started