ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 1)

သင်သာ Jurassic Park ရုပ်ရှင်ကြည့်ဖူးရင် ဒိုင်နိုဆောတွေ ကမ္ဘာပေါ်ကို ပြန်ရောက်လာပြီး သောင်းကျန်းဒုက္ခပေးကြပုံကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာတော့ ပယင်းကျောက်ထဲမှာ ပိတ်မိနေတဲ့ ခြင်ဗိုက်ထဲက ဒိုင်နိုဆောသွေးကနေ DNA ကိုယူပြီး ဒိုင်နိုဆောတွေကို ပြန်အသက်သွင်းခဲ့ပါတယ်။ လက်တွေ့ဘဝမှာရော အဲ့လိုလုပ်လို့ရတဲ့ နည်းပညာရှိနေပြီလား။ ဒီလိုခပ်ဆင်ဆင်တူတဲ့ နည်းပညာကို genetic engineering မှာ Cloning လို့ခေါ်ပြီး တကယ့်သက်ရှိတချိူ့ကို ပုံတူပွား မွေးနိုင်ခဲ့ပါတယ်။ Clone နည်းပညာနဲ့ ပထမဆုံး ပုံတူပွားနိုင်ခဲ့တဲ့ တိရစ္ဆာန်ကတော့ Dolly လို့ခေါ်တဲ့ သိုးမလေးပဲဖြစ်ပါတယ်။ 1996 ခုနှစ်မှာ စတင်ပုံတူပွား မွေးဖွားခဲ့တာဖြစ်ပြီး Scotland နိုင်ငံက ဇီဝဗေဒပညာရှင်အဖွဲ့က ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ သူတို့လုပ်ခဲ့တဲ့ ပုံတူပွားနည်းလမ်းကတော့ သိုးမလေးတကောင်ကနေ မျိုးဥကို ယူပြီး သူ့ရဲ့ nucleus ကိုထုတ်လိုက်ပါတယ်။Continue reading “ဒိုင်နိုဆောများကို ပြန်လည်အသက်သွင်းနိုင်မလားနှင့် Cloning နည်းပညာ (Part 1)”

ငှက်ဖျားကြောင့် တောထဲမှာ အသက်မဆုံးရှုံးရစေဖို့

ကျွန်တော်တို့အားလုံး လောလောလတ်လတ် ဆုံးရှုံးမှုကြီးတခုကြောင့် ဝမ်းနည်းနေကြရမှာပါ။ဒီလို နောက်ထပ်အသက်တွေထပ်မဆုံးရှုံးရအောင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ။ငှက်ဖျားရောဂါက အခန့်မသင့်ရင် သေစေတတ်တယ်ဆိုတာသိရုံနဲ့ မပြီးပါ။ဘယ်လို ကာကွယ်ကုသရမလဲဆိုတာ အားလုံးသိရအောင် အခုပဲ ရှင်းပြပေးလိုက်ပါတယ်။တောထဲတောင်ထဲသွားမယ့်လူတွေက ဒီအချက်တွေ သိကိုသိသင့်ပါတယ်။ အရင်ဆုံး ငှက်ဖျားပေါတဲ့နေရာတွေကို အောက်ကမြေပုံမှာ ကြည့်ပါ။ အနီရင့်ရောင်က ငှက်ဖျားအပေါဆုံးဒေသတွေပါ။ ပြောရရင် မြန်မာနိုင်ငံမှာ ငှက်ဖျားက ရန်ကုန်နဲ့ မန္တလေးကလွဲလို့ နေရာတိုင်းမှာ အချိန်ရာသီမရွေး ရှိနေနိုင်ပါတယ်။ အဆိုးဆုံးက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတွေပဲ ဖြစ်တယ်။ ငှက်ဖျားရောဂါသယ်ဆောင်ထားတဲ့ ခြင်က အနော်ဖလိ (Anopheles) ခြင်ပါ။ခြင်ကိုက်လို့ဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားရမယ်။အထူးသဖြင့် အထူးသဖြင့် နေဝင်ချိန်ကစပြီး နံနက်စောစော အထိကိုက်တတ်တာမို့ အင်္ကျီရှည် ဘောင်းဘီရှည်ကို အချိန်တိုင်းဝတ်ထားရမယ်။ညအိပ်ရင် ခြင်ထောင်သေချာထောင်အိပ်ရမယ်။ခြင်မကိုက်ဆေးရည် (mosquito repellent)Continue reading “ငှက်ဖျားကြောင့် တောထဲမှာ အသက်မဆုံးရှုံးရစေဖို့”

သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း

ဘဝသံသရာကို ခရီးတခုလို့ဆိုကြရင် ကျနော်တို့အားလုံးက ခရီးသွားတွေပါပဲ။ ခရီးသွားနေကြရင်း ကြုံလာသမျှကိစ္စတွေက ပျော်စရာတွေလဲရှိသလို ဝမ်းနည်းစရာတွေလဲ မလွဲမသွေကြုံရမှာပါ။ ဝမ်းသာစရာကြုံရင် လူတွေအတွက် ရင်ဆိုင်ဖို့ မခက်ခဲပေမယ့် ဝမ်းနည်းပူဆွေးစရာတွေကြုံလာရင်တော့ ဖြတ်ကျော်ဖို့ အတော်လေးခက်ခဲပါတယ်။ စိတ်ညစ်စရာတွေကလဲ တချိန်ချိန်တော့ လူတိုင်းကြုံရမှာပဲမို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။ လမ်းမှာချော်လဲတာ ၊ ပိုက်ဆံအိတ်ကျပျောက်တာ စတဲ့ အသေးစားစိတ်ညစ်စရာတွေရှိသလို မိသားစုဝင်နဲ့ ခွဲခွာရတာ၊ မိဘတပါးပါး ကွယ်လွန်သွားတာ ၊ ချစ်ခင်ရတဲ့ သူတယောက်ယောက်ကို လက်လွတ်ဆုံးရှုံးရတာ စတဲ့ ကြီးမားတဲ့ စိတ်ဒုက္ခတွေကိုလဲ ကြုံကြရမှာပါ။ ဒီလိုကြုံလာရင် စိတ်ပညာအရ ဖြစ်ပေါ်လာတတ်တဲ့ဝမ်းနည်းမှုဖြစ်စဥ် (Normal Grief stages) တွေကို သိထားပါက မိမိကိုယ်ကို ဆင်ခြင်တွေးတောမိပြီး အနည်းငယ်စိတ်သက်သာရာရအောင် နေထိုင်နိုင်မှာပါ။ ပုံမှန်လူတယောက်ရဲ့ ဝမ်းနည်းမှုအဆင့် ၅ဆင့်မှာ ပထမအဆင့်ကတော့“Denial” (လက်မခံနိုင်ခြင်း) ဖြစ်ပါတယ်။Continue reading “သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း”

မိုးရာသီနှင့် သင့်ကျန်းမာရေး

ဒီ post လေးမှာ မိုးရာသီရောက်လာပြီမို့ သတိထားသင့်တဲ့အချက်လေးတွေကို Awareness ရအောင် ပြောပြချင်ပါတယ်။ ၁။ သွေးလွန်တုပ်ကွေးရောဂါ များလာပါတယ်။ ခြင်ကိုက်လို့ ကူးစက်တဲ့ သွေးလွန်တုပ်ကွေး (Dengue fever) ရောဂါက မိုးရာသီမှာ အလွန်အဖြစ်များပါတယ်။ မိုးရေတင်ကျန်ခဲ့တဲ့ နေရာတွေမှာ ရေဝပ်ပြီး ခြင်တွေအများကြီးပေါက်လာလို့ သင်ခြင်ကိုက်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။ ခြင်ထဲမှာမှ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်လာတဲ့ခြင်က Aedes ခြင်ကျားဖြစ်ပါတယ်။ ထူးခြားချက်က မနက်ပိုင်းနဲ့ နေ့လယ်နေ့ခင်းမှာပဲ ကိုက်တတ်တဲ့ ခြင်မျိုးဖြစ်လို့ နေ့လယ်မှာ တရေးအိပ်တဲ့အခါ ခြင်ထောင်ချအိပ်ဖို့လိုပါမယ်။ ခြင်ကိုက်မခံရအောင် အိမ်ကိုအလင်းကောင်းကောင်းဝင်အောင်ထားပြီး ခြင်အောင်းနိုင်မယ့် နေရာတွေကိုရှင်းလင်းထားဖို့လိုပါမယ်။ သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေနဲ့ လူငယ်လူရွယ်တွေမှာ ပိုအဖြစ်များပြီး သွေးလွန်တုပ်ကွေးအရင်နှစ်တွေက ဖြစ်ဖူးထားရင် ပိုသတိထားသင့်ပါတယ်။ နောက်တခေါက် သွေးလွန်တုပ်ကွေးထပ်ဖြစ်တဲ့အခါ ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့် ရောက်သွားနိုင်လို့ တခါဖြစ်ဖူးထားလို့ ခုခံအားရှိမှာပဲလို့ တွေးပြီးContinue reading “မိုးရာသီနှင့် သင့်ကျန်းမာရေး”

သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်း

သင်သိပါသလား။ သင့်ပခုံးပေါ်မှာ သင့်ကိုကောင်းတာတွေလုပ်ဖို့အကြံပေးနေတဲ့ နတ်သားတပါးနဲ့ သင့်ကိုစိတ်အလိုလိုက်ဖို့ အမြဲအတို့အထောင်လုပ်ပေးနေတဲ့ မိစ္ဆာတကောင် ရှိနေပါတယ်။ သူတို့ကို သင်မမြင်ရပေမယ့် ရှိနေမှန်း သင်ခံစားမိမှာပါ။ သင်ဟာ တခါတခါ အကျိုးရှိတာ ကောင်းတာလေးတွေလုပ်နေမိတတ်ပြီး တခါတခါမှာတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး စိတ်ပျော်ရာ နေလိုက်မိတတ်တယ်။ စားချင်ရာစားလိုက်မိတတ်တယ်။ ကဲချင်ရာ ကဲလိုက်မိတတ်ပါတယ်။ ဒီလိုဖြစ်ရတာက သင့်ကိုလွှမ်းမိုးနေတဲ့ အဲ့ငတိလေး ၂ကောင်ကြောင့်ပါ။ ဒီအကြောင်းကို စပြီးတင်ပြခဲ့တဲ့သူကတော့ Psychology လောကရဲ့ ဘိုးအေကြီးPsychoanalysis ဆိုတဲ့ ခွဲခြမ်းစိတ်ဖြာ စိတ်ရောဂါပညာရဲ့ ဦးဆောင်သူလို့လဲ တင်စားကြတဲ့ Sigmund Freud ပဲဖြစ်ပါတယ်။ Freud လို့အများကသိကြတဲ့ ဤပုဂ္ဂိုလ်ကြီးရဲ့ theory ကို Freudian Theory လို့ခေါ်ကြတယ်။ သူ့ရဲ့ theory တွေထဲက တခုအကြောင်းကို ဒီနေရာမှာရှင်းပြပါ့မယ်။ ကလေးတယောက်က မွေးဖွားလာတဲ့အခါContinue reading “သင့်ပခုံးထက်မှာ အမြဲရှိနေတဲ့ Angel တပါး နဲ့ Devil တကောင်အကြောင်း”

Design a site like this with WordPress.com
Get started