(၇) ကြက်ဥအစိမ်းစားတာ မကျက်တကျက်စားတာက အားပိုရှိတယ် ၊ ပြုတ်စား ကြော်စားတာက အားသိပ်မရှိဘူး စသဖြင့် ပြောတာ ခဏခဏကြားဖူးမှာပါ။ သူတို့ဆိုလိုတဲ့အားက ဘာအားလဲတော့မသိပေမယ့် အာဟာရဆေးပညာနဲ့ သိပ္ပံအရတော့ အာဟာရပမာဏ တူတူပဲရပါတယ်။ ပြုတ်လိုက်တာဖြစ်စေ ကြော်လိုက်တာဖြစ်စေ အပူနဲ့တွေ့ တဲ့အခါ အသားဓာတ် protein က ပုံပြောင်းသွားပါတယ်။ နဂိုထက်ပိုခဲသွားပြီး ပိုးမွှားတွေလဲသေသွားပါတယ်။ Denaturation ဖြစ်သွားတယ်လို့ဆိုပါတယ်။ ကျက်သွားတဲ့အသားဓာတ်က Denature ဖြစ်သွားလို့ အစာအိမ်ကပိုပြီးချေဖျက်လို့လွယ်သွားပါတယ်။ အာဟာရတွေကို ပိုပြီးစုပ်ယူရလွယ်လို့ အစာမကြေဖြစ်တာ ရင်ခေါင်းတောင့်နေတာ သက်သာမှာပါ။ ကြက်ဥအစိမ်းကို ဖောက်သောက်တာက သူ့ရဲ့အညှီနံ့ကြောင့်လဲ မအီမလည်ခံစားရနိုင်သလို အစာခြေရတဲ့အခါ ကျက်ပြီးသားကြက်ဥထက်ပိုကြာလို့ ရင်ပြည့်တာမျိုးခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကြက်ဥအစိမ်းမှာ Salmonella ပိုးပါလာခဲ့ရင် ဝမ်းရောဂါပါထပ်ခံစားရမှာပါ။ သေချာသန့်ရှင်းစွာစားရင်တော့ ကြက်ဥအစိမ်းကလဲ ကြက်ဥအကျက်လိုပဲ အားရှိပါတယ်။ သို့သော်Continue reading “ကြက်ဥအစိမ်းစားတာက ပြုတ်စား၊ ကြော်စားတာထက်ပိုအားရှိသလား နှင့် ဥဋီကာနိဂုံး (Part 3)”
Category Archives: လင်းမူ
သင်စားနေတဲ့ဥက အကောင်ပေါက်လာမလားနှင့် ဥဋီကာ (Part 2)
ဒီတခါမှာတော့ အများပြောနေကျ ဥအကြောင်းလေးတွေ မှန် မမှန်ဖတ်ကြည့်ရအောင်။ (၃) ဘဲဥကိုစားရင် ပိုဝလာတတ်သလား? ဘဲဥတလုံးနဲ့ ကြက်ဥတလုံးမှာ fat လို့ခေါ်တဲ့ အဆီပါဝင်မှုမတူပါဘူး။ ဘဲဥက ပိုပြီး fat ရော cholesterol ပါတာရော များတယ်လို့ဆိုရမယ်။အဲ့တာကြောင့်လဲ အရသာက ကြက်ဥနဲ့သိပ်မတူဘဲပိုပြီးစားလို့ကောင်းနေတာပါ။ Weight တက်မှာစိုးလို့ diet လုပ်နေတယ်….ဥလဲစားချင်ရင်တော့ ကြက်ဥကိုပိုရွေးစားလိုက်ပါ။ဘဲဥကတော့ အဆီနည်းနည်းပိုများပြီး ကယ်လိုရီလဲပိုများလို့ပါ။ (၄) အခုစားနေတဲ့ဥတွေက အကောင်ပေါက်မလာဘူးလား ? ဟုတ်ကဲ့ …မပေါက်ပါဘူးခင်ဗျ။ အခုစားနေတဲ့ ပုံမှန် မွေးမြူရေးကြက်ဥတွေက လေဥလို့ခေါ်တဲ့ unfertilized egg တွေပါ။ ကြက်မ တွေက မိတ်မလိုက်ဘဲနဲ့လဲ ဥတွေသူ့ဘာသာဥပါတယ်။ ဥ အုတဲ့ရာသီတော့ရှိတယ်လို့ဆိုပြီး နေ့တိုင်း ၁လုံးကနေ ၂လုံးလောက် ဥချလေ့ရှိပါတယ်တဲ့။ မွေးမြူရေးခြံက ဥစားကြက်မတွေကို သီးသန့်ထားပြီးContinue reading “သင်စားနေတဲ့ဥက အကောင်ပေါက်လာမလားနှင့် ဥဋီကာ (Part 2)”
တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)
အိမ်ကအမေတွေ အဖေတွေ အဘိုးဘွားတွေပြောနေကျ စကားတွေထဲမှာ “တောကြက်ဥလေးတွေဝယ်လာတယ်…ပိုအားရှိအောင် လို့ပြောကြတာ” မကြာမကြာ ကြားဖူးမှာပါ။ တောကြက်ဥကို လှမ်းကြည့်လိုက်တော့ ခပ်ညိုညိုနဲ့ ခပ်သေးသေးလေးတွေပေါ့… “သေးသေးလေးတွေက အားရောရှိပါ့မလား” လို့သာ ပြောလိုက်မိရင် “ဟဲ့…နင်ဘာနားလည်လို့လဲ….တောကြက်ဥကစျေးကြီးတယ်….ရှာရခက်တယ်” လို့ ဘောက်ဆက်ဆက်ပြန်ဖြေပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ငြိမ်နေလိုက်ရင်း တောကြက်ဥက တကယ်ပဲပိုအားရှိသလိုလို ဒီလိုပဲ စိတ်ထဲ ပြီးပြီးပျောက်ပျောက်ဖြစ်သွားပြန်ပါတယ်။ ဒီနေ့မှာတော့ စာရေးသူနဲ့အတူ ဥအမျိုးမျိုးအကြောင်း နေ့စဥ်ကြားနေကျစကားတွေ မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။ (၁) တောကြက်ဥက မွေးမြူရေးကြက်ဥထက်ပိုအားရှိသလား? ဒီမေးခွန်းကိုမဖြေခင် အရင်ဆုံး ကြက်ဥအကြောင်းအရင်လေ့လာကြည့်ရအောင် ကြက်ဥအကာမှာ အသားဓာတ် (protein) နဲ့ အဆီ (fat) အနည်းငယ်ပါဝင်ပြီး ဥအနှစ်မှာတော့ အသားဓာတ် (protein), အဆီဓာတ် (fat ရော cholesterol ရော) ပါကာအဆီမှာပျော်ဝင်တဲ့ VitaminContinue reading “တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)”
ရှက်စရာမဟုတ်သော အကြောဆွဲခြင်း (သို့) Tourette syndrome
သင့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆွေမျိုးအသိုင်းဝိုင်းမှာပဲဖြစ်ဖြစ် အကြောဆွဲနေတတ်သူကို တွေ့ဖူးပါသလား။ စကားပြောတဲ့အခါ မျက်လုံးကဖျက်ခနဲ ဖျက်ခနဲ မှိတ်မှိတ်သွားတာ ၊ လက်တွေတွန့်လိမ်သွားတာ ၊ တချက်တချက် နှာမှုတ်သံတွေလုပ်တာ ဒါတွေအကုန်လုံးကTourette syndrome ထဲမှာအကျုံးဝင်ပြီး ဒီလက္ခဏာတွေဟာ ရောဂါမဟုတ်ပါ။ ရူးသွပ်နေတာလဲမဟုတ်သလို လူကြီးတွေကဲ့ရဲ့သလို “ဒီကလေးက အငြိမ်ကိုမနေဘူးမကောင်းတဲ့အကျင့်ကိုပါနေတာ” ဆိုတာလဲ လုံးဝအမှားပါ။ ကလေးက လုပ်ချင်လို့လုပ်နေတာ စိတ်ပါလို့လုပ်နေတာမဟုတ်ဘဲ သူ့အလိုလိုကို လုပ်မိနေတာ ဖြစ်ပါတယ်။လုပ်လိုက်ရမှ စိတ်သက်သာသွားတာမျိုးပါ။ ဥပမာ သင် နှာခေါင်းယားပြီး အရမ်းနှာချေချင်နေတဲ့အခါ မချေမိအောင် အောင့်ထားဖူးရင်Tourette syndrome ကလေးတွေကို ကိုယ်ချင်းစာတတ်မှာပါ။ သူတို့မှာ အောင့်လို့လဲမရ ၊ မလုပ်မိအောင်ထိန်းထားပြန်ရင်လဲ ခဏပဲရပြီး စိတ်လွှတ်လိုက်တဲ့အခါ ပိုပြီး ရုပ်ဆိုးတာတွေလုပ်မိသွားတတ်ပါတယ်တဲ့။ ဟုတ်ပြီ …. ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘာလို့လဲ အခုထိသေချာမသိရသေးပါဘူးတဲ့။Continue reading “ရှက်စရာမဟုတ်သော အကြောဆွဲခြင်း (သို့) Tourette syndrome”
၆ပေခြားနေရသော နှင်းဆီပန်း ၆၅ပွင့်ရောဂါ
ခေါင်းစဥ်ကိုမြင်လိုက်တာနဲ့ ဘာရောဂါအကြောင်းရေးတော့မလဲဆိုတာ စာဖတ်သူတို့ခန့်မှန်းမိကြပါသလား။ ဒီရောဂါခံစားနေရသူတွေမှာ ထူးဆန်းတဲ့အချက်လေးတွေရှိပါတယ်။ သူတို့က လူတွေနဲ့ ၆ ပေအကွာမှာပဲနေရတယ်။ သူတို့ရဲ့ အရေပြားက ငန်တူးနေတယ်။ သူတို့က ငယ်ငယ်လေးနဲ့သေကြရတယ်။ ဒီရောဂါကို ဆေးပညာမှာ Cystic fibrosis လို့ခေါ်ပြီး နာမည်ပြောင်ပေးထားတာကSixty five roses ပါတဲ့။ အသံထွက်ချင်းဆင်တူလို့ romantic ဆန်ဆန်လေး နာမည်မှည့်ထားတာပါ။ ဒီရောဂါက မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပြီး လူဖြူတွေမှာပိုအဖြစ်များပါတယ်။ ရောဂါဘာလို့ဖြစ်ရတာလဲဆိုတော့ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ အရည်တွေများစွာရှိပြီး နေ့စဥ် အရည်တွေစစ်ထုတ်လိုက် ပြန်စုပ်ယူလိုက် လုပ်နေရပါတယ်။ မလိုတဲ့အရည်တွေကိုထုတ်မယ်။ လိုတဲ့အရည်တွေကိုပြန်စုပ်မယ်။အဲ့လိုလုပ်ဖို့ အရည်ဝင်ထွက်တဲ့ ပြွန် channel တွေလိုပါတယ်။ Cystic fibrosis ရောဂါက အဲ့ channel ထဲကမှ Chloride ion ကိုသယ်ပို့တဲ့ channel ကContinue reading “၆ပေခြားနေရသော နှင်းဆီပန်း ၆၅ပွင့်ရောဂါ”