(ယခုစာကိုရေးသားရခြင်းမှာ psychiatric disorder များနှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များကို တွဲဖက်လေ့လာမိစေရန် ရည်ရွယ်ပြီး လမ်းညွှန်မိတ်ဆက်သဘောမျှသာ ရေးသားမည်ဖြစ်ရာ အမှားအယွင်းတစုံတရာပါဝင်ခဲ့ပါက စာရေးသူ၏ လေ့လာမှုအားနည်းခြင်းကြောင့်သာဖြစ်ပါသည်။) မြန်မာရသစာပေ စာရေးဆရာများထဲမှာ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် သြဇာကြီးမားပြီး ဆရာ့စာအုပ်စာပေများသည် ယနေ့တိုင် စာဖတ်သူမျိုးဆက်သစ်များကို ရသမျိုးစုံ ပေးစွမ်းလျက်ရှိပါသည်။ ဆရာဇာတ်ကောင်များမှာ အခြားစာအုပ်များတွင် တွေ့ခဲလှသော psychiatric disorder များရှိတတ်ကြပြီး စိတ်၏ နက်နဲရှုပ်ထွေး ဆန်းကြယ်လှပုံကို ဆရာ့ဝတ္ထုများတွင် ရှာတွေ့နိုင်ပါသည်။ စာရေးသူအနေနဲ့ ဆရာ့ဝတ္ထုများစွာထဲက ထူးခြားသော စိတ်ဝေဒနာများပါရှိနေတဲ့ စာအုပ်များကို အမြည်းသဘော ထုတ်နုတ်တင်ပြပေးသွားပါမယ်။(Spoiler Alert ပါ။ မဖတ်ဖူးသေးသူများအနေနဲ့ အရင်ဆုံးရှာဖွေဖတ်ရူပြီးမှသာ ဤ post ကိုလာဖတ်သင့်ပါတယ်။ အမြည်းလေ့လာပြီး စိတ်ဝင်စားမှဖတ်ချင်သူများကတော့ အောက်မှာဆက်လက်ဖတ်ရူပေးနိုင်ပါသည်။) ပထမဆုံး ရွေးထားတဲ့ ဝတ္ထုကတော့ ဆရာရဲ့ နာမည်ကြီးစာအုပ်ဖြစ်တဲ့ “နွေကန္တာဦး”Continue reading “ဆရာတက္ကသိုလ်ဘုန်းနိုင်စာအုပ်များထဲက psychiatric disorder များ အကြောင်း (Part 1)”
Category Archives: လင်းမူ
Personality disorder အကြောင်းပြောကြရာဝယ် (Part 6)
(Part 1 to 5 ဖတ်ပြီးမှသာ ယခုအပိုင်းကိုဖတ်သင့်ပါတယ်။) ဒီနောက်ဆုံးအပိုင်းမှာတော့ Personality disorder ထဲက Cluster C အုပ်စု “Worried” အကြောင်း ပြောပြသွားမှာဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာပါတဲ့သူတွေက စိုးရိမ်ပူပန်စိတ်များပြီးအကြောက်လွန်တတ်လို့ Anxiety disorder နဲ့တွဲနေတတ်ပါတယ်။ Avoidant personality disorder Dependent personality disorder Obsessive – Compulsive personality disorder တို့ပဲဖြစ်ပါတယ်။ ပထမဆုံး Avoidant personality disorder ကတော့ အကြောက်လွန်သူများပါ။ လူအများကြား အရှက်ခွဲခံရမှာ၊ အငြင်းခံရမှာကို သေမလောက်ကြောက်ပြီး လူတွေနဲ့ခင်ချင်ပါရက်နဲ့ မပေါင်းသင်းရဲကြပါဘူး။ ကိုယ့်ကိုယ်ကို လိုအပ်ချက်တွေ မပြည့်စုံမှုတွေများတယ်လို့တွေးပြီး အားငယ်သိမ်ငယ်စိတ်ဝင်နေကြပါတယ်။ (full of insecurities) လူအများနဲ့ ရင်းနှီးလို ခင်မင်လိုပြီးRelationshipContinue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 6)”
ငါးပူတင်းအဆိပ်နဲ့ သေဟန်ဆောင်ကြသူများ
ငါးပူတင်းကို စာဖတ်သူ မြင်ဖူးမှာပါ။Puffer fish လို့ခေါ်တဲ့ ငါးပူတင်းဟာ အသားစားငါးတမျိုးဖြစ်ပြီး အပူပိုင်းနဲ့ သမပိုင်းဇုန်တွေမှာရှိတဲ့ ရေငန်မှာအဓိကနေထိုင်ပြီး အချို့ကို ရေချိုမှာလဲတွေ့ရတတ်ပါတယ်။ ငါးပူတင်းက သွားလာတဲ့အခါနှေးကွေးတဲ့အတွက် အခြားသောငါးများ အသားစားတိရစ္ဆာန်များ အစားမခံရစေဖို့ အကာအကွယ်လက်နက်တွေပါဝင်ပါတယ်။ ပထမတခုက သူ့မှာရှိတဲ့ အစာအိမ်က extremely elastic ဖြစ်လို့ ရန်သူတွေရောက်လာတဲ့အခါ ရေတွေ(လေအနည်းငယ်) အများကြီးကိုမျိုချလိုက်ပြီး အစာအိမ်ကိုဖြည့်လိုက်ကာ ရုတ်တရက်ဖောင်းကားသွားပါတယ်။ တကိုယ်လုံးဖောင်းတင်းသွားတဲ့အခါ ရန်သူကတိုက်ခိုက်ရခက်သွားတဲ့အပြင် ကိုယ်ပေါ်မှာအစူးချွန်သေးသေးလေးတွေလဲပါလို့ ရန်သူအနားကပ်မရအောင် စွမ်းဆောင်နိုင်ပါတယ်။ အဲ့လိုလုပ်နိုင်တဲ့အပြင် သူ့မှာ အဆိပ်တမျိုးလဲရှိပါသေးတယ်။အဲ့အဆိပ်ကို TTX (tetrodotoxin) လို့ခေါ်ပြီး ငါးပူတင်းရဲ့ အသည်း (liver) ၊ သားဥအိမ် (ovaries) တွေမှာ အများဆုံးရှိပြီး အူ (intestine) နဲ့ အရေခွံ (skin)ပေါ်မှာလဲရှိပါတယ်။ TTX ဆိုတဲ့အဆိပ်ကContinue reading “ငါးပူတင်းအဆိပ်နဲ့ သေဟန်ဆောင်ကြသူများ”
Personality disorder အကြောင်းပြောကြရာဝယ် (Part 5)
(Part 1,2,3,4 ဖတ်ပြီးမှ ယခု Part 5ကိုဖတ်သင့်ပါသည်။) ဒီတခါမှာတော့ Personality disorder ထဲက Cluster B အုပ်စုအကြောင်းဆက်လက်ပြောပြသွားပါမယ်။ Cluster B က စိတ်ခံစားချက်ပြင်းသူ “Wild” typeဖြစ်ပြီး drama ဆန်ဆန် အပြောင်းလဲမြန်ပြီး ခန့်မှန်းရခက်သူတွေဖြစ်သူတွေဖြစ်ပါတယ်။ ဆေးလိပ်အရက် မူးယစ်ဆေးဝါးတို့ကို တလွဲသုံးနိုင်ချေမြင့်မားပြီး mood disorder များနဲ့လဲ တခါတရံ တွဲနေတတ်ပါတယ်။ ပါဝင်တဲ့ အမျိုးအစားများကတော့ Antisocial personality disorder Borderline personality disorder Histrionic personality disorder Narcissistic personality disorder တို့ဖြစ်ပါတယ်။ Antisocial personality disorder ကတော့အကြမ်းဖက်သမားဆန်သူများဖြစ်ပါတယ်။ ပတ်ဝန်းကျင်တွေ လောကဝတ်တွေလဲ ဂရုမစိုက်ဘဲAggressive ဖြစ်သူ ကိုယ်နူတ်အမူရာကြမ်းတမ်းသူဖြစ်ပါတယ်။Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 5)”
အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment
(ဤစာတွင် စိတ်ပေါ့သွပ်သူ စိတ်ဝေဒနာရှင်များကို စော်ကားလို၍ အရူးဟုသုံးနှုန်းခြင်းမဟုတ်ဘဲ ဖတ်ရူရရှင်းလင်းပြီး စကားလုံးမဖောင်းပွစေလိုသောကြောင့်သာဖြစ်ပါသည်။ အသုံးနှုန်းရိုင်းပျမှုအတွက် သည်းခံနားလည်ပေးစေလိုပါသည်။) သင်က လူကောင်းတယောက်လား။ ဒါမှမဟုတ် ရူးနေသူလား။ ဘယ်သူဆိုရင်တော့ အရူး ၊ ဘယ်သူဆိုရင်တော့ အရူးမဟုတ်ဘူးဆိုတာ တကယ်ရော ဂဃနဏကွဲပြားရဲ့လား။ လူကောင်းတွေကရော အရူးနဲ့မတူနေဘူးလား။အရူးတွေကရော လူကောင်းတွေလို ပြုမူတာတွေ့ဖူးကြမှာပါ။ ဒါဆို စိတ်မနှံ့ခြင်း ၊ ရူးသွပ်ခြင်း (Insanity) နဲ့စိတ်ကျန်းမာခြင်း (Sanity) ကို ဆရာဝန်တွေ စိတ်ရောဂါကုဆေးပညာရှင်တွေ တကယ်ရောကွဲကွဲပြားပြား ခွဲခြားနိုင်ရဲ့လား။ ၁၉၇၃ ခုနစ်မှာ Stanford University ရဲ့ Professor David Rosenhan က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။ သူသိချင်တာက တခုပဲရှိပါတယ်။ အရူးတယောက်နဲ့ လူကောင်းတယောက်ကို စိတ်ရောဂါကုဆရာဝန်တွေ ခွဲခြားနိုင်ရဲ့လားတဲ့။ ဆရာဝန်တွေကမှ မခွဲခြားပေးနိုင်ရင် ရူးခြင်းContinue reading “အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment”