ရုပ်ရည်ချောမောခြင်းက နေ့စဥ်ဘဝမှာဘယ်လောက်ထိ အရေးပါနိုင်သလဲ?

ရှေးခေတ် ဂရိကဗျာဆရာတယောက်ကတခါတုန်းက အောက်ပါအတိုင်း ရေးခဲ့ဖူးပါတယ်။ “What is beautiful is good, andwho is good will soon be beautiful” တဲ့။ ကြည့်လို့လှနေရင် အလိုလိုကောင်းတယ်ထင်မိတယ်၊ ကောင်းတာလုပ်နေရင်လဲ အလိုလိုလှလာတာပါပဲတဲ့။ ဒီစာကြောင်းကို စာဖတ်သူတို့ သဘောတူပါသလား။ ရုပ်ရည်ချောမောမှုက လူမှုဘဝမှာ ဘယ်လောက်အထိ အရေးပါနိုင်တယ်လို့ ထင်ပါသလဲ။ ၁၉၇၂ ခုနှစ်တုန်းက စမ်းသပ်မှုတခုလုပ်ခဲ့ပါတယ်။ လုပ်အားပေးမယ့်လူတွေကိုခေါ်လိုက်ပြီး စာအိတ် ၃ အိတ်စီပေးလိုက်ပါတယ်။ စာအိတ်တအိတ်စီမှာ ဓာတ်ပုံတပုံစီပါပြီး ရုပ်ချောတဲ့သူ၊ ရုပ်ရည်အသင့်တင့်ရှိသူနဲ့ ရုပ်ဆိုးသူ ၃ဦးရဲ့ ဓာတ်ပုံတွေထည့်ထားပါတယ်။ ဒီဓာတ်ပုံ ၃ပုံကိုကြည့်ပြီး ဒီဓာတ်ပုံထဲကသူတွေရဲ့ ကိုယ်ရည်ကိုယ်သွေး (personality) ကောင်းမကောင်း ခန့်မှန်းခိုင်းပါတယ်။ နောက်ပြီး ဒီဓာတ်ပုံတွေကိုပဲကြည့်ခိုင်းပြီး သူတို့နှင့်ကိုက်ညီမယ့် အလုပ်ရာထူးနှင့် အဲ့ဒီလုပ်ငန်းခွင်မှာသူတို့ဘယ်လောက်အတိုင်းအတာContinue reading “ရုပ်ရည်ချောမောခြင်းက နေ့စဥ်ဘဝမှာဘယ်လောက်ထိ အရေးပါနိုင်သလဲ?”

အသွင်တူလို့အိမ်သူဖြစ်တာလား? အိမ်သူဖြစ်လို့အသွင်တူလာတာလား?

ဗမာစကားပုံတခုအရ အသွင်တူမှအိမ်သူဖြစ်တယ်လို့ဆိုထားပါတယ်။ကျနော်တို့ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် စုံတွဲတွေ၊ လင်မယားတွေက ရုပ်ချင်းဆင်တူနေတာကို သတိထားမိမှာပါ။ မျက်မှန်နဲ့ကောင်မလေးတွေကလဲ မှန်ကြောင်ကောင်လေးနဲ့၊ ပြောင်ကြီးတို့ကလဲ နောက်ထပ်နဖူးပြောင်တဲ့ကောင်မလေးတွေနဲ့၊ တူရာတူရာစုထားသလို ဆင်တူအတွဲလေးတွေမြင်တိုင်း ဘာလို့ အိမ်ထောင်ဖက်တွေ၊ စုံတွဲတွေက ရုပ်တူတူလာကြတာလဲလို့ ထင်စရာရှိပါတယ်။ ဒါကသင်ထင်ထားတာထက်ကို ပိုလေးနက်တဲ့သက်သေသက္ကရ ရှိပါတယ်။ လေ့လာချက်တခုအရဆိုရင် အိမ်ထောင်သည်အမျိုးသားနဲ့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လေ့လာကြည့်တဲ့အခါ လက်ချောင်းခြေချောင်းအရှည်ကအစ နားသံသီးအရွယ်အစားထိ ဆင်တူဖြစ်နေတာကို သတိထားမိခဲ့ပါတယ်။ ဒီလိုဆင်တူတာက ရုပ်တူတဲ့သူစိမ်းတွေထက်ကို လင်မယားတွေက ပိုဆင်တူပါသတဲ့။ ငြင်းစရာရှိတာက လင်မယားဖြစ်လို့ ဆင်တူလာတာမဟုတ်ဘူး။ လူတွေက ကိုယ်နဲ့ဆင်တူတဲ့သူကိုမှ ရွေးကြိုက်တတ်တာလို့ ပြောရင်လဲမမှားပြန်ပါဘူး။ ဒီအကြောင်းကို သုတေသနတခုလုပ်ထားတာရှိပါတယ်။ လုပ်အားပေးလူငယ်တွေကိုခေါ်ပြီး မျက်နှာပုံတွေပြကာ ဘယ်တယောက်ကိုသဘောကျလဲဆိုပြီးရွေးခိုင်းတာပါ။ တကယ်တမ်းတော့ဓာတ်ပုံအချို့က သူစိမ်းမျက်နှာနဲ့ ကိုယ့်မျက်နှာကို ရောပြီး Photoshop နဲ့ပြင်ထားတာတွေလဲပါပါတယ်။ အံ့သြဖို့ကောင်းတာက လူတွေက သဘောကျတယ်လို့ရွေးတဲ့ပုံတော်တော်များများက သူ့မျက်နှာအချိုးအစားနဲ့တူအောင်Continue reading “အသွင်တူလို့အိမ်သူဖြစ်တာလား? အိမ်သူဖြစ်လို့အသွင်တူလာတာလား?”

ကိုယ်ဝန်သည်မိန်းမနဲ့အတူ လိုက်ပြီးပျို့အန်တတ်သောခင်ပွန်းများအကြောင်း

ဒီအကြောင်းကို ငယ်ငယ်က ကိုရီးယားကားတကားထဲမှာကြည့်ဖူးလိုက်ပါတယ်။မင်းသမီးက ဗိုက်ကြီးတော့ ပျို့မယ်အန်မယ်ကြံတုန်းရှိသေးတယ်… သူ့ယောကျ်ားကပါလိုက်ပြီး ပျို့အန်တဲ့အကြောင်းရိုက်ပြထားတာပါ။ အဲ့တုန်းကတော့ “ထူးဆန်းတယ်ဟ”လို့တွေးမိပါတယ်။ အိမ်ကအမေကတော့ “တွေ့လား သူများယောကျ်ားတွေများ မိန်းမကို သည်းသည်းလှုပ်ချစ်တတ်လိုက်တာ” ဘာညာနဲ့ အဖေ့ကို စကားနာထိုးပါတော့တယ်။ ဒီpost မှာတော့ အဲ့အကြောင်းကို ရှာဖွေရေးသားပေးလိုက်ပါတယ်။ အမျိုးသမီးတယောက်က ကိုယ်ဝန်ဆောင်ရင် ပထမလအစပိုင်းမှာ ဟော်မုန်းအပြောင်းအလဲကြောင့်အန်တတ်ပါတယ်။ အဲ့လိုအန်တာကို Morning sickness လို့ခေါ်ပြီး hCG (human Chorionic gonadotropin) ဆိုတဲ့ ကိုယ်ဝန်ဆောင်ဟော်မုန်းကြောင့်အန်တာပါ။ ထူးဆန်းတာက တချို့ယောကျာ်းတွေကလဲ အဲ့အချိန်မှာ မိန်းမနဲ့အတူ မအီမသာဖြစ်ပြီး လိုက်အန်တတ်တာမျိုးရှိပါသတဲ့။ အဲ့တာကို Couvade syndrome လို့ခေါ်ပါတယ်။Couvade ဆိုတဲ့စကားက couver ဆိုတဲ့ပြင်သစ်စကားလုံးကနေလာတာဖြစ်ပြီး “ဥမှအကောင်ပေါက်သည်” (hatch or brood) လို့အဓိပ္ပာယ်ရပါတယ်။Sympathetic pregnancy လို့လဲတချို့ကခေါ်ပါသေးတယ်။Continue reading “ကိုယ်ဝန်သည်မိန်းမနဲ့အတူ လိုက်ပြီးပျို့အန်တတ်သောခင်ပွန်းများအကြောင်း”

အပင်တွေမှာ လူတွေလိုအသိစိတ်ရှိနိုင်သလား?

သက်ရှိလောကလို့ ပြောလိုက်ရင် တိရစ္ဆာန်တွေသာမက အပင်တွေလဲပါဝင်နေပါတယ်။ စာဖတ်သူတို့မြင်နေရတဲ့ အပင်တွေအကုန်လုံးမှာ life ဆိုတဲ့အသက်ရှိတယ်ဆိုတာ လူတိုင်းလက်ခံထားကြပါတယ်။ အစေ့လေးတစေ့ကနေ အပင်ပေါက်လေးဖြစ်လာတယ်။ အပင်ပေါက်လေးကနေ ပင်စည်အကိုင်းအခက်တွေထွက်လာပြီး အရွက်တဖားဖားဖြစ်လာတယ်။ ပန်းပွင့်တဲ့အပင်တွေဆိုရင် ပန်းတွေပွင့်လာတယ်။ အသီးတွေသီးလာတယ်။ဒီဖြစ်စဥ်အကုန်လုံးက အပင်တွေမှာ process of growth ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။ အပင်မှာ အသက်ရှိသလို ကြီးထွားဖွံ့ဖြိုးမှုဆိုတာလဲရှိတယ်ဆိုရင် အသိစိတ်ဆိုတာရောရှိနိုင်လားဆိုပြီး မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ သိပ္ပံပညာရှင်တွေနဲ့ ရုက္ခဗေဒပညာရှင်တွေက ဒီအကြောင်းကို နှစ်တွေအကြာကြီးလေ့လာခဲ့ကြပါတယ်။ ၁၉၇၀ အစောပိုင်းတုန်းက The Secret Life of Plants ဆိုပြီးစာအုပ်တအုပ်ထွက်ခဲ့ပါတယ်။ အဲ့စာအုပ်ထဲမှာရေးထားတာတွေကအပင်တွေကကြောက်လန့်တတ်တယ်…အထူးသဖြင့် သစ်ခုတ်သမားတို့၊ အပင်ကိုဖျက်ဆီးတတ်တဲ့သူတွေ အပင်နားကိုရောက်လာရင် အပင်တွေကကြောက်လန့်ကြောင်း လျှပ်စစ်လိုင်းတွေထုတ်တယ် စသဖြင့် ရေးထားပါတယ်။ အဲ့စာအုပ်ထွက်လာတဲ့အခါ ပညာရှင်အသိုင်းအဝိုင်းက မဖြစ်နိုင်တာတွေရေးထားတယ်ဆိုပြီး အပြစ်တင်ရှုံ့ချခဲ့ကြပါတယ်။ မဖြစ်စလောက်တွေ့ရှိချက်ကလေးကို လိုရာဆွဲတွေးပြီး ပုံကြီးချဲ့ရေးထားတယ်လို့Continue reading “အပင်တွေမှာ လူတွေလိုအသိစိတ်ရှိနိုင်သလား?”

ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်

လူရယ်လို့ဖြစ်လာရင် အကြောက်တရားတခုခုရှိတတ်ကြပါတယ်။ တချို့က သရဲကြောက်တယ်။ တချို့က ပင့်ကူကြောက်တယ်။ တချို့က အမြင့်ကြောက်တယ်။ တချို့က မိုးချုန်းတာကြားရင် ကြောက်တယ်။ ဒါဆို ဒီအကြောက်တရားတွေကဘယ်ကလာတာလဲ။မွေးကတည်းက ပါလာတာလား။ ကြီးလာတော့မှ အကြောက်တရားကို သိလာတာလား။ ဒါကို အဖြေရှာဖို့အတွက် သိပ္ပံပညာရှင်တွေနဲ့ psychologists တွေက စမ်းသပ်ချက်အမျိုးမျိုးလုပ်ခဲ့ပါတယ်။ အဲ့ထဲကမှ လူသိအများဆုံးနဲ့ အဝေဖန်ခံခဲ့ရဆုံး စမ်းသပ်ချက်တခုကို ပြောပြပေးပါမယ်။ ဒီစမ်းသပ်ချက်ကို လုပ်ခဲ့တဲ့သူကတော့ John B.Watson ဆိုတဲ့ psychologist တဦးနဲ့ သူ့ရဲ့ လက်ထောက် Rosalie Raynor တို့ပဲဖြစ်ပါတယ်။ စမ်းသပ်ချက်နာမည်ကို The Little Albert Experiment လို့ခေါ်ပါတယ်။ ဒီစမ်းသပ်ချက်မှာ ကိုးလအရွယ်ကလေးတယောက်ပါဝင်ပြီး သူ့နာမည်ကို Little Albert လို့ခေါ်ပါတယ်။ စမ်းသပ်ချက်အစမှာ ကလေးကို ပစ္စည်းContinue reading “ကလေးဘဝမှာ အကြောက်တရားမွေးဖွားလာပုံ စမ်းသပ်ချက်”

Design a site like this with WordPress.com
Get started