သင်သည် ဟောက်တတ်သူဖြစ်ပါက အချိန်ခဏပေးပြီး အောက်ပါမေးခွန်းများနဲ့ ကျန်းမာရေးအခြေနေကိုဆန်းစစ်ကြည့်လိုက်ပါ။ အိပ်စက်နေတုန်း ဟောက်တတ်သူများက ရုတ်တရက်အသက်ဆုံးရှုံးနိုင်ခြေပိုများတယ်ဆိုတာဟုတ်ပါသလား? ဟုတ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အိပ်ရင်းဟောက်တတ်သူများဟာ သာမန်လူများနဲ့နှိုင်းယှဥ်တဲ့အခါ ရုတ်တရက်သေဆုံးနိုင်ခြေပိုမြင့်မားတာကိုတွေ့ရပါတယ်။ ဆေးပညာမှာ အိပ်ရင်းဟောက်တတ်တာကို Obstructive Sleep Apnea (OSA) လို့ ခေါ်ပါတယ်။ ဗမာလိုတော့ “အိပ်ဟောက် ရှုပိတ်”ရောဂါလို့ သုံးနှုန်းတတ်ကြပါတယ်။ ဒီရောဂါခံစားရသူများက မိမိဘာသာသတိမထားမိကြဘဲ အခြားသောရောဂါများနဲ့တွဲလာတဲ့အခါမှ သိကြတာများပါတယ်။ Obstructive Sleep Apnea ရောဂါရှိနေပါက -နှလုံးစည်းချက်မမှန်သောရောဂါ-နှလုံးသွေးကြောကျဥ်းရောဂါ-သွေးတိုးရောဂါ-ဆီးချိုသွေးချိုရောဂါ-လေဖြတ်ခြင်းစသော နောက်ဆက်တွဲရောဂါများ ဆက်စပ်ဖြစ်ပွားနိုင်သောကြောင့် မိမိမှာ OSA ရောဂါရှိမရှိ ကြိုတင်ဆန်းစစ်ရှာဖွေဖို့လိုအပ်ပါသည်။ သင့်မှာ ဒီရောဂါရှိမရှိကို အောက်ပါမေးခွန်းများနှင့် အကြမ်းဖျင်း ဆန်းစစ်ကြည့်၍ရပါသည်။ သင့်အနေနဲ့ အောက်ပါ ဘယ်လိုအခြေနေတွေမှာ အိပ်ငိုက်လေ့ (သို့) ငိုက်မြည်းလေ့ ၊ အိပ်ပျော်သွားလေ့ရှိတတ်ပါသလဲ? (၁) စာထိုင်ဖတ်နေတဲ့အခါ(၂)Continue reading “အိပ်လျှင်ဟောက်ခြင်းနှင့် ကျန်းမာရေးပြဿနာများ”
Category Archives: လင်းမူ
ဆုပေး ဒဏ်ပေးစနစ် (carrot & stick system) နှင့် အပြုအမူကိုပြောင်းလဲကြခြင်း
စိတ်ပညာနှင့် လူသားတို့အပြုအမူကိုလေ့လာကြတဲ့အခါ behaviour တခုကို ဘယ်လိုပြောင်းလဲကြသလဲ (သို့) ဘယ်လိုပြောင်းလဲအောင်လုပ်မလဲဆိုတဲ့အကြောင်းကို conditioning လို့သုံးနူန်းကြပါတယ်။ သက်ရှိများအနေနဲ့ ဆက်လက်ရှင်သန်ဖို့အတွက် evolution နဲ့လိုက်လျောညီထွေဖြစ်ဖို့ အပြုအမူတွေကို အများကြီးပြောင်းလဲခဲ့ရပါတယ်။ အပြုအမူတွေကိုပြောင်းလဲတဲ့အခါ အမှားတွေလုပ်မိရင် မှတ်ထားပြီး မှန်အောင်ပြောင်းလဲသင်ယူလာကြပါတယ်။ ဒါကို trial and error သဘောလို့ဆိုကြပါတယ်။ အပြုအမူတခူကိုပြောင်းလဲအောင်လုပ်တဲ့အခါကျ ဆုပေး ဒဏ်ပေးစနစ် ကိုကျင့်သုံးကြပါတယ်။Carrot & stick approach လို့လဲခေါ်ပါတယ်။ ဒီအကြောင်းကို psychologist B.F. Skinner ကကျယ်ကျယ်ပြန့်ပြန့်လေ့လာရှာဖွေခဲ့ပါတယ်။Psychology မှာ ဆုပေးဒဏ်ပေးစနစ်ကိုသုံးပြီး အပြုမူတွေပြောင်းလဲစေတာကို Operant conditioning လို့ခေါ်ပါတယ်။ ဒီ Operant conditioning မှာ လိုချင်တဲ့ behaviour တခုကို ပိုမိုခိုင်မာစေဖို့ ဆုပေးတဲ့စနစ်(reinforcement or reward) ကိုသုံးပါတယ်။Continue reading “ဆုပေး ဒဏ်ပေးစနစ် (carrot & stick system) နှင့် အပြုအမူကိုပြောင်းလဲကြခြင်း”
ဆေးဘူးများ အညိုရောင်ဖြစ်နေရခြင်း နှင့် ဆေးဘူးထဲတွင် ဝါဂွမ်းများထည့်သွင်းရခြင်း၏ အကြောင်းရင်းနောက်ခံများ
သင့်အိမ်နဲ့ ပတ်ဝန်းကျင်မှာ ဆေးထည့်တဲ့ဘူးတချို့က အညိုရောင်ဘူးတွေဖြစ်နေတာကို သင်သတိထားမိပါသလား? တချို့ဆေးဘူးတွေကို ဖွင့်လိုက်တဲ့အခါ ဝါဂွမ်းတွေထည့်ခံထားတာကိုတွေ့ရပြီး တချို့မှာတော့ မထည့်ထားတာကိုရော သတိထားမိကြပါသလား? ဆေးဝါးများထည့်သွင်း သိမ်းဆည်းဖို့အတွက် ဆေးဘူးများ ထုတ်လုပ်တဲ့အခါ ဆေးဝါးရဲ့ အာနိသင်နဲ့ ဂုဏ်သတ္တိမပျက်စီးဘဲ ကြာရှည်ခံအောင် ထုတ်လုပ်ရပါတယ်။ ဆေးတချို့ဟာ ခရမ်းလွန်ရောင်ခြည် (Ultraviolet light) နဲ့ထိတွေ့တဲ့အခါ ပြိုကွဲပျက်စီးတတ်ပါတယ်။ဥပမာ နေရောင်ခြည်ထဲမှာ ခရမ်းလွန်ရောင်ခြည်ပါတဲ့အတွက် နေရောင်နဲ့တိုက်ရိုက်မထိတွေ့တဲ့နေရာမျိုးမှာ ဆေးများကိုသိမ်းရပါမယ်။ ဆေးပုလင်းတွေ ဘူးတွေကိုထုတ်လုပ်တဲ့အခါ အညိုရောင် (သို့) ပယင်းရောင် (amber colour) ထည့်သွင်းခြင်းဖြင့် ultraviolet rays တွေကိုကာကွယ်နိုင်ပြီး visible light ကိုလဲပေးဖြတ်တဲ့အတွက် ဘူးထဲကဆေးတွေကို ကောင်းမွန်စွာ ထိုးဖောက်မြင်ရပါတယ်။ ဒီရည်ရွယ်ချက်နဲ့ အချို့သော ဆေးဘူးတွေ ပုလင်းတွေကို အညိုရောင်အဖြစ်မြင်တွေ့ရတာဖြစ်ပါတယ်။ ဒါဆို တချို့ဆေးဘူးအသစ်တွေကိုဖောက်လိုက်တဲ့အခါ ဆေးဘူးထဲမှာContinue reading “ဆေးဘူးများ အညိုရောင်ဖြစ်နေရခြင်း နှင့် ဆေးဘူးထဲတွင် ဝါဂွမ်းများထည့်သွင်းရခြင်း၏ အကြောင်းရင်းနောက်ခံများ”
မျက်ရည်ယိုဗုံး အကြောင်း သိကောင်းစရာ
မျက်ရည်ယိုဗုံ း(Tear gas bomb) အမျိူးစား ၁၀မျိူးကျော်ရှိပြီး အများစုသုံးကြတာကတော့CS gas, OC gas (pepper spray), CN gas, CR gas စသည်တို့ဖြစ်ပါတယ်။ Gas တခုချင်းစီရဲ့ အသေးစိတ်အကြောင်းထက်ဘယ်လိုသဘာဝရှိပြီး ဘယ်လိုကာကွယ်ရမလဲ ဘယ်လို manage လုပ်ရမလဲကိုအဓိကတင်ပေးပါမယ်။ အများစုက Gas လို့ထင်ရပေမယ့် တကယ်က fine solid particles တွေ aerosol အမှုန်သေးသေးလေးတွေပါ။တချို့က dissolving solvent တွေထဲထည့်ထားတာလဲရှိပါတယ်။ အမှုန်တွေက အပေါ်ကနေ အောက်ကိုလေးပြီးကျလာနိုင်တဲ့အတွက် အထပ်မြင့်နေရာကို မြန်မြန်တက်ခြင်း အဆောက်အုံအမြင့်ကို ပြေးခြင်း လေကွယ်တဲ့နေရာကိုရှောင်ပြေးခြင်း စသည်ဖြင့်ပြုလုပ်နိုင်ပါတယ်။ ဗုံးအနေနဲ့လဲ သုံးကြသလို Gun ထဲမှာ powder အနေနဲ့ ထည့်ပစ်တာ ၊ SprayContinue reading “မျက်ရည်ယိုဗုံး အကြောင်း သိကောင်းစရာ”
“Probiotics”, “Prebiotics” သောက်သုံးခြင်းတို့နဲ့ ကျန်းမာရေး
ယနေ့ခေတ် အစာအာဟာရနဲ့ ကျန်းမာရေးနယ်ပယ်မှာ ဖြည့်စွက်စာလို့ဆိုတဲ့ supplements တွေဟာ အလွန်ခေတ်စားလျက်ရှိပါတယ်။ အဆိုပါဖြည့်စွက်စာများနဲ့ပတ်သက်ပြီးသိပ္ပံနည်းကျစမ်းသပ်ချက်များရှိသလို စျေးကွက်ထဲလူကြိုက်များအောင်ချဲ့ကားပြောဆိုချက်များလဲရှိပါတယ်။ ခေတ်စားကြတဲ့ ဖြည့်စွက်စာများထဲမှာ Probiotics တွေ Prebiotics တွေလဲပါဝင်ပါတယ်။ Probiotics ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝပိုးမွှားများ (gut microbiota)ကို ဖြည့်စွက်စာအနေနဲ့စားသောက်ခြင်းဖြစ်ပါတယ်။( ဥပမာ ဝမ်းရောဂါဖြစ်ပြီးနောက် အကျိုးပြု ပိုးမွှားများ ပြန်လည်ပွားများစေဖို့ ဒိန်ချဥ်သောက်ခြင်း။ ) Prebiotics ဆိုတာကတော့ အဆိုပါ အကျိုးပြုပိုးမွှားများစားသောက်ရန် အစားအစာကို ဖြည့်စွက်စာအနေနဲ့သုံးဆောင်ခြင်းဖြစ်ပါတယ်။ (food for gut microbiota)(ဥပမာ dietary fibers များ ၊ oligofructose ကဲ့သို့ ဖြည့်စွက်စာများ။) အဆိုပါ အကျိုးပြုအဏုဇီဝပိုးမွှားများသည် သက်ရှိများရဲ့ အစာအိမ်နှင့်အူလမ်းကြောင်းတလျှောက်တွင်နေထိုင်ပြီး ကျန်းမာရေးအတွက် များစွာလွှမ်းမိုးမှု အကျိုးသက်ရောက်မှု ရှိကြောင်းတွေ့ရသည်။ အထူးသဖြင့်Continue reading ““Probiotics”, “Prebiotics” သောက်သုံးခြင်းတို့နဲ့ ကျန်းမာရေး”