ဇာတ်တူသားစားခြင်းအလေ့အထ

ဇာတ်တူသားစားတဲ့အလေ့အထကို Cannibalism လို့ခေါ်ပါတယ်။ Cannibalism က တိရစ္ဆာန်တွေထဲမှာတော့ မရှားပါးလှပါဘူး။ ရေနေသတ္တဝါတွေထဲမှာဆိုရင် အသားစားငါးများနဲ့ပုစွန်မျိုးစိတ်တချို့ဟာ ဇာတ်တူသားစားတတ်ကြပါတယ်။ ကုန်းနေရေနေသတ္တဝါထဲမှာဆိုရင် ဖားပြုတ်မျိုးနွယ်တွေနဲ့ အင်းဆက်ထဲမှာဆို ပင့်ကူမျိုးစိတ်တချို့က cannibalism နဲ့နာမည်ကြီးကြပါတယ်။ ဇာတ်တူသားစားတာကောင်းတဲ့အကျင့်လားဆိုရင် ဖြေရခက်ပါတယ်။ သဘာဝတရားကြီးက တချို့အကောင်တွေကို မျိုးစိတ်တူချင်းပြန်စားခွင့်ပေးထားပါတယ်။အသားစားတိရစ္ဆာန်တွေမှာပဲ တွေ့ရတာမဟုတ်ပါဘူး။အပင်စားတိရစ္ဆာန်တွေမှာလဲ ငတ်မွတ်ခေါင်းပါးလာတဲ့အခါ stress တွေပိလာတဲ့အခါ ပြန်စားတတ်တယ်လို့ဆိုပါတယ်။ အမဲလိုက်တတ်တဲ့တိရစ္ဆာန်တွေဆိုရင် အမဲလိုက်စရာတခြားတောကောင်တွေရှားပါးလာတဲ့အခါဖြစ်စေ၊ ကိုယ့်အမျိုးတွေသိပ်များလာတာတဲ့အခါဖြစ်စေ အုပ်စုအရေအတွက်လျော့ကျသွားအောင် ဇာတ်တူသားစားပြီး အမျိုးဖြုတ်ကြပါတယ်။ ဖားပြုတ်သားလောင်းလေးတွေမှာဆိုရင် မောင်နှမအချင်းချင်းပြန်စားတာပါ။ ဖားတပိုင်းငါးတပိုင်းလေးတွေက တကယ်လို့သူတို့ပေါက်ထားတဲ့ရေအိုင် ရေခမ်းခြောက်လာရင် အကုန်သေကုန်မှာဖြစ်ပါတယ်။ အဲ့လိုအကုန်အသေခံကြမယ့်အစား တချို့သားလောင်းတွေက အရွယ်အစားသေးတဲ့သားလောင်းတွေကို ပြန်စားပလိုက်ပါတယ်။အဲ့လိုစားလိုက်တဲ့အခါ အင်အားတွေတိုးလာပြီး တမုဟုတ်ချင်းကို အကောင်ကြီးလာပါတယ်။ အဲ့လိုခွန်အားသန်လာတော့မှ ရေခမ်းလာတဲ့အိုင်ကိုခုန်ကျော်ပြီး လွတ်ရာကျွတ်ရာကို ကူးခတ်သွားနိုင်တာပါ။ ဖားလောင်းအကုန်လုံး အသေခံမယ့်အစား ဇာတ်တူသားစားပစ်ပြီး ရှင်လို့ရသလောက်ရှင်ကြတဲ့သဘောပါ။ဒါကို survival cannibalismContinue reading “ဇာတ်တူသားစားခြင်းအလေ့အထ”

သင့်ကိုဘလိုင်းကြီးအမြင်ကတ်နေတဲ့သူနဲ့ ခင်အောင်ပေါင်းနည်း

ဒီကိစ္စက ရပ်ကွက်ထဲမှာဆို ပိုသိသာပါတယ်။ ကိုယ်နဲ့လဲ စကားလဲမပြောဖူးတဲ့၊ သိလဲမသိတဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေက ဘလိုင်းကြီးလာလာ မျက်စောင်းထိုးနေတာပါ။ ဘာတွေများ စမုံတုံးအောင် အမြင်ကတ်အောင် နေခဲ့မိလို့လဲမသိပါဘူးဗျာ။ ကိုယ်ဖြတ်သွားရင် မျက်နှာလွှဲပစ်လိုက်တာတို့၊ ဘေးနားကလူက လက်ကုတ်ပြီး အတင်းတုတ်နေတာတို့ ကြုံဖူးသလားတော့မသိဘူး။ “ကျနော်တို့ရပ်ကွက်ထဲမှာဒီလိုပဲရှိတယ်… ကျနော်တို့ရပ်ကွက်ထဲမှာဒီလိုပဲ…” လို့ဆိုရအောင် ဘလိုင်းကြီး မျက်စိဆံပင်မွှေးစူးနေကြတဲ့သူတွေရှိမှာပါ။ ဒီ post မှာတော့ သင့်ကိုအမြင်ကတ်နေသူတွေ ဒါမှမဟုတ် သင်နဲ့အမြင်မကြည်တဲ့သူတွေကို ကိုယ့်ဖက်ပါလာအောင် ကိုယ်နဲ့တည့်လာအောင် စိတ်ကစားနည်းလေးပြောပြမှာပါ။ ဒီစိတ်လှည့်ကွက်လေးကို Benjamin Franklin effect လို့ခေါ်ကြပါတယ်။ Benjamin Franklin ဆိုတဲ့ပုဂ္ဂိုလ်ကြီးကတော့ အမေရိကန်ဒေါ်လာတစ်ရာတန်မှာပါတဲ့သူပါပဲ။ အမေရိကန်ရဲ့ခေါင်းဆောင်ဖခင်ကြီးတွေထဲက တယောက်ပေါ့။ ဒီ effect ကဘာလဲဆိုတော့“သင်က သင်သဘောကျတဲ့သူကိုပဲ ကူညီတယ်” ဆိုတာမဟုတ်ပါဘူးတဲ့။ “သင်ကူညီမိလိုက်တဲ့သူကို သဘောကျသွားတာပါ” တဲ့။ ရုတ်တရက်ဆိုကြောင်သွားလောက်ပါတယ်။Continue reading “သင့်ကိုဘလိုင်းကြီးအမြင်ကတ်နေတဲ့သူနဲ့ ခင်အောင်ပေါင်းနည်း”

ဆံပင်အစောကြီးဖြူကုန်တာ စိတ်ဖိစီးတာနဲ့ဆိုင်လား?

ဆံပင်ဖြူပေါက်တာက အသက်ကြီးမှပေါက်တာလို့သိထားကြပေမယ့် တကယ်တမ်းတော့ လူငယ်တွေလဲ ဆံပင်ဖြူစောပေါက်တတ်ပါတယ်။ တချို့လူငယ်တွေဆို အသက်မကြီးသေးဘဲ ခေါင်းကတော်တော်ဖွေးနေပါပြီ။ အခုခေတ်မှာတော့ ဆံပင်ဆေးဆိုးလိုက်ရုံနဲ့ ခေါင်းဖြူတဲ့ပြဿနာကိုရှင်းလို့ရပေမယ့် ဆံပင်ဖြူစောစောပေါက်တဲ့အကြောင်းရင်းကိုလဲသိထားသင့်ပါတယ်။ ဆံပင်တချောင်းကို နက်မှောင်နေအောင် အရောင်ခြယ်ပေးထားတာက မယ်လနင် (melanin) လို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းပါ။ မယ်လနင်ထုတ်ပေးတဲ့ဆဲလ်ကို Melanocytes လို့ခေါ်ပါတယ်။ Melanocytes တွေက ဆံပင်ရဲ့အမြစ်ထဲမှာရှိနေပြီးဆံပင်ကိုမည်းနေအောင်လုပ်ပေးပါတယ်။ Melanocytes တွေကလဲသက်တမ်းရှိပါတယ်။ သက်တမ်းပြည့်ရင် သေသွားတတ်ပါတယ်။ ဒါပေမယ့် Melanocytes တွေသေရင် ပြန်အစားထိုးပေးတဲ့ stem cell ဆိုတာကျန်ပါသေးတယ်။ ဒါကြောင့် ဆံပင်တွေက နှစ်တွေအကြာကြီး နက်မှောင်နေနိုင်ပါတယ်။ အသက်ကြီးလာတဲ့အခါမှာတော့ Melanocytes တွေလဲသေကုန်သလို stem cell တွေလဲနည်းလာတော့ မယ်လနင်ဓာတ်နည်းလာပြီး ဆံပင်တွေဖြူကုန်ပါတယ်။ ချက်ချင်းတန်းမဖြူသေးဘဲ မီးခိုးရောင်၊ ငွေရောင်၊ အဖြူနုရောင်၊ ဖွေးဖွေးဆွတ် စသဖြင့် အရောင်ပြောင်းလာပါတယ်။Continue reading “ဆံပင်အစောကြီးဖြူကုန်တာ စိတ်ဖိစီးတာနဲ့ဆိုင်လား?”

Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်

အောက်ကပုံကိုတချက်ကြည့်ပေးပါ။ပုံထဲကစာကို စိတ်ထဲမှာ ခပ်မြန်မြန်ဖတ်ပေးပါ။ နောက်တခေါက်လောက် ခပ်ဖြေးဖြေး အသံထွက်ဖတ်ပေးပါ။ ဘာထူးခြားသွားလဲ… သင်သတိထားမိပါသလား။ ပေးထားတဲ့စာထဲမှာ အမှားတခုရှိနေပါတယ်။ ပြန်ရှာကြည့်လိုက်ပါ။ “The” ၂လုံးထပ်နေတာကိုသတိထားမိလိုက်ပါသလား။ ပထမတုန်းက ခပ်မြန်မြန်ဖတ်လိုက်တော့ သင့် brain က Autocorrect လုပ်ချလိုက်တာပါ။နောက်တခါထပ်ဖတ်တော့မှပဲ အမှားကိုတွေ့တာပါ။ ကဲ… နောက်တခါထပ်စမ်းကြည့်ရအောင်။ အောက်ကစာကိုဖတ်ကြည့်ပါဦး… မြန်မြန်လေးဖတ်ပေးပါ။ သင်၂ခါထပ်ဖတ်မိနေပြီမလား။ ဒီတခါတော့ အထာနပ်သွားလောက်ပြီထင်ပါတယ်။ သင်တယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို စာမြန်မြန်ဖတ်ရင် အမှားတွေကို brain ကပြင်ပြီးဖတ်လိုက်ပါတယ်။ သိပ်မသိသာတဲ့အမှားမျိုးဆို brain ကခပ်တည်တည်ပဲ လူလည်ကျပြီး ဖတ်သွားပါတယ်။အထူးသဖြင့် မြန်မြန်ဖတ်ရတဲ့အခါပေါ့။ စာမေးပွဲခန်းထဲမှာ စာမေးပွဲမေးခွန်းစာရွက် စ,စရရင် အမြန်ဖတ်ပြီး ကိုယ်ကျက်ထားတဲ့အပုဒ်တိုးသလား ရှာတဲ့အခါဆို အရမ်းသိသာပါတယ်။ Autocorrect ကတခါတလေလဲအသုံးဝင်ပါတယ်။မလိုတဲ့နေရာမှာအချိန်မကုန်တော့ဘဲ လိုတာကိုဖတ်လို့ရအောင် လုပ်ပေးထားတာပါ။ နောက်တခုလောက်ထပ်စမ်းသပ်ကြည့်ရအောင် အောက်က စာမှာ ဘာမှားနေလဲContinue reading “Autocorrect လုပ်နိုင်တဲ့သင့်ဦးနှောက်”

သင့်ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရသေးတာ တကယ်ပဲလား?

Lucy ဆိုတဲ့ရုပ်ရှင်ကိုကြည့်ဖူးရင် ဒီအကြောင်းကို ကောင်းကောင်းသိမှာပါ။ ရုပ်ရှင်ထဲမှာ ကျနော်တို့ရဲ့အချစ်တော်မင်းသားကြီး မော်ဂန်ဖရီးမန်းက စကားတခွန်းပြောလိုက်ပါတယ်။ “ဦးနှောက်ရဲ့ ၂၀%” ကိုသုံးလို့ရတယ်လို့ ယူဆလိုက်ကြရအောင်” တဲ့။ ပုံမှန်ဆို ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရတယ်ပေါ့။ ပိုပြီးသာ သုံးလို့ရလာရင်ဘယ်လိုဖြစ်လာမလဲဆိုတာကို ဆွေးနွေးနေကြတာပါ။ ဒါဆို ကျနော်တို့ တကယ်ပဲ ၁၀% သောဦးနှောက်ကိုသာသုံးလို့ရနေတာလား။ လုံးဝ မဟုတ်ပါဘူး။တကယ်တော့ ကျနော်တို့အားလုံး ဦးနှောက်ရဲ့ ၁၀၀% ကိုသုံးနေကြတာပါ။ ၁၀% ပဲကွက်ပြီး သုံးလို့မရပါဘူး။ ဒါဖြင့်ရင် ဘာလို့ ဒီအယူအဆမှားကြီးက လူတွေကြားထဲမှာ ပြန့်နှံ့နေရတာပါလဲ။ ဒီဂျင်းစကားကြီးကဘယ်ကစတာလဲ၊ ဘယ်သူစပြောတာလဲဆိုတာ သေချာမသိကြပါဘူး။ ဖြစ်နိုင်တာတခုကတော့ ကြော်ငြာတွေက လျှောက်ကြော်ငြာကြရင်း ပြန့်လာတာဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး လူတယောက်ရဲ့ ဦးနှောက်က 1400 ဂရမ် (3 ပေါင်) လောက်လေးပါတယ်။ တကယ်လို့သာContinue reading “သင့်ဦးနှောက်ရဲ့ ၁၀% ကိုပဲသုံးလို့ရသေးတာ တကယ်ပဲလား?”

Design a site like this with WordPress.com
Get started