ကျနော် ကလေးဘဝတုန်းက ဂါလီဗာရဲ့စွန့်စားခန်းများပုံပြင်က အိပ်ရာဝင်ပုံပြင်ကောင်းတပုဒ်ဖြစ်ခဲ့ပါတယ်။ Gulliver’s Travels ဆိုတဲ့ လူတိုင်းကြားဖူးတဲ့ ပုံပြင်လေးက လက်တွေ့မှာရောတကယ်ဖြစ်နိုင်လောက်သလား။စိတ်ကူးယဥ်သက်သက်ပဲလားဆိုတာ ဆက်ဖတ်ကြည့်ရအောင်။ ပုံပြင်လေးအကျဥ်းလေးကတော့ ဂါလီဗာဆိုတဲ့ သင်္ဘောသားက သင်္ဘောပျက်ပြီး ထူးဆန်းတဲ့ကျွန်းကိုရောက်သွားပါတယ်။ အဲ့ကျွန်းကလူတွေကို လီလီပု (Lilliput) လို့ခေါ်ပြီး ဂါလီဗာနဲ့ ယှဥ်ရင်အလွန်သေးငယ်တဲ့လူလေးတွေဖြစ်နေပါတယ်။ ဂါလီဗာက လူကောင်အဆမတန်ကြီးနေတာမဟုတ်ဘဲ လီလီပုတွေကိုက အရမ်းသေးနေတာပါ။ ဂါလီဗာက လီလီပုတို့တိုင်းပြည်မှာနေရင်း အကူအညီတွေပေးခဲ့သလို လီလီပုတို့ကလဲ ဂါလီဗာ အိမ်ပြန်ဖို့ကူညီပေးခဲ့ပါတယ်။ ဂါလီဗာအိမ်ပြန်ရောက်တော့ လီလီပုတို့တိုင်းပြည်အကြောင်းပြောပြတော့ ဘယ်သူမှသူ့ကိုမယုံကြပါဘူးတဲ့။ စာဖတ်သူတို့ရော ဂါလီဗာပုံပြင်လေးက တကယ်ဖြစ်နိုင်တယ်လို့ထင်ပါသလား? ဆေးပညာအရ ဂါလီဗာပုံပြင်ထဲက ရောဂါက Alice in the Wonderland syndrome နဲ့ဆင်တူနေပါတယ်။ AWS လို့အတိုခေါ်တဲ့ Alice in the Wonderland syndrome ဆိုတာကိုယ့်အနားကလူတွေကContinue reading “လက်တွေ့ဘဝထဲက ဂါလီဗာရဲ့ ခရီးစဥ်နဲ့ လီလီပုတို့တိုင်းပြည်”
Category Archives: လင်းမူ
သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ
အခုခေတ်မှာ personality အကြောင်းတော်တော်ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ အပေါင်းအသင်းတွေစုံရင်လဲ personality အကြောင်း မေးကြမြန်းကြပါတယ်။ အလုပ်လုပ်ရင်လဲ အင်တာဗျူးတွေ၊ အလုပ်ဝင်စာမေးပွဲတွေမှာ personality test တွေထည့်စစ်ကြတာ၊ personality အကြောင်းမေးကြတာ ရှိပါတယ်။ Personality အကြောင်းပြောကြရင် ပါလာလေ့ရှိတာက Introvert တွေအကြောင်းပါ။ Introvert ဆိုရင် လူတွေက အရှက်အကြောက်ကြီးတယ်… အပေါင်းသင်းမရှိဘူး… ဂွစာတွေလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ်တော့ Introvert ဆိုတဲ့စကားလုံး တစ်လုံးကို တော်တော်လေး ရှင်းပြရခက်ပါတယ်။ Introvert တိုင်းကလဲ Introvert မနေကြသလို အချိန်တိုင်းလဲ Introvert ဖြစ်မနေတတ်ပါဘူး။ ရှုပ်သွားရင် အောက်မှာပြန်ရှင်းပြပါမယ်။ Introvert ဆိုတာ introversion ဆိုတဲ့ personality trait ရှိတဲ့သူတွေကို ဆိုလိုပါတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုတော့ လူစုလူဝေးထဲရောက်ရင် အာရုံစိုက်လို့မရတော့ဘဲ တယောက်ထဲContinue reading “သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ”
Phobia များကို တွန်းလှန်ကြည့်ခြင်း
ကျနော်ငယ်ငယ်က အတော်ကြောက်တဲ့ အကောင်က ဓားခုတ်ကောင်ပါ။ နာမည်ကိုက ဓားပါနေလို့လား…သူတို့ပုံစံကိုက အစိမ်းရောင်ဂြိုဟ်သားပုံပေါက်နေလို့လားမသိ။ ဓားခုတ်ကောင်ကို အတော်ကြောက်ပါတယ်။ တခြားကြွက်တို့ ပိုးဟပ်တို့ အိမ်မြှောင်တို့ထက် ဓားခုတ်ကောင်ပျံလာရင် အတော်လေး ကြောက်လန့်ပြီး ထွက်ပြေးရပါတယ်။ အင်္ဂလိပ်လို Orthopterophobia လို့ ခေါ်ပါတယ်။ ကြီးလာတော့ အဲ့အကောင်ကိုမကြောက်အောင်ဘယ်လိုလုပ်ရမလဲရှာဖတ်ရင်း ကိုယ့်ဘာသာ လိုက်လုပ်ရပါတယ်။ တလောကပဲ Page မှာလဲ စာဖတ်သူတယောက်က လာပြောပြတယ်။ သူ့မှာ phobia တခုရှိတယ်ပေါ့။အဲ့အကြောင်းရေးပေးဖို့နဲ့ ၊ မိသားစုက မယုံလို့ ခဏခဏ စနောက်တဲ့အကြောင်းကြားရတော့ ကိုယ်ချင်းစာမိပါတယ်။ လူတိုင်းမှာကြောက်တတ်တဲ့အရာတွေရှိပါတယ်။ အဲ့ကြောက်တဲ့အရာတွေက ခဏတဖြုတ်မဟုတ်ဘဲ လနဲ့ချီပြီးကြောက်နေရတဲ့အရာမျိုးဆို ဆေးပညာအရ Phobia လို့ခေါ်ပါတယ်။ Phobia ကို ၄ မျိုး အကြမ်းဖျင်းခွဲကြည့်လို့ရပါတယ်။ ပထမတမျိုးက Situational Phobia ပါ။အခြေအနေတခုခုဖြစ်လာမှ ကြောက်တာပါ။Continue reading “Phobia များကို တွန်းလှန်ကြည့်ခြင်း”
ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?
သင်အခု ခွဲစိတ်မှုတခု ခံယူရတော့မယ်ဆိုပါတော့။သင့်ကိုခွဲစိတ်ပေးဖို့ဆရာဝန် ၂ယောက်ရှိတယ်။ ပထမဆရာဝန်တယောက်က သူခွဲစိတ်လိုက်ပေးတိုင်း လူနာ ၉၀% က ပြန်ကောင်းလာကြတယ်။ ဒုတိယဆရာဝန်ကတော့ ခွဲတဲ့လူနာအယောက်၁၀၀မှာ ၁၀ ယောက်သေထားဖူးတယ်။ ဘယ်ဆရာဝန်နဲ့ သင်အခွဲခံချင်သလဲ? လူတိုင်းလိုလို ပထမဆရာဝန်ကိုပဲရွေးတတ်ကြပါတယ်။ သေချာ ပြန်စဥ်းစားကြည့်ရင် ဆရာဝန်၂ယောက်လုံးရဲ့ အောင်မြင်နှုန်း ကျဆုံးနှုန်းကတူတူပါပဲ။ သင်္ချာသဘောအရ နည်းနည်းကစားပြီးပေးထားတာပါ။ ဒါပေမယ့် လူတွေက အောင်မြင်တယ်လို့ပေးထားတာမြင်ရင် ပိုသဘောကျကြပါတယ်။ ဥပမာ- ဒီလိုခွဲစိတ်မှုက 80% ပြန်ကျန်းမာတယ်လို့ ပြောတာနဲ့ ဒီလိုခွဲစိတ်မှုက 20% သေသွားကြတယ်လို့ ပြောတာမှာ လူနာတွေရဲ့ လက်ခံပုံခြင်းမတူကြပါဘူး။ ဒါကို psychology မှာ Framing effect လို့ခေါ်ပါတယ်။ ပေးထားတဲ့ အချက်အလက်အပေါ်မူတည်ပြီး လူတွေရဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲတတ်ကြတာကို ပြောထားတာပါ။ အကောင်းတွေချည်းပဲ ပေးထားရင် ဆုံးဖြတ်ချက်ကတမျိုး… အဆိုးတွေချည်းပဲ ပေးထားရင်Continue reading “ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?”
အိုင်ကျူ test လား၊ ဂျင်းတက်လား?
အိုင်ကျူစစ်ဆေးတဲ့နည်းလမ်းဆိုပြီး online မှာ ခဏခဏတွေ့ရပါတယ်။ ဒီတိုင်းရိုးရိုး newsfeed မှာပေါ်လာရင် သိပ်စိတ်မဝင်စားပေမယ့် ကိုယ်နဲ့သိတဲ့ဘော်ဒါတယောက်ကများ My IQ score is 130 ဆိုပြီးများ share ထား တင်ထားရင် အတော်လေး စိတ်လှုပ်ရှားလာပါတယ်။ ဟာ..ဒီကောင်ဖြေတာတောင် IQ 130မှတ်ရတယ်။ငါဆို ပိုများမှာပဲ…ဝင်ဖြေကြည့်ဦးမှဆိုပြီး ပြိုင်ဆိုင်ချင်စိတ်ကလေး ကြွားချင်စိတ်ကလေးဝင်လာတတ်ပါတယ်။ ဒီလိုနဲ့ ဘုမသိဘမသိ IQ test ဆိုတာဝင်ဖြေရော။ Test ထဲမှာက ကိန်းဂဏန်းတွေရွေးရတာပါမယ်။Pattern တွေရွေးရတာ….တြိဂံပုံ လေးထောင့်ပုံရွေးရတာတွေ အစုံပဲပါပါတယ်။ ဖြေရင်း ခေါင်းမူးရင်း ရမ်းဖြေရင်း အဖြေတခုထွက်လာပါတယ်။ Your IQ score is 110 ပေါ့… အဲ့တာနဲ့ ရလာတဲ့အမှတ်ကို ဘဝင်ကျမှာမဟုတ်ပါ။ သူများတွေဖြေတာကျ အမှတ်ကောင်းတယ်… ငါကျအမှတ်က သူတို့လောက်မများဘူး… ဘာလဲContinue reading “အိုင်ကျူ test လား၊ ဂျင်းတက်လား?”