72 နာရီဆေးလို့ လူသိများတဲ့ အရေးပေါ်တားဆေးကို မြန်မာနိုင်ငံမှာ အများစုက Ecee2 , Lydia စတဲ့ brand နာမည်တွေနဲ့ အသိများလေ့ရှိပါတယ်။ တခြားသော brand အမျိုးအစားနဲ့ ဆေးတွေလည်း ရှိပေမဲ့ ဒါတွေက လူသိအများဆုံး ဆေးတွေပါ။ ဒီဆေးတွေမှာ ဘယ်ဆေးက ကောင်းလဲလို့မေးရင် လိင်ဆက်ဆံပြီး စောစောသောက်တဲ့ဆေးက အကောင်းဆုံးပါ။ အထူးသဖြင့် လိင်ဆက်ဆံပြီး 24 နာရီအတွင်းသောက်ရင် ကိုယ်ဝန်မရအောင် 95-98% လောက် ကာကွယ်နိုင်ပါတယ်၊ နောက်ကျလေလေ တားဆေးကာကွယ်နိုင်စွမ်းကျလာပြီးတော့ 72 နာရီအတွင်းသောက်ရင် 80-85% လောက်ပဲ ကာကွယ်နိုင်ပါတယ်။ အတိုချုပ်ပြောရရင်တော့ စောစောသောက်လေ ပိုစွမ်းလေ ဖြစ်ပြီး နောက်ကျလေလေ အာနိသင်ကျလေပါ။ ဆေးကို ဘယ်လိုသောက်ရမလဲမေးရင် တချို့ဆေးတွေက ဆေးတစ်လုံးထဲ လာတယ် ၊ တချို့ကContinue reading “အရေးပေါ်တားဆေး Emergency Contraception ဆိုတာ ဘာလဲ”
Category Archives: အောင်ကျော်မြင့်
အပြင်မှာထုတ်တာ စိတ်မချရပါ
လူကြီးကားတွေမှာ လိင်ဆက်ဆံလို့ ပြီးခါနီး အပြင်မှာထုတ်တဲ့ နည်းလမ်းတွေကို တွေ့ဖူးမှာပါ။ တကယ်တော့လိင်ဆက်ဆံတဲ့ အချိန် အပြင်မှာ ပန်းတာ ကိုယ်ဝန်မရစေတဲ့နည်း (လုံးဝ) မဟုတ်ပါ။ လိင်တံက ကနဦးထွက်တဲ့ pre-cum လို့ခေါ်တဲ့ သုက်ရည်ကြည်မှာ သုတ်ပိုးပါနေနိုင်ပါတယ်။ သုတေသနတွေအရ သုတ်ကောင်ရည်ရဲ့ 17% လောက်က pre-cum မှာ ပါနိုင်ပါတယ်။ သာမန်လူတစ်ယောက်ရဲ့သုတ်ရည်မှာ သုတ်ကောင်ရေ 15သန်းကနေ သန်း 200 အထိပါနိုင်ပါတယ်။ ဆိုတော့ pre-cum မှာ သုက်ကောင်ရေ သိန်း/သန်းနဲ့ချီပါသွားနိုင်ပါတယ်။ ပြီးတော့ ကိုယ်ဝန်ရဖို့ လိုအပ်တာ သုတ်ကောင်တစ်ကောင်တည်း ဖြစ်ပါတယ်။ ဒါဆိုရင် တချို့က ငါက အရည်ကြည်မှမထွက်တာ ရတာပဲလို့ ပြောမှာပေါ့။ pre-cum လို့ ခေါ်တဲ့သုက်ရည်ကြည်ကို လူ့စိတ်နဲ့ လုံးဝ ထိန်းချုပ်လို့ မရနိုင်ပါ၊Continue reading “အပြင်မှာထုတ်တာ စိတ်မချရပါ”