စာဖတ်သူတို့ ဘယ်လောက်မြန်မြန်ခရီးသွားဖူးပါသလဲ? တိုက်လေယာဉ်မှူးတွေနဲ့ အာကာသယာဉ်မှူးတွေကတော့ အရမ်းမြန်တဲ့အမြန်နှုန်းတွေနဲ့ ရင်းနှီးကြပါတယ်။ အသံထက်မြန်တဲ့အမြန်နှုန်း (Supersonic Speed) ကို မက်ခ်တန်ဖိုး (Mach) နဲ့ တိုင်းတာကြပါတယ်။ တိုက်လေယာဉ်တွေ ပျံသန်းတဲ့အခါ တစ်ခါတစ်လေ ဗုံးပေါက်သလို အသံအကျယ်ကြီးကိုကြားဖူးကြမှာပါ။ မကြားဖူးလဲစိတ်မပူပါနဲ့ ‘sonic boom‘ လို့ Youtube မှာရှာကြည့်လိုက်ပါ။ အဲ့ဒီအသံဟာ လေယာဉ်ရဲ့အမြန်နှုန်းက အသံအကန့်အသတ် (Sound barrier) ကို ကျော်သွားလို့ မြည်တဲ့အသံဖြစ်ပါတယ်။ လေယာဉ်တစ်စီး လေထဲမှာဖြတ်သွားတဲ့အခါ အရှေ့မှာရှိတဲ့ လေမော်လီကျူးတွေကို တွန်းသွားရပါတယ်။ ဒီလေယာဉ် ကနေထွက်လာတဲ့အသံကလဲ လှိုင်းပုံသဏ္ဍာန် ဘက်ပေါင်းစုံကိုဖြာထွက်နေပါတယ်။ လေယာဉ်ရဲ့အရှိန် မြန်လာတာနဲ့အမျှ အရှေ့က လေမော်လီကျူးတွေ အသံလှိုင်းတွေဟာ အဖိသိပ်ခံရပြီး လှိုင်းတစ်ခုနဲ့တစ်ခုကြားနေရာတွေသိပ်သည်းလာပါတယ်။ လေယာဉ်ဟာ အသံလှိုင်းရဲ့အမြန်နှုန်းကို ရောက်တဲ့အခါမှာ ဖိသိပ်ခံရတဲ့လှိုင်းတွေဟာ ပေါင်းသွားပြီး shockContinue reading “Supersonic Speed မိတ်ဆက်”
Category Archives: Django
ကျန်းမာချင်လား ငှက်ပျောသီးစား!
“An apple a day keeps the doctor away” ဆိုတဲ့ slogan လေးကို ကြားဖူးကြမှာပါ။ စားကြည့်တော့ သိပ်မထူးခြားဘူးဖြစ်နေလား??..ငှက်ပျောသီးပြောင်းစားကြည့်ပါလား! လေ့ကျင့်ခန်းလုပ်တာတို့ အချိန်မှန်မှန်အိပ်တာတို့က နှလုံးရောဂါ၊ လေဖြတ်တာတွေကို ကာကွယ်ဖို့နည်းလမ်းကောင်းတွေပါ။ ဒါပေမယ့် သင်စားတဲ့အစားအစာတွေကိုလဲ လျှော့မတွက်ပါနဲ့။ အမေရိကန်နိုင်ငံ အလာဘားမားတက္ကသိုလ်က သုတေသနသမားတွေလေ့လာထားတဲ့ စစ်တမ်းတစ်ခုအရ နေ့တိုင်းငှက်ပျောသီးစားပေးရင် နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်ပေးပါတယ်တဲ့။ သုတေသနကတော့ သွေးထဲမှာရှိတဲ့ ပိုတက်စီယမ်တွေက သွေးလွှတ်ကြောတွေနဲ့ သွေးလှည်ပတ်မှုအပေါ်ဘယ်လိုအကျိုးသက်ရောက်လဲ လေ့လာတာဖြစ်ပါတယ်။ သူတို့ရဲ့စစ်တမ်းအရ ‘ပိုတက်စီယမ်ဓာတ်’ နည်းနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေက များနေတဲ့ကြွက်တွေရဲ့သွေးလွှတ်ကြောတွေထက် ပို မာနေတာကိုတွေ့ရပါတယ်တဲ့။ ပိုတက်စီယမ် များတဲ့ကြွက်တွေရဲ့ သွေးလွှတ်ကြောမကြီးကလဲ ပိုပြီးပျော့ပြောင်းပါတယ်တဲ့။ ၂၀၁၁ခုနှစ်က “Journal of American College of Cardiology” မှာ ဖော်ပြခဲ့တဲ့Continue reading “ကျန်းမာချင်လား ငှက်ပျောသီးစား!”