ဒီနေ့ခေတ်မှာ လိင်မှုကိစ္စပြုဖို့ဖြစ်ဖြစ် ပြုပြီးရင်ဖြစ်ဖြစ် ကိုယ်ဝန်ကာကွယ်ဖို့ပဲလိုလို ရောဂါကာကွယ်ဖို့ပဲလိုလို သန္ဓေတားပစ္စည်းတွေ ဆေးဝါးတွေကို အလွယ်တကူရှာလို့ရလာပါပြီ။ ဒါပေမယ့် ရှေးခေတ်လူ့အဖွဲ့အစည်းမှာတော့ ကျွန်တော်တို့လောက် ကံမကောင်းခဲ့ရှာပါဘူး။ ရှာရှာဖွေဖွေလုပ်တတ်တဲ့ လူ့ဗီဇပီပီ သမိုင်းထဲကလူသားတွေဟာလည်း ဖိုမကိစ္စရဲ့ရလဒ်ဖြစ်တဲ့ သန္ဓေတည်ခြင်းကိုကာကွယ်ဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြ အသုံးပြုခဲ့ကြပါတယ်။ လူသားတွေ သားဆက်ခြားဖို့ကြိုးစားခဲ့ကြတဲ့ ပထမဆုံးမှတ်တမ်းတွေကို BC 1800 ဝန်းကျင် မက်ဆိုပိုတေးမီးယားနဲ့ အာဖရိက၊ အီဂျစ်၊ ဂရိ ဒေသတစ်ဝိုက်မှာ ပညာရှင်တွေကတွေ့ခဲ့ကြပါတယ်။ သူတို့ဘာတွေလုပ်ခဲ့ကြသလဲ? ၁။ ဖျက်ချမယ်သူတို့လည်းကျွန်တော်တို့ဒီနေ့ခေတ်လို တွေးခဲ့ကြပုံပါပဲ။ အများဆုံးအသုံးပြုခဲ့တဲ့နည်းကတော့ ကိုယ်ဝန်ဖျက်ချတဲ့နည်းပါ။ ဘုရင့်တော်ဝင် နန်းတော်ကစလို့ ကျေးကျွန်တွေအထိ မလိုချင်တဲ့ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချခဲ့တာပါပဲ။ ဒီနေ့လို ဆေးပညာတိုးတက်တဲ့ကာလမှာတောင် တရားမဝင်ဖျက်ချမှုတွေ၊ မသန့်ရှင်းမကျွမ်းကျင်မှုနဲ့ အခြားအကြောင်းအရင်းမျိုးစုံနဲ့ ကလေးဖျက်ချတာတွေကြောင့် မိခင်နဲ့မွေးကင်းစကလေးသေနှုန်းမြင့်တက်နေသေးတယ်ဆိုရင် အဲ့ဒီခေတ် အဲ့ဒီကာလမှာ ကိုယ်ဝန်ဖျက်ချမှုကြောင့် သန်းနဲ့ချီတဲ့အမျိုးသမီးတွေသေဆုံးခဲ့မယ်ဆိုတာ အသေအချာပါပဲ။Continue reading “ရာဇဝင်ထဲက သားဆက်ခြားနည်းတွေ”