ကျနော်အရှေ့တစ်ခေါက်မှာ မှားယွင်းတဲ့ ဖြေရှင်းနည်းတွေအကြောင်း ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။ (၁) ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း ဟာ တော်တော်များများလည်း ကျင့်သုံးကြသလို တော်တော်လေးထိရောက်ပါတယ်။ တခြားကမ္ဘာတစ်ခုထဲမှာ ခဏနှစ်မြုပ်နေထိုင်ရင်း လက်တွေ့ဘဝက စိတ်မချမ်းမြေ့စရာတွေကို လျော့ကျအောင် လုပ်နိုင်ပါတယ်။ (၂) အားကစား လိုက်စားခြင်း ဟာ ကိုယ်ရော စိတ်ရော ကျန်းမာဖို့ ကြံ့ခိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ စိတ်ကို အပန်းဖြေစေသလို သက်လုံကောင်းအောင် ကြံ့ခိုင်အောင် လေ့ကျင့်ထားတာကြောင့် အရေးကြုံလာရင်လည်း အများကြီးအထောက်အကူပေးနိုင်ပါတယ်။ လူတိုင်း ဒီအချိန်မှာ အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း/ပြေးခြင်းတွေကို နေ့တိုင်း ပုံမှန်လုပ်သင့်ပါတယ်။ (၃) ကိုယ့်ရဲ့လုပ်အားကို ကျေနပ်ပါ။ ပြီးရင် ဘာထပ်လုပ်သေးနိုင်သလဲ စဥ်းစားရှာဖွေပါ။ လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ သူ့ဘဝနဲ့ သူ့အကြောင်းတရားချည်းပါပဲ။Continue reading “နွေဦးကပေးသော စိုးရိမ်ကြောင့်ကျမှုများနှင့် ဖြေရှင်းမှုများ (Part 2)”
Category Archives: Dr. Jason
နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)
ပြီးခဲ့တဲ့ နွေဦးက ကျနော်တို့အတွက် တော်တော်လေး ကြမ်းတမ်းခဲ့တယ်။ ဖမ်းဆီးတဲ့သတင်း၊ သေတဲ့သတင်းတွေကို နေရာအနှံ့မှာကြားရ မြင်ရတဲ့အခါ စိတ်မချမ်းမြေ့မှုတွေ ထိတ်လန့်မှုတွေနဲ့ တစ်နေ့တာတွေကို ကုန်ဆုံးကြရတယ်။ Covid ကြောင့် လဲကျသွားတဲ့ စီးပွားရေးတွေ ထမယ်ကြံခါမှ အရှိူက်ကိုခပ်ပြင်းပြင်းထိုးခံလိုက်ရတယ်။ ပိုက်ဆံတောင် ထုတ်ဖို့ နေပူမိုးရွာထဲ တန်းစီစောင့်ဆိုင်းနေကြရတယ်။ ဒီလိုမျိုး တစ်နေ့တာ စိတ်ပင်ပန်းစရာတွေကြောင့် အားလုံးဟာလည်း စိတ်ထွက်ပေါက်ရှာလာကြပါတယ်။ ဒီလို စိတ်ထွက်ပေါက်ရှာတဲ့အခါမှာ အမျိုးမျိုးသော နည်းလမ်းတွေကိုသုံးကြရင်း လမ်းလွဲရောက်သွားပြီး ကိုယ့်ကို ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမယ့်အရာတွေကို လုပ်မိကြတာလည်း ရှိလာပါတယ်။ (၁) Survival guilt လို့ခေါ်တဲ့ ဆက်လက်ရှင်သန်နေရခြင်းအတွက် မိမိကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတဲ့စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် သူတစ်ပါးအပေါ် အလွယ်တကူအပြစ်တင်လိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ချက်ကျလက်ကျ မဟုတ်ဘဲ ပြစ်တင်ဆဲဆိုပြီး ကိုယ့်ရဲ့Continue reading “နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)”
Toxic Positivity တွေ မဖြန့်ဝေမိစေဖို့
ဒီလိုကာလမျိုးမှာ ကျနော်တို့အတွက် အကောင်းမြင်စိတ် (positivity) ဆိုတာ ရှာမှရှားဆိုသလိုပါပဲ။ နေ့တိုင်း ဝမ်းနည်းပူဆွေးမှုတွေကြား အခက်အခဲပြဿနာတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် စကားတွေပြောရင်း နှစ်သိမ့်အားပေးကြတာတွေရှိပါတယ်။ ဒါပေမယ့် နှစ်သိမ့်အားပေးတာမှာ မသင့်တော်တဲ့ စကားအသုံးအနှုန်းတွေ၊ ပြောပုံဆိုပုံနည်းလမ်းတွေကြောင့် အပြောခံရသူရဲ့ စိတ်သောက က သက်သာရမယ့်အစား ပိုဆိုးတဲ့ဘက်ကို ရောက်သွားနိုင်ပါတယ်။ အဲ့တာကို toxic positivity လို့ ခေါ်ပါတယ်။ ကိုယ်ကတော့ ကောင်းစေချင်တဲ့စေတနာနဲ့ ပြောတာဆိုပေမယ့် သူတစ်ပါးအတွက် အဆိပ်အတောက်ဖြစ်သွားတာမျိုး မဖြစ်ရအောင် ဒီအချက်တွေကို သတိထားသင့်ပါတယ်။ (၁) ပြဿနာ ဖြေရှင်းနည်းတွေ ပြောတာလျှော့ပါ။ များသောအားဖြင့် ကိုယ့်ကိုရင့်ဖွင့်တဲ့သူတွေဟာ သူတို့ပြဿနာအခက်အခဲကို ဖြေရှင်းပေးဖို့ထက် သူတို့ရဲ့ ခံစားချက်ကို နားထောင်ပေးပြီး သူ့ဘက်မှာ ရပ်တည်ပေးတာမျိုးကိုလိုချင်တာများပါတယ်။ ဥပမာပြောရရင် “ဒီနေ့ ငါတော့ ထီးမပါလာလို့ မိုးမိသွားတယ်” ဆိုပြီးContinue reading “Toxic Positivity တွေ မဖြန့်ဝေမိစေဖို့”
နှစ်သိမ့်ဆွေးနွေးခြင်း (counselling) ဘာကြောင့် လိုအပ်တာလဲ။
မြန်မာ့လူအဖွဲ့အစည်း အသိုင်းအဝိုင်းမှာ အရင်နှစ်တွေကအထိ စိတ်ရောဂါအထူးကုဆရာဝန် ဒါမှမဟုတ် စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်ဆီမှာ နှစ်သိမ့်ဆွေးနွေးတာတွေကို ခံယူရမယ်ဆိုရင် တော်တော်များများက မသွားလိုကြပါဘူး။ “ငါက ရူးနေတာမဟုတ်ဘူး။ စိတ်ကျန်းမာရေးကို ရူးနေတဲ့သူပဲ သွားရတာ။ အရူးထောင်ထဲထည့်ရင် ဘယ်လိုလုပ်မလဲ” ဆိုတဲ့ အတွေးအခေါ်တွေကနေ ဒီဘက်ခေတ်ကာလတွေမှာ တိုးတက်လာတဲ့ နည်းပညာတွေကြောင့်ရော စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး အလေးထားတဲ့အယူအဆတွေကြောင့်ပါ လူငယ်လူကြီးမရွေး နှစ်သိမ့်ဆွေးနွေးတာတွေ တွင်ကျယ်လာကြတာပဲဖြစ်ပါတယ်။ သို့ပေမယ့် နှစ်သိမ့်ဆွေးနွေးရမှာကို ဝန်လေးနေတဲ့သူတွေလည်း ရှိနေပါသေးတယ်။ ဒီစာစုကိုဖတ်ကြည့်ပြီးရင်တော့ နှစ်သိမ့်ဆွေးနွေးတာနဲ့ပတ်သက်လို့ အမြင်ရှင်းလင်းသွားမယ်လို့ ယုံကြည်ပါတယ်။ ၁. ဘာလို့ မခံယူလိုကြသလဲ။လူတိုင်းဟာ ကိုယ့်မှာ ခံစားနေရတာတွေကို အတူနေ ရင်းနှီးတဲ့ မိသားစု သူငယ်ချင်းကိုတောင် ပြောပြဖို့ ခက်ကြပါတယ်။ ဒီလိုအနေအထားမှာ သူစိမ်းလိုဖြစ်နေတဲ့ နှစ်သိမ့်ဆွေးနွေးသူ(counsellor) ကို ပြောဖို့က ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ သူတို့ဆီမှာရှိကြမှာပါ။ “ဒါကိုContinue reading “နှစ်သိမ့်ဆွေးနွေးခြင်း (counselling) ဘာကြောင့် လိုအပ်တာလဲ။”