သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)

၈။ နှာခေါင်းသွေးထွက်ရင် ခေါင်းမော့ထားဆိုတာဟုတ်သလား? နှာခေါင်းသွေးထွက်တာက လူအတော်များများမှာဖြစ်တတ်တဲ့ ကိစ္စတခုပါ။ နှာခေါင်းမှာကလဲသွေးကြောတွေက အများကြီးရှိနေတာမို့လို့ အလွယ်တကူထိခိုက်မိပြီး သွေးထွက်နိုင်ပါတယ်။ အထူးသဖြင့် လေခြောက်ကပ်ကပ်ကြီးကို ရှူတာကြာလာရင် နှာခေါင်းအမြှေးပါးနံရံတွေ ခြောက်ကပ်လာပြီး သွေးကြောလေးတွေပေါက်တတ်ပါတယ်။ တအားပူပြင်းတဲ့နေအောက်မှာအလုပ်လုပ်တာကြာလာရင်လဲ လေပူတွေကြောင့် ဖြစ်တတ်ပါတယ်။နှာခေါင်းခြောက်လာရင် ယားသလိုဖြစ်လာတဲ့အတွက် နှာခေါင်းနှိုက်မိပြီးလဲ သွေးကြောပေါက်တတ်ပါတယ်။ တခါတခါမှာတော့ နှာစေးပျောက်ဆေးတွေ၊ နှာခြောက်ဆေးတွေ ထည့်ရင်လဲ နှာခေါင်းခြောက်ကာ သွေးထွက်တတ်ပါသေးတယ်။ နှာခေါင်းသွေးထွက်စေတဲ့တခြားအကြောင်းတွေကတော့ နှာခေါင်းကို ထိခိုက်မိတာ၊ နှာရိုးကျိုးသွားတာ၊ နှာခေါင်းထဲကို ပြင်ပကပစ္စည်းတွေဝင်သွားတာ၊ ဆက်တိုက်နှာချေမိတာ၊သွေးမတိတ်တဲ့ရောဂါတခုခုရှိတာ စတာတွေကြောင့်လဲ နှာခေါင်းသွေးလျှံတတ်ပါသေးတယ်။ ဘာကြောင့်ပဲ နှာခေါင်းသွေးလျှံလျှံ ခေါင်းကိုမော့မထားရပါဘူး။ခေါင်းကိုမော့ထားရင် သွေးတွေက နှာခေါင်းအနောက်ကိုပြန်စီးသွားပြီး အသက်ရှူလမ်းကြောင်းနဲ့ အစာလမ်းကြောင်းထဲဝင်သွားတတ်လို့ အန္တရာယ်ရှိနိုင်ပါတယ်။ တကယ်လုပ်သင့်တဲ့ပုံစံက နှာခေါင်းကို လက်ညိုးနဲ့လက်မကိုသုံးပြီး ၅မိနစ်ကနေ ၁၀မိနစ်လောက်အထိဖိထားပေးပါ။ခေါင်းကိုမော့မထားရဘဲမတ်မတ်ထားပေးလို့ရသလို (သို့) အရှေ့ကိုအနည်းငယ်ကိုင်းထားပေးရမှာဖြစ်ပါတယ်။ ဒီလိုအနေအထားနဲ့ ခဏလောက်ထိန်းပေးထားရင် အနာကိုContinue reading “သင်ထင်သလိုမဟုတ်တဲ့ကျန်းမာရေးဗဟုသုတအလွဲများ (Part 4)”

ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?

စာဖတ်သူတချို့ကလာမေးကြလို့ နည်းနည်းရှင်းပြရင်း စာတပုဒ်ရေးပေးလိုက်ပါတယ်။ လူ့ခန္ဓာကိုယ်ကို ဆဲလ်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဆဲလ်က အခြေခံအစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဆဲလ်တွေစုပေါင်းပြီးရင် ပိုကြီးတဲ့ တစ်ရှူး (tissues) ဆိုတာဖြစ်လာပါတယ်။ တစ်ရှူးတွေစုပေါင်းပြီးရင် ကိုယ်အင်္ဂါအစိတ်အပိုင်း (organ) ဆိုတာဖြစ်လာပါတယ်။ Organ ဆိုတာ နှလုံး၊ ကျောက်ကပ်၊ ဦးနှောက်၊ ခြေလက် စသဖြင့် မျက်လုံးနဲ့မြင်ရတဲ့အရာတွေဖြစ်ပါတယ်။ Organs တွေအချင်းချင်းချိတ်ဆက်ပြီး အလုပ်လုပ်ကြတဲ့အခါ စနစ်ဆိုတဲ့ system ဖြစ်လာပါတော့တယ်။ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်း၊ သွေးလှည့်အဖွဲ့အစည်း၊ အစာအိမ်နဲ့အစာခြေအဖွဲ့အစည်း စသဖြင့်ဖြစ်လာပါတယ်။ ကျနော်တို့ရဲ့ ဆဲလ်တွေက ပြန်ပွားနိုင်တဲ့အရည်အချင်းပေါ်မူတည်ပြီး အမျိုးအစား ၃ မျိုးခွဲလို့ရပါတယ်။ Labile cells (ကြိုက်သလိုပြန်ပွားနိုင်သော အချိန်မှန်အသစ်လဲနေသောဆဲလ်များ) Stable cells (လိုအပ်တဲ့အချိန်ရောက်မှပွားပြီး မလိုရင် အေးဆေးငြိမ်နေသောဆဲလ်များ) Permanent cells (မွေးကတည်းက မပြောင်းလဲပဲ အသစ်ထပ်မဖြစ်တော့သောContinue reading “ဆံပင်ကျ ဆက်ရှည်ပြီး အရပ်ကျဘာလို့ဆက်မရှည်ကြတာလဲ?”

သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 3)

Part 1, 2 ကိုအောက်က link တွေမှာပြန်ဖတ်လို့ရပါတယ်။ သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)https://ouo.io/T2uFrk သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)https://ouo.io/r2xvHh ၆။ နေမကောင်းရင် ရေချိုးလို့မရဘူးဆိုတာဟုတ်လား? ဒီကိစ္စကလဲ အတော်ကို ဒွိဟဖြစ်စရာကိစ္စပါ။ဆရာဝန်တွေအချင်းချင်းမှာလဲ တယောက်တပေါက်ပြောနေကြတာ ကြုံဖူးမှာပါ။ လူတွေက သွေးနွေးသတ္တဝါတွေဖြစ်ကြပါတယ်။ ဆိုလိုတာက ပတ်ဝန်းကျင်က ပူပဲပူပူ အေးပဲအေးအေး body ထဲက အပူချိန်ကိုအများကြီးလိုက်မပြောင်းအောင် ထိန်းပေးထားပါတယ်။ အဲ့လိုထိန်းပေးတာက brain ကလုပ်ပေးတာပါ။ Brain က ကိုယ်အပူချိန်ကို 37°C (သို့) 98.6°F လောက်နားကိုပဲ အမြဲဖြစ်နေအောင်ထိန်းပေးထားပါတယ်။ ဖျားလာပြီ ကိုယ်ပူတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ ယောင်ယမ်းမှုကိုဖြစ်စေတဲ့ chemical တွေထွက်လာလို့ပါ။ ဆေးပညာမှာတော့ proinflammatory cytokines လို့ခေါ်ပါတယ်။ အဲ့ဒီ chemicalContinue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 3)”

ဝက်ခြံနဲ့အစားအသောက်ကိစ္စ

ဒီကိစ္စကို ရေးရတာ အတိုက်အခံတွေအငြင်းပွားစရာတွေများလာမယ်ဆိုတာသိပါတယ်။ဒါပေမယ့် သိထားသင့်တဲ့ ကိစ္စလေးမို့လို့ ဆေးပညာအမြင်ကနေ ဝေမျှကြည့်ချင်ပါတယ်။ ဝက်ခြံပိုပေါက်စေတဲ့ အစားအစာတွေကို အခုစိတ်ထဲက တခုချင်းရွတ်ကြည့်ပါလား။ ချော့ကလက် ပါမယ်။နွားနို့နဲ့ နို့ထွက်ပစ္စည်းတွေပါမယ်။အဆီများတဲ့ အာလူးကြော်တို့၊ဆီကြော်အစားအစာတွေ ကျိန်းသေပါမယ်။သကြားများတဲ့အချိုတွေ ပါလာမယ်။ဟမ်ဘာဂါကြက်ကြော်နဲ့ ပီဇာတို့လို Fast food တွေပါသလို မာလာရှမ်းကောလို အပူအစပ်တွေအထိပါလာမှာပါ။ ခက်တာက ကိုယ်ကလဲ လူငယ်ဆိုတော့ ဒီအစားအစာတွေကို ကြိုက်ကြတာများပါတယ်။စားကလဲစားချင် ဝက်ခြံပေါက်မှာလဲကြောက်ကြပါတယ်။ ဒါပေမယ့်… အဲ့ဒီအစားအသောက်တွေစားလို့ ဝက်ခြံပေါက်တာ မဟုတ်ပါဘူး။အခုထိလဲ Diet ကြောင့် ဝက်ခြံပေါက်တယ်ဆိုတာ ဆေးပညာအရ အတည်မပြုနိုင်သေးပါဘူး။ ဒီအကြောင်းကို နည်းနည်းပိုသိအောင် အကျယ်ပြောပြပါ့မယ်။ ဝက်ခြံပေါက်စေတဲ့အကြောင်းရင်းကတော့ အရေပြားက ချွေးပေါက်ပိတ်လို့ ယောင်ယမ်းပြီး ဝက်ခြံဖြစ်လာတာပါ။ ဘာကြောင့်ပဲအပေါက်ပိတ်ပိတ် ဝက်ခြံထွက်ပါတယ်။ အများဆုံးပိတ်တာက ကိုယ့်မျက်နှာကအဆီတွေနဲ့ပါပဲ။ အဆီပြန်တတ်တဲ့အသားရေပိုင်ရှင်ဆိုရင် အဆီက ချွေးပေါက်ပိတ်လို့ ဝက်ခြံများလာပါတယ်။ မျက်နှာအဆီများခြင်းမများခြင်းကContinue reading “ဝက်ခြံနဲ့အစားအသောက်ကိစ္စ”

လက်ကိုဆပ်ပြာနဲ့ဆေးတာရယ် အရက်ပြန်နဲ့ဆေးတာရယ်မှာ ဘာကပိုကောင်းလဲ?

ကိုဗစ်ကိုကာကွယ်ဖို့အတွက် လက်ဆေးဖို့ပြောကြတာ ခဏခဏကြားရမှာပါ။ လက်ဆေးခိုင်းတယ်ဆိုတာ လက်ကိုဖောက်ပြီးရောဂါပိုးကဝင်နိုင်လို့မဟုတ်ပါဘူး။လက်မှာရောဂါပိုးပါလာရင် နှာခေါင်း၊ ပါးစပ်နဲ့ မျက်စိတွေကို ကိုင်မိရင် ပိုးကအလွယ်တကူဝင်သွားနိုင်လို့ပါ။ COVID-19 ရောဂါပိုးက virus ပိုးဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို phospholipid လို့ခေါ်တဲ့ အဆီပြင်နဲ့၂ထပ်ကာထားပါတယ်။ Phospholipid bilayer လို့ခေါ်ကြပါတယ်။ အဲ့အဆီပြင်အလွှာက ရောဂါပိုးအတွက်မရှိမဖြစ်အရေးပါပါတယ်။ ထိုအဆီပြင်အလွှာသာ ပေါက်ပြဲသွားရင် ရောဂါပိုးကလဲ အလိုလိုသေသွားမှာဖြစ်ပါတယ်။ အဆီပြင်အလွှာပေါ်မှာ virus ပိုးအတွက်အရေးကြီးတဲ့ protein spike တွေလဲပါတာမို့ အဆီပြင်အလွှာသာမရှိရင် ပိုးကဘာမှလုပ်လို့မရတော့ပါဘူး။ ဆပ်ပြာက အဆိုပါ အဆီပြင်ကြားထဲကို ဝင်ရောက်ပြီး အဆီ molecule တခုနဲ့တခုချိတ်ထားတဲ့နေရာကို ပြုတ်ထွက်သွားစေပါတယ်။ အဆီကြားကို ထိုးဖောက်ပြီး အလွယ်တကူပျက်စီးသွားအောင်ဖျက်ဆီးလိုက်တဲ့အတွက် ရောဂါပိုးက ပျက်စီးသွားပြီး သေသွားရပါတယ်။ ရေနဲ့ဆေးချလိုက်တော့ သေပြီးသားပိုးမွှားအပိုင်းအစလေးတွေက တခါတည်း ရေနဲ့အတူပါသွားလို့ သန့်သွားပါတယ်။ အရက်ပြန်ကလဲContinue reading “လက်ကိုဆပ်ပြာနဲ့ဆေးတာရယ် အရက်ပြန်နဲ့ဆေးတာရယ်မှာ ဘာကပိုကောင်းလဲ?”

Design a site like this with WordPress.com
Get started