Paradox နဲ့ ပတ်သက်ပြီး ယနေ့ခေတ် လူငယ်တွေ မစိမ်းလောက်ပါဘူး။ Grandfather paradox လို့ ခေါ်တဲ့ အချိန်ခရီးသွားတာနဲ့ ပတ်သက်ပြီး အဖိုးဝိရောဓိလို့ သိကြပါတယ်။ အကျဥ်းပြောရရင် အတိတ်ကိုသွား၊ အဖိုးကို သတ်လိုက်ရင် အဖိုးသေ၊ အဖေမရှိ၊ ကိုယ်လည်းမရှိရင် ကိုယ်လည်း မရှိနိုင်၊ မရှိရင် အတိတ်ကို သွားလို့မရ ဆိုတဲ့ ရှေ့နောက်မညီညွတ်မှုကို ခေါ်ဆိုခြင်းပဲ ဖြစ်ပါတယ်။ ဆိုရရင် ဝိရောဓိဆိုတာ ရှေ့နောက်မညီညွတ်ခြင်းလို့ နားလည်ထားလို့ ရပါတယ်။ Morality လို့ ခေါ်တဲ့ ကိုယ်ကျင့်တရားကတော့ အတော် ကျယ်ပြန့်ပါတယ်။ လူမျိုး နိုင်ငံ ယဥ်ကျေးမှု မတူညီတာနဲ့အမျှ ကိုယ်ကျင့်တရားတွေကလည်း မတူနိုင်ဘူးလို့ ယေဘုယျ ယူဆလို့ရပါတယ်။ လူ့သမိုင်းမှာ ကိုယ်ကျင့်တရားဆိုတာ သက်ကြီး ဝါကြီးတွေကနေ တဆင့် ငယ်ရွယ်သူတွေကိုContinue reading “Moral Paradox (ကိုယ်ကျင့်တရား ဝိရောဓိ) (Part 1)”
Category Archives: Lucifer
Nihilism နတ္ထိဝါဒ (Part 2)
ကိုယ်ဟာ Nihilist ဖြစ်နေမလား? ဘာစည်းမျဥ်းစည်းကမ်း ခံယူချက်ရှိမနေဘူးယုံကြည်ခြင်းတွေလည်း ကင်းမဲ့နေမယ်သံယောဇဥ် အတွယ်အတာတွေ မခံစားတတ်ဘူးအရာရာတိုင်းဟာ ဖြစ်နိုင်မလားဆိုတဲ့ ရှုထောင့်ကနေ ကြည့်တတ်နေမယ် ဒါဆိုရင် သင်ဟာ Nihilist ဖြစ်နေပြီလို ပြောလိုရပါတယ်။ ဒါပေမယ့် True Nihilist တော့ မဖြစ်နိုင်ပါဘူး။ Nihilsim ကို ယုံကြည်နေခြင်းကိုကNihilist ဖြစ်စေမလားဆိုတဲ့ ဝိရောဓိကို မွေးဖွားလာပြန်ပါတယ်။ Nihilism အမျိုးအစားတွေ ဆိုခဲ့သလိုပဲ True Nihislist မရှိတာကြောင့် Nihilist တွေက ရွေးချယ်ပြီး မယုံကြည်ရတော့ပါတယ်။ ဒါကြောင့် Nihilism ၄မျိုး ဖြစ်လာပါတယ်။ Moral Nihilism ကိုယ်ကျင့်တရားတွေကို မယုံကြည်တာပါ။ အမှား အမှန်၊ လုပ်သင့် မလုပ်သင့်ကို မယုံကြည်ဘဲ “လုပ်ပြီးမှ ကြည့်” ဆိုတဲ့ စည်းမျဥ်းကို ကိုင်စွဲပါတယ်။Continue reading “Nihilism နတ္ထိဝါဒ (Part 2)”
Nihilism နတ္ထိဝါဒ (Part 1)
Comment မှာ တစ်ယောက်က Nihilism အကြောင်း ရေးပါလားဆိုလို ကြိုးစားပြီး ဖတ်ကြည့်ရာမှ စိတ်ဝင်စားစရာလေးတွေ တွေ့လာလို ကြိုးစားရေးကြည့်ပါတယ်။ Nihilism ဆိုတာဘာလဲ? Nihil ဆိုတဲ့ Latin စကားက လာတာဖြစ်ပြီး Nothing ဘာမှမရှိခြင်း နတ္ထိလို အဓိပ္ပာယ်ရပါတယ်။ Nihilism ဆိုတာ တကယ်တော့ နတ္ထိကို ယုံကြည်ခြင်းလို ပြောလိုရပါတယ်။ ဘာမှမယုံတဲ့ ဝါဒလို ပြောလည်း ရပါတယ်။ Belief in Nothing လိုလည်း ပြောလိုရပါတယ်။ Anihiliate ဆိုတဲ့ စကားကလာတယ်လိုလည်း ပြောပါသေးတယ်။ အလုံးစုံ ပျက်သုဥ်ခြင်းလို ဘာသာပြန်ရင် နားလည်ကောင်းပါရဲ့။ Nihilism ဘယ်ကစတာလဲ? ဘာမှမယုံခြင်းဆိုတာဟာ ယုံကြည်ခြင်းက လာရတာ ဖြစ်ပါတယ်။ ခပ်လွယ်လွယ် ပြောရရင် ရည်းစားပေါင်း မြောက်မြားစွာနဲ့Continue reading “Nihilism နတ္ထိဝါဒ (Part 1)”
Existential Crisis (Part 2)
Part 2 မှာတော့ ကြုံတွေ့ရတတ်တဲ့ ECrisis တွေကို ပြောပြပါဦးမယ်။ အဓိပ္ပာယ်ရှိမှုဘဝက အဓိပ္ပာယ်ရှိလို့လား။ ဘာလို့ ဒါတွေ ကြုံနေရတာလဲ။ သူများတွေက ဘာလို့ကြုံရတာလဲ။ မကြုံရတာလဲ။ ငါကျမှ ဘာလို့ မကြုံရတာလဲ။ ကြုံရတာလဲ။ စသဖြင့် မေးခွန်းတွေဟာ ECrisis ထဲက အဓိပ္ပာယ်ရှိမှုကို မေးခွန်းထုတ်နေရပါတယ်။ ဒါပေမယ့် သေချာစဥ်းစားကြည့်ပါ။ ဘဝနဲ့ အဓိပ္ပာယ်ရှိမှုမှာ ဘဝက အရင်လာတာမို့ အဓိပ္ပာယ်ရှိတယ် မရှိဘူးဆိုတာ ဘဝထဲက လူကိုယ်တိုင်ရှာမှာပဲ ရမှာပါ။ ဒါပေမယ့် ရှာဖွေလေ မတွေ့လေကနေ အကြပ်အတည်း ဖြစ်လာတတ်ပါတယ်။ စိတ်ခံစားချက်တွေတချို့ကျတော့ ကိုယ်ခံစားရတာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ရှောင်လွှဲတာ၊ ရင်မဆိုင်တာတွေ ဖြစ်တတ်ပါတယ်။ စိတ်ညစ်နေပေမယ့် သူငယ်ချင်းတွေနဲ့ ရယ်မောနေပြီးမှ ညတစ်ယောက်တည်း ရှိလာရင် ဒါတွေဟာ အဓိပ္ပာယ်မရှိပါလားလို့ တွေးပြီးContinue reading “Existential Crisis (Part 2)”
Existential Crisis (Part 1)
ဖြစ်တည်မှု အကြပ်အတည်းဆိုတာ လူတစ်ယောက်က သူ့ဘဝမှာ သူဖြစ်တည်နေရတာ အဓိပ္ပာယ်မှ ရှိပါတော့မလားဆိုတာကို မေးခွန်းစထုတ်ရာကနေ စတော့တာပါပဲ။ အဓိပ္ပာယ်ရှိတယ်လို့ လူက မခံစားရလို့သာ ဒီမေးခွန်းကို စမေးမိတာလည်း ဖြစ်ပါတယ်။ မေးမိတော့ လိုအပ်တဲ့အဖြေကို ရှာရင်း လိုချင်တဲ့အဖြေကို မရပါဘူး။ ဘာအဖြေမှ မရတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့တော့ ဘာကြောင့် မရတာလဲကို လိုက်ရှာပါတယ်။ ရှာတော့လည်း မတွေ့ပါဘူး။ ရှာလေ မတွေ့လေ၊ မတွေ့လေ ပိုရှာလေနဲ့ သံသရာလည်ခြင်းကိုပဲ ဖြစ်တည်မှု အကြပ်အတည်း Existential Crisis လို့ ခေါ်ကြပါတယ်။ ECrisis ဖြစ်တာက ပုံမှန်ဖြစ်ပြီး ဘဝရဲ့ အဓိပ္ပာယ်ကို ရှာတာ ကျန်းမာပါသတဲ့။ ဒါပေမယ့် အနုတ်လက္ခဏာ ဆောင်လာမယ်၊ suicidal thoughts တွေ ဝင်လာမယ်ဆိုရင်တော့ ဆရာဝန်Continue reading “Existential Crisis (Part 1)”