(Part 1 အရင်ဖတ်ပေးပါ) ဟုတ်ပြီ။ ဘဝကြီးဟာ တည်ရှိနေတာ မဟုတ်ဘူး။ ဖြစ်တည်နေတယ်ပဲ ထားပါတော့။ ဘာလုပ်ရမှာလဲလို့ မေးတဲ့သူတွေ ရှိလာပါလိမ့်မယ်။ ဒါဆိုရင် စာရေးသူက ရိုးရိုးရှင်းရှင်းပဲ အဖြေပြန်ပေးရပါလိမ့်မယ်။ ဘဝဟာ ဖြစ်တည်နေတယ်ဆိုရင် လုပ်လို့ရတာတွေ အများကြီးပါ။ လူတွေဟာ ဟိုးသမိုင်း မတင်မီ ခေတ်ကတည်းက လူသားရဲ့ တည်ရှိမှု၊ လူသားရဲ့ ဖြစ်တည်မှုကို နည်းမျိုးစုံနဲ့ ရှင်းပြနေကြတာပါ။ လူဆိုတာ အာဒံ ဧဝကနေ ဘုရားသခင် ဖန်ဆင်းမှုမှ တစ်ဆင့် တည်ရှိလာတယ်။ ဗြဟ္မာကြီး ၄ဦးက မြေဆီမြေနှစ်တွေ စားသုံးပြီး ဖြစ်လာတယ်။ ဟော မျောက်က ဆင်းသက်လာတယ်။ မျောက်နဲ့ တူတဲ့ လူမျိုးစုကနေ ဖြစ်လာတယ် စသဖြင့် လူရဲ့ တည်ရှိမှုကို မျိုးစုံ အဖြေရှာကြပါတယ်။ လူရဲ့ဖြစ်တည်မှုကိုရော?သမိုင်းမှာContinue reading “ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 2)”
Category Archives: Lucifer
ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 1)
လူတစ်ယောက်ဟာ သူ့ကိုယ်သူ ငါဘာလဲ ပတ်ဝန်းကျင်က ဘာလဲ သိလာရင် ဘဝစပြီလို့ ပြောလို့ရပါတယ်။ ဖေဖေ မေမေ ဘိုးဘိုး ဘွားဘွား ထမင်း မုန့် ရေ ဟီးဟီး ဗြဲ စတဲ့ ပတ်ဝန်းကျင်နဲ့ ပြင်ပ သက်ရောက်မှုတွေဟာ ဘဝရဲ့ အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ လူတစ်ယောက် ရှင်သန်ကြီးထွား ဖွံ့ဖြိုးတိုးတက်လာတာနဲ့ သူ့ရဲ့ ပတ်ဝန်းကျင်အပေါ် သိတဲ့သိစိတ်ကနေ ဘဝဆိုတာ ရုပ်လုံးပေါ်လာပါတယ်။ တည်ရှိမှု ဆိုတာ ဖြစ်တည်မှုနဲ့ တူသလား? ဒါက မြန်မာ or ဗမာစကားလုံး ဝေါဟာရ အဓိပ္ပာယ် ဖွင့်ဆိုမှုပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ချင်းစီရဲ့ နက်နဲတဲ့ ဖွင့်ဆိုရှင်းပြမှုတွေကို သေချာလေ့လာ မေးကြည့်ရင် သိပ်ကွာမှာ မဟုတ်ဘူး။Continue reading “ဘဝ၊ တည်ရှိမှုနဲ့ ဖြစ်တည်မှုများ (Part 1)”
ဘယ်သူတွေက Covid စည်းကမ်းတွေကို ပိုချိုးဖောက်တတ်ပါသလဲ?
ဒီမေးခွန်းက စိတ်ဝင်စားစရာပါ။ မကြာသေးခင်က British ကျန်းမာရေးဝန်ကြီးဟာ Covid စည်းကမ်းတွေကို ချိုးဖောက်လို့ ရာထူးက နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါကြောင့် Covid စည်းကမ်း ချိုးဖောက်မှုဟာ ကိုယ်ရည်ကိုယ်သွေးနဲ့ ဆိုင်နေသလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာပါတော့တယ်။ လေ့လာမှုတွေအရ ရှေးရိုးဆန်သူတွေက Covid စည်းကမ်းကို ချိုးဖောက်တတ်ပါသတဲ့။ ရှေးရိုးဆန်ပြီး ပျင်းရိနေတတ်တဲ့သူတွေက ပိုချိုးဖောက်ပါသတဲ့။ ပျင်းတယ်ဆိုတာ Lazy ကို ပြောတာ မဟုတ်ဘဲ Boredom ကို ပြောချင်တာပါ။ ငြီးငွေ့တယ်လို့ ဘာသာပြန်ရင်လည်း နည်းနည်းတော့ လွဲနေမလားလို့ပါ။ Boredom ကို သိပ္ပံပညာရှင်တွေက လူတစ်ယောက်ရဲ့ သူရဲ့လုပ်ငန်းကိုင်ငန်းတွေ ပြန်လုပ်ချင်လာတဲ့ အခြေအနေတစ်ခုလို့ သတ်မှတ်ကြပါတယ်။ ဥပမာ – စာကျက်နေရင်း ပျင်းလာတယ်ဆိုတာဟာ စာကျက်ရမှာ Lazy ဖြစ်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွက် လုပ်ရတာContinue reading “ဘယ်သူတွေက Covid စည်းကမ်းတွေကို ပိုချိုးဖောက်တတ်ပါသလဲ?”
Causal Loop
ဒဿနသမိုင်းမှာ Principle of Causality လို့ ခေါ်တဲ့ ကျိုးကြောင်းပြ စည်းမျဥ်းက တော်တော်လေး နာမည်ကြီးပါတယ်။ ဒီစည်းမျဥ်းက ဘာကိုပြောလဲဆိုတော့ အရာရာတိုင်းဟာ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်လို့ ပြောတာပါ။ ပန်းသီး ဘာကြောင့်ကြွေ၊ Gravity ကြောင့်စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းလို့ဘာက ဘာကြောင့်ဖြစ်လာ၊ ဘာကြောင့် ဘာကြောင့် စသဖြင့် ဖြစ်လာတဲ့ အကျိုးတရားတိုင်းမှာ အကြောင်းတရားက ရှိနေပါတယ်လို့ ပြောပါတယ်။ ဒါကို အလယ်ခေတ်နှောင်းပိုင်း Philosopher တွေက စကြာဝဠာ ဘာကြောင့်ဖြစ်လာ၊ ဘုရားသခင်က ဖန်ဆင်းတယ်ဆိုတာကို ဖျက်ဆီးပစ်ဖို့ ကြိုးစားကြပါတယ်။ Principle of causality ကို မငြင်းပေမယ့် Universe ရဲ့ Cause ဆိုတာ ဘုရားသခင် မဟုတ်ဘူးဆိုတာကို သက်သေပြခဲ့ကြပါတယ်။ ဒါဟာလည်းContinue reading “Causal Loop”
အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်
အာခိလိဆိုတာ ဂရိသူရဲကောင်း တစ်ယောက်ပါ။ မွေးကတည်းက အမေဖြစ်သူရဲ့ ဖနောင့်ကိုင် မြစ်ရေထဲ နှစ်ပေးမှုကြောင့် ဖနောင့်ကလွဲပြီး တစ်ကိုယ်လုံး တုတ်ပြီး ဓားပြီးသူကြီးပေါ့။ နောက်ဆုံးတော့ စစ်ပွဲမှာ ဖနောင့်ကို အဆိပ်လူးမြား မှန်ပြီး သေသွားရပါတယ်။ ဒါကြောင့် ဖနောင့်က အရွတ်တစ်ခုကို Archilles’ Tendon လို့ ခေါ်ကြတာ ဖြစ်ပါတယ်။ Zeno of Elea ဆိုတဲ့ Elea မြို့က philosopher Zeno ဟာ နာမည်ကြီး ဝိရောဓိတွေကို ရေးသားခဲ့ပါတယ်။ သူ့ရဲ့ ဝိရောဓိတွေဟာ အခုခေတ်ကနေ ပြန်ကြည့်ရင် အတော့်ကို အူကြောင်ကြောင် နိုင်နေတာကို တွေ့ရပါမယ်။ အာခိလိနဲ့ လိပ်အပြေးပြိုင်တာကိုပဲ ကြည့်ရအောင်ပါ။ အာခိလိနဲ့ လိပ်အပြေးပြိုင်တော့ အာခိလိက သဘောထားကြီးစွာ လိပ်ကို မီတာContinue reading “အာခိလိနဲ့ လိပ် အပြေးပြိုင်ဖူးခဲ့တယ်”