Adj ဆိုတာ N ကို အထူးပြုတာလို့ ငယ်ငယ်က သင်ဖူးကြပါတယ်။ ရှိပြီသား နာမ်တစ်ခုကို အထူးပြုပြီးဖြစ်အောင် စကားလုံးလေး ကပ်ပေးလိုက်တာပဲ။ အဲ့လိုကပ်ပေးလိုက်လို့ ကိုယ်ပြောချင်တဲ့ နာမ်က ပိုပေါ်လွင်တယ်၊ ပိုထူးခြားတယ်။ ဒီနေရာမှာ အဲ့လိုကပ်တာက ကောင်းလား၊ မကောင်းလားကို တခါမှ မဆန်းစစ်ခဲ့ကြဘူး။ ငယ်ငယ်ကဆို မျက်မှန်တပ်ထားတဲ့သူကို လေးလုံး မှန်ကြောင်စသဖြင့် လူကောင်ညှပ်နေရင် စောင်ဂျပု၊ ငါးဖောင်ရိုးစသဖြင့် ခေါ်ခဲ့ကြဖူးမယ်။ အခေါ်ခံခဲ့ရတဲ့သူက ကျေနပ်နေရင် ဘာပြဿနာမှ မရှိဖူးပဲ ပြီးခဲ့ကြဖူးမယ်။ ဟဲဟဲ ဟဲဟဲ နဲ့ပေါ့။ အဲ့တာတွေကို ပြန်လေ့လာကြည့်ရင် ပိန်သူကို ဝက်လို့ ခေါ်တာ မဟုတ်သလို ဝနေသူကို ငါးဖောင်ရိုးလို့လည်း ခေါ်တာ မဟုတ်ပါဘူး။ အရှိကို အရှိအတိုင်း အဲ့ဒီ နာမဝိသေသနတွေကို စိတ်ခံစားချက်နဲ့ သုံးစွဲပစ်တာပဲ။Continue reading “နာမဝိသေသနများနဲ့ လမ်းခွဲခြင်း (သို့) stoping body shaming”