ညီလေးကို ရှင်ပြုပေးကြတဲ့အလေ့အထကို ဘာသာရေးယုံကြည်မှုအရ တချို့လူမျိုးတွေမှာ လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် အစ္စလာမ်ဘာသာဝင်များနဲ့ ဂျူးလူမျိုးက ကလေးဘဝထဲက အမျိုးသားလိင်အင်္ဂါထိပ်ကို ဖြတ်ပြီး ရှင်ပြုပေးတတ်ကြပါတယ်။ ဒါကို circumcision လုပ်တယ်လို့ခေါ်ပါတယ်။ အခုနောက်ပိုင်းမှာ အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေမှာဆိုရင် ဒါက အလေ့အကျင့်တခုလိုဖြစ်နေပါပြီ။ ဒီတော့ ညီလေးကိုရှင်ပြုပေးတာနဲ့ မပြုပေးတာဘာများကွာမလဲ။ ကောင်းကျိုးပိုရှိသလား သို့မဟုတ် ဆိုးကျိုးပိုရှိသလားဆိုတာ ကျန်းမာရေးဗဟုသုတအနေနဲ့ ရှင်းပြပေးသွားပါမယ်။ အမျိုးသားအင်္ဂါထိပ်က အရေပြားလေးက ဆီးသွားတဲ့အပေါက်ကို ကာကွယ်ပေးထားပါတယ်။ ဆီးသွားပြီးလို့ ကျန်တာဖြစ်ဖြစ်၊ မသန့်ရှင်းဘဲထားတာ ကြာရင်ဖြစ်ဖြစ် ချေးညော်တွေ အညစ်အကြေးတွေကပ်နေတတ်ပါတယ်။ အဲ့ အညစ်အကြေးတွေစုလာရင် ဆီးလမ်းကြောင်းပိုးဝင်တတ်တာ၊ အမျိုးသားအင်္ဂါထိပ်ဖူးယောင်ယမ်းတာ၊ မှိုရောဂါစွဲကပ်တာ စတာတွေအပြင် လိင်အင်္ဂါ ကင်ဆာအထိဖြစ်နိုင်ခြေရှိပါတယ်။ ဒါ့အပြင် ညီလေးထိပ်ကအရေပြားက အရမ်းတင်းကြပ်ပြီး အနောက်ကိုဆွဲလှန်မရတဲ့ ပြဿနာ (Phymosis)၊လှန်ပြီးသား အရေပြားကို ပြန်ဆွဲချလို့မရတဲ့ပြဿနာ (Paraphymosis)Continue reading “သင့်ညီလေးကိုရှင်ပြုပေးသင့်သလား?”
Category Archives: Min Ko Gyi
အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 2)
ဒီအပိုင်းမှာတော့ အမေးများတဲ့ မေးခွန်းတွေကို ညီကိုတို့ နှမတို့ နားလည်သွားအောင် ဖြေပေးလိုက်ပါတယ်။ (ရှေ့အပိုင်းကို ဒီမှာဖတ်ပါ) အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)https://ouo.io/6WODbb ၁။ ၁၂နာရီခြားပြီး ဒုတိယတလုံးကိုသောက်တဲ့အခါ စောသောက်မိရင် ထပ်သောက်စရာလိုသလား? အရေးပေါ်တားဆေး ၂လုံးကို ၁၂နာရီခြားသောက်တဲ့အခါ နောက်ကျပြီးမသောက်မိဖို့က ပိုအရေးကြီးပါတယ်။ အချိန်စောပြီးသောက်မိတာက ပြဿနာမရှိပါ။ထပ်သောက်ဖို့မလိုပါ။ ၂နာရီအတွင်း အန်ပစ်လိုက်မှသာ ထပ်သောက်ရပါမယ်။ ၂။ မတော်တဆ ကိုယ်ဝန်ရှိသွားရင် တားဆေးက ကလေးကို သေစေမလား? သောက်ရတဲ့ အရေးပေါ်တားဆေးတွေက ကိုယ်ဝန်မရအောင်ပဲတားပေးတာပါ။ ကိုယ်ဝန်ရသွားရင် ဘာအာနိသင်မှမရှိတော့သလို ကလေးကိုလဲ အန္တရာယ်မဖြစ်စေပါ။ မတော်တဆ ကိုယ်ဝန်ရသွားရင်တောင် တားဆေးကြောင့် ကလေးမှာ ကိုယ်လက်မစုံလင်တာ ၊လမစေ့ဘဲမွေးတာ ၊ကြပ်မပြည့်တာ စတာတွေ ဘာမှမဖြစ်တတ်ပါ။ အရေးပေါ်တားဆေးက ကလေးကိုဖျက်ချတဲ့ ဖျက်ဆေးမဟုတ်ပါ။ကလေးဆိုတာဖြစ်မလာခင်Continue reading “အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 2)”
အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)
ညီကိုတို့ နှမတို့… လူငယ်သဘာဝ ချစ်ကြိုက်ကြပြီဆိုရင် ချစ်ခြင်းမေတ္တာတွေယိုဖိတ်ပြီး စည်းကျော်ဘောင်ကျော်အဆင့်ကို ရောက်လာတတ်ကြပါတယ်။ ချစ်သူရည်းစားဘဝကို သန့်သန့်ရှင်းရှင်း စောင့်ထိန်းသွားကြတဲ့ ညီကိုတွေ နှမတွေရှိသလို “သဒ္ဒါလွန်တော့ တဏာကျွန်” ဆိုပြီး ထိတွေ့သာယာမှုနောက် လိုက်မိကြသူတွေ၊ နယ်ကျွံမိသူတွေလဲ ရှိကြမှာ ကိုကြီးနားလည်ပါတယ်။ ချစ်လို့ဖြစ်ကြတဲ့ သာယာမိလို့ဖြစ်ကြတဲ့ ဒီကိစ္စတွေကို မှန်တယ် မှားတယ် မဆိုချင်ပါဘူး။ ချစ်မိကြတာလဲ ရှက်စရာမဟုတ်သလိုအတူနေမိသွားတာကလဲ (ဒီခေတ်ကြီးထဲမှာ) ရှက်စရာမဟုတ်တော့ပါ။ မိမိဆန္ဒ ပဓာနပဲမို့ မိမိချစ်သူနဲ့ မိမိကြည်ဖြူရင် အသက်လဲပြည့်ရင် ဒါဟာ ဓမ္မတာပါပဲ။ အသက်မပြည့်သေးဘဲနဲ့တော့ (၁၈နှစ်ကိုဆိုလိုသည်) ဒီလိုကိစ္စတွေတော့ မဖြစ်သင့်ဘူးလို့ ဆိုပါရစေ။ဒါက ယောကျာ်းမှန်ရင် သတိထားသင့်တဲ့ ရှောင်သင့်တဲ့ကိစ္စပဲ။ ညီကိုတို့…။ အတူနေတဲ့အခါ စိတ်တူကိုယ်တူ ကြည်ဖြူဖို့လိုတယ်။ ရောဂါမရဖို့ နဲ့ ကိုယ်ဝန်မရဖို့လဲလိုတယ်။ တာဝန်မယူနိုင်သေးခင်မှာ တာဝန်တွေမပိဖို့တော့ လိုလိမ့်မယ်Continue reading “အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)”
ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့
ညီကိုတို့…. ပိုက်ဆံအိတ်ထဲမှာ ရေမလျှံရင်နေ… ကွိုင်ပါဖို့တော့ လိုလိမ့်မယ်။ ချစ်ရေးချစ်ရာကိစ္စတွေက ဘာမှကြိုတင်ခန့်မှန်းထားလို့ရတာမဟုတ်လို့ ကြိုတင်ပြင်ဆင်ထားတာအကောင်းဆုံးပါပဲ။ ညီကိုက…လိုတော့မှ ကွိုင်ပြေးဝယ်တတ်သူလား…. ကွိုင်အဟောင်းနဲ့ တသက်ဆောင်းတတ်သူလား…. ကွိုင်မပါပေမယ့် အိမ်ပိုင်ပါတယ်ဆိုတဲ့လူလား…. ဘယ်လိုပဲဖြစ်ဖြစ် ကွိုင်မဆောင်ရင်တော့ အသေလောင်တတ်ပါတယ်။ Sex ကိစ္စကို ညီကိုတို့ဆောင်ရွက်တဲ့အခါ သာယာဖို့အရေးကြီးပါတယ်။ Feeling ကောင်းဖို့ သာယာဖို့ဆိုတာsex မတိုင်ခင်ရောsex နေစဥ်မှာရောsex ပြီးသွားတဲ့အခါ အိမ်ပြန်နူတ်ဆက်တဲ့အခါမှာရော စိတ်ရှင်းရှင်းနဲ့ ပေါ့ပါးနေဖို့ နောက်ဆံမတင်းဖို့လိုပါမယ်။ ကွိုင်မဆောင်ရင်တော့ Safe sex ဖြစ်မှာမဟုတ်သလို နောက်ဆက်တွဲပြဿနာသောင်းခြောက်ထောင်နဲ့ လောင်နေရပါလိမ့်မယ်။ အဲ့တော့ ညီကိုတို့ကို “ကြာကြာဝါးမယ့်သွား ဘာစားစားအရိုးကြည့်ရှောင်” လို့မှာပါရစေ။ ချစ်မှုရေးရာဆောင်ရွက်တဲ့အခါ ညီကိုတို့ အချက်၃ချက်ကို မမေ့ပါနဲ့… (၁) သူရောကိုယ်ရော စိတ်ကျေနပ်ရမယ်။ (၂) မလိုလားတဲ့ ကိုယ်ဝန်မရစေဖို့ရယ် (unwanted pregnancy) (၃)Continue reading “ကွိုင်မဆောင်ရင် အသေလောင်မယ်နှင့် ညီကိုတို့ ဖတ်ဖို့”