“ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)

ကျွန်တော်ငယ်ငယ်က ခရီးရှည်တစ်ခုသွားတော့ ညလယ်ခေါင်မှာ ကားခဏနားတယ်။ အဲ့ဒီကာလက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးလည်း မပေါ်သေးတော့ လမ်းတွေက ဆိုးချက်ပဲ။ခုခေတ်လိုမျိုး ၁၁၅ မိုင်မှာနားမယ်ဟေ့ ဆိုပြီး စည်စည်ကားကား သိုက်သိုက်ဝန်းဝန်းနေရာတစ်ခုလည်း မရှိသေးဘူး။ ကားသမားတွေနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ဆိုင်တွေမှာပဲ နားကြတာများတယ်။ အဲ့ဒီတုန်းက ကားခဏရပ်တော့ အထက်တန်းကျောင်းကြီး တစ်ကျောင်းနားမှာ ဖြစ်နေတယ်။ လှမ်းကြည့်နေရင်းနဲ့ ရင်ထဲမှာ ဒိန်းကနဲ ဖြစ်သွားတယ်။ ဒီကျောင်းကြီးကို ငါ့အိပ်မက်ထဲမှာ ရင်းရင်းနှီးနှီးမြင်ဖူးနေတယ်။ ဒါတွေက ကြုံဖူးပြီးသား ကိစ္စကြီးတစ်ခုလိုပဲ။ ကိုယ်နောက်တစ်စက္ကန့်နေရင် ဘာပြောတော့မယ်ဆိုတာကိုပါ တွေးလို့ရနေတယ်။အဲ့ဒီတုန်းကတော့ ငါ့မှာ Superpower တွေရှိနေတာလားမသိဘူးဆိုပြီး ကလေးပီပီ တွေးမိပါသေးတယ်။အသက်ကြီးလာတော့ သိလာရတာက ဒါဟာ Déjà vu ပါ။ Déjà vu ဆိုတာ ပြင်သစ်စကားပါ။ သူ့ရဲ့အဓိပ္ပါယ်က “Already Seen” လို့Continue reading ““ဘူး” များအကြောင်း (Déjà vu, Jamais vu & Presque vu)”

သာမန်ကွန်ပြူတာတွေနဲ့ မတူတဲ့ Quantum Computer အကြောင်း အကျဉ်းချုပ်

(ဒီအကြောင်းကို မဖတ်ခင် Quantum Mechanics အကြောင်းနည်းနည်းတော့သိသင့်ပါတယ်။ဒါပေမယ့် မသိသေးတဲ့သူတွေပါ နားလည်နိုင်အောင် အတတ်နိုင်ဆုံးရေးသွားပါမယ်။ နားမလည်လို့ ဆက်ပြီးဖတ်ချင်ရင် ဖတ်လို့ရအောင်လည်း အရင်ကရေးထားခဲ့ဖူးတဲ့ Link တွေထည့်ပေးထားပါမယ်) Quantum Computer တွေကိုနားလည်ဖို့ သာမန်ကွန်ပြူတာတွေဘယ်လို အလုပ်လုပ်လဲဆိုတာ အရင်သိသင့်ပါတယ်။ကွန်ပြူတာတွေက ကိုယ်ကိုချင်တာကို မြန်မြန်ဆန်ဆန်နဲ့လုပ်ပေးနိုင်တဲ့အတွက် သူတို့ဘယ်လိုအလုပ်လုပ်လဲဆိုတာ မသိကြရင် ထူးဆန်းတယ်လို့ ထင်ချင်ထင်ကြမှာပါ။ဒါပေမယ့် သာမန်ကွန်ပြူတာတွေက အဲ့လောက်မထူးဆန်းပါဘူး။ ကွန်ပြူတာမှာ အခြေခံကျတဲ့ပစ္စည်းကတော့ Transistor ပါပဲ။ သူက လျှပ်စစ်အဝင်အထွက်ကိုပဲ သိပါတယ်။ သူက 0, 1 နှစ်မျိုးပဲနားလည်ပါတယ်။(လျှပ်စစ်ဝင်လာရင် 1, မဝင်လာရင် 0 ဆိုပါတော့)ဒါကို Bits လို့ခေါ်ပါတယ်။ ကွန်ပြူတာရဲ့ အခြေခံ Unit ပါ။ (1 လား၊ 0 လား မှတ်တမ်းတင်ထားတာပေါ့) နည်းပညာတွေContinue reading “သာမန်ကွန်ပြူတာတွေနဲ့ မတူတဲ့ Quantum Computer အကြောင်း အကျဉ်းချုပ်”

လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 2)

(Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်) https://ouo.io/g62l4Y ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။ ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။(ဒါကြောင့် quote, unquote ထည့်ထားတာပါ) ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။ Myostatin-Related Muscle Hypertrophy ဒီရောဂါရှိဟာ မျိုးရိုးဗီဇပြောင်းလဲမှုကြောင့် ဖြစ်တာပါ။ တော်တော်ရှားပါတဲ့ရောဂါပါ။ယောကျာ်းလေးတွေတော့ တော်တော်သဘောကျမှာပါ။ ဘာလို့လဲဆိုတော့ ဒီရောဂါဖြစ်ရင် ခန္ဓာကိုယ်မှာ အဆီဆဲလ် (Fat Cells) တွေနည်းသွားပြီး ကြွက်သားတွေ (Muscle) များလာလို့ပါ။ဘယ်လောက်တောင်များလာလဲဆိုရင် ပုံမှန်ရှိနေကျ ကြွက်သားထက် ၂ဆတောင်Continue reading “လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 2)”

ကြိုးစာခြင်း ဝိရောဓိများ

လူတိုင်း ဒီ Topic မျိုးကို အခါခါတွေ့ဖူးကြမှာပါ။ အောင်မြင်တိုးတက်၊ ကြီးပွားချမ်းသာရေးဟောတဲ့လူတွေ အကြိုက်ခေါင်းစဉ်တစ်ခုပေါ့။လူတွေကလည်း ဒီလိုခေါင်းစဉ်မျိုးကိုပဲ တစိုက်မတ်မတ် စားသုံးချင်ကြတယ်။ဆိုတော့… ခေတ်မီအောင် ကျွန်တော်လည်း တစ်ပုဒ်လောက်ရေးချင်ပါတယ်။ အရင်ခေတ်ကရေးထားတဲ့ အောင်မြင်တိုးတက်ရေးစာအုပ်တွေဖတ်ရင် ကြိုးစားဖို့လိုတယ်ဆိုပြီး ပြောကြတာပေါ့။ဘဝမှာ အောင်မြင်တိုးတက်ဖို့ လိုတယ်၊ ဒီအတွက် မဆုတ်မနစ်နဲ့ ကြိုးစားရမယ်၊ လဲကျရင် ပြန်ထရမယ်၊ မလျော့သော ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ လိုချင်တဲ့ပန်းတိုင်ရောက်အောင် အရောက်လှမ်းရမယ်။ (၁၀ တန်းစာစီစာကုံးရေးမှာ အလွတ်ကျက်ရေးကြတဲ့ စကားလုံးတွေပေါ့)ဒါပေမယ့် ကြိုးစားတိုင်းလည်း ကြိုးစားသလို မဖြစ်ပြန်ဘူး၊ လဲကျတိုင်းလည်း ပြန်ထဖို့လည်း မလွယ်ပြန်ဘူး ဆိုတော့ အပေါ်ကရေးတာတွေကို လူတွေသိပ်မယုံကြတော့ဘူး။ အဲ့ဒီတော့ နောက်တစ်ဆင့်တက်ကြတာပေါ့။“Work smart, not hard” လုပ်လာကြပြန်တယ်။ သိပ်မကြိုးစားနဲ့၊ ဉာဏ်လေးသုံး… ဆိုတာမျိုးပေါ့။လဲကျရင်လည်း အမှားတွေကနေ သင်ခန်းစာယူပြီးContinue reading “ကြိုးစာခြင်း ဝိရောဓိများ”

အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)

(Part 1 & 2 အရင်ဖတ်ပေးရင် ပိုနားလည်ပါလိမ့်မယ်) ကြယ်တစ်ခုသေဆုံးတဲ့အခါ သူ့ရဲ့အရွယ်အစားပေါ်မူတည်ပြီး White Dwarf Star ဖြစ်ချင်ဖြစ်မယ်၊ Neutron Star ဖြစ်ချင်ဖြစ်မယ်၊ Black Hole ဖြစ်ချင်ဖြစ်မယ်။ အခုပြောမယ့် Black Hole ကတော့ ကြယ်အကြီးစားတွေ သေဆုံးတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ ဒါ့အပြင် Neutron Star ၂လုံး ဝင်တိုက်တဲ့အခါလည်း ဖြစ်တတ်ပါတယ်။(ဘယ်လိုတွေ ဖြစ်လာလဲဆိုတာ အရင်အပိုင်းတွေမှာ ရေးပြီးပြီမို့ ဆက်မရေးတော့ပါဘူး) Black Hole ဆိုတာ Gravity (ဆွဲအား) အလွန်များတဲ့အတွက် သူ့ပတ်ဝန်းကျင်မှာရှိတဲ့ ဟင်းလင်းပြင်အချိန် (Spacetime) ကွေးညွတ်လွန်းသွားပြီး ကိုယ်ပိုင်စကြဝဠာ အသေးစားလေးတစ်ခုဖြစ်သွားတာပါ။(မြင်အောင်ပြောရရင် ဂျုံအပြားလေးကို ကိုယ့်လက်အားနဲ့ညှစ်လိုက်တဲ့အခါ အလုံးဖြစ်သွားသလိုပါပဲ၊ ဒီလောက်တော့ မရိုးရှင်းပါဘူး) ဘယ်လောက်တောင် ဆွဲအားများသလဲဆိုရင် Electromagnetic RadiationContinue reading “အာကာသတွင်းနက်များ (Black Holes) အကြောင်း (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 3)”

Design a site like this with WordPress.com
Get started