(Part 1 အရင်ဖတ်ပေးပါ) Part 1 မှာတော့ ကျွန်တော်တို့ရဲ့နေ (အလယ်အလတ်အရွယ်အစားရှိတဲ့ ကြယ်) တစ်ခု သေဆုံးတဲ့အကြောင်းရေးပြီးပါပြီ။အခုဆက်ရေးမှာက နေထက်အစပေါင်းများစွာကြီးတဲ့ ကြယ်တွေသေဆုံးတဲ့အကြောင်းပါ။ နေကို ကြီးလှပြီလို့ထင်ကြပေမယ့် နေထက်အဆပေါင်းများစွာ ကြီးတဲ့ကြယ်တွေ (Massive Stars) စကြဝဠာထဲမှာ အများကြီးပါပဲ။ (ဒီအကြောင်းကို ရေးမှာမဟုတ်လို့ ထားခဲ့လိုက်ပါပြီ)ဒီကြယ်တွေဟာလည်း ဆွဲအားနဲ့တွန်းအား မျှခြေဖြစ်နေတဲ့အခါ တည်မြဲနေတတ်တယ်။ ဒါပေမယ့် သူတို့က အရမ်းကြီးမားတဲ့အတွက် သက်တမ်းတော့ သိပ်မရှည်လှဘူး။ နှစ်ပေါင်း မီလီယံ တစ်ခုအထိပဲ အသက်ရှင်နိုင်ကြတယ်။ (အသုံးအဖြုန်းကြီးတော့ မြန်မြန်မွဲသွားသလိုပါပဲ) သူတို့မှာရှိတဲ့ Hydrogen တွေ Helium တွေကုန်သွားတဲ့အခါ ထုံးစံအတိုင်းပဲ Gravity က အနိုင်ရသွားတယ်။ ဒီတော့ ဆွဲအားများလာတဲ့အတွက် ကြယ်က ကျစ်လျစ်သိပ်သည်းလာတယ်။ဒီလိုအခြေအနေမျိုးတွေမှာ Periodic Table မှာရှိတဲ့၊ ပိုပြီးလေးပင်တဲ့Continue reading “လူတွေအတွက် အကျိုးရှိစေသော ကြယ်သေဆုံးမှုများ (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 2)”
Category Archives: SAGAN
ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်လိုအဆုံးသတ်သွားမလဲ? (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 1)
ဒီ Topic ကိုရေးခိုင်းတဲ့သူများလို့ ရေးလိုက်ပါတယ်။ စိတ်ဝင်စားစရာတော့ တော်တော်ကောင်းပါတယ်။ နားလည်ရအလွယ်ဆုံးဖြစ်အောင် အတတ်နိုင်ဆုံးရေးထားပါတယ်။ ကြယ်တွေဘယ်လို သေဆုံးကြလဲ မသိခင် သူတို့တွေ ဘယ်လိုတည်မြဲနေကြလဲ အရင်သိဖို့လိုပါတယ်။ကျွန်တော်တို့ရဲ့ နေနဲ့ဥပမာ ပေးပြီး ပြောချင်ပါတယ်။နေက အစိုင်အခဲမရှိတဲ့ ဓာတ်ငွေ့လုံးကြီးဆိုတာ သိကြမှာပါ။ ဓာတ်ငွေ့လုံးကြီးက ဘယ်လောက်တောင် ကြီးလဲဆိုရင် သူ့အထဲကို ကမ္ဘာအလုံးပေါင်း ၁သန်းကျော်လောက်ထည့်လို့ရပါတယ်။ ဒီဓာတ်ငွေ့လုံးကြီး ဘယ်လိုတည်မြဲနေလဲဆိုတော့ ဆွဲအားနဲ့တွန်းအားမျှခြေမှာ ရှိနေလို့ပါ။ဆွဲအားကတော့ Gravity ပါ။ သူ့ကြောင့် နေမှာရှိတဲ့ လောင်ကျွမ်းနေတဲ့ ချော်ရည် (Hot Plasma) တွေဟာ တဖြည်းဖြည်းနဲ့ အလယ်အူတိုင်နားကို ရောက်လာပါတယ်။ (ဆွဲအားဆိုတော့ ဆွဲချတာပေါ့…) အောက်ရောက်လေလေ ဖိသိပ်ခံရလေလေဖြစ်လို့ Hydrogen တွေကနေ Helium တွေဖြစ်ကုန်ပါတယ်။အဲ့လိုဖြစ်တဲ့အခါ စွမ်းအင် (Energy) ထွက်ပါတယ်။ အဲ့ဒီစွမ်းအင်က GravityContinue reading “ကျွန်တော်တို့ရဲ့ ကမ္ဘာကြီး ဘယ်လိုအဆုံးသတ်သွားမလဲ? (ကြယ်တွေဘယ်လို သေဆုံးကြသလဲ, Part 1)”
One Subject, One Night နှင့် စာမေးပွဲဖြေခဲ့ခြင်းများ
လူတိုင်း စာမေးပွဲဖြေဖူးတာမို့ ဒီအကြောင်းကို ထွေထွေထူးထူးရှင်းပြနေစရာ မလိုပါဘူး။ တက္ကသိုလ်ရောက်လာတော့ လုပ်စရာ Activity တွေများလွန်းပါတယ်။စာမေးပွဲဆိုတာလည်း နှစ်လတစ်ခါလောက် ဖြေနေရတာပါပဲ၊ Tutorial ဆိုတာလည်း ခဏခဏပါပဲ။သတိရမိသလောက်တော့ ကိစ္စတစ်ခုလုပ်မယ်ကြံလိုက်တိုင်း စာမေးပွဲနဲ့ နီးနေလိုက်၊ Tutorial နဲ့ကပ်နေလိုက်ဖြစ်နေတာပါပဲ။ နေ့တိုင်းစာလုပ်ဖြစ်ဖို့ဆိုတာလည်း ခက်ခဲပါတယ်။အချိန်ပိုနေရင်တောင် စာလုပ်ဖို့နဲ့ ရုပ်ရှင်ကြည့်ဖို့၊ သီချင်းနားထောင်ဖို့ ယှဉ်လာရင် ဘာကိုရွေးကြလဲ ကိုယ့်ဘာသာသိကြမှာပါ။ဒီတော့ အများအားဖြင့် စာမေးပွဲနားနီးမှ ကပ်တွန်းကြတာပေါ့။ထူးခြားတာက အဲ့ဒီအချိန်ရောက်လာရင် လူက ဘာကျက်ကျက်၊ ဘာမှတ်မှတ် မှတ်မိလွယ်နေတာပါ။ (စာမေးပွဲခန်းထဲဝင်ခါနီးအချိန်ဆိုရင် မှတ်မိအလွယ်ဆုံးပါပဲ…) ဆိုတော့… ခုရေးမယ့်အကြောင်းက အနားနီးမှ ကပ်တွန်းတာ ကောင်းလားဆိုတာ ဆွေးနွေးချင်တာပါ။ စာမေးပွဲခန်းထဲဝင်ခါနီး ဉာဏ်အလင်းပွင့်နေတဲ့တာကို ပြောချင်တာ မဟုတ်ပါဘူး။ ကိုယ်က Research Paper ၃ခုကို ၃ပတ်အတွင်း အပြီးတင်ရမယ်ဆိုပါစို့။၁ပတ်ကို ၁ခုတင်လို့ရတယ်၊ တစ်ခုစီကိုContinue reading “One Subject, One Night နှင့် စာမေးပွဲဖြေခဲ့ခြင်းများ”
နည်းနည်းလေးတွေက များများကြီး အထောက်အပံ့ဖြစ်နေသလား?
ဒီအချက်က တော်တော်စဉ်းစားရ ကြပ်တာပါ။ကိုယ်က အကျိုးတစ်ခုလိုလို့ အလုပ်တစ်ခုကို လုပ်နေပေမယ့် အဲ့ဒီအကျိုးကို ကိုယ်လုပ်နေတဲ့အလုပ်က အထောက်အပံ့ဖြစ်နေလား၊ မဖြစ်နေဘူးလားဆိုတာ သိဖို့ (တချို့တွေအတွက်) ခက်ခဲနိုင်ပါတယ်။ ဥပမာ နွေဦးတော်လှန်ရေးအတွက် လူအမျိုးမျိုး၊ လူတန်းစားပေါင်းစုံဟာ နေရာစုံက ပါဝင်နေကြတယ်။ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် Contribute လုပ်တာခြင်း မတူကြဘူး။ တချို့က များများလုပ်၊ တချို့က နည်းနည်းလုပ်၊ တချို့က လုံးဝ Contribute မလုပ်ကြဘူး။ကိုယ်ဘယ်အထဲပါနေလဲဆိုတာ သိနိုင်ဖို့ (တချို့အတွက်) ခက်ခဲနိုင်ပါတယ်။ Pareto Distribution အရတော့ 80% သော အကျိုးတရားတွေဖြစ်လာတာဟာ 20% သော အကြောင်းတရားတွေကြောင့်ပါလို့ ဆိုတယ်။ ဒါကို 80/20 Rule လို့လည်းခေါ်တယ်။သူက ဒါကို ဘယ်လိုအတွေးပေါက်သွားလဲဆိုတော့ သူ့ခြံထဲက ပဲပင်တွေရဲ့ 20% ကContinue reading “နည်းနည်းလေးတွေက များများကြီး အထောက်အပံ့ဖြစ်နေသလား?”
တိုက်ဆိုင်ခြင်းလား၊ အဓိပ္ပါယ်တစ်ခုရှိနေလား?
မထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာတိုင်း တိုက်ဆိုင်လိုက်တာ… ဆိုတာမျိုးဖြစ်တတ်ကြပါတယ်။ အဲ့ဒီရဲ့ နောက်ဆက်တွဲအနေနဲ့ အဓိပ္ပါယ်တစ်ခုခုများရှိနေမလား၊ ဒါက ဘာသဘောပါလိမ့် ဆိုတာမျိုး ဖြစ်လာတတ်တယ်။ဆိုတော့… ဒါတွေကို မပြောခင် လူတွေရဲ့စိတ် ဘယ်လိုအလုပ်လုပ်လဲ အရင်ကြည့်ရအောင်ဗျာ။ ၁၈၉၈ တုန်းက Futiity ဆိုတဲ့ဝတ္ထုတစ်ပုဒ်ထွက်ခဲ့ဖူးပါတယ်။ Titanic သင်္ဘောကြီးမမြုပ်ခင် ၁၄ နှစ်မှာရေးခဲ့တာပါ။ ဘာအကြောင်းလဲဆိုတော့ Titan ဆိုတဲ့ သင်္ဘောကြီးပေါ်က ဇာတ်လမ်းတွေအကြောင်းပါ။ (Titanic နဲ့ နာမည်ခြင်း ဆင်ပါတယ်) ဒီသင်္ဘောကြီးက Titanic လိုပဲ ကမ္ဘာမှာ အကြီးဆုံးပါ။ သူလည်း Titanic လိုပဲ ရေခဲတုံးကြီးကို April ညသန်းခေါင်ယံမှာ ဝင်တိုက်တာပါ။ တိုက်တဲ့နေရာလည်း တူတူပါပဲ။ဒီတော့ မြုပ်သွားတာပေါ့၊ လူတစ်ဝက်ကျော်သေသွားကြတယ်။ (ဒါလည်း Titanic လိုပဲ…)သင်္ဘောပေါ်မှာ လူ ၃၀၀၀ ပါတာလည်း တူတယ်။ဒါဆိုရင်Continue reading “တိုက်ဆိုင်ခြင်းလား၊ အဓိပ္ပါယ်တစ်ခုရှိနေလား?”