ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်း

ပင်လယ်ဂဏန်း (Lobster) တွေဟာ နေဖို့ နေရာတစ်ခုအတွက် တိုက်ပွဲဝင်ကြရတယ်။သူတို့နေရာကောင်းတစ်ခုကို ရထားရင် လိုချင်တဲ့သူတွေများတဲ့အတွက် အချင်းချင်းရန်ဖြစ်နေကြတာများတယ်။နေရာကောင်းဆိုတာ ဘာလဲဆိုတော့ စားကျက်နဲ့နီးလေကောင်းလေပေါ့၊ ဂဏန်းမလေးတွေနဲ့ နီးလေကောင်းလေပေါ့၊ ကိုယ့်ကိုစားမယ့် သတ္တဝါတွေ ရန်က ကာကွယ်နိုင်လေကောင်းလေပေါ့။ဒီတော့ နေရာကောင်းရဖို့က သူတို့အတွက် အဓိက အရေးကြီးဆုံးပဲ။ ကိုယ်က လိုချင်တဲ့သူတွေများတဲ့ နေရာတစ်ခုကို ရထားပြီးဆိုရင် စိန်လာခေါ်တဲ့ အထီးတွေရှိတယ်။တချို့ကလည်း သွေးတိုးလာစမ်းကြတာပေါ့။ ဒီတော့ နေရာကောင်းကိုရထားတဲ့ ကောင်က စိန်လာခေါ်တဲ့ကောင်ကို ပညာပြရတာပေါ့။ပထမအဆင့်အနေနဲ့ လက်မကြီးကို ထောင်ပြပြီး ညှပ်ပြတယ်၊ ရှေ့တိုးနောက်ဆုတ်နဲ့ ဟန်ရေးပြတယ်။ (လက်ဝှေ့သမားတွေလိုပေါ့)တချိန်တည်းမှာပဲ စိတ်လာခေါ်တဲ့ကောင်ကို အရည်တစ်ခုနဲ့ လှမ်းပြီးပန်းလိုက်တယ်။ ဒီအရည်ထဲကနေ သူ့ရဲ့အရွယ်အစား၊ လိင်၊ ကျန်းမာရေးကောင်းမကောင်း၊ ခံစားချက် စတာတွေကို တဖက်ကောင်က သိနိုင်တယ်။ငါက ကျန်းမာတယ်၊ အကောင်လဲကြီးတယ်၊ လတ်တလော Mood ကတော့Continue reading “ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ပျောက်ကွယ်ခြင်း”

ဗုဒ္ဓဟောတဲ့ ပျော်ရွှင်ခြင်းအတုယောင်တွေနဲ့ အနောက်တိုင်း စိတ်ပညာ စမ်းသပ်ချက်အဖြေများ

ဗုဒ္ဓဝါဒကို Physics နဲ့ချိတ်ဆက်ရေးတဲ့အခါ ဖတ်တဲ့လူများတဲ့အတွက် ဝမ်းသာမိပါတယ်။ခုတော့ ဘာဆက်ရေးရမလဲ စဉ်းစားမရသေးလို့ ဒီခေါင်းစဉ်ကို ရေးလိုက်တာပါ။ ဒါက ငြင်းခုန်စရာသိပ်မရှိတဲ့ Topic မို့ အရင်လို “စိတ်ရှင်းရှင်းနဲ့ဖတ်ပါ” မပြောတော့ပါဘူး။ (မပြောတော့ဘူးဆိုပြီး ခုပဲ ပြောလိုက်ပါပြီ…)အတွေးတစ်ခုတော့ ရသွားမယ်လို့ မျှော်လင့်ပါတယ်။ အင်္ဂုတ္တရနိကာယမှာတော့ ဒီလိုရေးထားပါတယ်။“အို… ရဟန်းတို့၊ မြတ်စွာဘုရားတို့ ပွင့်ထွန်းလာလျှင်ဖြစ်စေ၊ မပွင့်ထွန်းလာလျှင်ဖြစ်စေ ပြုပြင်ပေးရသော သင်္ခါရတရားတို့သည် အနိစ္စ (မတည်မြဲခြင်း)၊ ဒုက္ခ (ဆင်းရဲခြင်း)၊ အနတ္တ (အတ္တမရှိခြင်း) သဘောတရားအနေဖြင့်၊ သဘာဝနိယာမအနေဖြင့် တည်ရှိနေမည်သာတည်း။ ဤအမှန်သဘောကို မြတ်စွာဘုရားသည် သိမြင်တော်မူပြီးနောက် ထိုသဘောကို ဟောကြားတော်မူ၏၊ သင်ပြတော်မူ၏၊ မှန်ကန်ကြောင်း အတည်ပြုပေးတော်မူ၏။ ဤသို့ဖြင့် သင်္ခါရတရားတို့သည် အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတို့ကို ထင်ရှားစေတော်မူ၏” အနှစ်ချုပ်လိုက်တော့ အရာရာမတည်မြဲဘူး၊ ဘဝဟာContinue reading “ဗုဒ္ဓဟောတဲ့ ပျော်ရွှင်ခြင်းအတုယောင်တွေနဲ့ အနောက်တိုင်း စိတ်ပညာ စမ်းသပ်ချက်အဖြေများ”

အများနဲ့တစ်ယောက် ယှဉ်လာရင် ဘယ်သူပြောတာ ယုံသင့်လဲ?

ကျွန်တော်တို့တွေ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းရမလဲ ဆိုတာမျိုး အခက်ကြုံဖူးကြမှာပါ။ကိုယ်စိတ်ထဲထင်တဲ့အတိုင်း ဖြေရှင်းတတ်တဲ့သူတွေရှိသလို၊ တခြားသူတွေ ဘယ်လိုဖြေရှင်းနေလဲဆိုတာ စနည်းနာပြီး နည်းလမ်းရှာတတ်တဲ့ သူတွေရှိပါတယ်။ သေချာမလေ့လာဘဲ ကိုယ်လုပ်ချင်တာလုပ်လိုက်တဲ့အခါ စိတ်ရှုပ်ရတာ သက်သာသွားပေမယ့် အလျော်အစားတော့များပါတယ်။ အထူးသဖြင့် ကိုယ်ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တဲ့အခါ ဒုက္ခပိုများသွားနိုင်ပါတယ်။ဒါကြောင့် လူအများစုကတော့ ပြဿနာကို သူများတွေ ဘယ်လိုဖြေရှင်းလဲဆိုတာ လေ့လာတတ်ကြပါတယ်။ အဲ့ဒီမှာ ပြဿနာနောက်တစ်ခု ထပ်တက်ပါတယ်။ကိုယ်မသိနားမလည်တဲ့ကိစ္စတစ်ခုမှာ အကြံဉာဏ်တောင်းမယ်ဆိုရင် လူအများစုက ဒါကိုလုပ်လို့ပြောပြီး အနည်းစုက ဟိုဟာကိုလုပ်လို့ ပြောရင် ဘယ်ဟာကို ယုံယုံကြည်ကြည်နဲ့လုပ်ရမလဲ ဆိုတာပါ။တော်တော်များများကတော့ လူအများစု ပြောတာပဲ လုပ်မှာပေါ့လို့ ဖြေကြမှာပါ။ ဒါပေမယ့် မြန်မာစကားပုံမှာ အများညီရင် ဤကိုကျွဲဖတ်ဆိုတာရှိတယ်။ဆိုတော့… လူအများက လက်ခံတိုင်း ဒီအမြင်တစ်ခုက အမှန်ဖြစ်သွားရောလား၊ လူနည်းစုတွေ ပြောတာရော အမှန်မဖြစ်နေနိုင်ဘူးလား။ ဒီအမြင် ဘယ်ကစသလဲဆိုတော့ EnglandContinue reading “အများနဲ့တစ်ယောက် ယှဉ်လာရင် ဘယ်သူပြောတာ ယုံသင့်လဲ?”

နယူတန်မှ အိုင်းစတိုင်းသို့ (Gravity ပြဿနာဖြေရှင်းခန်း)

ဒီနှစ်ယောက်လုံး ဘယ်သူလဲဆိုတာ သိကြမှာပါ။ Physics မှာ သူတို့ Equation တွေကို ကျက်ပြီး ပုစ္ဆာတွေတွက်ခဲ့ရဖူးတာကိုး။ဒါပေမယ့် ဘာရည်ရွယ်ချက်တွေရှိလဲ၊ ဒီ Equation တွေကို ဘယ်နေရာတွေမှာ သုံးလို့ရလဲ မသိခဲ့ပါဘူး။ဒီလောက်ခမ်းနားလိမ့်မယ်လို့လည်း အတွေးမရှိခဲ့မိဘူး။အခု ဒီလူတွေကပေးခဲ့တဲ့ သင်ခန်းစာတွေကို ပြန်လေ့လာကြည့်ကြတာပေါ့။ (ဆယ်တန်း Physics တွေပြန်ပြောမယ်ထင်ပြီး မဖတ်ဘဲမနေပါနဲ့ဦး… အဲ့ဒါတွေ ပြန်မထည့်ထားပါဘူး) နယူတန်က ၁၆၀၀ ခုနှစ်အကျော်နားက ပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ့ကို ဘာသာရေးနဲ့ပတ်သက်ရင် အကဲဆတ်လွန်းတဲ့ ကာလတွေမှာ မွေးခဲ့တာပေါ့။သူက Gravity (မြေဆွဲအား) အကြောင်းကို စပြီးဖော်ထုတ်ခဲ့တာပါ။ စာအုပ်တွေမှာပြောကြတာတော့ သူသစ်ပင်အောက်မှာ ထိုင်နေတုန်း ပန်းသီကြွေကြလို့ မြေဆွဲအားရှိကြောင်း တွေးမိသွားတယ်လို့ဆိုတယ်။သေချာတွက်ချက်ပြီးတဲ့အခါမှာ သူ့ခေတ်သူ့အခါအတွက် တော်တော်ကြီးကို ရဲရင့်တဲ့ အဆိုတစ်ခု တင်သွင်းလိုက်တယ်။ ပစ္စည်းတွေကို မြေကြီးပေါ်ရောက်အောင်လုပ်နေတဲ့ အားနဲ့ လကContinue reading “နယူတန်မှ အိုင်းစတိုင်းသို့ (Gravity ပြဿနာဖြေရှင်းခန်း)”

ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?

မဟုတ်တာတွေ လျောက်ရေးပြန်ပြီကွာလို့ အထင်မစောကြပါနဲ့ဦး။လူတွေက နှလုံးသားနဲ့ ဦးနှောက်ကို နှိုင်းယှဉ်ပြီး ပြောတတ်ကြတယ်။ ကိစ္စတစ်ခုကို ဆုံးဖြတ်တာတဲ့အခါ နှလုံးသားရဲ့ခေါ်ဆောင်ရာနောက် လိုက်မလား၊ ဦးနှောက်နဲ့ ချင့်ချိန်ပြီး သွားမလားပေါ့လေ။ (နှလုံးသားဆိုလို့ အချစ်ရေးကိုပဲ ပြောချင်တာမဟုတ်ပါ၊ Gut Feeling သဘောကို ပြောချင်တာပါ)နှလုံးသား အရသွားရင်တော့ အထောက်အထားမရှိဘဲနဲ့ စမ်းတဝါးဝါးမို့ အမှားတွေများနိုင်တယ်လို့ ပြောကြတာပေါ့။ဦးနှောက်နဲ့ဆို အထောက်အထားတွေအရ ချင့်ချိန်ပြီး လုပ်သင့်၊ မလုပ်သင့် ဆုံးဖြတ်နိုင်တော့ အမှားနည်းတယ်ပေါ့လေ။ ဒီတော့ ဦးနှောက်ကို ယုံလို့ရလားဆိုတာ တစ်ချက်ပြန် စဉ်းစားစရာဖြစ်လာတယ်။တွေးနေ၊ ရေးနေနိုင်တာ ဦးနှောက်ကြောင့်လေ၊ ဦးနှောက်ကို မယုံရင် ခုရေးတဲ့စာကိုရော မယုံဘူးလားလို့ မေးစရာရှိလာတာပေါ့။ဒီကိစ္စက ခပ်ရှုပ်ရှုပ်ပါပဲ။ သဘောပေါက်ဖို့ ဆက်ဖတ်ပေးပါဦး။ ကျွန်တော်တို့တွေ ပတ်ဝန်းကျင်နဲ့ အာရုံငါးပါးအရ ဆက်သွယ်ကြတာပေါ့လေ။ အကြား၊ အမြင်၊ အနံ့၊ အရသာ၊Continue reading “ကိုယ့်ဦးနှောက်က ပြောတာတွေကို ယုံသင့်သလား?”

Design a site like this with WordPress.com
Get started