ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?

ခေါင်းစဉ်ဖတ်ပြီး စာရေးတဲ့ကောင်က ရင့်လိုက်တာလို့ မထင်ပါနဲ့။ ကောင်းတဲ့အကြောင်းလေးတွေရေးမှာပါ။ ကြက်တူရွေးလေးတွေက ချစ်စရာတော်တော်ကောင်းပါတယ်။ သူတို့က အသိဉာဏ်မြင့်ပြီးတော့ ပျော်ပျော်နေတတ်ကြတဲ့ အကောင်လေးတွေပါ။သူတို့အကြောင်းကို သို့လော…၊ သို့လော… တော့သိထားကြမှာပါ။ခု ရှင်းရှင်းလင်းလင်း သိရအောင် ရေးလိုက်ပါတယ်။ကြက်တူရွေးမျိုးကွဲပေါင်း ၄၀၀ လောက်ရှိတဲ့အတွက် သူတို့အကုန်လုံးကို ချုံငုံမိအောင် ပြောဖို့တော့ မလွယ်ပါဘူး။ ဒါကြောင့် စိတ်ဝင်စားလောက်မယ့် အကြောင်းတွေကိုပဲ ရွေးထုတ်ထားပါတယ်။ လူစကားကို နားလည်လို့ လိုက်ပြောတာလား၊ အသံတုအရမ်းကျွမ်းကျင်တာလား? ကြက်တူရွေးလို့ပြောလိုက်ရင် စကားသင်ပေးလို့ရတာကို လူတွေသိကြပါတယ်။ ဒါပေမယ့် ဒီကောင်တွေ တကယ်ရောနားလည်ရဲ့လားဆိုတာ သံသယဖြစ်စရာပါ။စားလို့သောက်လို့ ကောင်းအောင် ဖောရှောလုပ်နေတာများလား? ကြက်တူရွေးတွေက ပတ်ဝန်းကျင်နဲ့သူတို့ အဆက်မပြတ်ရလေအောင် အသံလိုက်တုတာလို့ဆိုတယ်။ (စကားမပြောရရင် မနေနိုင်တဲ့ ရပ်ကွက်ထဲက အဒေါ်ကြီးတွေလိုပေါ့…)စမ်းသပ်ချက်တွေအရတော့ ပစ္စည်းတွေနဲ့ စကားလုံးတွေကို တွဲဆက်မိတယ်လို့ ဆိုပါတယ်။ဥပမာ သော့ယူပေးလို့ပြောရင် သော့ဆိုတာ ဘာမှန်းသူတို့သိကြပါတယ်။Continue reading “ကြက်တူရွေးတွေက ဘယ်လိုကောင်တွေလဲ?”

“ငါထင်သားပဲ…” နှင့် ကြားချခြင်းများ

လူတွေ အသိအမြင်အသစ်တစ်ခုကို သိလိုက်ရတဲ့အခါ “အော်… ငါ အရင်က ထင်ခဲ့တာ လွဲခဲ့လေခြင်း” ဆိုပြီး မဖြစ်သွားကြဘူးလို့ဆိုတယ်။အဲ့ဒီလိုဖြစ်မယ့်အစား“ငါထင်သားပဲ၊ ဒီလိုဖြစ်တော့မယ်ဆိုတာ…”“ငါထင်တယ်၊ မန်ယူ ရှုံးတော့မယ်ဆိုတာ…”“ငါထင်တယ်၊ ဒီမင်းသားနဲ့ ဒီမင်းသမီး ကြိုက်နေကြတယ်ဆိုတာ…”“ငါထင်တယ်၊ ဒီနေ့ မိုးရွာတော့မယ်ဆိုတာ…” မျိုးတွေ ပြောကြတာများတယ်။ အရင်က တကယ်သိခဲ့တာလည်း မဟုတ်ဘဲ Outcome တစ်ခုခုကို သိမှ “ငါသိတာပေါ့…” ဆိုပြီး တကယ်သိသလိုလိုနဲ့ လုပ်တတ်ကြတယ်။(လိမ်တာလို့ ပြောချင်တာမဟုတ်ပါ၊ ဦးနှောက်က အဲ့ဒီလိုပဲ အလုပ်လုပ်တာပါ) အထူးသဖြင့် ဖြစ်တန်စွမ်း ဆတူရှိနေတဲ့ ကိစ္စတွေမှာပေါ့။ (လုံးဝမဖြစ်နိုင်ဘူးထင်ထားတဲ့ ကိစ္စတစ်ခုက ဖြစ်သွားတယ်ဆိုရင်တော့ ငါထင်ပါတယ်… မပြောကြပါဘူး) အောက်က စမ်းသပ်ချက်ကို ဖတ်ကြည့်ပြီး ကိုယ်သိပြီးသားလား၊ မသိရသေးဘူးလား စည်းစားကြည့်ပါ။အသက်ကြီးတဲ့သူတွေက College မှာပညာသင်ကြတဲ့အခါ ၁၈ နှစ်အရွယ်လူငယ်တွေထက် စာပိုလိုက်နိုင်တယ်။ ဘာလို့လဲဆိုတော့Continue reading ““ငါထင်သားပဲ…” နှင့် ကြားချခြင်းများ”

ဝမ်းကွဲမောင်နှမတွေ လက်ထပ်ရင် ဘယ်လို အကျိုးဆက်တွေရှိမလဲ?

ဒီခေါင်းစဉ်ကို ရေးရတာ ကြောက်တော့ ကြောက်ပါတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့ပဲ ရေးလိုက်ပါတယ်။ကျွန်တော်တို့တွေ တော်တော်များများကတော့ တစ်ဝမ်းကွဲအချင်းချင်းလက်ထပ်တာကို ဒါမျိုး မိမိလက်မခံ လို့ သတ်မှတ်ထားကြပါတယ်။ ဘာလို့လက်မခံရသလဲလို့ မေးလိုက်ရင် ကလေး ဂေါက်သီးလေးမွေးလာတတ်တယ်၊ ကလေးမှာ ရောဂါထူမယ် စသဖြင့် Science နဲ့ကိုင်ပေါက်ကြတဲ့လူရှိသလို အမျိုးချင်းယူရအောင် ခွေးတွေမို့လို့လား၊ ယူရမယ့်သူ အဲ့လောက်တောင်ရှားနေလား ဆိုပြီး Culture နဲ့ကိုင်ပေါက်ကြတာလည်း ရှိပါတယ်။ ဒီတော့ Culture သမားကို ခဏမေ့ထားလိုက်ပါမယ်။ (တိကျတဲ့ အချက်အလက်တွေ မပါဘဲ ပြောရတာ အဆင်မပြေလို့ပါ)Science နဲ့ ကိုင်ပေါက်တဲ့သူရဲ့ အကြောင်းပြချက်တွေက မှန်နေလားဆိုတာ Science နဲ့ပဲ ပြန်ချိန်ကိုက်ကြည့်ရအောင်…။ ရာဇဝင်ထဲမှာတော့ ဒီလိုလက်ထပ်ကြတာ မဆန်းပါဘူး။ဗုဒ္ဓတောင်မှ လူဝတ်ကြောင်ဘဝမှာ ဝမ်းကွဲနှမကို လက်ထပ်ခဲ့တာပဲ၊ ရာဟုလာလေး ရူးမသွားပါဘူး။ (ဒီလိုContinue reading “ဝမ်းကွဲမောင်နှမတွေ လက်ထပ်ရင် ဘယ်လို အကျိုးဆက်တွေရှိမလဲ?”

ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 2)

(Part 1 ကိုအရင်ဖတ်ပေးပါ) ဘုရားဟောနဲ့ပြန်ဆက်ပါမယ်။သတ္တဝါတို့သည် ရေပေါ်တွင်ပျံနှံ့နေသည့် မြေဆီကို စတင်စားသုံးကြ၏။ အရသာသည် အလွန်နှစ်သက်ဖွယ်ဖြစ်သဖြင့် တပ်မက်ခြင်းတဏှာသည် သူတို့သန္တာန်တွင် ဖြစ်ပေါ်လာ၏။ သူတို့စားသုံးသောအတိုင်းအတာပေါ်မူတည်ပြီး သူတို့ခန္ဓာကိုယ်များသည် အစိုင်အခဲဖြစ်လာကြပြီး ပုံသဏ္ဍာန်အမျိုးမျိုး၊ ရုပ်အဆင်းအမျိုးမျိုးကွဲပြားလာကြသည်။ ဤဖြစ်စဉ်သည်ရှည်လျားလှသော ကာလပတ်လုံး ဆက်လက်ဖြစ်ပေါ်နေ၏။ Science ဖက်က ပြောပါဦးမယ်။Eukaryote တွေပေါင်းမိကြပြီး ရေနေသတ္တဝါတွေဖြစ်လာပါတယ်။ရေနေသတ္တဝါဆိုလို့ ငါးတို့၊ ရေဘဝဲတို့ကို မမြင်ပါနဲ့။ အဆင့်မြင့်သတ္တဝါတွေ မဖြစ်လာသေးပါဘူး။ဒီသတ္တဝါလေးတွေဟာ ရေထဲကမြေကြီးတွေ၊ ကုန်းမြေအနီးကမြေကြီးတွေကို အာဟာရအတွက် စားသုံးကြပါတယ်။တချို့တွေဆို မြေကြီးထဲမှာ ပေါပေါများများရတဲ့ Calcium တွေကို သုံးပြီး သူ့ကိုစားမယ့် အခြားအကောင်တွေရန်က ကာကွယ်ဖို့ ခန္ဓာကိုယ်မှာ အကာအကွယ် အမာတစ်ခုဖြစ်လာပါတယ်။ ဒါက အရိုးတွေဖြစ်လာတာရဲ့အစပါ။ ဒီသတ္တဝါတွေဟာ အာဟာရအတွက် စားသုံးနေကြပြီဆိုတော့ “ငါ စားဖို့ ရှာရဦးမယ်” ဆိုတဲ့စိတ်မျိုးဖြစ်လာပါတယ်။ (တဏှာဆိုတဲ့Continue reading “ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 2)”

ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)

ဒီလိုမျိုးရေးလာတာ ၆ပုဒ်မြောက်ပါပြီ။ ဘာမှ ထွေထွေထူးထူး မပြောချင်တော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ မေတ္တာရပ်ခံချင်ပါတယ်။ ခုရေးတဲ့စာကို “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?” ရဲ့နောက်ဆက်တွဲ (Sequel) အဖြစ်လည်း မြင်ကြည့်လို့ရပါတယ်။အဲ့ဒီမှာ ရေးခဲ့တဲ့ ကမ္ဘာကြီးစဖြစ်လာပုံကိုတော့ ဒီမှာ ထပ်မရေးတော့ပါဘူး။ https://ouo.io/5pKaUS (ဖတ်ချင်တဲ့သူတွေအတွက်ပါ) ဘုရားက သက်ရှိတွေဘယ်လိုဖြစ်လာသလဲဆိုတာ ဟောခဲ့ဖူးပါတယ်။အဂ္ဂညသုတ်မှာ ကမ္ဘာမြေကြီး ပြောင်းလဲတိုးတက်လာသည့်အခါ အဆင့်တစ်ခုတွင် မှောင်မိုက်နေပြီး ရေဖုန်းလွှမ်းနေသည်။ထိုအချိန်က တည်ရှိခဲ့သော သတ္တဝါများသည် လိင်ကွဲပြားမှုမရှိသေးချေ လို့ဆိုပါတယ်။ Science မှာလည်း ကမ္ဘာကြီးရဲ့အစက လေထုထဲမှာ Carbon Dioxide, Methane, Ammonia တွေပါတယ်လို့ ဆိုတယ်။ Oxygen မရှိသေးပါဘူး။ အဲ့ဒီကာလမှာ နေရောင်တွေ တိုးမပေါက်ခဲ့ဘူး။ (မှောင်နေခဲ့တာပေါ့)အဲ့ဒီအချိန်မှာတော့ ရေတွေလည်း သမုဒ္ဒရာတစ်ခုစာဖြစ်နေပါပြီ။ လိင်ကွဲပြားမှုမရှိသေးတဲ့ သတ္တဝါဆိုလို့Continue reading “ဗုဒ္ဓဟောခဲ့တဲ့ သက်ရှိတွေအဆင့်ဆင့်ဖြစ်လာပုံနဲ့ Science က လက်ခံတဲ့ Evolution တူတူပဲလား? (Part 1)”

Design a site like this with WordPress.com
Get started