Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 2)

ကြို့ထိုးတာကို Burping reflex hypothesis နဲ့ ရှင်းကြတာ ပထမအပိုင်းမှာရေးပြီးပြီမို့ နောက်ထပ် နာမည်ကြီး hypothesis တခုအကြောင်းသွားရအောင်။ Evolution အရ ရေထဲကအကောင်တွေက ကုန်းပေါ်ကိုတက်လာရင်း ကုန်းနေရေနေသတ္တဝါ (Amphibians) တွေဖြစ်လာရပါတယ်။ အဲ့ဒီ Amphibians တွေမှာ ငါးတွေလိုပဲ gills လို့ခေါ်တဲ့ ပါးဟက်တွေပါပါတယ်။ Amphibians တွေက လေကိုရှူတဲ့အခါ အဲ့ဒီ ပါးဟက်နဲ့ ရှိုက်ရှိုက်ပြီး ရှူတဲ့အလေ့အထက လူသားတွေဖြစ်လာတဲ့အခါ ပါလာပြီး Hiccup ဖြစ်လာတာလို့ ယူဆကြပါတယ်။ Amphibians တွေပါးဟက်နဲ့ လေရှူတဲ့အခါ လေထုထဲမှာ Oxygen များများရှိရင် ပိုရှူပြီး လေထဲမှာ Carbon dioxide များလာရင်ရှူတာနည်းသွားတာကိုတွေ့ရပါတယ်။ တကယ်လဲ လူတွေကြို့ထိုးတာကို သက်သာအောင်လုပ်ချင်ရင် Carbon dioxide (5%) ရှူပေးရင်သက်သာတာတွေ့ရပါတယ်။Continue reading “Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 2)”

ဗုဒ္ဓက Physics မှာလက်ခံထားတဲ့ အခြေခံအမှုန်တွေ အကြောင်း ဟောခဲ့ဖူးလား?

ခု ရေးသားမယ့် ဘုရားအဟောများနှင့် တွက်ချက်မှုအချို့ကို ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ် ၁အုပ်မှ ကူးယူဖော်ပြထားတာဖြစ်ပါတယ်။အတွေးအမြင်တစ်ခုရသွားမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ရှင်းရှင်းထားပြီးဖတ်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဗုဒ္ဓက အခြေခံအမှုန်တွေကို ခွဲခြားရာမှာ Physics မှာလို ဂဏန်းတစ်ခုနဲ့ တန်းမပြောပါဘူး။ ခေါင်းက သန်းတစ်ကောင်ရဲ့အရွယ်ကနေ စံထားပြီး စပြောခဲ့ပါတယ်။တွက်ချက်ဖို့အတွက် သန်းတစ်ကောင်ကို ၁မီလီမီတာလို့ ယူပါတယ်။ ဦးခေါင်းက သန်းတစ်ကောင်ရဲ့ ၇ပုံ ၁ပုံဟာ လိက္ခာပိုးတစ်ကောင် (အရေပြားမှာ ယားနာဖြစ်စေတဲ့ပိုး)၁ မီလီမီတာ ÷ ၇ = ၀.၁၄၃ မီလီမီတာ လိက္ခာပိုးတစ်ကောင်ရဲ့ ၃၆ပုံ ၁ပုံဟာ ရထရေမြူ တစ်ခု (ဖုန်မှုန့် တစ်မှုန်ကို ပြောချင်တာပါ)၀.၁၄၃ မီလီမီတာ ÷ ၃၆ = ၀.၀၀၄ မီလီမီတာScience ကတော့ ဖုန်မှုန့်တစ်မှုန်ကို 5Continue reading “ဗုဒ္ဓက Physics မှာလက်ခံထားတဲ့ အခြေခံအမှုန်တွေ အကြောင်း ဟောခဲ့ဖူးလား?”

လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)

ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။ ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။(ဒါကြောင့် quote, unquote ထည့်ထားတာပါ) ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။ Hyperthymesia ဒီရောဂါရှိတဲ့သူတွေက ကိုယ်ဖတ်ဖူးသမျှ၊ ကြည့်ဖူးသမျှ၊ ကြုံဖူးသမျှ အရာတွေအကုန်လုံးကို အသေးစိတ်မှတ်မိနေတာပါ။သူတို့ဟာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုလုံးမှာ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြန်ပြောနိုင်ကြပါတယ်။ဒီရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ ၇ရက်သမီးဘဝက ပန်းရောင်စောင်လေးနဲ့ အိပ်ခဲ့ဖူးတယ်ဆိုတာထိပါ မှတ်မိနေတာပါ။သူဖတ်ဖူးတဲ့ Harry Potter စာအုပ်တွေထဲက စာကြောင်းတွေကို တစ်လုံးမကျန်ပြန်ရွတ်နိုင်ပါတယ်။ အားကျမစောပါနဲ့ဦး။ သူတို့ရဲ့ Superpower ကပဲContinue reading “လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)”

သင်ဟာ အားနာတတ်သူတစ်ယောက်လား?

လူတွေဟာ ကိုယ့်အပေါ်မှာ ကျေးဇူးရှိတယ်လို့ ခံစားရရင် တုံ့ပြန်ဖို့ဝန်မလေးကြဘူး။ကိုယ်တတ်နိုင်သလောက် ပြန်ပေးချင်၊ ကျွေးချင်ကြတယ်။ တခြားလူအပေါ်မှာ အားနာတတ်တယ်၊ ကျေးဇူးကြွေးတင်နေတယ်လို့ ခံစားရတာက လူတွေရဲ့ လူမှုရေးဘဝကို တိုးတက်စေတယ်လို့ ပညာရှင်တွေကဆိုတယ်။ပြောချင်တာက ကိုယ်က တစ်ခုပေးလိုက်လို့ ဆုံးရှုံးသွားတယ်ဆိုပြီး ယူဆလို့မရတော့ဘူး။ကျေးဇူးတုံ့ပြန်ခြင်းဆိုတဲ့ စိတ်အခံရှိကြတဲ့အတွက် ကိုယ်က သူ့အပေါ်မှာ ကျေးဇူးရှိသွားတဲ့ သဘောမျိုး သက်ရောက်သွားတယ်။ကိုယ်က နှောင်ကြိုးတွေမပါဘဲ ကူညီခဲ့ရင်တောင် ငါ့အပေါ်မှာ သူ့ ကျေးဇူးရှိတယ်ဆိုတဲ့အသိမျိုး တဖက်လူဆီမှာ ဝင်သွားစေတယ်။ ဒီသဘောကို မြင်သာအောင်ပြရရင် ခုချိန်မှာ တောင်ကိုရီးယားနိုင်ငံက မြန်မာနိုင်ငံကို သူတို့နိုင်သလောက်ကူညီပေးနေတာကို ပြရမှာပါ။တချိန်က သူတို့တွေ ဆန်ပြတ်လတ်နေတဲ့ကာလတစ်ခုမှာ ဝန်ကြီးချုပ်ဦးနုက ဆန်အိတ်တွေ ပို့ပေးခဲ့ဖူးတယ်လို့ ဆိုတယ်။ဒါဟာ ကျေးဇူးတုံ့ပြန်နည်းတစ်မျိုးလို့ တွက်လို့ရတယ်။ (ဒါက အကောင်းမြင်တဲ့အမြင်ပါ၊ အဆိုးမြင်ပြီးပြောရရင်တော့ အကျိုးလိုလို့ ညောင်ရေလောင်းနေတာပေါ့) ဒီလောက်နဲ့ မယုံနိုင်သေးရင် နောက်ဥပမာတစ်ခုပြပါမယ်။၁၉၈၀Continue reading “သင်ဟာ အားနာတတ်သူတစ်ယောက်လား?”

သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?

Facebook ပေါ်မှာ တစ်ခါက “တို့က သူများနဲ့မတူဘူး” ဆိုတာကို ဝိုင်း Share ကြ၊ Comment မှာလည်း ထောက်ခံကြဆိုတော့ Unique ဖြစ်တဲ့လူတွေ တော်တော်များပါလားလို့ ထင်လိုက်မိတယ်။Biology အရပြောမယ်ဆို လူတွေရဲ့ DNA က 99.9% တူတူပဲလို့ဆိုတယ်။ ကျန်ခဲ့ 0.1% ကြောင့် လူအမျိုးမျိုး၊ စိတ်အထွေထွေဖြစ်လာကြတာပါ။ပြီးတော့ လက်ဗွေရာ (Finger Print) ၊ သွား (Dental Record) တွေကလည်း အချင်းချင်း မတူညီဘဲ Unique ဖြစ်တယ်လို့ဆိုပါတယ်။ဒါဆို မျိုးရိုးဗီဇ (Genetic) အရတော့ လူတစ်ယောက်ချင်းဆီက ထူးခြားတယ်လို့ ဆိုရမှာပေါ့။ စိတ်တွေကရော တစ်ယောက်တစ်မျိုးပဲလား။ တစ်ယောက်နဲ့တစ်ယောက် တကယ်မတူကြဘူးလား။ ဒီအတွက် အကောင်းဆုံး ဥပမာကတော့ Apple ကွန်ပြူတာတွေ စျေးကွက်ထဲစရောက်ခါစကContinue reading “သင်ဟာ တကယ်ပဲ သူများနဲ့မတူဘူးလား?”

Design a site like this with WordPress.com
Get started