တစ်ခါတုန်းက ပြတိုက်တစ်ခုကို လူတစ်ယောက်ဟာ သူပိုင်တဲ့ ရုပ်ထုတစ်ခုကိုရောင်းဖို့ ချဉ်းကပ်ခဲ့တယ်။ ရုက်ထုက ဘီစီ ၆၀၀ ကျော်လောက်ကဆိုတော့ တော်တော်ကြာပြီဆိုပါတော့။ တောင်းစျေးက ဒေါ်လာ ၁၀ သန်းလောက်ရှိတယ်။ ပြတိုက်က အသေးစားဆိုတော့ ဒီလူဟာ လူလိမ်ဖြစ်နေမှာကြောက်တယ်။ အဲ့တော့ စုံစမ်းရေးအရင်စလိုက်တယ်။ ပြတိုက်က မေးတဲ့မေးခွန်းတွေမေးတာပေါ့။ ဒါ့အပြင် တကယ်ပဲ ဘီစီ ၆၀၀ က ရုပ်ထုလားဆိုတာ သိဖို့ သိပ္ပံနည်းပညာကို သုံးပြီးစစ်ဆေးတယ်။ အဖြေကတော့ ရုပ်ထုက သက်တမ်း တော်တော်ကြာနေပြီဆိုတာပါ။ စုံစမ်းစစ်ဆေးမှု ၁၄လ ပြုလုပ်ပြီးတဲ့အခါမှာ ပြတိုက်က ရုပ်ထုကိုဝယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ပြီးတော့ ပြတိုက်တွေရဲ့ထုံးစံအတိုင်း ပြစားတာပေါ့။ သတင်းစာတွေထဲတောင် သတင်းတွေပါလိုက်သေးတယ်။ ဒါပေမယ့် ပြတိုက်က ပညာရှင်တစ်ယောက်ဟာ ဒီရုပ်ထုအစစ်ဆိုတာကို မယုံဘူး။ ရုပ်ထုရဲ့လက်သည်းကိုကြည့်ပြီး သူ့စိတ်ထဲမှာ တမျိုးဖြစ်နေတယ်။Continue reading “Gut Feeling တွေဟာ လက်တွေ့မှာ မှန်ကန်နေနိုင်လား?”
Category Archives: SAGAN
Detox လုပ်တာဟာ တကယ်ပဲ အသုံးဝင်လား?
မနေ့က Facebook ပွတ်ရင်းနဲ့ Detox လုပ်ဖို့ လိုကြောင်း ပြောနေကြတာတွေ့လိုက်လို့ ဒီစာကို ရေးဖို့အကြံရသွားတာပါ။ Detox က မြန်မာပြည်မှာ ခေတ်မစားဘူးလို့ ထင်ခဲ့ပေမယ့် ရှာကြည့်လိုက်တော့မှ တော်တော်များများရှိနေပါလားဆိုတာ သိလိုက်ရပါတယ်။ အဲ့တော့ Detox လုပ်တဲ့ဖျော်ရည်တွေ၊ ကပ်ခွာတွေ၊ ခြေထောက်စိမ်တဲ့ဟာတွေက ထိရောက်လားဆိုတာ ပြောပြချင်ပါတယ်။ Detox Foot Baths အကြောင်းပထမဦးဆုံး ပြောပြချင်ပါတယ်။ အောက်ကပုံကိုကြည့်ပါ။ ဒီပုံအရ လုပ်ပြီး (After) ရေဟာ မလုပ်ခင် (Before) ရေထက် သိသိသာသာ မဲလာတာကို တွေ့ရမှာပါ။ ဒီတော့ တကယ်ပဲ ခန္ဓာကိုယ်က အဆိပ်တွေ (Toxin) ထွက်သွားတာလို့ ထင်စရာရှိပါတယ်။ Detox ကိုညွှန်းထားတဲ့ Interview တစ်ခုကို ပြောပြချင်ပါတယ်။ “ပထမဦးဆုံး စလုပ်တဲ့နေ့ကဆိုရင် ရေကContinue reading “Detox လုပ်တာဟာ တကယ်ပဲ အသုံးဝင်လား?”
ဟော်မုန်းနဲ့ စိတ်ခံစားချက်၊ အပြုအမူ ဆက်နွယ်ပုံ
လူတွေရဲ့စိတ်ခံစားချက်တွေဟာ ဟော်မုန်းတွေနဲ့ ဆက်နွယ်မှုရှိကြောင်း ကြားဖူးကြမယ်ထင်ပါတယ်။ အခုပြောချင်တာက စိတ်ခံစားချက်တွေအတွက် အရေးပါတဲ့ဟော်မုန်းတွေ အကြောင်းပါ။ ဒါတွေကို မပြောခင်ဦးနှောက်က Information တွေကို ဘယ်လိုသယ်ဆောင်လဲဆိုတာ အရင်ပြောချင်ပါတယ်။ လျှပ်စီးကြောင်းတွေနဲ့ သယ်တာကိုတော့ သိကြမှာပါ။ အာရုံကြောတွေနေတစ်ဆင့် လျှပ်စီးကြောင်းတွေက စီးဆင်းကြပါတယ်။ သူတို့တစ်ခုနဲ့တစ်ခုကြားမှာ Synapse တွေနဲ့ ဆက်ထားပါတယ်။ မြင်အောင်ပြောရရင် ဟိုအရင်ခေတ်က မြင်းတစ်စီးနဲ့ အပြေးအလွှားသတင်းပို့ကြသလိုပါပဲ။ ဒါပေမယ့် တစ်နေရာအရောက်မှာ တံတားတစ်ခုက ပျက်စီးနေပါတယ်။ ဒီတော့ ဟိုဘက်ကမ်းကို ဒီ Message ရောက်အောင်ပို့ဖို့ စဉ်းစားရပြီပေါ့။ အဲ့ဒီအခါ မြားမှာ Message ကိုချိတ်ဆွဲလိုက်ပြီး တဖက်ကမ်းကို လှမ်းပစ်တယ်ဆိုပါစို့။ ဒါကို ဦးနှောက်နဲ့ပြန်ချိတ်ရရင် အာရုံကြောတွေဟာ လမ်းမတွေပါပဲ။ တံတားပျက်ကြီးက Synapse ပါ။ Message ကိုသယ်သွားပေးတဲ့ မြားကတော့ NeurotransmitterContinue reading “ဟော်မုန်းနဲ့ စိတ်ခံစားချက်၊ အပြုအမူ ဆက်နွယ်ပုံ”
လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ
ဟိုတလောက Messenger ကနေ လွတ်တဲ့ငါးကြီးနေရခြင်းအကြောင်းကို စိတ်ပညာအရရှင်းပြဖို့ လာပြောပါတယ်။ အရင်ကလည်း အဲ့ဒီအကြောင်း နည်းနည်းရေးခဲ့ဖူးပေမယ့် ဘယ်မှာရေးခဲ့လဲမမှတ်မိတော့ပါဘူး။ ဒါကြောင့် သီးသန့်တစ်ပုဒ်ထပ်ရေးလိုက်ပါတယ်။ တခါတုန်းက ဘောလုံးပွဲတစ်ခုကို ကြည့်ဖို့လက်မှတ်တွေ ရောင်းပါတယ်။ ကံစမ်းမဲလိုလုပ်ပြီး ပေါက်တဲ့လူက ဝယ်ခွင့်ရတာပါ။ ဒီတော့ ကံကောင်းတဲ့သူက လက်မှတ်ရပြီး ကံသိပ်မကောင်းတဲ့သူက ဘောလုံးပွဲမကြည့်ရတော့ဘူးပေါ့။ပညာရှင်တွေက လက်မှတ်မဲပေါက်တဲ့သူတွေ သူတို့လက်မှတ်ကို ဘယ်လောက်တန်ဖိုးထားလဲဆိုတာ သိချင်တော့ စမ်းသပ်ကြည့်ကြပါတယ်။ ဖုန်းလှမ်းဆက်ပြီး စကားပြောကြည့်တာပါ။ “မင်းရဲ့လက်မှတ်ကို ပြန်ရောင်းချင်ရင် ရောင်းလို့ရတယ်။ အနည်းဆုံးဘယ်လောက်နဲ့ ရောင်းနိုင်မလဲ” လို့ မေးပါတယ်။ လက်မှတ်ရှင်က “အနည်းဆုံးစျေးဆိုတာ မရှိဘူး” ဆိုပြီး ပြန်ပြောပါတယ်။လူတိုင်းမှာ စျေးနှုန်းတစ်ခုတော့ ရှိပါတယ်လို့ ပြောတော့မှ သူက ဒေါ်လာ ၃၀၀၀ ဆိုပြီး ပြန်ပြောပါတယ်။ လက်မှတ်က ရွှေထွက်နေတာမဟုတ်တော့ အဲ့ဒီစျေးက တော်တော်များပါတယ်။Continue reading “လွတ်တဲ့ငါးကကြီးနေတယ်လို့ ထင်ရခြင်းနောက်ကွယ်က စိတ်ပညာ”
Friendly AI ဆိုတာ လက်တွေ့မှာဖြစ်နိုင်လား?
AI အကြောင်းရေးလာတာ ၂ပုဒ်ရှိပါပြီ။ အဲ့ဒီ ၂ပုဒ်မှာ လူတွေအနေနဲ့ AI ကိုမယှဉ်နိုင်ကြောင်း ပြောခဲ့ပါတယ်။ AI တွေရဲ့ ရည်ရွယ်ချက်ကဘာဖြစ်မလဲ၊ သူတို့ဘယ်လိုတွေးနေမလဲ၊ လူတွေအပေါ်ဆိုးဝါးတဲ့ကိစ္စတွေပဲ ဖြစ်စေမလား ဆိုတာတွေကို ရေးခဲ့ပါတယ်။ Artificial Intelligence (AI) နဲ့လူတွေ သဟဇာတဖြစ်နိုင်လား?https://ouo.io/8MkZSqR လူတွေဟာ AI တွေနဲ့ ယှဉ်ပြိုင်နိုင်မလား?https://ouo.io/hlSUvy အဲ့လိုအဖြစ်ဆိုးတွေကို ရှောင်ရှားနိုင်အောင် ပညာရှင်တွေက Friendly AI ကိုတီထွင်ကြမယ်ဆိုပြီး ပြောလာပါတယ်။ အခု ပြောမယ့်အကြောင်းတွေဟာ ပညာရှင်တစ်ယောက်ကို စာရေးဆရာတစ်ယောက်က သွားမေးထားတဲ့ အမေးအဖြေတွေပါ။ စိတ်ဝင်စားစရာ ကောင်းလို့ ရေးလိုက်ပါတယ်။ ပညာရှင်က “ကျွန်တော့ရဲ့ဖုန်းနံပါတ်ဂဏန်း ၁၀ လုံးရှိပေမယ့် ၉လုံးပဲ မှန်အောင် နှိပ်တဲ့အခါ ကျွန်တော့ဆီကို ဖုန်းဝင်လာမှာမဟုတ်ပါဘူး။ ကျွန်တော်နဲ့ ၁ဝပုံ ၉ပုံ တူတဲ့လူဆီလည်းContinue reading “Friendly AI ဆိုတာ လက်တွေ့မှာဖြစ်နိုင်လား?”