နိဒါန်းတွေသိပ်ပြောမနေတော့ဘဲ ရေးလိုက်ပါတယ်။ သပိတ်လွယ်ငှက် (Robin) အထီးတွေဟာ သူတို့ပိုင်နက်ထဲကို တခြားအထီးတစ်ကောင်ဝင်လာရင် ကြမ်းကြမ်းတမ်းတမ်းတုံ့ပြန်ကြတယ်။ဝင်လာတဲ့အထီးရဲ့ ရင်ဘတ်ကအမွှေးအရောင်က တိုက်ခိုက်ရမယ်လို့ သိစေတာပါ။ (လိမ္မော်ရောင် ရင်ဘတ်မွှေးမြင်လိုက်ရုံနဲ့ Triggered ဖြစ်ပြီး ဒေါသူပုန်ထတာပေါ့…) ဒီတော့ ပညာရှင်တွေက သူ့ကို ရင်ဘတ်အမွှေးပဲ သွားပြလိုက်တယ်။ အကောင်အထည်မရှိပေမယ့် အဲ့ဒီအမွှေးကို တိုက်ခိုက်တာပဲ။ဒါနဲ့တမျိုးပြောင်းစမ်းကြပြန်တယ်။အမွှေးလိမ္မော်ရောင်မဟုတ်တဲ့ Robin ငှက်ပုံစံအရုပ်လေးကို သွားချပေးထားရင်တော့ ဘာမှမလုပ်ဘူး။ဒီအမွှေးကိုမြင်ရင် သူ ဒေါသထွက်တာသေချာသွားတယ်။ တိရစ္ဆာန်တွေမှာ အလိုအလျောက်တုံ့ပြန်မှု (Reflex) တွေရှိကြတယ်။သူတို့ဦးနှောက်ကသေးတော့ လူတွေလို အသေးစိတ်မစဉ်းစားနိုင်ဘဲ ဒါမြင်ရင် ဒါလုပ်၊ ဟိုဟာမြင်ရင် ဒါမလုပ်နဲ့ ဆိုတာမျိုး Instruction သီးသန့်ရှိကြတယ်။ရှေ့မှာ ရေးခဲ့ဖူးသလိုပဲ အန္တရာယ်ကြုံလာရင် တိရစ္ဆာန်တွေက ပြေးမလား၊ ပြန်ချမလား (Fight or flight) ရွေးကြပေမယ့် လူတွေကတော့ ဒီ ၂ခုထဲကတင်မဟုတ်ဘဲContinue reading “ကိုယ့်ကို ဘယ်အရာက Trigger ဖြစ်စေလဲ?”
Category Archives: SAGAN
ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?
ဗုဒ္ဓရဲ့တရားတွေနဲ့ Science အကြောင်းရေးလာတာ ၄ပိုင်းရှိပါပြီ။ဒါကြောင့် ထွေထွေထူးထူး နိဒါန်းချီမနေတော့ပါဘူး။ စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးဖို့ပဲ ပြောချင်ပါတယ်။ ဗုဒ္ဓက ကမ္ဘာမြေတည်နေပုံကို ဟောခဲ့ပါတယ်။“မြေထုနှင့်ရေထုကို လေထုကြီးက ပင့်မ သယ်ဆောင်ထားသည်။ ဤလေထုကြီး၏အောက်တွင် အဆုံးအပိုင်းအခြားမရှိသော ကောင်းကင်ကြီးတည်ရှိသည်။ဤကမ္ဘာသည် အထက်ကောင်းကင်၊ အောက်ကောင်းကင် ၂ခုအကြားတွင် တည်ရှိနေသည်။ လေထုကသယ်ဆောင်ထားသောကြောင့် လေ၏သဘာဝအတိုင်း ရွေ့လျားမှုရှိနေမည်။လ စသော အခြားဂြိုလ်များကဲ့သို့ အာကာသတွင်းမှာ တွဲလွဲတည်ရှိနေသည်။ ဤကမ္ဘာမြေအောက်တွင် မီးဟုန်းဟုန်းတောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူပွက်နေသော ရေများ ရှိသည်။” Science နဲ့မချိတ်ခင် ဒီစာကို အရင်ရှင်းရမှာပါ။မြေထုနှင့်ရေထုကို လေထုက ပင့်ထားတယ်ဆိုတာ ဘယ်လိုကြီးလဲလို့ မေးစရာရှိပါတယ်။ တကယ်ဆို ပြောင်းပြန်ဖြစ်သင့်တာမဟုတ်ဘူးလား။ လေထုရဲ့အောက်မှာ အဆုံးမရှိတဲ့ကောင်းကင်ကြီး ရှိတယ်လို့ဆိုပါသေးတယ်။ ဒါကတော့ အာကသ (Space) ကိုပြောချင်တာပါ။ဒီတော့ ဒီစာကိုမြင်ကြည့်ရရင် မြေထုနဲ့ရေထု၊ သူ့အောက်ကContinue reading “ဗုဒ္ဓဟောခဲ့တဲ့ ကမ္ဘာနဲ့ Science ကပြောတဲ့ကမ္ဘာတူလား?”
စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?
ကျွန်တော်တို့လေ့လာနိုင်တဲ့ စကြဝဠာကြီး (Observable Universe) က အလင်းနှစ် ၉၃ billion တောင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ နဂါးငွေ့တန်းဂလက်ဆီ (Milky Way Galaxy) လိုမျိုး ကြယ်စုကြီးတွေသည် စကြဝဠာတစ်ခုလုံးမှာ ၁၀၀ billion လောက်ရှိတယ်လို့ဆိုပါတယ်။ဒီတော့ ဂြိုလ်တွေလည်း အရမ်းကိုပေါတာပေါ့။ Trillion နဲ့ချီပြီးတော့ကို ရှိတယ်လို့ဆိုပါတယ်။သက်ရှိတွေသာတကယ်ရှိမယ်ဆိုရင် ခုချိန်မှာ ကျွန်တော်တို့တွေ သူတို့ကို တွေ့မနေရသင့်ဘူးလား။ စကြဝဠာတစ်ခုလုံးကို ပြောဖို့ကခက်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ Milky Way Galaxy ထဲမှာပဲ ပြောကြတာပေါ့။ဒီထဲမှာ ကြယ်ပေါင်း ၄၀၀ billion လောက်ရှိတယ်လို့ဆိုတယ်။ အဲ့ဒီအထဲမှာမှ ကျွန်တော်တို့ရဲ့နေလိုမျိုး ကြယ်ပေါင်း ၂၀ billion လောက်ရှိတယ်။ ဒီကြယ်တွေရဲ့ ၅ပုံ၁ပုံမှာ ကမ္ဘာအရွယ်အစားရှိတဲ့၊ အသက်ရှင်ဖို့ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ဂြိုလ်တွေပတ်လည် ဝိုင်းနေတယ်။ ဒီထဲကContinue reading “စကြဝဠာက အကျယ်ကြီးဆိုရင် ဂြိုလ်သားတွေဘယ်မှာလဲ?”
ခံစားချက်များကို ကြိုးကိုင်ခြင်း
COVID-19 မြန်မာပြည်မှာဖြစ်တဲ့အခါ Lockdown ချဖို့သတင်းသဲ့သဲ့ကြားတော့ လူတွေ Market တွေကိုသွားပြီး ပစ္စည်းတွေရသလောက် ပြေးဝယ်ကြတာမှတ်မိဦးမှာပါ။City Mart ထဲဝင်ဖို့ လူတန်းရှည်ကြီးစောင့်ရတာ ကျွန်တော့အနေနဲ့ ဘဝမှာ ပထမဆုံးကြုံဖူးတာပဲ။အဲ့ဒီလို မဝယ်ဖို့တားလည်း မရပါဘူး။ Facebook ပေါ်မှာ အကြောက်တရားက အရမ်းကြီးသွားပြီကို…။ ၁၉၈၃ ခုနှစ်တုန်းက ပါလစ္စတိုင်းကောင်မလေးတစ်ယောက် စာသင်ခန်းထဲမှာ ချောင်းတွေဆိုး၊ အသက်ရှုတွေကြပ်ဖြစ်လာတယ်။အတန်းထဲကလူတွေလည်း သိပ်မကြာဘူး၊ သူ့လိုရောဂါလက္ခဏာတွေပြလာတယ်။စုစုပေါင်း လူ ၉၀၀ ကျော် ဒီလိုလက္ခဏာတွေပြလာခဲ့တယ်။ အဲ့ဒီအထဲမှာ အစ္စရေးစစ်သားတွေလည်းပါလာတယ်။ဒီလိုနဲ့ ပါလစ္စတိုင်းတွေက အစ္စရေးတွေကို Chemical လက်နက်သုံးတယ်လို့ စွတ်စွဲတယ်၊ အစ္စရေးကလည်း လံကြုတ်တွေဆိုပြီး ပြန်ပြောတယ်။တကယ်လည်း စစ်ဆေးကြည့်လိုက်ရော ဘာရောဂါမှ ရှိမနေကြဘူး။လက္ခဏာတွေက Psychosomatic လို့ဆိုတယ်။ စိတ်ကြောင့် ဖြစ်လာတာပေါ့။ ဒါကို Mass Hysteria လို့လည်း ခေါ်ကြတယ်။Continue reading “ခံစားချက်များကို ကြိုးကိုင်ခြင်း”
ဗုဒ္ဓရဲ့အနန္တစကြဝဠာဆိုတာ Physics မှာတကယ်ရှိလား?
ဒီလိုခေါင်းစဉ်မျိုးရေးရင် ဖတ်တဲ့သူများတဲ့အတွက် နောက်တစ်ပုဒ်ထပ်ရေးလိုက်တာပါ။စိတ်ရှင်းရှင်းထားပြီး ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့ မျှော်လင့်ပါတယ်။ ဗုဒ္ဓက “တပည့်တို့… ဤငါတို့ မဟာလောကဓာတ်အပြင် တစ်ဆူတစ်ဆူသော၊ တစ်ပါးသောဘုရားတို့၏ ပိုင်ဆိုင်ရာ၊ အုပ်စိုးရာ၊ အာဏာနှံ့ရာ တိုင်းနိုင်ငံကြီးတွေဖြစ်သော မဟာလောကဓာတ်ကြီးတွေသည်ကား အရပ်ရှစ်မျက်နှာတို့၌ အင်္သေချေအနန္တများပြားစွာရှိကုန်၏။ လောကဓာတ်အဆုံးမရှိ။ ဤအဆုံးမရှိများပြားသော မဟာလောကဓာတ်တွေ အကုန်လုံးကိုကား အနန္တလောကဓာတ်ဟု မှတ်ရမည်” လို့ ဟောကြားခဲ့ပါတယ်။ (ခပ်တိုတိုပြောရရင် စကြဝဠာအနန္တရှိတယ်လို့ ဆိုလိုချင်တာပါ) Physics မှာလည်း ဒီလိုအယူအဆရှိပါတယ်။သီအိုရီအရ စကြဝဠာအမျိုးအစားတွေကို ခွဲခြားထားပါတယ်။Cosmologist Max Tegmark က စကြာဝဠာ Level ၄ခု ရှိတယ်လို့ ဆိုပါတယ်။ Level 1: An Extension of our universeဒီစကြဝဠာတွေဟာ ကျွန်တော်တို့ရှိနေတဲ့စကြဝဠာနဲ့ ဆက်နွယ်နေပါတယ်။ဒါကြောင့် Physical Law တွေ၊Continue reading “ဗုဒ္ဓရဲ့အနန္တစကြဝဠာဆိုတာ Physics မှာတကယ်ရှိလား?”