ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မင်းသား၊ မင်းသမီးတွေက ခန္ဓာကိုယ်တွေ အရမ်းလှကြတော့ ကြည့်တဲ့သူတွေလည်း သူတို့လိုဖြစ်ချင်ကြတာ မဆန်းပါဘူး။ခုခေတ်မှာ လူငယ်တိုင်းရဲ့စိတ်ထဲမှာတော့ ငါဝနေပြီလား၊ အစားလျော့ရမလား၊ လေ့ကျင့်ခန်းလုပ်ရမလား စသဖြင့် အတွေးကိုယ်စီနဲ့ ရှိကြပါတယ်။တစ်ချို့ကျတော့လည်း ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပိုင်တယ်၊ ဝချင်ဝမယ်၊ ပိန်ချင်ပိန်မယ် ဆိုပြီး ပြောကြပါတယ်။ (ဒါဟာ လူတိုင်းလက်ခံသင့်တဲ့ အမြင်တစ်ခုပါ) ခုရေးမယ့်စာက ခန္ဓာကိုယ်ကို ကိုယ်လိုချင်တဲ့ပုံစံတစ်ခုဆီ သွားချင်တဲ့သူတွေအတွက်ပါ။ (ရှင်းရှင်းပြောရရင် ပိန်ချင်တဲ့သူတွေအတွက်ပါ)ဒီစာကိုဖတ်ပြီးရင် Idea တစ်ခုရသွားလိမ့်မယ်လို့ထင်ပါတယ်။(ကျွန်တော်လည်း ဒီ Idea ကိုသေချာနားမလည်ခဲ့လို့ တိုင်ပတ်ခဲ့ဖူးပါတယ်) လူတော်တော်များများက အချိန်သိပ်မပေးရဘဲ ခပ်မြန်မြန်နဲ့ အကျိုးရလာဒ်တစ်ခုကို လိုချင်ကြတာများပါတယ်။ဒါကြောင့်လည်း Youtube မှာကြည့်လိုက်ရင် ၁ပတ်အတွင်း ၁၀ ပေါင်ကျနည်းတို့၊ ၁လအတွင်း 6 pack ထွက်နည်းတို့ကို တွေ့နေရတာဖြစ်တယ်။ဒါက လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် လှုပ်ရှားမှုလုပ်ဖို့ တွန်းအားပေးပါသေးတယ်။ဒီထက်ပိုဆိုးတာကContinue reading “ကိုယ်အလေးချိန် မြန်မြန်ကျတာကောင်းလား? လေ့ကျင့်ခန်းလုပ်ပြီး စားချင်တာစားလို့ရလား?”
Category Archives: SAGAN
ဂြိုလ်သားများ (Aliens) နှင့် စကားပြောခြင်း
ခေါင်းစဉ်ကြီးက အဓိပ္ပါယ်မရှိဘူးလို့မထင်ကြပါနဲ့။ဂြိုလ်သားတွေဆိုတာ တကယ်ရှိမရှိမသိသေးဘဲနဲ့ “စကားပြောခြင်းလို့” တပ်ထားတော့ အဆင့်တွေကျော်ကုန်ပြီလားလို့ မေးစရာရှိမှာပေါ့။ဒါပေမယ့် ရှိမရှိမသေချာတဲ့ဂြိုလ်သားတွေနဲ့ လူတွေက ဆက်သွယ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ စကားပြောတယ်ဆိုလို့ မျက်နှာချင်းဆိုင်တွေ့တယ်၊ အသံချင်းဆက်သွယ်တယ်လို့တော့ မထင်စေချင်ပါဘူး။သိပ်မရှည်နေချင်တော့ပါဘူး။ ကျွန်တော်အခုပြောချင်တာက Voyager Spacecraft ပေါ်က လူသားတွေရဲ့ Message တွေအကြောင်းပါ။ (ဒီမတိုင်ခင်ကလည်း အခြား Spacecraft တွေပေါ်မှာ Message တွေထည့်ပြီး ပို့ခဲ့ဖူးပါတယ်) Message တွေအကြောင်းကိုမပြောခင် ဂြိုလ်သားဆိုတာ ဘာလဲအရင်ပြောမှရမယ်။ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ Alien ဆိုတာ ခေါင်းတစ်လုံး၊ မျက်စိနှစ်လုံး၊ လက်နှစ်ချောင်း၊ ခြေနှစ်ချောင်းရှိမှာပဲလို့ ထင်တတ်တယ်။ဒါက လူရဲ့အတွေးကို…။မြင်းတစ်ကောင်ကတွေးရင်တော့ ဂြိုလ်သားဆိုတာ ခြေလေးချောင်း၊ အမြီးတစ်ချောင်းနဲ့ သန်သန်မာမာရှိတဲ့အကောင်ကြီးလို့မြင်မှာပေါ့။ကိုယ်နဲ့နှိုင်းပြီးတွေးကြတာကို ပြောချင်တာပါ။ ဂြိုလ်သားတွေဘယ်လိုပုံစံရှိမလဲဆိုတာ မသိနိုင်သလို သူတို့မှာ လူတွေလို အာရုံငါးပါးခံစားနိုင်လားဆိုတာလည်း မသေချာပါဘူး။အာရုံငါးပါးမက ခံစားချင်ခံစားနေနိုင်မယ်၊ လူတွေမမြင်နိုင်တဲ့Continue reading “ဂြိုလ်သားများ (Aliens) နှင့် စကားပြောခြင်း”
ငှက်ဖျားကြောင့် တောထဲမှာ အသက်မဆုံးရှုံးရစေဖို့
ကျွန်တော်တို့အားလုံး လောလောလတ်လတ် ဆုံးရှုံးမှုကြီးတခုကြောင့် ဝမ်းနည်းနေကြရမှာပါ။ဒီလို နောက်ထပ်အသက်တွေထပ်မဆုံးရှုံးရအောင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ။ငှက်ဖျားရောဂါက အခန့်မသင့်ရင် သေစေတတ်တယ်ဆိုတာသိရုံနဲ့ မပြီးပါ။ဘယ်လို ကာကွယ်ကုသရမလဲဆိုတာ အားလုံးသိရအောင် အခုပဲ ရှင်းပြပေးလိုက်ပါတယ်။တောထဲတောင်ထဲသွားမယ့်လူတွေက ဒီအချက်တွေ သိကိုသိသင့်ပါတယ်။ အရင်ဆုံး ငှက်ဖျားပေါတဲ့နေရာတွေကို အောက်ကမြေပုံမှာ ကြည့်ပါ။ အနီရင့်ရောင်က ငှက်ဖျားအပေါဆုံးဒေသတွေပါ။ ပြောရရင် မြန်မာနိုင်ငံမှာ ငှက်ဖျားက ရန်ကုန်နဲ့ မန္တလေးကလွဲလို့ နေရာတိုင်းမှာ အချိန်ရာသီမရွေး ရှိနေနိုင်ပါတယ်။ အဆိုးဆုံးက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတွေပဲ ဖြစ်တယ်။ ငှက်ဖျားရောဂါသယ်ဆောင်ထားတဲ့ ခြင်က အနော်ဖလိ (Anopheles) ခြင်ပါ။ခြင်ကိုက်လို့ဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားရမယ်။အထူးသဖြင့် အထူးသဖြင့် နေဝင်ချိန်ကစပြီး နံနက်စောစော အထိကိုက်တတ်တာမို့ အင်္ကျီရှည် ဘောင်းဘီရှည်ကို အချိန်တိုင်းဝတ်ထားရမယ်။ညအိပ်ရင် ခြင်ထောင်သေချာထောင်အိပ်ရမယ်။ခြင်မကိုက်ဆေးရည် (mosquito repellent)Continue reading “ငှက်ဖျားကြောင့် တောထဲမှာ အသက်မဆုံးရှုံးရစေဖို့”
Vitamins တွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်သင့်လား? (Vitamins Overview)
ကျွန်တော်တို့ ငယ်ငယ်ကတည်းက Vitamin ဆိုတာဘာမှန်းမသိဘဲနဲ့ သကြားလုံးလို ဆေးခဲမျိုးတွေကို သောက်ခဲ့ကြတယ်။လူကြီးတွေကလည်း ကလေးဉာဏ်ပိုကောင်းမယ်၊ အရပ်ပိုရှည်မယ်ဆိုပြီး တိုက်ကြတယ်၊ ကလေးတွေကလည်း ချိုလည်းချို၊ မွှေးလည်းမွှေးဆိုတော့ ကြိုက်ကြတယ်။Vitamin တွေကို အမြဲသောက်ပေးနေဖို့လိုအပ်လားဆိုတာ ပြောပြချင်ပါတယ်။ Vitamin ဆိုတာ Micronutrient ထဲမှာ ပါပါတယ်။ခန္ဓာကိုယ်အတွက် တစ်နေ့ကို နည်းနည်းပဲလိုတာလို့ ပြောချင်တာပါ။ကျွန်တော်တို့ သိတဲ့ ကစီဓာတ်၊ အစားဓာတ်နဲ့ အဆီဓာတ်တွေကိုတော့ Macronutrient လို့ခေါ်ပါတယ်။ တစ်နေ့ကို များများလိုအပ်လို့ပါ။ တစ်နေ့တစ်နေ့စားသောက်တဲ့အခါမှာ စွမ်းအင် (Calories) ရစေတာက Macronutrients တွေပါ။ Vitamin တွေက စွမ်းအင်ရစေတဲ့အထဲမှာမပါပါဘူး။ ဒါဆို အသက်ရှင်ဖို့ Vitamin ကို မလိုအပ်ဘူးလားလို့ မေးစရာရှိတယ်။Vitamin ကို ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ Vitamin တွေကို ၂မျိုးခွဲခြားထားပါတယ်။ရေမှာပျော်ဝင်တဲ့Continue reading “Vitamins တွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်သင့်လား? (Vitamins Overview)”
အချိန်ခရီးသွားဖို့ ဖြစ်နိုင်လား?
ဇာတ်လမ်းတွေ၊ စာအုပ်တွေထဲမှာတော့ အချိန်ခရီးသွားခြင်း (Time Travel) ဆိုတာ မမြင်ချင်မှအဆုံးပါပဲ။Science ကိုစိတ်မဝင်စားတဲ့သူတွေတောင် အချိန်ခရီးသွားတယ်ဆိုတာ ဘာလဲ သိနေကြပါပြီ။ဒါပေမယ့် ဇာတ်လမ်းတွေတော်တော်များများရဲ့ အချိန်ခရီးသွားတာကိုပြပုံဟာ Physics မှာလက်ခံထားတာနဲ့ တော်တော်ကြီးကို ကွဲလွဲနေတာတွေ ရှိပါတယ်။Physics မှာ အချိန်ခရီးသွားတာကို ဘယ်လိုပြောလဲ ဆက်ပြီးဖတ်ပေးပါဦး။ အနာဂတ်ကို အချိန်ခရီးသွားတာနဲ့ အရင်စဖွင့်လိုက်ချင်ပါတယ်။ဒါက တကယ်ဖြစ်နိုင်ပါတယ်။ သက်သေလည်း အခါခါပြပြီးပါပြီ။ဥပမာကိုတော့ Interstellar ဇာတ်လမ်းနဲ့ပဲပြရမှာပါ။ သူတို့အဖွဲ့ Satellite ပေါ်ကနေ Planet တစ်ခုပေါ်ရောက်သွားတဲ့အခါ အဲ့ဒီ Planet ရဲ့ Gravity က ကမ္ဘာထက် 30% ပိုများပါတယ်။ဒီ Planet က အလင်းအလျှင်ရဲ့ 55% နဲ့ Supermassive Black Hole (အလွန်ကြီးမားသော တွင်းနက်) တစ်ခုကို ပတ်နေပါတယ်။အဲ့ဒီတွင်းနက်ကြီးကContinue reading “အချိန်ခရီးသွားဖို့ ဖြစ်နိုင်လား?”