ပန်းလေးတွေကိုကြည့်ပြီး လှလိုက်တာလို့ တွေးမိဖူးမှာပါ။သူတို့ကို ဒီလျှို့ဝှက်ချက်နဲ့ အလှဆင်ထားပါတယ်။ခုပြောချင်တာကတော့ Fibonacci Sequence အကြောင်းပါ။ ဒီအကြောင်းကို စသိခဲ့တာက India က သင်္ချာပညာရှင်တွေဖြစ်ပါတယ်။ ဒါပေမယ့် အီတလီလူမျိုး Leonardo Fibonacci က ဒီအကြောင်းကို စတွေ့တယ်လို့ လွဲမှားယူဆကြပြီး Fibonacci Sequence လို့ပေးထားတာပါ။(Italian နာမည်နဲ့ဆိုတော့ ကဗျာဆန်သွားသလိုပဲ၊ Indian နာမည်ပေးရင် Kumar Sequence တို့၊ Kapoor Sequence တို့ဖြစ်ချင်ဖြစ်နေမှာ… No offence) Fibonacci Sequence ဆိုတာ ဘာလဲအရင်ပြောပြချင်ပါတယ်။သူတို့က Number လေးတွေပါပဲ။0, 1, 1, 2, 3, 5, 8, 13, 21, 34, 55, …ပထမ Number နဲ့Continue reading “သဘာဝတရားရဲ့ လျှို့ဝှက်ချက်တစ်ခုနှင့် Fibonacci Sequence”
Category Archives: SAGAN
Control (Part 2)
Part 1 မှာ လူတွေက ကိုယ့်ရဲ့ထင်မြင်ချက်ကို ပေးလိုက်ရလို့ အခြေအနေတစ်ခုအပေါ်မှာကိုယ့်ရဲ့ထိန်းချုပ်မှု (Control) ရှိကြောင်း ထင်သွားကြတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ ခုပြောချင်တာကတော့ လူတွေက ရွေးချယ်ရတာကို ကြိုက်တဲ့အကြောင်းပါ။ဒီပစ္စည်းကို ရွေးလိုက်ရခြင်းသည် ကိုယ့်ရဲ့ထိန်းချုပ်မှုနဲ့ ကိုယ်လိုချင်လို့ Voluntarily ရွေးလိုက်တာဖြစ်တယ် ဆိုတာမျိုးပေါ့။ဒီအတွက်ကြောင့် ကိုယ်ရွေးလိုက်တဲ့ ပစ္စည်းက မကောင်းနေရင်တောင် အပြစ်သိပ်မမြင်ဘဲ ရှိတတ်ကြတယ်။ City Mart ကို ခေါင်းလျှော်ရည်ဝယ်ဖို့ သွားတယ်ဆိုပါစို့။အဲ့ဒီမှာ ခေါင်းလျှော်ရည်အမျိုးအစားပေါင်းများစွာရှိတဲ့အပြင် Brand တစ်ခုစီမှာလည်း ဗောက်ပျောက်တာတို့၊ ဆံပင်ကိုပျော့ပြောင်းစေတာတို့၊ ပျက်စီးနေတဲ့ဆံပင် ကောင်းလာစေတာတို့… စတဲ့ ဝိသေသတစ်ခုစီရှိနေတဲ့ ခေါင်းလျှော်ရည်တွေ အများကြီးပဲ။ ဆိုတော့… ရွေးရတော်တော်ခက်တယ်။ (Brand အစွဲမရှိသေးတဲ့ လူတစ်ယောက်အတွက်)ဒါပေမယ့် ရွေးစရာတွေများလွန်းရင် လူတွေက မရွေးတော့ဘဲ လှည့်ပြန်သွားတတ်တယ်။တစ်ခုခုကို ရွေးမိရင်တောင် စိတ်က မပြတ်ဘူး။ ငါမရွေးလိုက်တဲ့Continue reading “Control (Part 2)”
Control (Part 1)
အကြောက်တရားကို ဖြေဖျောက်ဖို့အတွက် အချက်အလက်တွေ ပြောပြရုံနဲ့မရဘူးဆိုတာ ရှေ့မှာရေးခဲ့ပြီးပါပြီ။မဖတ်ခဲ့ရသေးရင် ဥပမာတစ်ခုပေးပြီး ခပ်တိုတို ပြောပြချင်ပါတယ်။လေယာဉ်စီးရမှာကြောက်တဲ့လူတစ်ယောက်ကို လေယာဉ်ပျက်ကျဖို့ ဖြစ်တန်စွမ်းသည် လမ်းဘေးမှာ လမ်းလျှောက်နေရင်း ကားတိုက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းထက် နည်းတယ်လို့ ပြောလိုက်ရုံနဲ့ သူ့အကြောက်တရားက ပျောက်သွားမှာဟုတ်ပါဘူး။ ဒီလူအဆိုးမြင်တတ်ရန်ကော… လို့ဆိုစရာရှိပါတယ်။လေယာဉ်စီးတိုင်း ပျက်ကျနိုင်တယ် တွေးနေမိလို့ ကြောက်နေတယ်ထင်ရင်တော့ အဲ့ဒီတစ်ခုတည်းတော့ မဟုတ်နိုင်ပါဘူးလို့ ငြင်းရမှာပါ။လေယာဉ်ပေါ်တက်လိုက်တာနဲ့ ကိုယ်ထိန်းချုပ်လို့ရတာ ဘာမှမရှိတော့ပါဘူး။ကိုယ့်အသက်ကို လေယာဉ်မှူးတွေလက်ထဲအပ်လိုက်ရတာပါ။လေယာဉ်ကြီး တုန်ခါသွားရင်တောင် လေ (turbulence) ကြောင့်လား၊ စက်တစ်ခုခုချွတ်ယွင်းလို့လားဆိုတာ မသိနိုင်ပါဘူး။ကိုယ့်ရဲ့ထိန်းချုပ်မှုမရှိတော့တာကို လူမှန်ရင် မကြိုက်ကြတာများပါတယ်။ ဒီပြဿနာကို စိတ်ရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ကိုယ့်ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ကြောင်းပြချင်တဲ့အခါ အစာမစားဘဲနေတာ၊ စားသမျှအစာတွေကို လက်ထိုးအန်တာ စသဖြင့်ဖြစ်လာတတ်ပါတယ်။ကုန်ကုန်ပြောရရင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်း (Suicide) ဆိုတာလည်း လောကကြီးမှာ ကိုယ်ထိန်းချုပ်လို့ရတဲ့အထဲက တစ်မျိုးကို ရွေးချယ်သွားတာဖြစ်တယ်လို့ မြင်ကြည့်လို့ရပါတယ်။ ဆိုတော့…Continue reading “Control (Part 1)”
စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)
Part 1 နဲ့ Part 2 ကိုအရင်ဖတ်ပြီးမှ ဒါကိုဖတ်ပါ။ The Dark Ages (380,000 years to 150 million years) Atom တွေစဖြစ်တဲ့အချိန်နဲ့ ကြယ်တွေစဖြစ်တဲ့အချိန်ကြားက ကာလကို Dark Ages လို့ခေါ်တာပါ။Photon တွေရှိနေပြီဖြစ်ပေမယ့် အမှောင်ခေတ်လို့ပဲ ခေါ်ကြပါတယ်။ဒီကာလမှာ Cold Dark Matter (Hypothetical Dark Matter) တွေရှိမယ်လို့ဆိုကြတယ်။ လွယ်လွယ်ပြောရရင် Dark Matter တွေက စကြဝဠာကြီး ပြန့်ကားတာကို ပိုပြီးပြန့်ကားအောင် လုပ်ပေးတာပါ။ (Dark Matter အကြောင်းကလည်း Article တစ်ခုစာရေးရမှာမို့ ကျော်လိုက်ပါပြီ) Reionization (150 million years to 1 billion years)Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 3)”
စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 2)
Part 1 မဖတ်ဘဲ ဒါကိုဖတ်မိရင်တော့ တခြားကမ္ဘာရောက်သွားတယ်လို့ ထင်သွားပါလိမ့်မယ်။ အောက်ပါပုံကို Part 3 မှာလည်းဆက်ပြီး အသုံးပြုသွားမှာပါ။ Electroweak Epoch (10-32second to 10-12second) နာမည်အတိုင်းပါပဲ။ Electroweak ဆိုတာ Electromagnetic Force နဲ့ Weak Nuclear Force ၂ခုပေါင်းနေတာကိုခေါ်တာပါ။Strong Nuclear Force က အား ၃ခုထဲကနေခွဲထွက်သွားခဲ့တုန်းက Quarks တွေအချင်းချင်း React လုပ်ကြပြီးတော့ Exotic Particles (eg. W and Z bosons, Higgs bosons) တွေဖြစ်လာကြပါတယ်။(Bosons တွေအကြောင်းထပ်ရေးရင်လည်း နောက် Article တစ်ခုလိုဦးမှာပါ) Electroweak Symmetry Breaking & Quark EpochContinue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 2)”