The Big Bang Theory ကိုတစ်ခါမှ မဖတ်ဖူး၊ မကြားဖူးဘူးဆိုရင် Short Version ကိုအရင်ဖတ်ပေးပါ။ အစကတော့ အတို Version နဲ့တင် ရပ်လိုက်မလို့ပါပဲ။အရှည် Version ကိုတောင်းလာတော့ ဆက်ရေးလိုက်ရပါတယ်။ (ကျွန်တော်လည်း ဆက်ရေးချင်နေတာ… ဖတ်တဲ့သူရှိ၊ မရှိမသေချာလို့ပါ)ခု အရှည် Version မှာတော့ ရှင်းစရာတွေများတဲ့အတွက် အပိုင်းတွေလည်းများနိုင်ပါတယ်။ အချိန်တစ်စက္ကန့်အတွင်းမှာ အများအပြား ဖြစ်ပျက်ပြောင်းလဲပြီး စကြဝဠာကြီး ဖြစ်လာခဲ့တာပါ။Big Bang Theory မှာ အချိန်တွေပိုင်းခြားသတ်မှတ်ထားပါတယ်။ Epoch လို့စာတွေမှာ ရေးကြပါတယ်။Epoch ဆိုတာ ခေတ်ကာလ အပိုင်းအခြားတစ်ခုကို ဆိုလိုချင်တာပါ။ အောက်ပါပုံသည် ခုရေးမယ့်စာတစ်ခုလုံးနှင့်သက်ဆိုင်တဲ့အတွက် Part 2 မှာပါထည့်ထားပါတယ်။ Planck Epoch (Time Zero to 10-43second) အမှတ်စက်Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Long Version, Part 1)”
Category Archives: SAGAN
ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုအပ်လား?
စာဖတ်သူအနေနဲ့ ကိုယ့်စိတ်ကိုယ် ဘယ်လောက်ထိန်းချုပ်နိုင်သလဲ။ဝိတ်ချမယ်လို့စဉ်းစားပြီး အစားတွေစားနေမိလား၊ လေ့ကျင့်ခန်းလုပ်မယ်လို့ စီစဉ်ထားပြီး ဂိမ်းထိုင်ဆော့နေမိလား၊ ဒီနေ့တော့ စာလုပ်လိုက်ဦးမယ်တွေးပြီး ရုပ်ရှင်တွေထိုင်ကြည့်နေမိလား။စိတ်ဆိုတာချုပ်တည်းဖို့ တော်တော်ခက်ခဲပါတယ်။ ဘာသာရေးအဆုံးအမတွေမှာ စိတ်ကိုထိန်းချုပ်ဖို့ သင်ကြတာချည်းပါပဲ။ဒါဆိုရင် ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်တာ ဘာများကောင်းလို့လဲလို့ မေးစရာရှိပါတယ်။လူ့ဘဝတိုတိုလေးမှာ စိတ်ထဲရှိတာလုပ်ပစ်လိုက်ဖို့ပြောကြတဲ့ စာတွေက ခုခေတ်မှာ ခေတ်စားလာပါတယ်။ကြိုက်ရင်ဖွင့်ပြောလိုက်ပေါ့၊ စားချင်တာ သွားစားလိုက်ပေါ့၊ ပျော်နေဖို့က အဓိကပဲဆိုတာမျိုးတွေပါ။ စိတ်ချုပ်တည်းနိုင်ခြင်းက ဘာတွေကောင်းလဲဆိုတာ ပညာရှင်တွေစမ်းသပ်ခဲ့ကြပါတယ်။ဒါကို Marshmallow Test လို့ Psychology စာအုပ်တွေမှာ အလွယ်ခေါ်ကြပါတယ်။ စမ်းသပ်တာကတော့ ၄နှစ်နဲ့ ၆နှစ်ကြားရှိတဲ့ ကျောင်းနေအရွယ် ကလေးတွေကိုပါ။ကလေးတစ်ယောက်ချင်းစီကို အခန်းတစ်ခုထဲခေါ်လာပြီး ထိုင်ခိုင်းထားပါတယ်။စားပွဲပေါ်မှာ Marshmallow တစ်ခုကို တင်ထားတယ်။ ကလေးတွေက ဒါကိုမြင်ရင် သွားရည်ကျတယ်ဆိုတာကို စမ်းသပ်တဲ့လူတွေက သိကြတယ်။ စမ်းသပ်မယ့်သူက ကလေးကို စကားတစ်ခွန်းပြောတယ်။သူ ဟိုဘက်အခန်းကို ခဏသွားဦးမယ်၊Continue reading “ကိုယ့်စိတ်ကိုယ် ထိန်းချုပ်နိုင်ဖို့ လိုအပ်လား?”
မျောက်တွေက အယုတ်တမာတွေလား?
မျောက်တွေနဲ့ပတ်သက်လာရင် ကျွန်တော့စိတ်ထဲမှာ ဒီမေးခွန်းတစ်ခု ပေါ်ပေါ်လာတယ်။ဒီကောင်တွေက အယုတ်တမာတွေလား? သူတို့ရဲ့ Video တွေ Youtube မှာကြည့်ရင် တော်တော်များများက လုပ်ချင်တာလုပ်နေကြတာများတယ်။ကမ်းခြေမှာ ချွတ်ထားတဲ့အင်္ကျီ၊ ဘောင်းဘီတွေကို မ သွားတဲ့ကောင်နဲ့၊ ခရီးသွားတွေဆီက ပစ္စည်းလုတဲ့ကောင်နဲ့၊ သူ့ဘာသာလမ်းလျှောက်နေတဲ့သူကို ဗလိုင်းကြီးပြေးကန်တဲ့ကောင်နဲ့ ဆိုတော့ ဒီကောင်တွေရဲ့စိတ်ရင်းက ဘယ်လိုရှိလဲဆိုတာ စိတ်ဝင်စားမိတယ်။အထူးခြားဆုံးကတော့ တိရစ္တာန်ရုံကမျောက်တွေပေါ့။သူတို့ရဲ့မစင်တုံးကို ကိုင်ပြီး လာသမျှ ဧည့်သည်တွေရဲ့မျက်နှာတည့်တည့်ကို ဆော်ကြတဲ့ကောင်တွေလေ။ လိမ္မာတဲ့အကောင်လေးတွေလည်း ရှိတယ်ဆိုတာသိပါတယ်။ ဒါပေမယ့် ကျွန်တော်ခုရေးချင်တဲ့မျောက်တွေက လူတွေ လေ့ကျင့်ပေးထားတာမဟုတ်တဲ့ မျောက်အရိုင်းတွေ အကြောင်းပါ။ဒီအကြောင်းကို ပညာရှင်တွေလည်း စိတ်ဝင်တစားရှိကြပါတယ်။မျောက်တွေဘာလို့ မစင်တုံးနဲ့ လူတွေကို လိုက်ထုလည်းဆိုတာ သူတို့လေ့လာထားတာရှိပါတယ်… မျောက်တွေကြောက်လာရင် သူတို့ရဲ့ အနားမှာရှိတဲ့ ကျောက်ခဲတွေ၊ သစ်ကိုင်းခြောက်တွေနဲ့ သူတို့ကိုကြောက်အောင်လုပ်တဲ့အရာကို ပစ်တတ်ကြတယ်။တိရစ္တာန်ရုံထဲမှာကြတော့ အဲ့ဒီလိုပစ်စရာက လွယ်လွယ်ကူကူမရှိဘူး။အဲ့ဒီတော့ လွယ်လွယ်ရတာနဲ့ ဆော်တော့တာပေါ့။ အစပိုင်းမှာတော့Continue reading “မျောက်တွေက အယုတ်တမာတွေလား?”
စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)
The Big Bang Theory ဆိုရင် ခုခေတ်မှာ လူတွေရိပ်ဖမ်းသံဖမ်းတော့ ကြားဖူးနေကြပါပြီ။ (Physicists တွေကြောင့်တော့ မဟုတ်ဘူး၊ Sitcom ကြောင့်ပါ…)စကြဝဠာကြီး အစပြုခဲ့တယ်ဆိုတော့ တော်တော်ကြီးကျယ်ခမ်းနားတဲ့ Theory တစ်ခုလို့ထင်စရာရှိပါတယ်။ဟုတ်ပါတယ်။ ဒါပေမယ့် အပေါ်ယံထက် ပိုနားလည်ဖို့အတွက် ခေါင်းတော့ အရှုပ်ခံရပါမယ်။ အတိုဆုံးပြောရရင် စကြာဝဠာကြီးက လွန်ခဲ့သောနှစ်ပေါင်း 13.8 billion years ကတည်းက စတင်ဖြစ်ပေါ်လာခဲ့တာပါ။အဲ့ဒီအချိန်တုန်းက ခုမြင်နေရတဲ့စကြဝဠာတစ်ခုလုံးဟာ အမှတ်ကလေးတစ်စက်အနေနဲ့ ကြပ်တည်းစွာရှိခဲ့ပါတယ်။ Singularity လို့ခေါ်ပါတယ်။အဲ့ဒီ Singularity လေးက အတိုင်းအဆမရှိပူလောင်ပြီး အတိုင်းအဆမရှိသိပ်သည်းပါတယ်။ (Infinite Heat & Density)(စကြဝဠာတစ်ခုလုံးကို ထည့်ထားရတာမို့ပါ) ဒီနေရာမှာ ပြောစရာရှိတာက စကြဝဠာတစ်ခုလုံးကို ထည့်ထားရတယ်ဆိုတာ နေသန်းပေါင်းများစွာ၊ ဂြိုလ်သန်းပေါင်းများစွာလို့ မမြင်စေလိုပါဘူး။Hydrogen အနည်းငယ်နဲ့ ပေါင်းစုံနေတဲ့အား (Unified Forces)Continue reading “စကြဝဠာနိဒါန်းနှင့် The Big Bang Theory (Short Version)”
ကြောက်အောင်ခြောက်မလား၊ မြောက်အောင်မြှောက်မလား?
ဆရာဝန်တွေ၊ စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် ဘယ်အရာက ဆတူ အရေးကြီးတယ်လို့ထင်ပါသလဲ။ သန့်ရှင်းရေးပါ။သူတို့တွေ သန့်ရှင်းမှ လူနာတွေ၊ စားသုံးသူတွေ ရောဂါမရမှာဖြစ်တယ်။ဒါပေမယ့် သူတို့တွေ လက်ကို သေချာဆေးကြရဲ့လား။ အမေရိကန်မှာတော့ ဆရာဝန်တွေ၊ နာ့စ်တွေ တော်တော်များများဟာ လူနာကြည့်ပြီးတိုင်း လက်မဆေးပါဘူးလို့ လေ့လာမှုတွေကဆိုတယ်။လူနာနေရာကတွေးကြည့်ရင် စိတ်မချမ်းသာစရာပါ။အဲ့ဒီတော့ သူတို့ကို လက်ဆေးအောင် ခြောက်မလား၊ မြှောက်မလား ရွေးရပါတယ်။ ခြောက်တဲ့နည်းကို စသုံးကြည့်ပါတယ်။ ဆရာဝန်တွေရဲ့ Ward တွေထဲမှာ ကင်မရာတွေတပ်လိုက်ပြီး စောင့်ကြည့်နေတဲ့အဖွဲ့ဆီကို Live လွှင့်ပါတယ်။ (ဒါကို ဆေးရုံဝန်ထမ်းတွေ အကုန်သိပါတယ်)သူတို့တွေကို စောင့်ကြည့်နေတာသိပေမယ့် လက်ဆေးတဲ့အရေအတွက် သိသိသာသာတိုးမလာဘူး။ ဒီလိုနဲ့ မြှောက်တဲ့နည်းသုံးကြည့်တယ်။ Ward ထဲမှာ Score Board ကြီးထောင်ပြီး လက်ဆေးရင်ဆေးသလို အမှတ်တွေတက်လာအောင် လုပ်လိုက်တယ်။ဒီတော့ Shift တစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်ဖြစ်လာပြီး တော်တော်များများ လက်ဆေးလာကြတယ်။Continue reading “ကြောက်အောင်ခြောက်မလား၊ မြောက်အောင်မြှောက်မလား?”