အိမ်မှာ ကြက်သွန်နီထိုင်လှီးနေရင်း တွေးမိသွားတဲ့ခေါင်းစဉ်ပါ။ကြက်သွန်နီလှီးရင် မျက်စိပူစပ်ပူလောင်ဖြစ်လာပြီး မျက်ရည်ကကျလာတာပါပဲ။အလှီးအချွတ်မှာ Newbie ပဲရှိသေးတာမို့ ကြက်သွန်လှီးတိုင်း တော်တော်ကို ဒုက္ခရောက်ပါတယ်။ ရှင်းရှင်းပြောရရင် ကြက်သွန်နီဆို မလှီးချင်ပါဘူး။(ကြက်သွန်ဖြူလည်း တရုတ် Boycott မို့ အဆံသေးလေးတွေ ထိုင်သင်နေရတာ ဒုက္ခများတာပါပဲ) အဲ့ဒီအချိန်မှာ မေးခွန်းတစ်ခုခေါင်းထဲပေါ်လာပါတယ်။အမြဲကြက်သွန်လှီးနေရရင် မျက်လုံးအတွက် ဒုက္ခရောက်နိုင်သလား။(တကယ်တော့ မလှီးချင်လို့ အကြောင်းရှာချင်တာပါ၊ ဘဝတူတွေအတွက် မျှော်လင့်ချက်ကောက်ရိုးတစ်မျှင် ဖြစ်ခွင့်ရရင် ဒီစာရေးရကြိုးနပ်ပါပြီ…) ကြက်သွန်နီလှီးရင် ဘာကြောင့်မျက်ရည်ကျစေသလဲဆိုတာ အရင်ပြောပြချင်ပါတယ်။အတိုချုပ်ပြောရရင်တော့ ကြက်သွန်ကထွက်တဲ့အငွေ့ကြောင့်ပါ။ကြက်သွန်နီက မြေကြီးထဲမှာ ပေါက်တာဆိုတော့ အကောင်ဗလောင်တွေရဲ့ ရန်က ကာကွယ်ဖို့အတွက် အဲ့ဒီအငွေ့ကိုထုတ်ရခြင်းဖြစ်တယ်။ ဒါပေမယ့် ထုံးစံအတိုင်း နည်းနည်းတော့ ရှည်ချင်ပါသေးတယ်။ ကြက်သွန်နီကို လှီးလိုက်တဲ့အခါမှာ သူ့ရဲ့ဆဲလ်တွေလည်းကွဲကုန်ပါတယ်။ဆဲလ်ထဲမှာ သိမ်းထားတဲ့ Amino Acid Sulfoxide နဲ့ Enzyme တစ်ခုဓာတ်ပြုပြီး အငွေ့တစ်ခုထွက်လာပါတယ်။Syn-Propanethial-S-Oxide လို့ခေါ်ပါတယ်။(ကျွန်တော်ကတော့Continue reading “ကြက်သွန်နီလှီးရင် ငိုနေရတာပဲလား?”
Category Archives: SAGAN
ဗုဒ္ဓက Einstein ရဲ့ Special Theory of Relativity ကို ဟောကြားခဲ့သလား။
ခုလိုခေါင်းစဉ်မျိုးကိုရေးရတာ ကြိုးတန်းလမ်းလျှောက်ရသလိုပါပဲ။ ဘာသာမဲ့တွေရော ဗုဒ္ဓဘာသာဝင်တွေရော ဆဲတာခံရဖို့များပါတယ်။ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတဲ့အတွက် ကျွန်တော်ရေးသားရခြင်းဖြစ်ပါတယ်။စိတ်ရှင်းရှင်းနဲ့ဖတ်ပေးပါ။ အတွေးတစ်ခုရသွားမယ်လို့မျှော်လင့်ပါတယ်။ တာဝတိံသာနတ်ပြည်မှာရှိတဲ့နတ်သားတစ်ပါးဟာ ရံရွှေတော်နတ်သမီးတစ်ထောင်နဲ့ ဥယျာဉ်ထဲမှာပျော်ပါးနေတယ်။အဲ့ထဲက နတ်သမီးတစ်ပါးဟာ နတ်သက်ကြွေပြီး လူ့ပြည်မှာလူဖြစ်သွားတယ်။လူ့ပြည်မှာ အိမ်ထောင်ပြုပြီး ကလေး ၅ယောက်တောင်ရခဲ့တယ်။အဲ့ဒီအမျိုးသမီးသေတဲ့အခါ နတ်ပြန်ဖြစ်သွားပြီး နတ်ပြည်ပြန်ရောက်သွားတယ်။အဲ့ဒီအချိန်မှာ နတ်သားက “စောစောက သင်ဘယ်ရောက်နေသလဲ” လို့မေးတယ်။ကျမ်းဂန်တွေအရဆို တာဝတိံသာတစ်ရက်ဟာ လူ့ပြည်ရဲ့ နှစ် ၁၀၀ နဲ့ညီတယ်လို့ဆိုတယ်။ဘုရားက လူ့ပြည်မှာ ဝါတွင်း ၃လပတ်လုံး အဘိဓမ္မာတရားဟောကြားခဲ့ပေမယ့် နတ်ပြည်မှာတော့ ၄မိနစ်ပဲကြာခဲ့တယ်။(ဒီအချက်တွေကို ဘုရားက အမှန်တကယ်ဟောကြားခဲ့လားဆိုတာကတော့ ကျွန်တော့အနေနဲ့မသေချာပါ) ခုလို အချိန်တွေမတူညီရခြင်းကို Einstein ရဲ့ Relativity Theory နဲ့နည်းနည်းလောက်ရှင်းပြချင်ပါတယ်။(General နဲ့ Special ဆိုပြီး ၂ခုရှိပါတယ်၊ General ကိုအရင်ရှင်းမှ Special ကိုနားလည်ပြီး ဘုရားဟောနဲ့ချိတ်ဆက်လို့ရမှာပါ) ရွှေ့လျားနေတဲ့Continue reading “ဗုဒ္ဓက Einstein ရဲ့ Special Theory of Relativity ကို ဟောကြားခဲ့သလား။”
အလွန်နှေးကွေးတဲ့ Sloth လေးတွေအကြောင်း
Sloth ဆိုတာနဲ့ ဘာကောင်လေးလဲဆိုတာ မျက်စိထဲမှာပေါ်လာကြမယ်ထင်ပါတယ်။မမှတ်မိတော့တဲ့သူတွေအတွက် အစဖော်ပေးရမယ်ဆိုရင် Zootopia ဇာတ်လမ်းထဲက အရမ်းကိုနှေးကွေးတဲ့ ရုံးစာရေးကိုပြောချင်တာပါ။အဲ့ဒီ Scene လေးက တော်တော်ကို Memorable ဖြစ်၊ ရယ်လည်းရယ်ရတဲ့အတွက် Sloth ဆိုတာ ဘာကောင်လေးလဲ လူတွေစိတ်ဝင်စားသွားကြပါတယ်။တကယ့်လက်တွေ့ဘဝမှာလည်း ဒီကောင်လေးတွေက တော်တော်ကြီးကို နှေးကွေးကြပါတယ်။သူတို့ဘာလို့ ဒီလောက်နှေးကွေးနေရလဲ အပါအဝင် သူတို့ရဲ့အကြောင်းစုံကို ပြောပြချင်ပါတယ်။ Sloth ကို ဘာသာပြန်ရင် ငပျင်းလို့ အဓိပ္ပါယ်ရပါတယ်။ Sloth တွေဟာလွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃၅သန်း-၆ဝသန်း ကတည်းက ကမ္ဘာမှာရှိနေကြပါပြီ။အဲ့တုန်းကရှိခဲ့တဲ့ Sloth တွေဟာ အကြီးကြီးတွေပါ။ Giant Sloth လို့ခေါ်ပါတယ်။ ၆တန်လောက်လေးတဲ့အကောင်ကြီးတွေတောင် ရှိခဲ့ပါတယ်။ (ဆင်လောက်ကြီးတဲ့ အကောင်တွေဆိုတော့ တော်တော်ကိုချစ်စရာကောင်းမှာပါ)သူတို့က သစ်ပင်တွေပေါ်တက်ပြီး အသီးတွေ၊ အရွက်တွေစားကြတဲ့အပြင် မြက်တွေကိုလည်းစားကြပါတယ်။ ပညာရှင်တွေကတော့ Giant SlothContinue reading “အလွန်နှေးကွေးတဲ့ Sloth လေးတွေအကြောင်း”
ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)
(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) ယောကျာ်းတို့ကို ဝေဖန်အကြံပေးရာတွင် မိန်းမတို့ ဂရုပြုသင့်များရှိသည်။အများအားဖြင့် ဝေဖန်အကြံပေးခြင်းကို ယောကျာ်းတို့မကြိုက်တတ်ကြပါ။အဲ့ဒီလိုဆို ဖိနပ်ရှပ်တိုက်စီးနေတာကိုမပြောရတော့ဘူးလား၊ ထမင်းစားရင် ပလုတ်ပလောင်းစားပြီး အသံတွေမြည်နေတာကိုရော မဝေဖန်ရတော့ဘူးလားလို့ မေးစရာရှိလာသည်။ အကြံမတောင်းဘဲနဲ့မပေးပါနဲ့၊ ထင်မြင်ချက်တွေမတောင်းဘဲနဲ့ မပေးပါနဲ့၊ အရမ်းအရမ်းမဝေဖန်ပါနဲ့ လို့ ခပ်လွယ်လွယ်ပြောရမည်ဖြစ်သည်။အရှိအတိုင်း လက်ခံပေးနိုင်အောင်ကြိုးစားသင့်သည်။ယောကျာ်းတို့လိုချင်တာ သူတို့ရဲ့မကောင်းခြင်းတွေကို လက်ချာရိုက်နေတာမဟုတ်၊ နားလည်လက်ခံပေးခြင်းဖြစ်သည်။ ကိုယ့်ကို နားလည်လက်ခံပေးနေပြီလို့ ခံစားရရင် ဘယ်အချက်ကိုမကြိုက်ဖူးလဲဆိုတာ ထုတ်ပြီးမေးလာတတ်ကြသည်။ (မကြိုက်တာကို ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုလိုချင်တာမဟုတ်ပါ) အဲ့လိုမဟုတ်ဘဲ ပြောင်းလဲဖို့အတင်း တွန်းအာပေးခံရတဲ့အခါ မိန်းမဆီက အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)”
အမိန့်နာခံခြင်း (Part 2)
(Part 1 ကိုဖတ်ပြီးမှ ဒါကိုဖတ်ပါ) ရှည်ရှည်ဝေးဝေး နိဒါန်းချီမနေတော့ဘဲ အရမ်းနာမည်ကြီးခဲ့တဲ့ စမ်းသပ်မှုတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။Part 1 က စမ်းသပ်ချက်မှာ ပတ်ဝန်းကျင်အခြေအနေက စကားပြောပါတယ်။စမ်းသပ်မှုလုပ်နေတယ်ဆိုတာကို Volunteer တွေက ခံစားမိနေသေးတယ်။ အခုတစ်ခေါက်မှာတော့ အကျဉ်းသားနဲ့ ထောင်အာဏာပိုင်တွေဆိုပြီး စမ်းသပ်တာဖြစ်ပါတယ်။တကယ့်အကျဉ်းထောင်မှာ စမ်းသပ်တာမျိုးတော့မဟုတ်ပါဘူး။Stanford University မှာပဲ ထောင်ပုံစံလုပ်ပြီး စမ်းသပ်တာဖြစ်တယ်။Stanford Prison Experiment ဆိုပြီး Psychology စာအုပ်တော်တော်များများမှာ ထည့်ရေးထားတတ်ကြပါတယ်။ ခုတစ်ခေါက်မှာတော့ အကျဉ်းသားတွေရော၊ ထောင်အာဏာပိုင်တွေရောက Volunteer တွေပါ။ စမ်းသပ်တဲ့စိတ်ပညာရှင်ကတော့ ထောင်မှူးအနေနဲ့ တာဝန်ယူပါတယ်။ထောင်ပုံစံဖြစ်တဲ့အတွက် အကျဉ်းသားတွေချုပ်ထားမယ့် အချုပ်ခန်းလည်း ရှိပါတယ်။စမ်းသပ်မှုကာလကို နှစ်ပတ်သတ်မှတ်ထားခဲ့ပေမယ့် အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာလို့ ၆ ရက်နဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။ အကျဉ်းသားလား၊ ထောင်အာဏာပိုင်လားဆိုတာကို ခေါင်း၊ ပန်းလှန်ပြီး လွယ်လွယ်နဲ့ ဆုံးဖြတ်ရွေးချယ်ပါတယ်။Continue reading “အမိန့်နာခံခြင်း (Part 2)”