စာဖတ်သူကို ကိုယ်မလုပ်ချင်တာ အတင်းလာလုပ်ခိုင်းရင် နာခံမလား။ဘာလို့နာခံရမှာလဲလို့ ပြန်ပြောမယ့်သူချည်းပါပဲ။ခိုးဆိုးလုနှိုက်၊ သတ်ဖြတ်တာတွေကိုရော လုပ်မလားဆိုရင် ဝေလာဝေးလို့ ပြောကြမှာပါ။ဒါပေမယ့် အမိန့်တစ်ခုပေးလိုက်တဲ့အခါမှာတော့ ဒါတွေကိုစိတ်ပါလက်ပါ လုပ်ကြပါတော့တယ်။ဥပမာရှည်ရှည်ဝေးဝေးပေးနေစရာ မလိုဘူး၊ ဘယ်သူတွေလဲဆိုတာမြင်ကြမယ်ထင်ပါတယ်။နောက်ဥပမာ တစ်ခုအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေ သန်းပေါင်းများစွာကို သတ်ခဲ့တဲ့ နာဇီတွေကိုပြရမှာပါ။ဒီလောက်ထိ ရက်ရက်စက်စက် သတ်နိုင်ဖို့ဆိုတာ လူတစ်ယောက်တည်း အမိန့်နာခံခြင်းထက် အဖွဲ့အစည်းတစ်ခုလုံးက အမိန့်နာခံမှပဲရမှာပါ။ အမိန့်နာခံမှုဆိုတာ မရှိခဲ့ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ အရင်ခေတ် အတွေးအခေါ်ပညာရှင်တွေက ဆိုခဲ့ကြတယ်။ဘယ်လောက်ထိပြောခဲ့ကြလဲဆိုရင် အထက်က မကောင်းတာတစ်ခုခု လုပ်ခိုင်းရင်တောင်မှ အမိန့်ဖီဆန် အာခံခြင်းထက် ခိုင်းတာလုပ်လိုက်တာ ပိုကောင်းတယ်လို့ဆိုတယ်။အဲ့ဒီအတွက် ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ပြုလုပ်သူမဟုတ်ဘဲ ခိုင်းတဲ့သူမှာပဲ တာဝန်ရှိတယ်လို့ Thomas Hobbes ကဆိုခဲ့တယ်။(ဒီနေရာမှာပြောချင်တာက လူတွေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပြုမူဖို့ နှောင့်နှေးနေခြင်းသည် နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ဖြစ်တယ်၊ ဒီအချက်ကို ဖယ်ပေးလိုက်တဲ့အခါမှာတော့ ခိုင်းတာလုပ်ဖို့ ဝန်မလေးကြတော့ပါ)Continue reading “အမိန့်နာခံခြင်း (Part 1)”
Category Archives: SAGAN
ယုံကြည်ခြင်းများကို ချေဖျက်ခြင်း
ဘဝမှာ မငြင်းခုန်ဘူးတဲ့သူမရှိလောက်ပါဘူး။ငြင်းကြခုန်ကြရင်း ရန်ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်ကြတာလည်း မြင်ဖူးကြမှာပါ။လူတွေမှာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေနဲ့ဆိုတော့ အချင်းချင်းတန်းညှိဖို့၊ ကိုယ်မြင်သလို သူလည်းမြင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ဒါပေမယ့် ကျွန်တော်တို့တွေ ဆက်ပြီးငြင်းခုန်နေကြဆဲပါ။ ငြင်းခုန်တဲ့အခါ ဘာတွေနဲ့ ကိုင်ပေါက်ကြသလဲ။Data တွေနဲ့ပဲကိုင်ပေါက်ငြင်းခုန်ကြတာ များပါတယ်။ စကားရည်လုပွဲတွေကြည့်ရင် သိနိုင်ပါတယ်။ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြောခဲ့လို့၊ ဘယ် Research မှာတော့ ဘယ်လိုရေးထားလို့ဆိုပြီး မိမိရဲ့အမြင်ဟာခိုင်မာကြောင်း၊ တစ်ဖက်လူရဲ့အမြင်ဟာ မှားကြောင်း ငြင်းခုန်ကြတယ်။ ဆိုတော့… ကိုယ့်ရဲ့အမြင်ဟာ တကယ်ခိုင်မာတာဟုတ်ရဲ့လား။Data တွေအရမ်းပေါများလာတဲ့ခေတ်ကြီးမှာ သိချင်တာကို Google လိုက်ရုံနဲ့ရနေပြီဆိုတော့ ကိုယ့်ရဲ့အမြင်ကို ထောက်ခံပေးတဲ့ အရေးအသားတွေကိုပဲ ဖတ်မိနေတာရောမဖြစ်နိုင်ဘူးလား။ ဥပမာပြရရင် Flat Earthers (ကမ္ဘာပြားတယ်ထင်သူများ) တွေကိုကြည့်ပါ။သူတို့ကို ကမ္ဘာကလုံးပါတယ်လို့ Convince လုပ်နိုင်တဲ့သူမရှိသေးပါ။ဒီလောက် Information တွေ တောင်လိုပုံနေတဲ့ခေတ်ကြီးမှာ ဒီကောင်တွေ အContinue reading “ယုံကြည်ခြင်းများကို ချေဖျက်ခြင်း”
အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ
သင်ဟာ အစပ်ကြိုက်တတ်သူအစပ်လေးပါမှ ထမင်းစားတတ်သူဆိုရင် ဒီ post ဟာသင့်အတွက်ပါ။ သင်ဟာ အစပ်မကြိုက်တတ်သူဆိုရင်လဲစပ်တာတခုခုစားမိတိုင်း ရေသောက်မိနေတယ်ဆို ဒီ post က သင့်အတွက်လဲဖြစ်သွားနိုင်ပါတယ်။ သင့်လိုပဲ အစပ်ကြိုက်တဲ့သူတွေ တကမ္ဘာလုံးမှာ သန်းနဲ့ချီရှိပါတယ်။ အရှေ့တောင်အာရှမှာဆို ထိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား တို့အပြင် တရုတ် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ အနောက်ဥရောပနိုင်ငံများ နဲ့ အမေရိကန်နိုင်ငံ ၊အာဖရိက စတဲ့ နိုင်ငံတွေမှာပါChili heads များ Chili crazy များကိုတွေ့နိုငိပါတယ်။ ထူးဆန်းတာက လူသားတွေရဲ့ လျှာမှာ အစပ်အရသာကို အာရုံခံတဲ့ အာရုံခံဖု (taste receptor) မပါပါဘူး။ လူသားတွေရဲ့ လျှာမှာ တွေ့ရတဲ့ အာရုံခံအဖုတွေကအချိုအရသာ (sweetContinue reading “အစပ်ကြိုက်တတ်သူများနောက်ကွယ်က science facts များ”
Quantum Tunneling (Quantum Mechanics Part 8)
ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် ရှေ့တည့်တည့်မှာ ကွမ်းယာဆိုင်တစ်ဆိုင်တွေ့ရင် ဘာလုပ်မလဲ။ (ဒါ… လူတိုင်းကြုံနေကြကိစ္စ)တည့်ဝင်တိုးပြီး ရန်ဖြစ်မလား၊ လမ်းပေါ်ကိုဆင်းရှောင်မလား။ဒီစာကိုဖတ်နေနိုင်သေးတယ်ဆိုတော့ စာဖတ်သူဟာ လမ်းပေါ်ကိုဆင်းရှောင်တဲ့အဖွဲ့မှာပါမယ်လို့ထင်ပါတယ်။ ဒါပေမယ့် Particle တွေကတော့ တည့်ဝင်တိုးတဲ့အဖွဲ့ပါ။တည့်ဝင်တိုးလိုက်လို့ ထိခိုက်မိကုန်ပြီး ပြဿနာတက်ကြပြီလို့တော့ မထင်ပါနဲ့။သူတို့က တခါတလေမှာ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုကို ဘာမှမဟုတ်သလိုပဲ ကျော်ဖြတ်သွားနိုင်စွမ်းရှိပါတယ်။ ဒါက Particle တွေရဲ့ လှိုင်းအဖြစ်တည်ရှိမှု (Wave Function) ပေါ်မှာ မူတည်ပါတယ်။Quantum Mechanics မှာ ဖြစ်တန်စွမ်းတွေနဲ့အလုပ်လုပ်ကြတယ်ဆိုတာ ရှေ့အခန်းတွေမှာ ရေးခဲ့ပြီးပါပြီ။အဲ့ဒီတော့ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုရဲ့ အခြားတစ်ဖက်မှာ Particle ရှိနိုင်မယ့် ဖြစ်တန်စွမ်းဆိုတာလည်း ရှိပါတယ်။ (ဖြစ်တန်စွမ်း နည်းတော့နည်းတယ်၊ လုံးဝမရှိတာမဟုတ်ပါ)မြင်အောင်ပြောရရင် Quantum Mechanics မှာ လူတစ်ယောက် လက်ရှိနေထိုင်တဲ့နေရာကနေ လ (Moon) ဆီကို ရုတ်တရက်ရောက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းတောင် ရှိတယ်လို့ဆိုကြတယ်။Continue reading “Quantum Tunneling (Quantum Mechanics Part 8)”
အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ
စာဖတ်သူ ကြောက်တတ်ပါသလား။လူဆိုရင် အကြောက်တရားဆိုတာ ရှိရမှာပေါ့။ရောဂါကြောင့် အကြောက်တရားမရှိတော့တဲ့ လူတွေလည်းရှိပါတယ်။ သူတို့ကတော့ ခုပြောမယ့် Topic နဲ့အကျုံးမဝင်ပါဘူး။ လူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲကြုံရကြုံရ ကိုယ်ထိန်းချုပ်နိုင်တယ် (သို့) ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ တွက်ရင် ကြောက်ရွံ့မှုဆိုတာဖြစ်မလာပါဘူး။ဥပမာ ကားမောင်းကျွမ်းကျင်တဲ့သူက ကားအရမ်းရှုတ်လည်း စိုးရိမ်စိတ်မဝင်ပါဘူး။ဒါပေမယ့် အမောင်းသင်ခါစလူတစ်ယောက် ကားရှုတ်တဲ့လမ်းပေါ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့မှာအကြောက်တရားပေါ်လာပါတယ်။ ခွဲစိတ်ခန်းဝင်ရမယ့်လူနာဟာ ကြောက်ရွံ့မှာအသေအချာပါပဲ။ခွဲစိတ်မယ့်ဆရာဝန်အတွက်တော့ ထမင်းစား၊ ရေသောက်ကိစ္စပဲမို့ ခွဲစိတ်မှုအတွက် အကြောက်တရားရှိမှာမဟုတ်ပါ။ အကြောက်တရားဟာ လူတွေအသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုခဲ့တဲ့တယ်။ ဒါကြောင့် ခုချိန်ထိ ကျွန်တော်တို့မှာ အကြောက်တရားရှိနေသေးတာပေါ့။ ကြောက်သွားတဲ့လူတစ်ယောက်ဟာ မလှုပ်မယှက်ဖြစ်သွားတတ်ပါတယ်။ဒါက Evolution အရဖြစ်တဲ့သဘောပါ။လူက ဉာဏ်ရည်မြင့်ပေမယ့် ခွန်အားအရာမှာတော့ အချို့တိရစ္ဆာန်တွေကို မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် အန္တရာယ်ကိုထိပ်တိုက်မတိုးဘဲ ရှောင်ကြရပါတယ်။ ပြေးမလားဆိုတော့… လူကအမြန်ဆုံးသတ္တဝါထဲမှာ မပါပါဘူး။ဒါဆို ခံချမလားဆိုတော့လည်း… အားက မကြီးပြန်ပါဘူး။အဲ့တော့ တိတ်တိတ်ကလေးနေလိုက်ကြတာပါပဲ။ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုContinue reading “အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ”