ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)

အလင်းဟာ သစ္စာရှိတယ်လို့ ထင်ပါသလား။ရှေ့တင်ဆိုတမျိုး၊ ကွယ်ရာကြတမျိုးဆိုတဲ့အထဲမှာ အလင်းကိုလည်း မပါမဖြစ်ထည့်ပေးရမှာပါ။မနက်ခင်း နေရောင်ထိုးရင် အလင်းတန်းကို ကြည့်လိုက်တဲ့အခါ အလင်းကို အမှုန်တွေလိုတွေ့နေရပါတယ်။ဒါဆိုအလင်းက အမှုန်သဘောရှိတာပေါ့။မြင်မှယုံမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီလောက်နဲ့ပဲ ကိစ္စပြတ်သွားတာပေါ့။ ဒါပေမယ့် Einstein က အလင်းမှာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝရောရှိတယ်လို့ဆိုခဲ့တယ်။အဲ့လိုနဲ့ Double Slit Experiment ကိုလုပ်လိုက်ကြတယ်။စမ်းသပ်တာက ရိုးရိုးလေးပါပဲ။ အပေါက် ၂ပေါက်ပါတဲ့ ကတ်ထူပြားကို ထောင်ထားလိုက်တယ်။ နောက်မှာ detect လုပ်နိုင်တဲ့ Detector ကိုထားလိုက်တယ်။ပြီးတော့ အလင်းကိုလွှတ်ပေးလိုက်တယ်။ (အစောပိုင်းကာလတွေမှာ ဒီလိုစမ်းသပ်ခဲ့ကြတယ်)အဲ့ဒီနောက်ပိုင်းမှာ Electron ကိုသုံးပြီးစမ်းသပ်ကြတယ်။ (ဆက်ပြောမယ့်စမ်းသပ်မှုမှာ Electron လို့ပဲသုံးသွားပါတော့မယ်၊ သိစေလိုတာက Photon, Electron, Neutron ကြိုက်တာနဲ့စမ်း၊ အဖြေကတော့ တူတူပါပဲ) Electron source က တစ်ကြိမ်မှာ Electron တစ်ခုကိုပဲထုတ်ပေးတာပါ။အပေါက်Continue reading “ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)”

Many Worlds Theory (Quantum Mechanics Part 4)

(Part 1, 2, 3 ကို မဖတ်ရသေးဘဲ ဒီစာကိုမဖတ်သင့်ပါ) Copenhagen Interpretation က Superposition ဖြစ်နေတဲ့ Electron တစ်ခု Wave Function Collapse ဖြစ်သွားရင် ဖြစ်တန်စွမ်းတွေထဲကတစ်ခုခုမှာ Electron ရောက်သွားတယ်လို့ဆိုတယ်။(ကြောင်ကလေး သေတယ်၊ ရှင်တယ်ဆိုပြီး ဖြစ်တန်စွမ်း ၂မျိုးပဲရှိတဲ့အထဲက ၁မျိုးမျိုးဖြစ်သွားခြင်းကို ဆိုလိုချင်တာပါ) Many Worlds Theory ကတော့ အဲ့ဒီလိုမယူဆဘူး။“Anything that can happen does happen” လို့ဆိုပါတယ်။တိုင်းတာလိုက်ခြင်းကြောင့် ကြောင်လေး သေတာရော၊ ရှင်တာရော ၂မျိုးလုံးဖြစ်သွားတယ်လို့ဆိုလိုချင်တာဖြစ်တယ်။ သေတဲ့ကြောင်ရော၊ ရှင်တဲ့ကြောင်ရောကို လေ့လာသူက မြင်တွေ့ရမယ်လို့ဆိုလိုခြင်းမဟုတ်ပါ။ ကြောင် ၂ကောင်ဖြစ်သွားမှာလည်းမဟုတ်ပါ။မြင်အောင်ပြောရရင် ကမ္ဘာနှစ်လုံးကွဲသွားတာကို ဆိုလိုပါတယ်။ (ထပ်ရှင်းအောင်ပြောရရင် စကြဝဠာကြီးနှစ်ခုဖြစ်သွားတာပါ)Earth No. 1 မှာကြောင်လေးသေပြီးContinue reading “Many Worlds Theory (Quantum Mechanics Part 4)”

အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)

(Part 1 နဲ့ Part 2 ကိုမဖတ်ဘဲ ခုရေးမယ့်စာကိုကျော်မဖတ်သင့်ပါ) Double Slit Experiment မှာ Detector တစ်ခုကို ကတ်ထူပြားပေါ်မှာထားခဲ့တာ မှတ်မိကြဦးမယ်ထင်ပါတယ်။အဲ့ဒီအတွက်ကြောင့် စောင့်ကြည့်ခံရတဲ့ Electron က အပြုအမူပြောင်းလဲသွားပါတယ်။ ဉာဏ်ကြီးရှင်တွေက ဘယ်လိုထပ်စဉ်းစားလဲဆို Detector ကို ကတ်ထူပြားအနောက်နားမှာ ထားလိုက်ရင်ရောဆိုပြီး တွေးလာကြတယ်။အဲ့ဒီလိုဆိုရင် Electron ကလည်း သူ့ကိုစောင့်ကြည့်နေတဲ့ Detector မရှိဘူးအထင်နဲ့ Wave အဖြစ် ကတ်ထူပြားပေါ်က အပေါက် ၂ပေါက်ကနေဝင်လာမှာပဲ။ကတ်ထူပြားကနေ Wave အဖြစ်နဲ့ကျော်လာပြီး တိတ်တိတ်လေးပုန်းနေတဲ့ Detector နားရောက်မှ စောင့်ကြည့်ခံနေရပြီဆိုတာ သိသွားလိမ့်မယ်။ (နားလည်လွယ်အောင်ပြောနေခြင်းဖြစ်တယ်၊ Electron မှာအသိရှိတယ်လို့ပြောလိုခြင်းမဟုတ်ပါ)ဒီလိုဆို Electron Superposition ဖြစ်နေတာ မြင်ရပြီပေါ့။မှန်းချက်နဲ့နှမ်းထွက်မကိုက်ခဲ့ကြပါဘူး။Detector ဖွင့်ထားတာကို မြင်တာနဲ့ Electron ရဲ့ WaveContinue reading “အချိန်ခရီးသွားသော Electron (Quantum Mechanics Part 3)”

Dimension များကို နားလည်ကြည့်ခြင်း

2D, 3D, 4D ဆိုပြီးကြားဖူးနားဝရှိကြတော့ Dimension ဆိုတာ ကျွန်တော်တို့တွေနဲ့ အရမ်းမစိမ်းကားကြဘူးလို့ထင်ပါတယ်။သိပ္ပံဇာတ်လမ်းတွေ၊ Science Documentary တွေထဲမှာ Dimension ဆိုပြီး ပြောကြဆိုကြတာ ကြားဖူးကြမှာပါ။ဒါဆို Dimension ဆိုတာဘာလဲ။အရွယ်အစား၊ ထုထည်ပမာဏဆိုတာမျိုး အကြမ်းအားဖြင့်ပြောနိုင်ပါတယ်။ မြင်အောင်ပြောရရင် အမှတ်စက် တစ်ခုကို Zero Dimension လို့သတ်မှတ်ကြတယ်။ ဘယ်အရပ်ကိုမှ မရွေ့နေ မညွှန်ပြနေလို့ဖြစ်တယ်။ မျဉ်းတစ်ကြောင်းကို One Dimension လို့သတ်မှတ်တယ်။ သူ့မှာအနက် (Depth) မရှိဘူး။ဒါဆို Two Dimensions ကိုသိနိုင်ကြမယ်ထင်ပါတယ်။ စာရွက်ပေါ်မှာ ဆွဲလိုက်တဲ့ ထောင့်မှန်စတုဂံတစ်ခုကို မြင်ကြည့်ပါ။ Three Dimensions မှာတော့ အလျား၊ အနံ၊ အမြင့် ၃ခုလုံး ရှိနေပါပြီ။ မြင်တွေ့ရသမျှ လောကကြီးက 3D ပါပဲ။(ဒီနေရာမှာ စိတ်ဝင်စားစရာကောင်းတာContinue reading “Dimension များကို နားလည်ကြည့်ခြင်း”

လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း

အခုရေးသားမယ့် Virus ဟာ သူအသက်ရှင်ရပ်တည်ဖို့အတွက် လူရဲ့စိတ်ကိုပြောင်းလဲအောင် လုပ်ပစ်နိုင်တယ်။လူဟာ သေဆုံးတဲ့အချိန်အထိ Virus ရဲ့ထိန်းချုပ်မှုအောက်က ရုန်းမထွက်နိုင်တော့ဘူး။ ဒီ Virus အကြောင်းမပြောခင် Bacteria နဲ့ Virus ဘယ်လိုမတူလဲဆိုတာ အရင်ပြောပြချင်ပါတယ်။ အခုကာလမှာ COVID ဖြစ်ရင် ဒီစကားလုံး ၂လုံးကို ထည်လဲ ကြားရပါတယ်။ Virus ဝင်ပြီးရင် Secondary Bacterial Infection ဝင်တယ်ဆိုတာ ကြားဖူးကြမှာပါ။ ဒီ ၂ခုဝင်တာကို Infection ဝင်တယ်လို့ ရောပြီးခေါ်ကြပေမယ့် လက်တွေ့မှာ သူတို့ ၂ခုက အပုံကြီးကွာပါတယ်။ ပုံရဲ့အပေါ်ဘယ်ထောင့်မှာ သွေးနီဥနဲ့ Bacteria ကိုယှဥ်ပြထားပါတယ်။ ကျန်တဲ့ပုံတွေက Bacteria နဲ့ Virus ကိုယှဥ်ပြထားတာပါ။ ဘယ်လောက်သေးလဲဆိုတာ မြင်နိုင်မယ်ထင်ပါတယ်။ သူတို့က ဖြစ်တဲ့ရောဂါတွေဟာလည်း မတူကြပါဘူး။Continue reading “လူရဲ့စိတ်ကို ထိန်းချုပ်နိုင်သော Mind-controlling Virus အကြောင်း”

Design a site like this with WordPress.com
Get started