(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) မိန်းမတို့ စိတ်ဖိစီးမှုပပျောက်ရန် ပြဿနာများကို ဖွင့်ဟပြောပြသောအခါ ယောကျာ်းတို့ မကြိုက်ကြပါ။ပြဿနာသည် မိမိနှင့်သက်ဆိုင်နေသဖြင့်၊ မိမိတွင်တာဝန်ရှိသဖြင့် မိန်းမကပြောနေခြင်းဖြစ်ရမည်ဟု တွေးကြသည်။ယောကျာ်းတို့အနေဖြင့် ပြဿနာကို ထုတ်ပြောရခြင်းသည် အကူအညီယူလိုသဖြင့် (သို့) တစ်ပါးသူကို အပြစ်တင်လိုသဖြင့်ဖြစ်သည်။ထို့ကြောင့် မိန်းမက ပြဿနာများကိုပြောပြလျှင် သူသိသော ဘောင်အတွင်းမှတွေးပြီး အကူအညီလိုလို့လား၊ အပြစ်တင်နေတာလား ဆိုတာကိုသာ တွေးမိသည်။မိန်းမက အလွန်စိတ်ပျက်နေသောပုံပေါက်လျှင် မိမိကိုအပြစ်တင်နေပြီဟုထင်ပြီး ကာကွယ်ပြောဆိုတော့သည်။မိန်းမက ပုံမှန်အတိုင်းဖြစ်လျှင် (သို့) အလွန်စိတ်ပျက်နေသောပုံမပေါက်လျှင် အကူအညီတောင်းနေသည်ဟုထင်ပြီး အဖြေရှာပေးတတ်သည်။မည်သို့ပင်ပြုမူစေကာမူ မိန်းမတို့စိတ်မသက်သာဘဲ စိတ်ပျက်ရသည် ချည်းပင်ဖြစ်သည်။ယောကျာ်းတို့နားလည်ရန်မှာ စိတ်ပါလက်ပါနားထောင်ပေးခြင်းဖြင့်သာContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 4)”
Category Archives: SAGAN
ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 3)
(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) စိတ်ဖိစီးမှုကို ယောကျာ်းနှင့်မိန်းမ တုံ့ပြန်ပုံခြင်းမတူညီကြပါ။ယောကျာ်းစိတ်ညစ်လျှင် စိတ်ညစ်စေသည့် ပြဿနာကိုမေ့ပျောက်အောင် နေထိုင်ကြသည်။မိန်းမတို့စိတ်ဖိစီးလျှင် ပြဿနာကို အထပ်ထပ်အခါခါပြောခြင်းဖြင့် စိတ်သက်သာရာရကြသည်။ နှစ်ယောက်လုံးစိတ်ဖိစီးမှုများနေတဲ့အချိန်ကို မြင်ကြည့်ပါ။ယောကျာ်းက စကားမပြောဘဲ မေ့မေ့ပျောက်ပျောက်နေလိုက်ချင်သည်။ သို့သော်မိန်းမက ပြဿနာကိုထပ်တလဲလဲ ပြောဆိုချင်သည်။ ယောကျာ်းကရှောင်သောအခါ မိန်းမကပိုပြီးစိတ်ထိခိုက်သည်။ ဂရုမစိုက်ဘူးဆိုပြီးခံစားရသည်။ယောကျာ်းကလည်း အေးဆေးနေချင်တာကို နားမလည်ဘဲ တတွတ်တွတ်လာပြောနေတယ်ဆိုပြီး စိတ်ဖိစီးမှုပိုများသွားတတ်သည်။ ဒီလိုတွေဘာကြောင့်ဖြစ်ရသနည်း။ရှေ့အခန်းမှာရေးခဲ့သလိုပဲ ယောကျာ်းတို့ဟာ ပြဿနာရှိရင် ကိုယ်တိုင်ကြိုးစားဖြေရှင်းကြသည်။ မလိုအပ်ဘဲ အချင်းချင်း တိုင်ပင်လေ့မရှိကြ။တစ်ယောက်တည်းသေချာစဉ်းစားပြီး အဖြေရှာတတ်ကြသည်။မိမိလိုချင်သောအဖြေကို ရှာတွေ့ပြီလို့ထင်လျှင် နှုတ်စိတ်နေတာမျိုးမရှိတော့ဘဲ နဂိုအတိုင်း ပြန်လည်ပြုမူတတ်သည်။အဖြေရှာမတွေ့သေးခင်ကာလမှာ ပြဿနာကိုမေ့ပျောက်အောင်Continue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 3)”
ကောင်းကင်ယံက အတိတ်နေ့စွဲများ
ညအချိန်မှာကောင်းကင်ကို မော့မကြည့်ဖူးတဲ့သူ မရှိနိုင်ပါဘူး။လတစ်စင်းနဲ့ ကြယ်တွေကိုကြည့်ရင်း ဖွဲ့သီခဲ့တဲ့ကဗျာတွေ၊ ဆိုခဲ့တဲ့တေးသွားတွေလည်း မနည်းလှပါဘူး။ရှေးယခင်က တစ်နေရာကနေတစ်နေရာကို ခရီးသွားရင် လမ်းမပျောက်အောင် ကြယ်တွေကိုပဲ အမှတ်အသားပြုခဲ့ကြရတယ်။သို့သော် ကျွန်ုပ်တို့ညစဉ်ကောင်းကင်ကိုကြည့်တိုင်း မြင်တွေ့ရသော ကြယ်၊လ အကုန်လုံးဟာ အတိတ်ကာလမှ လက်ရှိပစ္စုပ္ပန်ကာလအပေါ် သက်ရောက်နေမှုတစ်ခုသာဖြစ်တယ်လို့ဆိုရင် စာဖတ်သူလက်ခံနိုင်ပါသလား။ ရှင်းလင်းသွားစေဖို့ အလင်းရဲ့အလုပ်လုပ်ပုံကို အရင် ပြောဖို့လိုတယ်။အရာဝတ္ထုတစ်ခုကိုမြင်နိုင်ဖို့ အဲ့ဒီဝတ္ထုက ထွက်လာတဲ့အလင်း ကျွန်ုပ်တို့မျက်စိထဲက မြင်လွှာပေါ်ကိုရောက်ဖို့လိုအပ်တယ်။အလင်းရဲ့အလျှင်ကို အထက်တန်းရူပဗေဒမှာ သင်ခဲ့ရတော့ မစိမ်းကြဘူးလို့ထင်ပါတယ်။၁စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ (186,000 miles per second) ရှိပါတယ်။ကမ္ဘာနဲ့လ ၂၃၈၈၅၅ မိုင်ကွာဝေးပါတယ်။ လရဲ့အလင်းကမ္ဘာကိုရောက်ဖို့ ၁စက္ကန့်ကျော်ကြာပါတယ်။ဒါကြောင့် ညအချိန်မြင်ရတဲ့လသည် လွန်ခဲ့တဲ့အတိတ် ၁စက္ကန့်ကျော်က လဖြစ်တယ်။ လမှာဖြစ်သမျှ ကျွန်ုပ်တို့ ၁စက္ကန့်ကျော်ကြာမှသိရတယ်။ ကမ္ဘာနဲ့နေ မိုင်ပေါင်း ၉၃သန်းကွာဝေးတယ်။နေရဲ့အလင်းကမ္ဘာကို ရောက်ဖို့ ၈မိနစ်နဲ့ စက္ကန့်Continue reading “ကောင်းကင်ယံက အတိတ်နေ့စွဲများ”
ယောကျာ်းနို့သီးခေါင်းနှင့် Evolution
ဆင့်ကဲပြောင်းလဲမှုသီအိုရီ (Evolution) ကို အစပြုဖော်ထုတ်ပြီး သူ့ခေတ်ရဲ့ ပြဿနာတစ်ခုဖြစ်တဲ့ သက်ရှိတွေဘယ်ကဖြစ်လာသလဲဆိုတာကို ဖြေရှင်းခဲ့တာကတော့ Charles Darwin ပါ။ကျွန်ုပ်တို့ခန္ဓာကိုယ်မှာ အရင်ကအသုံးဝင်ခဲ့ပြီး အခုအသုံးမဝင်တော့တဲ့ အစိတ်အပိုင်းတွေရှိနေပါတယ်။အဲ့ဒီပြဿနာကို ဆင့်ကဲပြောင်းလဲမှုသီအိုရီက ဖြေရှင်းပေးနိုင်ပါတယ်။ ယောကျာ်းရဲ့နို့သီးခေါင်း (Male’s Nipples) မိန်းမတွေမှာ နို့တိုက်ဖို့အတွက် နို့သီးခေါင်းဟာ လိုအပ်ပေမယ့် ယောကျာ်းမှာ ဘာအတွက်မှမလိုအပ်ပါဘူး။မလိုအပ်ဘဲဘာကြောင့်ရှိနေရသလဲဆိုရင် အမေ့ဝမ်းဗိုက်ထဲမှာနေခဲ့ရတဲ့ သန္ဓေသားဘဝကိုပြန်သွားရပါမယ်။ယောကျာ်း၊မိန်းမ လိင်မသဲကွဲခင်ကာလမှာ ကျွန်ုပ်တို့အားလုံးသည် မိန်းကလေးအဖြစ်နဲ့ရှိခဲ့ကြတယ်။ယောကျာ်းအဖြစ် ဘာကပြောင်းလဲသွားစေလဲဆို ယောကျာ်းဖြစ်ဖို့မျိုးရိုးဗီဇသယ်လာသော သုတ်မှာပါတဲ့ ယောကျာ်းဟော်မုန်း (Testosterone) ကြောင့်ပဲဖြစ်တယ်။ မြီးညောင်ရိုး (Coccyx) ကျွန်တော်တို့ရဲ့လူ (Homo sapiens) မဟုတ်သေးသော ဘိုးဘေးဘီဘင်တွေမှာ အမြီးတွေရှိခဲ့ကြတယ်။ သူတို့အတွက် အမြီးဟာရွေ့လျားဖို့နဲ့ ခန္ဓာကိုယ်ဟန်ချက်အတွက် အသုံးဝင်ခဲ့တယ်။လူဟာ မတ်မတ်လျောက်နိုင်လာတဲ့အချိန်ကစပြီး အမြီးရဲ့အထောက်အပံ့ယူစရာမလိုတော့ဘူး။Natural Selection ဟာ မလိုတော့ရင် ပေကပ်မနေတတ်တဲ့ သဘောရှိတဲ့အတွက်Continue reading “ယောကျာ်းနို့သီးခေါင်းနှင့် Evolution”
ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 3)
ဒီအပိုင်းမှာတော့ လိုအပ်တဲ့စွမ်းအင်ကိုပြည့်မီအောင် ဘယ်လိုစားကြမလဲဆိုတာ ပြောပြပေးပါမယ်။ကိုယ်နေ့စဉ် သွားရည်စာအဖြစ်နဲ့ စားသောက်နေကြတဲ့ အာလူးကြော်၊ အအေး၊ မာလရှမ်းကော တို့မှာ calories ဘယ်လောက်ပါသလဲဆိုတာ သိသင့်ပါတယ်။အချို့အစားအစာတွေမှာ Calories ဆိုပြီးသေချာရေးထားပေမယ့် အချို့မှာတော့ ပါဝင်တဲ့ ပစ္စည်းများကိုသာ ဂရမ်နဲ့ရေးထားပါတယ်။ (ပြည်တွင်းဖြစ်မုန့်များမှာ တွေ့ရများတယ်) အထက်ပါ Label ပုံစံကိုကြည့်ပါ။ အားလုံးနဲ့ရင်းနှီးကြမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ထွေထွေထူးထူး မဖတ်မိကြတဲ့လူတွေလည်း ရှိနိုင်သလို၊ ဖတ်ပြီးသေချာနားမလည်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။Label မှာ Calories 250 ဆိုပြီး ခပ်ကြီးကြီးရေးပြထားပါတယ်။ ဒါဆို တစ်ထုတ်လုံးစားမှ 250 ပဲတက်မှာဆိုပြီး အထင်မစောစေလိုပါ။သူ့အပေါ်မှာ 6 servings per container လို့ရေးထားပါတယ်။ တစ်ထုတ်ကို ၆ခါစားစေဖို့ ရည်ရွယ်ထားတာဖြစ်တယ်။ 250 calories ဆိုတာ တစ်ခါစားကိုပြောတာပါ။၆ခါစာကို တစ်ထိုင်တည်းစားမိရင် 1500Continue reading “ကိုယ်အလေးချိန်နှင့် စိတ်ဒုက္ခ၊ ကိုယ်ဒုက္ခ (Part 3)”