စားသောက်ဆိုင်တစ်ခုမှာ ကိုယ့်ကို သူငယ်ချင်းတစ်ယောက်က လိုက်ပြီး Treat တယ်ဆိုပါတော့။ စားသောက်လည်းပြီးရော “ခုလိုကျွေးတာ ကျေးဇူးတင်တယ်ကွာ… မင်းကို ဘယ်လောက်ပေးရမလဲ… ၁သောင်းဆို လောက်မလား…” လို့မေးလိုက်တယ်ဆိုရင် ရန်ဖြစ်မှာပေါ့။ ရန်မဖြစ်ရင်တောင် ကိုယ့်ကို နောက်တစ်ခါကျွေးတော့မှာ မဟုတ်ဘူး… စေတနာပျက်သွားတာပေါ့။တဖက်က စေတနာနဲ့ကျွေးတာကို ငွေကြေးနဲ့တုံ့ပြန်လိုက်တဲ့အတွက် ပြဿနာတက်သွားတာပါ။ ဒီလိုဖြစ်စဉ်မျိုးတွေ အမြဲတွေ့နေရတာပါပဲ။ စိတ်ပညာအရတော့ Social Norm နဲ့ Market Norm လို့ခေါ်တယ်။ Social Norm ဆိုတာ စေတနာနဲ့ လုပ်ပေးတာမျိုးပေါ့…။ ဥပမာ အိမ်ပြောင်းတော့မယ်ဆိုရင် အလကားအချိန်ပေးပြီး လာကူပေးကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းတွေဟာ Social Norm အရလာကူကြတာပါ။ ဒါက နွေးထွေးတဲ့အသွင် ရှိပါတယ်။ Market Norm ကတော့ ငွေကြေးနဲ့လုပ်ပေးတာပါ။ ဥပမာ အိမ်ပြောင်းမယ်ဆိုContinue reading “စေတနာနဲ့ ရှင်းမလား၊ ငွေနဲ့ ရှင်းမလား?”
Category Archives: SAGAN
အလင်းအလျှင်ထက်မမြန်ဘဲ အလင်းသွားသလို သွားနိုင်သလား?
အရင်တစ်ပိုင်းတုန်းက အလင်းထက်မြန်အောင် ဘယ်လိုသွားလို့ရမလဲဆိုတာကို ပြောပြီးပါပြီ။ အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?https://ouo.io/hA5Avn အဲ့ဒီမှာ Alcubierre Drive အကြောင်းပြောခဲ့ပါတယ်။ သူက Negative Energy လိုတဲ့အတွက် လက်တွေ့မှာမဖြစ်နိုင်ဘူးလို့ ပညာရှင်တွေက ဆိုပါတယ်။ အကြောင်းကတော့ Negative Energy ဆိုတာ သီအိုရီထဲမှာပဲရှိပြီး လက်တွေ့မှာ ရှာမတွေ့သေးလို့ပါ။ Alcubierre တင်ခဲ့တဲ့ Paper ကနေ Inspire ဖြစ်သွားပြီး လက်တွေ့မှာလည်း ဖြစ်နိုင်တဲ့ Warp Drive တစ်ခုကို ပညာရှင်တွေက ထပ်ပြီးစဉ်းစားလိုက်ကြပါတယ်။ အခု အဲ့ဒီအကြောင်း ပြောချင်တာပါ။ Alcubierre Drive မှာတုန်းက Spaceship ပတ်ပတ်လည်မှာ ပူပေါင်း (Bubble) တစ်ခုဖြစ်လာအောင် လုပ်ခိုင်းပါတယ်။ ဘာလို့လဲဆိုတော့ Spaceship တည်ရှိနေတဲ့ Bubble ထဲက SpacetimeContinue reading “အလင်းအလျှင်ထက်မမြန်ဘဲ အလင်းသွားသလို သွားနိုင်သလား?”
အပျင်းထူခြင်းကို ကျော်ဖြတ်ခြင်း
ဆရာကြီးလုပ်ပြီး အောင်မြင်တိုးတက်ရေးအကြောင်း ၂ပုဒ်ရေးထားပြီဆိုတော့ ရေးလက်စနဲ့ နောက်တစ်ပုဒ်ဆက်ရေးချင်ပါသေးတယ်။ အခုတစ်ခေါက်ရေးချင်တာက အပျင်းထူတာကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာပါ။ ရှေ့မှာရေးထားတဲ့ ၂ပုဒ်ကိုဖတ်ချင်ရင် ဒီမှာဖတ်ပါ။ အတွေးမလွန်ဘဲ လုပ်မလား၊ အလွန်တွေးပြီး ထိုင်နေမလား?https://ouo.io/vZ5H4D Motivation မရှိခြင်းပြဿနာhttps://ouo.io/IG5iDtw ဘဝမှာ အမြဲတမ်း ၂ခုထဲက ၁ခုကို ရွေးချယ်ရတတ်ပါတယ်။ စာမေးပွဲအတွက် စာဖတ်မလား… ဇာတ်လမ်းကြည့်မလား…။ ဂိမ်းဆော့မလား… စာထိုင်ရေးမလား… စသဖြင့်ပေါ့။ နေ့တိုင်း ၂ခုထဲက ၁ခုကိုရွေးနေရတော့ အမြဲတန်းစိတ်ထဲမှာ လွန်ဆွဲနေရပါတယ်။ဒီတော့ ဒီလိုမဖြစ်အောင် တစ်ခုခု ကြံစည်သင့်တာပေါ့။အဲ့ဒီအခါမှာ စည်းမျဉ်း (Rules) တွေက အသုံးဝင်လာပါတယ်။ (တရားဟောပါတော့မယ်…) စိတ်ခံစားချက်အတိုင်းသာ သွားနေလို့ကတော့ ဘာအလုပ်မှ ပြီးမှာမဟုတ်ဘဲ ရုပ်ရှင်တွေပဲ တစ်ကားပြီးတစ်ကား ပြီးနေမှာပါ။ Rules တွေကို လိုက်နာလိုက်ခြင်းအားဖြင့် လုပ်ရမလား၊ မလုပ်ရဘူးလား သိပ်ပြီးတော့ အာရုံနောက်နေစရာContinue reading “အပျင်းထူခြင်းကို ကျော်ဖြတ်ခြင်း”
ထန်ခြင်းနောက်ကွယ်က စိတ်ပညာ
Science Nuts ကကောင်တွေ ရေးစရာမရှိတော့လို့ လျှောက်ရေးနေပြီ မထင်ကြပါနဲ့။ စိတ်ပညာအရ တကယ်စမ်းသပ်ထားတာ ရှိလို့ပါ။ ဖတ်ပြီးသွားရင် ဒွိဟအနည်းငယ်တော့ ဝင်သွားမယ်ထင်ပါတယ်။ (ဒါကိုလိုချင်တာပါ…) လူတွေမှာ သာမန်အချိန်နဲ့ ထန်နေတဲ့အချိန် ၂မျိုးရှိတယ်ဆိုပြီး ပညာရှင်တွေက ခွဲခြားလိုက်ပါတယ်။ သာမန်အချိန်မှာတော့ မလုပ်သင့်၊ မဖြစ်သင့်တဲ့ကိစ္စတွေကို မေးရင် “မလုပ်ဘူး… ဘာလို့လုပ်ရမှာလဲ…” လို့ ဖြေတတ်ကြပါတယ်။ ဒီတော့ ထန်နေတဲ့အချိန်မှာရော ဘယ်လိုဖြေမလဲဆိုတာ ပညာရှင်တွေ စိတ်ဝင်စားကြပါတယ်။ ဒီတော့ ကောလိပ်ကျောင်းတစ်ခုကို သွားလိုက်ပါတယ်။ အသက် ၂ဝကျော်အရွယ်ရှိတဲ့ ယောက်ျား ၂၅ ယောက်ကို လိင်ကိစ္စနဲ့ဆိုင်တဲ့မေးခွန်းတွေ မေးကြည့်ပါတယ်။ မိန်းမတွေကို ဘာလို့မစမ်းတာလဲဆိုတော့ ယောက်ျားတွေက လိင်ကိစ္စနဲ့ ပတ်သက်ရင် ပိုပြီး ရိုးရှင်းလို့ပါလို့ ဆိုတယ်။ Material လည်း များများစားစား သိပ်မလိုပါဘူး။ PlayboyContinue reading “ထန်ခြင်းနောက်ကွယ်က စိတ်ပညာ”
အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?
အလင်းဟာ စကြဝဠာကိန်းသေတစ်ခုဖြစ်ပါတယ်။ စက္ကန့်ကို မိုင်ပေါင်း ၁၈၆၀၀၀ နီးပါးသွားနိုင်ပါတယ်။ ဒါပေမယ့် စကြဝဠာကြီးနဲ့ယှဉ်လိုက်ရင် ဒီတန်ဖိုးက သေးငယ်လွန်းပါတယ်။ လူတွေက လက်ရှိအချိန်မှာ အလင်းအလျင်ရဲ့ ၁၀% တောင် မြန်အောင်မလုပ်နိုင်သေးပေမယ့် ဒီ Limit ကြီးကို ဖြတ်ကျော်ကြည့်ချင်ကြပါတယ်။ အဲ့တော့ အလင်းထက်မြန်အောင်… Einstein ရဲ့ သီအိုရီလည်း မမှားအောင်… တစ်မျိုးပြောင်းပြီး ကြံစည်ကြပါတယ်။ Physicists တွေကို အဓိက Inspire ဖြစ်စေတာကတော့ Star Wars တို့၊ Star Trek တို့ပါ။ Star Trek က Enterprise ယာဉ်တွေဟာ အလင်းအလျင်ထက် အဆ ၉၀၀၀ ပိုမြန်အောင် သွားနိုင်ပါတယ်။ Star Wars က Millenium Falcon ယာဉ်ဟာဆိုရင်Continue reading “အလင်းထက်မြန်အောင် တကယ်ပဲသွားလို့မရဘူးလား?”