သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?

အပေါင်းသွေး အနုတ်သွေးဆိုတာဘာလဲ? ဆေးရုံဆေးခန်းသွားပြရင် သွေးအုပ်စုအမေးခံရတဲ့အခါ Aသွေး B သွေး O သွေး ပြောရုံနဲ့မရပါဘူး။ အမြဲလိုလို အပေါင်းသွေးလား အနုတ်သွေးလားဆိုတာပါ ထည့်ထည့် အမေးခံရပါတယ်။ အဲ့ ဆရာဝန် သူနာပြုဆရာမတွေ ပြောနေတဲ့ အပေါင်းသွေးအနုတ်သွေးဆိုတာ ဘာလဲ။ အဲ့အကြောင်းမပြောခင် A,B,O သွေးအုပ်စုအကြောင်းအရင် နဲနဲပြောရအောင်။ သင့်သွေးထဲမှာ သွေးနီဥ (Red blood cell) ဆိုတာရှိတယ်။ အတိုကောက် RBC လို့ခေါ်ရအောင်။ RBC ပေါ်မှာ သကြားမှုန်လေးတွေကပ်နေသလို အမှုန့်လေးတွေရှိပါတယ်။ အဲ့အမှုန်လေးတွေကို 2 မျိုးအဓိကခွဲထားပါတယ်။ A antigen ရယ် B antigen ရယ်ဆိုပြီးA အမှုန် B အမှုန်လို့ ခွဲလိုက်တယ်။ A အမှုန်ကပ်နေတဲ့ လူတွေကို Aသွေးအုပ်စုလို့သတ်မှတ်တယ်။Continue reading “သင်က အပေါင်းသွေးအုပ်စုလား အနုတ်သွေးအုပ်စုလား?”

Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 2)

ကြို့ထိုးတာကို Burping reflex hypothesis နဲ့ ရှင်းကြတာ ပထမအပိုင်းမှာရေးပြီးပြီမို့ နောက်ထပ် နာမည်ကြီး hypothesis တခုအကြောင်းသွားရအောင်။ Evolution အရ ရေထဲကအကောင်တွေက ကုန်းပေါ်ကိုတက်လာရင်း ကုန်းနေရေနေသတ္တဝါ (Amphibians) တွေဖြစ်လာရပါတယ်။ အဲ့ဒီ Amphibians တွေမှာ ငါးတွေလိုပဲ gills လို့ခေါ်တဲ့ ပါးဟက်တွေပါပါတယ်။ Amphibians တွေက လေကိုရှူတဲ့အခါ အဲ့ဒီ ပါးဟက်နဲ့ ရှိုက်ရှိုက်ပြီး ရှူတဲ့အလေ့အထက လူသားတွေဖြစ်လာတဲ့အခါ ပါလာပြီး Hiccup ဖြစ်လာတာလို့ ယူဆကြပါတယ်။ Amphibians တွေပါးဟက်နဲ့ လေရှူတဲ့အခါ လေထုထဲမှာ Oxygen များများရှိရင် ပိုရှူပြီး လေထဲမှာ Carbon dioxide များလာရင်ရှူတာနည်းသွားတာကိုတွေ့ရပါတယ်။ တကယ်လဲ လူတွေကြို့ထိုးတာကို သက်သာအောင်လုပ်ချင်ရင် Carbon dioxide (5%) ရှူပေးရင်သက်သာတာတွေ့ရပါတယ်။Continue reading “Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 2)”

Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 1)

ကြို့ထိုးတာကို လူတိုင်းကြုံဖူးတာမို့ တော်တော်စိတ်ရှုပ်စရာကောင်းမှန်းသိကြမှာပါ။ ဒါပေမယ့် ဘာလို့ ကြို့ထိုးရတာလဲ။ သဘာဝတရားကြီးက ဘာလို့ လူတွေ ကြို့ထိုးအောင်လုပ်ထားတာလဲ။ ကြို့ထိုးခြင်း (Hiccup) ဘာလို့ဖြစ်တာလဲဆိုတော့ Diaphragm လို့ခေါ်တဲ့ ဝမ်းခေါင်းထဲကကြွက်သားက သူ့အလိုလို တချက်တချက်ထထညှစ်တာပါ။ Diaphragm ဆိုတဲ့ကြွက်သားပြားကြီးက အသက်ရှူလို့ရအောင် လုပ်ပေးတဲ့ ကြွက်သားဖြစ်ပြီး ဗိုက်နဲ့ ရင်ခေါင်းကို ခြားထားပေးပါတယ်။ ကျနော်တို့ တခါတခါ မျက်ခွံလေးတွေ တဆက်ဆက်လှုပ်သလိုပဲ ဗိုက်ခေါင်းထဲက diaphragm ကြွက်သားကလဲတခါတခါ စိတ်နဲ့ထိန်းလို့မရဘဲ လှုပ်တဲ့အခါ ညှစ်တဲ့အခါ ကြို့ထိုးတယ်ဆိုတာဖြစ်လာတာပါ။ Diaphragm ကြွက်သားက ဘယ်နဲ့ညာဆိုပြီး ၂ခြမ်းရှိပါတယ်။ ကြို့ထိုးရင် အများအားဖြင့် တခြမ်းထဲကပဲ ကျုံ့လေ့ညှစ်လေ့ရှိပါတယ်။ အဲ့လို ကျုံ့လိုက် ညစ်လိုက်တဲ့အခါ ဗိုက်ထဲက လေတွေကအပေါ်ကို ပြန်ကန်တက်လာပြီး အစာပြွန်ထိပ်ကိုရောက်လာတယ်။ (လူတွင် အစာပြွန်က သပ်သပ်၊Continue reading “Evolution ထဲက ကြို့ထိုးခြင်းအနုပညာ (Part 1)”

လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)

ခေါင်းစဉ်ကြည့်ပြီး လိမ်နေတာဖြစ်မယ်လို့ တွေးမိရင်တော့ လိမ်တာမဟုတ်ဘဲ တကယ်ပါလို့ ဦးစွာပထမ ပြောထားပါရစေ။ ဒါပေမယ့် စာဖတ်သူအတွေးမလွန်ခင် ဒါလေးတစ်ခုတော့ ကြိုပြောချင်ပါတယ်။ရောဂါဆိုမှတော့ မကောင်းတာလေးတွေလည်း ပါတာပေါ့။ ဒါပေမယ့် ကောင်းတဲ့အချက်တွေလည်း တပါတည်း ရှိနေတာကိုပြောချင်တာပါ။(ဒါကြောင့် quote, unquote ထည့်ထားတာပါ) ပြောတဲ့အခါမှာ ရောဂါအကြောင်း အကျဉ်းပဲပြောပါမယ်။ရောဂါလက္ခဏာတွေ၊ စစ်ဆေးတဲ့နည်းတွေ၊ ကုသတဲ့နည်းတွေကတော့ ဆေးကျောင်းသားတွေကို စာသင်နေတာမဟုတ်လို့ မပြောတော့ပါဘူး။ဒီလောက်ဆိုရင် ဆက်ပြောလို့ရပြီထင်ပါတယ်။ Hyperthymesia ဒီရောဂါရှိတဲ့သူတွေက ကိုယ်ဖတ်ဖူးသမျှ၊ ကြည့်ဖူးသမျှ၊ ကြုံဖူးသမျှ အရာတွေအကုန်လုံးကို အသေးစိတ်မှတ်မိနေတာပါ။သူတို့ဟာ ဖြတ်သန်းခဲ့တဲ့ အချိန်ကာလတစ်ခုလုံးမှာ ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်ပြန်ပြောနိုင်ကြပါတယ်။ဒီရောဂါရှိတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် သူ ၇ရက်သမီးဘဝက ပန်းရောင်စောင်လေးနဲ့ အိပ်ခဲ့ဖူးတယ်ဆိုတာထိပါ မှတ်မိနေတာပါ။သူဖတ်ဖူးတဲ့ Harry Potter စာအုပ်တွေထဲက စာကြောင်းတွေကို တစ်လုံးမကျန်ပြန်ရွတ်နိုင်ပါတယ်။ အားကျမစောပါနဲ့ဦး။ သူတို့ရဲ့ Superpower ကပဲContinue reading “လူကို “အကျိုးပြုသော” ထူးဆန်းတဲ့ရောဂါများ (Part 1)”

အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)

ညီကိုတို့ နှမတို့… လူငယ်သဘာဝ ချစ်ကြိုက်ကြပြီဆိုရင် ချစ်ခြင်းမေတ္တာတွေယိုဖိတ်ပြီး စည်းကျော်ဘောင်ကျော်အဆင့်ကို ရောက်လာတတ်ကြပါတယ်။ ချစ်သူရည်းစားဘဝကို သန့်သန့်ရှင်းရှင်း စောင့်ထိန်းသွားကြတဲ့ ညီကိုတွေ နှမတွေရှိသလို “သဒ္ဒါလွန်တော့ တဏာကျွန်” ဆိုပြီး ထိတွေ့သာယာမှုနောက် လိုက်မိကြသူတွေ၊ နယ်ကျွံမိသူတွေလဲ ရှိကြမှာ ကိုကြီးနားလည်ပါတယ်။ ချစ်လို့ဖြစ်ကြတဲ့ သာယာမိလို့ဖြစ်ကြတဲ့ ဒီကိစ္စတွေကို မှန်တယ် မှားတယ် မဆိုချင်ပါဘူး။ ချစ်မိကြတာလဲ ရှက်စရာမဟုတ်သလိုအတူနေမိသွားတာကလဲ (ဒီခေတ်ကြီးထဲမှာ) ရှက်စရာမဟုတ်တော့ပါ။ မိမိဆန္ဒ ပဓာနပဲမို့ မိမိချစ်သူနဲ့ မိမိကြည်ဖြူရင် အသက်လဲပြည့်ရင် ဒါဟာ ဓမ္မတာပါပဲ။ အသက်မပြည့်သေးဘဲနဲ့တော့ (၁၈နှစ်ကိုဆိုလိုသည်) ဒီလိုကိစ္စတွေတော့ မဖြစ်သင့်ဘူးလို့ ဆိုပါရစေ။ဒါက ယောကျာ်းမှန်ရင် သတိထားသင့်တဲ့ ရှောင်သင့်တဲ့ကိစ္စပဲ။ ညီကိုတို့…။ အတူနေတဲ့အခါ စိတ်တူကိုယ်တူ ကြည်ဖြူဖို့လိုတယ်။ ရောဂါမရဖို့ နဲ့ ကိုယ်ဝန်မရဖို့လဲလိုတယ်။ တာဝန်မယူနိုင်သေးခင်မှာ တာဝန်တွေမပိဖို့တော့ လိုလိမ့်မယ်Continue reading “အရေးပေါ်တားဆေးနှင့် ပတ်သက်ပြီး ညီကိုတို့ နှမတို့ဖတ်ဖို့ (Part 1)”

Design a site like this with WordPress.com
Get started