ပထမတပိုင်းမှာ Porphyria cutanea tarda နဲ့ Vampire နဲ့ ဆင်တူကြောင်းပြောခဲ့ပြီးပါပြီ။ နောက်ပိုင်းဆေးပညာမှာတော့ ဒီအယူအဆကို လက်မခံကြပြန်ပါဘူး။ ဥပမာ – Porphyria က တော်တော်လေး ရှားပါးတဲ့ရောဂါတခုမို့ Vampire တွေလို အုပ်စုလိုက်ဖြစ်ရအောင် မပေါများလှပါဘူး။ Porphyria က တံတွေးကနေ မကူးစက်တာမို့သူများကို ကိုက်လိုက်ရင် အကိုက်ခံရတဲ့သူက vampire ဘဝပြောင်းသွားတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်တချက်က သွေးသောက်ရင် ပိုသက်သာတယ်ဆိုတဲ့အချက်က ဆေးပညာအရ နဲနဲလွဲနေပါတယ်။ သွေးထဲမှာ Heme ပါလို့ Heme က လက္ခဏာတွေကိုသက်သာစေတာက အမှန်ပါ။ ဒါပေမယ့် ပါးစပ်ကသောက်လိုက်ရင် အူထဲရောက်သွားတဲ့ အခါ Heme ကို သွေးထဲအလုံးလိုက်မပို့ပေးပါဘူး။ Heme ကို Iron (သံဓာတ်) အဖြစ် ချေဖျက်ပြီးContinue reading “သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 2)”
Tag Archives: ကျန်းမာရေးဗဟုသုတ
သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 1)
Vampire လို့ခေါ်တဲ့ သွေးစုပ်ဖုတ်ကောင်တွေက ရုပ်ရှင်တွေထဲမှာရော စာအုပ်တွေထဲမှာပါ အတော်လေးရေပန်းစားခဲ့ပါတယ်။ နိုင်ငံခြားရုပ်ရှင်တွေ series တွေမှာလဲ Vampire အကြောင်းကို ခမ်းခမ်းနားနား ရိုက်ပြကြတာ၊ ဇာတ်လမ်းတွေချဲ့ထွင်ပြီး လူစိတ်ဝင်စားအောင်ရိုက်ပြကြတာ မနည်းမနောပါပဲ။ ဒီ Vampire တွေက တကယ်ပဲရှိနိုင်သလား။ သာမန်လူကနေ ဒီလိုဘဝကိုပြောင်းသွားတာလား။ဆေးပညာမှာရော သွေးစုပ်ဖုတ်ကောင်ပြောင်းသွားနိုင်တဲ့ရောဂါ ရှိသလား။ ဟုတ်ကဲ့…Vampire နဲ့အတော်လေးဆင်တူတဲ့ရောဂါတွေ ဆေးပညာမှာရှိပါတယ်။ Vampire ရဲ့ လူသိများတဲ့ အချက်တွေက ၁။ လူတွေရဲ့ သွေးကိုစုပ်တယ်။ ၂။ လူမရှိရင် တိရစ္ဆာန်တွေကိုရှာပြီး သွေးစုပ်ကြတယ်။ ၃။ လူတွေနဲ့ ဝေးရာအရပ်မှာနေပြီး လင်းနို့တွေနဲ့ အနေနီးတယ်။ ၄။ နေရောင်ကို အလွန်ကြောက်ပြီး နေရောင်ထိရင် အရေပြားတွေလောင်ကုန်တယ်။ ၅။ ကြောက်စရာရုပ်သွင်ပြင်ရှိပြီး အစွယ်တွေထွက်နေတယ်။ ၆။ ကြက်သွန်ဖြူကိုကြောက်တယ်။ ၇။ VampireContinue reading “သွေးစုပ်ဖုတ်ကောင်လော? ဆေးပညာထဲက ရောဂါတွေလော? (Part 1)”
သင်ကြားဖူးလောက်မည်မဟုတ်သော ထူးထူးဆန်းဆန်း Phobia ၁၀ မျိုး
လူတမျိုး စိတ်တကိုယ်ဆိုကြသလို တယောက်နဲ့တယောက်အကြိုက်ချင်း မတူနိုင်ပါ။ ကြောက်တတ်ပုံချင်းလဲတူမည် မဟုတ်ပါ။ တခုခုကို စွဲစွဲလမ်းလမ်း ကြောက်ရွံခြင်းကို Phobia ဟုခေါ်ပြီး တချို့လူတွေက တစုံတခုကို အလွန်အကြူး ကြောက်လန့်တတ်ကြပါတယ်။ တခုခုကို ကြောက်တတ်တိုင်း Phobia လို့မခေါ်ပါ။အချိန်ကာလ ၆လကျော်အောင် ကြောက်နေ လန့်နေပြီး နေ့စဥ်ဘဝကိုအနှောင့်အယှက်ဖြစ်လောက်အောင် လွန်ကဲလာမှသာ Phobia လို့ခေါ်ပါတယ်။ ဒီနေ့မှာတော့ ထူးဆန်းတဲ့ Phobia 10 မျိုးကို ပြောပြပေးပါမယ်။ သင့်မှာရော ဘယ်လို Phobia တွေရှိနေမလဲ….ဖတ်ကြည့်ကြည့်ပါဦး။(အောက်တွင် ပုံများပါဝင်သဖြင့် အမှန်တကယ် Phobia တခုခုရှိပါက မကြည့်သင့်ကြောင်း ကြိုတင်သတိပေးပါရစေ) Alliumphobia ဒါက ကြက်သွန်ဖြူကိုကြောက်တဲ့ရောဂါပါတဲ့။ကြက်သွန်ဖြူကိုမကြိုက်ရုံတင်မဟုတ်ဘဲ မြင်တာနဲ့ တုန်နေအောင်ကြောက်တာမျိုး ၊ အနံ့ရတာနဲ့ အသက်မရူလောက်အောင် လန့်တာမျိုးဖြစ်တတ်ပါတယ်တဲ့။တချို့ကလဲ ဒီလိုကြက်သွန်ဖြူကိုကြောက်တတ်တာ Vampire အနွယ်ဝင်တွေမို့လို့ ကြောက်တာလို့လဲContinue reading “သင်ကြားဖူးလောက်မည်မဟုတ်သော ထူးထူးဆန်းဆန်း Phobia ၁၀ မျိုး”
ကိုယ်အလေးချိန် မြန်မြန်ကျတာကောင်းလား? လေ့ကျင့်ခန်းလုပ်ပြီး စားချင်တာစားလို့ရလား?
ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာ မင်းသား၊ မင်းသမီးတွေက ခန္ဓာကိုယ်တွေ အရမ်းလှကြတော့ ကြည့်တဲ့သူတွေလည်း သူတို့လိုဖြစ်ချင်ကြတာ မဆန်းပါဘူး။ခုခေတ်မှာ လူငယ်တိုင်းရဲ့စိတ်ထဲမှာတော့ ငါဝနေပြီလား၊ အစားလျော့ရမလား၊ လေ့ကျင့်ခန်းလုပ်ရမလား စသဖြင့် အတွေးကိုယ်စီနဲ့ ရှိကြပါတယ်။တစ်ချို့ကျတော့လည်း ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ပိုင်တယ်၊ ဝချင်ဝမယ်၊ ပိန်ချင်ပိန်မယ် ဆိုပြီး ပြောကြပါတယ်။ (ဒါဟာ လူတိုင်းလက်ခံသင့်တဲ့ အမြင်တစ်ခုပါ) ခုရေးမယ့်စာက ခန္ဓာကိုယ်ကို ကိုယ်လိုချင်တဲ့ပုံစံတစ်ခုဆီ သွားချင်တဲ့သူတွေအတွက်ပါ။ (ရှင်းရှင်းပြောရရင် ပိန်ချင်တဲ့သူတွေအတွက်ပါ)ဒီစာကိုဖတ်ပြီးရင် Idea တစ်ခုရသွားလိမ့်မယ်လို့ထင်ပါတယ်။(ကျွန်တော်လည်း ဒီ Idea ကိုသေချာနားမလည်ခဲ့လို့ တိုင်ပတ်ခဲ့ဖူးပါတယ်) လူတော်တော်များများက အချိန်သိပ်မပေးရဘဲ ခပ်မြန်မြန်နဲ့ အကျိုးရလာဒ်တစ်ခုကို လိုချင်ကြတာများပါတယ်။ဒါကြောင့်လည်း Youtube မှာကြည့်လိုက်ရင် ၁ပတ်အတွင်း ၁၀ ပေါင်ကျနည်းတို့၊ ၁လအတွင်း 6 pack ထွက်နည်းတို့ကို တွေ့နေရတာဖြစ်တယ်။ဒါက လက်တွေ့မှာ မဖြစ်နိုင်ပေမယ့် လှုပ်ရှားမှုလုပ်ဖို့ တွန်းအားပေးပါသေးတယ်။ဒီထက်ပိုဆိုးတာကContinue reading “ကိုယ်အလေးချိန် မြန်မြန်ကျတာကောင်းလား? လေ့ကျင့်ခန်းလုပ်ပြီး စားချင်တာစားလို့ရလား?”
ငှက်ဖျားကြောင့် တောထဲမှာ အသက်မဆုံးရှုံးရစေဖို့
ကျွန်တော်တို့အားလုံး လောလောလတ်လတ် ဆုံးရှုံးမှုကြီးတခုကြောင့် ဝမ်းနည်းနေကြရမှာပါ။ဒီလို နောက်ထပ်အသက်တွေထပ်မဆုံးရှုံးရအောင် ကျွန်တော်တို့ ဘာလုပ်ပေးနိုင်မလဲ။ငှက်ဖျားရောဂါက အခန့်မသင့်ရင် သေစေတတ်တယ်ဆိုတာသိရုံနဲ့ မပြီးပါ။ဘယ်လို ကာကွယ်ကုသရမလဲဆိုတာ အားလုံးသိရအောင် အခုပဲ ရှင်းပြပေးလိုက်ပါတယ်။တောထဲတောင်ထဲသွားမယ့်လူတွေက ဒီအချက်တွေ သိကိုသိသင့်ပါတယ်။ အရင်ဆုံး ငှက်ဖျားပေါတဲ့နေရာတွေကို အောက်ကမြေပုံမှာ ကြည့်ပါ။ အနီရင့်ရောင်က ငှက်ဖျားအပေါဆုံးဒေသတွေပါ။ ပြောရရင် မြန်မာနိုင်ငံမှာ ငှက်ဖျားက ရန်ကုန်နဲ့ မန္တလေးကလွဲလို့ နေရာတိုင်းမှာ အချိန်ရာသီမရွေး ရှိနေနိုင်ပါတယ်။ အဆိုးဆုံးက ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းတွေပဲ ဖြစ်တယ်။ ငှက်ဖျားရောဂါသယ်ဆောင်ထားတဲ့ ခြင်က အနော်ဖလိ (Anopheles) ခြင်ပါ။ခြင်ကိုက်လို့ဖြစ်တဲ့အတွက် ခြင်ကိုက်မခံရအောင် လုံလုံခြုံခြုံဝတ်စားရမယ်။အထူးသဖြင့် အထူးသဖြင့် နေဝင်ချိန်ကစပြီး နံနက်စောစော အထိကိုက်တတ်တာမို့ အင်္ကျီရှည် ဘောင်းဘီရှည်ကို အချိန်တိုင်းဝတ်ထားရမယ်။ညအိပ်ရင် ခြင်ထောင်သေချာထောင်အိပ်ရမယ်။ခြင်မကိုက်ဆေးရည် (mosquito repellent)Continue reading “ငှက်ဖျားကြောင့် တောထဲမှာ အသက်မဆုံးရှုံးရစေဖို့”