Vitamins တွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်သင့်လား? (Vitamins Overview)

ကျွန်တော်တို့ ငယ်ငယ်ကတည်းက Vitamin ဆိုတာဘာမှန်းမသိဘဲနဲ့ သကြားလုံးလို ဆေးခဲမျိုးတွေကို သောက်ခဲ့ကြတယ်။လူကြီးတွေကလည်း ကလေးဉာဏ်ပိုကောင်းမယ်၊ အရပ်ပိုရှည်မယ်ဆိုပြီး တိုက်ကြတယ်၊ ကလေးတွေကလည်း ချိုလည်းချို၊ မွှေးလည်းမွှေးဆိုတော့ ကြိုက်ကြတယ်။Vitamin တွေကို အမြဲသောက်ပေးနေဖို့လိုအပ်လားဆိုတာ ပြောပြချင်ပါတယ်။ Vitamin ဆိုတာ Micronutrient ထဲမှာ ပါပါတယ်။ခန္ဓာကိုယ်အတွက် တစ်နေ့ကို နည်းနည်းပဲလိုတာလို့ ပြောချင်တာပါ။ကျွန်တော်တို့ သိတဲ့ ကစီဓာတ်၊ အစားဓာတ်နဲ့ အဆီဓာတ်တွေကိုတော့ Macronutrient လို့ခေါ်ပါတယ်။ တစ်နေ့ကို များများလိုအပ်လို့ပါ။ တစ်နေ့တစ်နေ့စားသောက်တဲ့အခါမှာ စွမ်းအင် (Calories) ရစေတာက Macronutrients တွေပါ။ Vitamin တွေက စွမ်းအင်ရစေတဲ့အထဲမှာမပါပါဘူး။ ဒါဆို အသက်ရှင်ဖို့ Vitamin ကို မလိုအပ်ဘူးလားလို့ မေးစရာရှိတယ်။Vitamin ကို ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့၊ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ Vitamin တွေကို ၂မျိုးခွဲခြားထားပါတယ်။ရေမှာပျော်ဝင်တဲ့Continue reading “Vitamins တွေကို ကိုယ့်သဘောနဲ့ကိုယ် သောက်သင့်လား? (Vitamins Overview)”

သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း

ဘဝသံသရာကို ခရီးတခုလို့ဆိုကြရင် ကျနော်တို့အားလုံးက ခရီးသွားတွေပါပဲ။ ခရီးသွားနေကြရင်း ကြုံလာသမျှကိစ္စတွေက ပျော်စရာတွေလဲရှိသလို ဝမ်းနည်းစရာတွေလဲ မလွဲမသွေကြုံရမှာပါ။ ဝမ်းသာစရာကြုံရင် လူတွေအတွက် ရင်ဆိုင်ဖို့ မခက်ခဲပေမယ့် ဝမ်းနည်းပူဆွေးစရာတွေကြုံလာရင်တော့ ဖြတ်ကျော်ဖို့ အတော်လေးခက်ခဲပါတယ်။ စိတ်ညစ်စရာတွေကလဲ တချိန်ချိန်တော့ လူတိုင်းကြုံရမှာပဲမို့ စိတ်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုပါမယ်။ လမ်းမှာချော်လဲတာ ၊ ပိုက်ဆံအိတ်ကျပျောက်တာ စတဲ့ အသေးစားစိတ်ညစ်စရာတွေရှိသလို မိသားစုဝင်နဲ့ ခွဲခွာရတာ၊ မိဘတပါးပါး ကွယ်လွန်သွားတာ ၊ ချစ်ခင်ရတဲ့ သူတယောက်ယောက်ကို လက်လွတ်ဆုံးရှုံးရတာ စတဲ့ ကြီးမားတဲ့ စိတ်ဒုက္ခတွေကိုလဲ ကြုံကြရမှာပါ။ ဒီလိုကြုံလာရင် စိတ်ပညာအရ ဖြစ်ပေါ်လာတတ်တဲ့ဝမ်းနည်းမှုဖြစ်စဥ် (Normal Grief stages) တွေကို သိထားပါက မိမိကိုယ်ကို ဆင်ခြင်တွေးတောမိပြီး အနည်းငယ်စိတ်သက်သာရာရအောင် နေထိုင်နိုင်မှာပါ။ ပုံမှန်လူတယောက်ရဲ့ ဝမ်းနည်းမှုအဆင့် ၅ဆင့်မှာ ပထမအဆင့်ကတော့“Denial” (လက်မခံနိုင်ခြင်း) ဖြစ်ပါတယ်။Continue reading “သံသရာခရီးသွားများနှင့် ဝမ်းနည်းမှတ်တမ်း”

မိုးရာသီနှင့် သင့်ကျန်းမာရေး

ဒီ post လေးမှာ မိုးရာသီရောက်လာပြီမို့ သတိထားသင့်တဲ့အချက်လေးတွေကို Awareness ရအောင် ပြောပြချင်ပါတယ်။ ၁။ သွေးလွန်တုပ်ကွေးရောဂါ များလာပါတယ်။ ခြင်ကိုက်လို့ ကူးစက်တဲ့ သွေးလွန်တုပ်ကွေး (Dengue fever) ရောဂါက မိုးရာသီမှာ အလွန်အဖြစ်များပါတယ်။ မိုးရေတင်ကျန်ခဲ့တဲ့ နေရာတွေမှာ ရေဝပ်ပြီး ခြင်တွေအများကြီးပေါက်လာလို့ သင်ခြင်ကိုက်ခံရဖို့ သေချာသလောက်ရှိနေပါတယ်။ ခြင်ထဲမှာမှ သွေးလွန်တုပ်ကွေးရောဂါသယ်ဆောင်လာတဲ့ခြင်က Aedes ခြင်ကျားဖြစ်ပါတယ်။ ထူးခြားချက်က မနက်ပိုင်းနဲ့ နေ့လယ်နေ့ခင်းမှာပဲ ကိုက်တတ်တဲ့ ခြင်မျိုးဖြစ်လို့ နေ့လယ်မှာ တရေးအိပ်တဲ့အခါ ခြင်ထောင်ချအိပ်ဖို့လိုပါမယ်။ ခြင်ကိုက်မခံရအောင် အိမ်ကိုအလင်းကောင်းကောင်းဝင်အောင်ထားပြီး ခြင်အောင်းနိုင်မယ့် နေရာတွေကိုရှင်းလင်းထားဖို့လိုပါမယ်။ သွေးလွန်တုပ်ကွေးရောဂါက ကလေးတွေနဲ့ လူငယ်လူရွယ်တွေမှာ ပိုအဖြစ်များပြီး သွေးလွန်တုပ်ကွေးအရင်နှစ်တွေက ဖြစ်ဖူးထားရင် ပိုသတိထားသင့်ပါတယ်။ နောက်တခေါက် သွေးလွန်တုပ်ကွေးထပ်ဖြစ်တဲ့အခါ ပြင်းထန်သွေးလွန်တုပ်ကွေးအဆင့် ရောက်သွားနိုင်လို့ တခါဖြစ်ဖူးထားလို့ ခုခံအားရှိမှာပဲလို့ တွေးပြီးContinue reading “မိုးရာသီနှင့် သင့်ကျန်းမာရေး”

ကြက်ဥအစိမ်းစားတာက ပြုတ်စား၊ ကြော်စားတာထက်ပိုအားရှိသလား နှင့် ဥဋီကာနိဂုံး (Part 3)

(၇) ကြက်ဥအစိမ်းစားတာ မကျက်တကျက်စားတာက အားပိုရှိတယ် ၊ ပြုတ်စား ကြော်စားတာက အားသိပ်မရှိဘူး စသဖြင့် ပြောတာ ခဏခဏကြားဖူးမှာပါ။ သူတို့ဆိုလိုတဲ့အားက ဘာအားလဲတော့မသိပေမယ့် အာဟာရဆေးပညာနဲ့ သိပ္ပံအရတော့ အာဟာရပမာဏ တူတူပဲရပါတယ်။ ပြုတ်လိုက်တာဖြစ်စေ ကြော်လိုက်တာဖြစ်စေ အပူနဲ့တွေ့ တဲ့အခါ အသားဓာတ် protein က ပုံပြောင်းသွားပါတယ်။ နဂိုထက်ပိုခဲသွားပြီး ပိုးမွှားတွေလဲသေသွားပါတယ်။ Denaturation ဖြစ်သွားတယ်လို့ဆိုပါတယ်။ ကျက်သွားတဲ့အသားဓာတ်က Denature ဖြစ်သွားလို့ အစာအိမ်ကပိုပြီးချေဖျက်လို့လွယ်သွားပါတယ်။ အာဟာရတွေကို ပိုပြီးစုပ်ယူရလွယ်လို့ အစာမကြေဖြစ်တာ ရင်ခေါင်းတောင့်နေတာ သက်သာမှာပါ။ ကြက်ဥအစိမ်းကို ဖောက်သောက်တာက သူ့ရဲ့အညှီနံ့ကြောင့်လဲ မအီမလည်ခံစားရနိုင်သလို အစာခြေရတဲ့အခါ ကျက်ပြီးသားကြက်ဥထက်ပိုကြာလို့ ရင်ပြည့်တာမျိုးခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကြက်ဥအစိမ်းမှာ Salmonella ပိုးပါလာခဲ့ရင် ဝမ်းရောဂါပါထပ်ခံစားရမှာပါ။ သေချာသန့်ရှင်းစွာစားရင်တော့ ကြက်ဥအစိမ်းကလဲ ကြက်ဥအကျက်လိုပဲ အားရှိပါတယ်။ သို့သော်Continue reading “ကြက်ဥအစိမ်းစားတာက ပြုတ်စား၊ ကြော်စားတာထက်ပိုအားရှိသလား နှင့် ဥဋီကာနိဂုံး (Part 3)”

သင်စားနေတဲ့ဥက အကောင်ပေါက်လာမလားနှင့် ဥဋီကာ (Part 2)

ဒီတခါမှာတော့ အများပြောနေကျ ဥအကြောင်းလေးတွေ မှန် မမှန်ဖတ်ကြည့်ရအောင်။ (၃) ဘဲဥကိုစားရင် ပိုဝလာတတ်သလား? ဘဲဥတလုံးနဲ့ ကြက်ဥတလုံးမှာ fat လို့ခေါ်တဲ့ အဆီပါဝင်မှုမတူပါဘူး။ ဘဲဥက ပိုပြီး fat ရော cholesterol ပါတာရော များတယ်လို့ဆိုရမယ်။အဲ့တာကြောင့်လဲ အရသာက ကြက်ဥနဲ့သိပ်မတူဘဲပိုပြီးစားလို့ကောင်းနေတာပါ။ Weight တက်မှာစိုးလို့ diet လုပ်နေတယ်….ဥလဲစားချင်ရင်တော့ ကြက်ဥကိုပိုရွေးစားလိုက်ပါ။ဘဲဥကတော့ အဆီနည်းနည်းပိုများပြီး ကယ်လိုရီလဲပိုများလို့ပါ။ (၄) အခုစားနေတဲ့ဥတွေက အကောင်ပေါက်မလာဘူးလား ? ဟုတ်ကဲ့ …မပေါက်ပါဘူးခင်ဗျ။ အခုစားနေတဲ့ ပုံမှန် မွေးမြူရေးကြက်ဥတွေက လေဥလို့ခေါ်တဲ့ unfertilized egg တွေပါ။ ကြက်မ တွေက မိတ်မလိုက်ဘဲနဲ့လဲ ဥတွေသူ့ဘာသာဥပါတယ်။ ဥ အုတဲ့ရာသီတော့ရှိတယ်လို့ဆိုပြီး နေ့တိုင်း ၁လုံးကနေ ၂လုံးလောက် ဥချလေ့ရှိပါတယ်တဲ့။ မွေးမြူရေးခြံက ဥစားကြက်မတွေကို သီးသန့်ထားပြီးContinue reading “သင်စားနေတဲ့ဥက အကောင်ပေါက်လာမလားနှင့် ဥဋီကာ (Part 2)”

Design a site like this with WordPress.com
Get started