တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)

အိမ်ကအမေတွေ အဖေတွေ အဘိုးဘွားတွေပြောနေကျ စကားတွေထဲမှာ “တောကြက်ဥလေးတွေဝယ်လာတယ်…ပိုအားရှိအောင် လို့ပြောကြတာ” မကြာမကြာ ကြားဖူးမှာပါ။ တောကြက်ဥကို လှမ်းကြည့်လိုက်တော့ ခပ်ညိုညိုနဲ့ ခပ်သေးသေးလေးတွေပေါ့… “သေးသေးလေးတွေက အားရောရှိပါ့မလား” လို့သာ ပြောလိုက်မိရင် “ဟဲ့…နင်ဘာနားလည်လို့လဲ….တောကြက်ဥကစျေးကြီးတယ်….ရှာရခက်တယ်” လို့ ဘောက်ဆက်ဆက်ပြန်ဖြေပါလိမ့်မယ်။ ဒီလိုနဲ့ပဲ ငြိမ်နေလိုက်ရင်း တောကြက်ဥက တကယ်ပဲပိုအားရှိသလိုလို ဒီလိုပဲ စိတ်ထဲ ပြီးပြီးပျောက်ပျောက်ဖြစ်သွားပြန်ပါတယ်။ ဒီနေ့မှာတော့ စာရေးသူနဲ့အတူ ဥအမျိုးမျိုးအကြောင်း နေ့စဥ်ကြားနေကျစကားတွေ မှန်မမှန် ဆန်းစစ်ကြည့်ရအောင်။ (၁) တောကြက်ဥက မွေးမြူရေးကြက်ဥထက်ပိုအားရှိသလား? ဒီမေးခွန်းကိုမဖြေခင် အရင်ဆုံး ကြက်ဥအကြောင်းအရင်လေ့လာကြည့်ရအောင် ကြက်ဥအကာမှာ အသားဓာတ် (protein) နဲ့ အဆီ (fat) အနည်းငယ်ပါဝင်ပြီး ဥအနှစ်မှာတော့ အသားဓာတ် (protein), အဆီဓာတ် (fat ရော cholesterol ရော) ပါကာအဆီမှာပျော်ဝင်တဲ့ VitaminContinue reading “တောကြက်ဥက မွေးမြူရေးကြက်ဥထက် ပိုကောင်းသလားနှင့် ဥဋီကာဖွင့်ခြင်း (Part 1)”

နွေဦးကပေးသော စိုးရိမ်ကြောင့်ကျမှုများနှင့် ဖြေရှင်းမှုများ (Part 2)

ကျနော်အရှေ့တစ်ခေါက်မှာ မှားယွင်းတဲ့ ဖြေရှင်းနည်းတွေအကြောင်း ပြောခဲ့ပြီးပါပြီ။ ဒီတစ်ခါမှာတော့ ဘယ်လိုဖြေရှင်းသင့်လဲဆိုတာ ပြောပြပေးသွားမှာပါ။ (၁) ရုပ်ရှင်ကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း ဟာ တော်တော်များများလည်း ကျင့်သုံးကြသလို တော်တော်လေးထိရောက်ပါတယ်။ တခြားကမ္ဘာတစ်ခုထဲမှာ ခဏနှစ်မြုပ်နေထိုင်ရင်း လက်တွေ့ဘဝက စိတ်မချမ်းမြေ့စရာတွေကို လျော့ကျအောင် လုပ်နိုင်ပါတယ်။ (၂) အားကစား လိုက်စားခြင်း ဟာ ကိုယ်ရော စိတ်ရော ကျန်းမာဖို့ ကြံ့ခိုင်ဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ စိတ်ကို အပန်းဖြေစေသလို သက်လုံကောင်းအောင် ကြံ့ခိုင်အောင် လေ့ကျင့်ထားတာကြောင့် အရေးကြုံလာရင်လည်း အများကြီးအထောက်အကူပေးနိုင်ပါတယ်။ လူတိုင်း ဒီအချိန်မှာ အနည်းဆုံး နာရီဝက်ခန့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခြင်း၊ လမ်းလျှောက်ခြင်း/ပြေးခြင်းတွေကို နေ့တိုင်း ပုံမှန်လုပ်သင့်ပါတယ်။ (၃) ကိုယ့်ရဲ့လုပ်အားကို ကျေနပ်ပါ။ ပြီးရင် ဘာထပ်လုပ်သေးနိုင်သလဲ စဥ်းစားရှာဖွေပါ။ လူတိုင်းဟာ သူ့အတိုင်းအတာနဲ့သူ သူ့ဘဝနဲ့ သူ့အကြောင်းတရားချည်းပါပဲ။Continue reading “နွေဦးကပေးသော စိုးရိမ်ကြောင့်ကျမှုများနှင့် ဖြေရှင်းမှုများ (Part 2)”

ရှက်စရာမဟုတ်သော အကြောဆွဲခြင်း (သို့) Tourette syndrome

သင့်ပတ်ဝန်းကျင်မှာဖြစ်ဖြစ် ဆွေမျိုးအသိုင်းဝိုင်းမှာပဲဖြစ်ဖြစ် အကြောဆွဲနေတတ်သူကို တွေ့ဖူးပါသလား။ စကားပြောတဲ့အခါ မျက်လုံးကဖျက်ခနဲ ဖျက်ခနဲ မှိတ်မှိတ်သွားတာ ၊ လက်တွေတွန့်လိမ်သွားတာ ၊ တချက်တချက် နှာမှုတ်သံတွေလုပ်တာ ဒါတွေအကုန်လုံးကTourette syndrome ထဲမှာအကျုံးဝင်ပြီး ဒီလက္ခဏာတွေဟာ ရောဂါမဟုတ်ပါ။ ရူးသွပ်နေတာလဲမဟုတ်သလို လူကြီးတွေကဲ့ရဲ့သလို “ဒီကလေးက အငြိမ်ကိုမနေဘူးမကောင်းတဲ့အကျင့်ကိုပါနေတာ” ဆိုတာလဲ လုံးဝအမှားပါ။ ကလေးက လုပ်ချင်လို့လုပ်နေတာ စိတ်ပါလို့လုပ်နေတာမဟုတ်ဘဲ သူ့အလိုလိုကို လုပ်မိနေတာ ဖြစ်ပါတယ်။လုပ်လိုက်ရမှ စိတ်သက်သာသွားတာမျိုးပါ။ ဥပမာ သင် နှာခေါင်းယားပြီး အရမ်းနှာချေချင်နေတဲ့အခါ မချေမိအောင် အောင့်ထားဖူးရင်Tourette syndrome ကလေးတွေကို ကိုယ်ချင်းစာတတ်မှာပါ။ သူတို့မှာ အောင့်လို့လဲမရ ၊ မလုပ်မိအောင်ထိန်းထားပြန်ရင်လဲ ခဏပဲရပြီး စိတ်လွှတ်လိုက်တဲ့အခါ ပိုပြီး ရုပ်ဆိုးတာတွေလုပ်မိသွားတတ်ပါတယ်တဲ့။ ဟုတ်ပြီ …. ဒါဆို ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ဘာလို့လဲ အခုထိသေချာမသိရသေးပါဘူးတဲ့။Continue reading “ရှက်စရာမဟုတ်သော အကြောဆွဲခြင်း (သို့) Tourette syndrome”

၆ပေခြားနေရသော နှင်းဆီပန်း ၆၅ပွင့်ရောဂါ

ခေါင်းစဥ်ကိုမြင်လိုက်တာနဲ့ ဘာရောဂါအကြောင်းရေးတော့မလဲဆိုတာ စာဖတ်သူတို့ခန့်မှန်းမိကြပါသလား။ ဒီရောဂါခံစားနေရသူတွေမှာ ထူးဆန်းတဲ့အချက်လေးတွေရှိပါတယ်။ သူတို့က လူတွေနဲ့ ၆ ပေအကွာမှာပဲနေရတယ်။ သူတို့ရဲ့ အရေပြားက ငန်တူးနေတယ်။ သူတို့က ငယ်ငယ်လေးနဲ့သေကြရတယ်။ ဒီရောဂါကို ဆေးပညာမှာ Cystic fibrosis လို့ခေါ်ပြီး နာမည်ပြောင်ပေးထားတာကSixty five roses ပါတဲ့။ အသံထွက်ချင်းဆင်တူလို့ romantic ဆန်ဆန်လေး နာမည်မှည့်ထားတာပါ။ ဒီရောဂါက မျိုးရိုးလိုက်တဲ့ရောဂါဖြစ်ပြီး လူဖြူတွေမှာပိုအဖြစ်များပါတယ်။ ရောဂါဘာလို့ဖြစ်ရတာလဲဆိုတော့ ကျနော်တို့ ခန္ဓာကိုယ်ထဲမှာ အရည်တွေများစွာရှိပြီး နေ့စဥ် အရည်တွေစစ်ထုတ်လိုက် ပြန်စုပ်ယူလိုက် လုပ်နေရပါတယ်။ မလိုတဲ့အရည်တွေကိုထုတ်မယ်။ လိုတဲ့အရည်တွေကိုပြန်စုပ်မယ်။အဲ့လိုလုပ်ဖို့ အရည်ဝင်ထွက်တဲ့ ပြွန် channel တွေလိုပါတယ်။ Cystic fibrosis ရောဂါက အဲ့ channel ထဲကမှ Chloride ion ကိုသယ်ပို့တဲ့ channel ကContinue reading “၆ပေခြားနေရသော နှင်းဆီပန်း ၆၅ပွင့်ရောဂါ”

သင့်မှာ မှဲ့ကင်ဆာရှိမရှိ အလွယ်သိနိုင်မယ့် အချက်များ

သင့် ခန္ဓာကိုယ်ပေါ်က မှဲ့တွေဟာ သင်ထင်သလောက်မရိုးရှင်းလှပါဘူး။ မှဲ့တွေဟာ အရေပြားမှာရှိတဲ့ epidermal melanocytes (ရောင်ခြယ်ဆဲလ်) များကနေဖြစ်ပေါ်လာပြီး လူတိုင်းလိုလိုမှာရှိတတ်ပါတယ်။ ရိုးရိုးမှဲ့လေးတွေကို melanocytic nevus လို့ခေါ်ပြီးကင်ဆာဖြစ်စေတဲ့ မှဲ့တွေကိုတော့ Malignant melanoma လို့ခေါ်ပါတယ်။ ရိုးရိုးမှဲ့လေးတွေထဲမှာ တချို့တဝက်က ကင်ဆာပြောင်းသွားတတ်လို့ စောစောသိဖို့ အရေးကြီးလှပါတယ်။ ဒါဆို ဘယ်လိုမှဲ့တွေက ကင်ဆာလက္ခဏာတွေရှိနေတာလဲ။ အလွယ်ပြောရရင် ABCDE လို့မှတ်လို့ရပါတယ်။ A = Asymmetry(မှဲ့တခြမ်းနဲ့တခြမ်း မညီမညာဖြစ်လာမယ်) B = Border irregular(မှဲ့ရဲ့ ဘေးပတ်ပတ်လည်ဟာ ပုံမှန်မဟုတ်ဘဲ မညီမညာဖြစ်လာမယ်) C = Colour irregular(အရင်ကအရောင်နဲ့မတူဘဲ အရောင်ရုတ်တရက်ပြောင်းလာမယ်) D = Diameter > 0.5 cm(မှဲ့အရွယ်အစားက ပိုပိုကြီးကြီးလာမယ်) E =Continue reading “သင့်မှာ မှဲ့ကင်ဆာရှိမရှိ အလွယ်သိနိုင်မယ့် အချက်များ”

Design a site like this with WordPress.com
Get started