ရာဇဝင်ထဲက သားဆက်ခြားနည်းတွေ

ဒီနေ့ခေတ်မှာ လိင်မှုကိစ္စပြုဖို့ဖြစ်ဖြစ် ပြုပြီးရင်ဖြစ်ဖြစ် ကိုယ်ဝန်ကာကွယ်ဖို့ပဲလိုလို ရောဂါကာကွယ်ဖို့ပဲလိုလို သန္ဓေတားပစ္စည်းတွေ ဆေးဝါးတွေကို အလွယ်တကူရှာလို့ရလာပါပြီ။ ဒါပေမယ့် ရှေးခေတ်လူ့အဖွဲ့အစည်းမှာတော့ ကျွန်တော်တို့လောက် ကံမကောင်းခဲ့ရှာပါဘူး။ ရှာရှာဖွေဖွေလုပ်တတ်တဲ့ လူ့ဗီဇပီပီ သမိုင်းထဲကလူသားတွေဟာလည်း ဖိုမကိစ္စရဲ့ရလဒ်ဖြစ်တဲ့ သ‌န္ဓေတည်ခြင်းကိုကာကွယ်ဖို့ နည်းမျိုးစုံ ကြိုးစားခဲ့ကြ အသုံးပြုခဲ့ကြပါတယ်။ လူသားတွေ သားဆက်ခြားဖို့ကြိုးစားခဲ့ကြတဲ့ ပထမဆုံးမှတ်တမ်းတွေကို BC 1800 ဝန်းကျင် မက်ဆိုပိုတေးမီးယားနဲ့ အာဖရိက၊ အီဂျစ်၊ ဂရိ ဒေသတစ်ဝိုက်မှာ ပညာရှင်တွေကတွေ့ခဲ့ကြပါတယ်။ သူတို့ဘာတွေလုပ်ခဲ့ကြသလဲ? ၁။ ဖျက်ချမယ်သူတို့လည်းကျွန်တော်တို့ဒီနေ့ခေတ်လို တွေးခဲ့ကြပုံပါပဲ။ အများဆုံးအသုံးပြုခဲ့တဲ့နည်းကတော့ ကိုယ်ဝန်ဖျက်ချတဲ့နည်းပါ။ ဘုရင့်တော်ဝင်‌ နန်းတော်ကစလို့ ကျေးကျွန်တွေအထိ မလိုချင်တဲ့ကိုယ်ဝန်ရလာတဲ့အခါ ဖျက်ချခဲ့တာပါပဲ။ ဒီနေ့လို ဆေးပညာတိုးတက်တဲ့ကာလမှာတောင် တရားမဝင်ဖျက်ချမှုတွေ၊ မသန့်ရှင်းမကျွမ်းကျင်မှုနဲ့ အခြားအကြောင်းအရင်းမျိုးစုံနဲ့ ကလေးဖျက်ချတာတွေကြောင့် မိခင်နဲ့မွေးကင်းစကလေးသေနှုန်းမြင့်တက်နေသေးတယ်ဆိုရင် အဲ့ဒီခေတ် အဲ့ဒီကာလမှာ ကိုယ်ဝန်ဖျက်ချမှုကြောင့် သန်းနဲ့ချီတဲ့အမျိုးသမီးတွေသေဆုံးခဲ့မယ်ဆိုတာ အသေအချာပါပဲ။Continue reading “ရာဇဝင်ထဲက သားဆက်ခြားနည်းတွေ”

Personality disorder အကြောင်းပြောကြရာဝယ် (Part 5)

(Part 1,2,3,4 ဖတ်ပြီးမှ ယခု Part 5ကိုဖတ်သင့်ပါသည်။) ဒီတခါမှာတော့ Personality disorder ထဲက Cluster B အုပ်စုအကြောင်းဆက်လက်ပြောပြသွားပါမယ်။ Cluster B က စိတ်ခံစားချက်ပြင်းသူ “Wild” typeဖြစ်ပြီး drama ဆန်ဆန် အပြောင်းလဲမြန်ပြီး ခန့်မှန်းရခက်သူတွေဖြစ်သူတွေဖြစ်ပါတယ်။ ဆေးလိပ်အရက် မူးယစ်ဆေးဝါးတို့ကို တလွဲသုံးနိုင်ချေမြင့်မားပြီး mood disorder များနဲ့လဲ တခါတရံ တွဲနေတတ်ပါတယ်။ ပါဝင်တဲ့ အမျိုးအစားများကတော့ Antisocial personality disorder Borderline personality disorder Histrionic personality disorder Narcissistic personality disorder တို့ဖြစ်ပါတယ်။ Antisocial personality disorder ကတော့အကြမ်းဖက်သမားဆန်သူများဖြစ်ပါတယ်။ ပတ်ဝန်းကျင်တွေ လောကဝတ်တွေလဲ ဂရုမစိုက်ဘဲAggressive ဖြစ်သူ ကိုယ်နူတ်အမူရာကြမ်းတမ်းသူဖြစ်ပါတယ်။Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 5)”

Personality disorder အကြောင်းပြောကြရာဝယ် (Part 4)

(Part 1,2,3 အရင်ဖတ်ပြီးမှ Part 4 ကိုဆက်ဖတ်ပေးပါခင်ဗျ) ဒီအပိုင်းမှာတော့ Cluster A“Weird” type (ဂေါက်ကြောင်အုပ်စု) ထဲက တခုစီကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ Cluster A ထဲမှာ disorder 3 မျိုး ပါဝင်ပါတယ်။ Paranoid personality disorder Schizoid personality disorder Schizotypal personality disorder တို့ဖြစ်ပါတယ်။ Paranoid personality disorder ကိုစပြောရရင် “သံသယကောင်” လို့ လွယ်လွယ်မှတ်ထားလို့ရပါတယ်။ Male တွေမှာ ပိုတွေ့ရတတ်ပြီး သူ့ရဲ့ပုံစံက အမြဲတမ်းလိုလို သံသယစိတ်နဲ့ ပြည့်နေတာပါပဲ။ တယောက်ယောက်က သူ့ကိုအမြဲလိမ်ညာနေတယ်။ မကောင်းကြံနေတယ်။ လုပ်ကြံဖို့ကြိုးစားနေတယ်လို့ပဲ အမြဲတွေးနေတယ်။ ဘယ်သူ့ကိုမှလဲ မယုံသလို သူ့ကိုစကားတခွန်းသွားပြောလိုက်ရင် အဲ့စကားက ဘာသဘောနဲ့ပြောတာလဲ။Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 4)”

Personality disorder အကြောင်းပြောကြရာဝယ် (Part 3)

လူတယောက်ရဲ့ Personality တခုကို disorder လို့ခေါင်းစဥ်တပ်ဖို့အတွက် အချက်တွေအများကြီးထည့်သွင်းစဥ်းစားရပါတယ်။ By definition အရတော့“Long-lasting, inflexible & maladaptive personality traits” are personality disorders လို့ဆိုကြတယ်။ Trait တစ်ခုက လိုတာထက်ပိုပြီးလွန်ကဲလာမယ်။ အချိန်ကာလတစ်ခုမှာပဲ ခဏဖြစ်တာမဟုတ်တော့ဘဲ အချိန်ကြာရှည်စွာ လွှမ်းမိုးလာမယ်။ အသက် ၁၈ မတိုင်ခင်က စသတိထားမိလာပြီး အရွယ်ရောက်လာတဲ့အထိ ဆက်လက်ရှိနေမယ်။(တချို့စာအုပ်များက personality disorder လို့ခေါင်းစဥ်တပ်ဖို့ အသက်၁၈နှစ်ပြည့်ပြီးဖြစ်ရမယ်လို့လဲဆိုကြတယ်။) မိမိကိုယ်ကို ထိခိုက်မှုတွေရှိလာမယ်။Social life ကို မဝင်ဆန့်ဖြစ်လာမယ်။အများသူငါနဲ့ အလုပ်အတူတွဲလုပ်လို့မရဘဲ လုပ်ငန်းခွင်ဘဝပါ ထိခိုက်လာမယ်။ Suicidal tendency ရှိလာမယ်။ ပတ်ဝန်းကျင်ကသူတွေကိုပါ ဘေးရန်ဖြစ်စေလာမယ်။ ဒီလိုအချက်တွေဖြစ်လာပြီဆိုရင် trait အဆင့်ကနေ disorder အဆင့်ဖြစ်လာပြီလို့ပြောလို့ရပါပြီ။ ဒါ့အပြင် PersonalityContinue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 3)”

Personality disorder အကြောင်းပြောကြရာဝယ် (Part 2)

ဒီတခါမှာတော့ disorder အကြောင်းမသွားခင် Personality trait အမျိုးအစားများနဲ့Personality ကိုစစ်ဆေးတဲ့ test လေးတွေအကြောင်း အကျဥ်းပြောပြပါရစေ။ Psychology မှာ personality trait ကို အမျိုးစားခွဲတဲ့အခါ တကျောင်းတဂါထာဆန်းဆိုသလို အမျိုးမျိုးခွဲကြပါတယ်။ Allport’s Trait theory မှာတော့ Cardinal traits (အခြေခံအမူအကျင့်) Central traits (ပင်မအမူအကျင့်) Secondary traits (အခြေနေတခုအရထွက်ပေါ်လာသောအမူအကျင့် ဥပမာ စင်ပေါ်မှာစကားပြောခိုင်းမှ စိတ်လှုပ်ရှားလာခြင်း) ဆိုပြီး၃မျိုးခွဲထားပါတယ်။ Raymond Cattell ဆိုတဲ့ psychologist ကတော့ trait 16 မျိုးဟု ခွဲခြမ်းစိတ်ဖြာပြခဲ့ပြီး Hans Eysenck ဆိုတဲ့ psychologist ကမူ trait များကို Dimension ၃မျိုးနဲ့ ဖော်ပြပြန်ပါတယ်။ အများလက်ခံကြတဲ့Continue reading “Personality disorder အကြောင်းပြောကြရာဝယ် (Part 2)”

Design a site like this with WordPress.com
Get started