Part 1 ဖတ်ချင်ရင် ဖတ်နိုင်ပါတယ်။ သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)https://ouo.io/T2uFrk ၄။ ပန်ကာလေနဲ့အိပ်ရင် လေဖြတ်သလား? ဒီကိစ္စကလဲ လူတိုင်းလိုလိုအမှတ်မှားနေတဲ့ကိစ္စတခုပါ။ ပန်ကာအကြာကြီးခံရင် လေဖြတ်သေတတ်တယ်ဆိုတာ တကယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒါကိုယုံတဲ့သူတွေကို မဟုတ်ဘူးပြောရတာအတော်ကို လက်ပေါက်ကပ်တဲ့ကိစ္စတခုပါပဲ။ ကျနော်ဖတ်ဖူးတဲ့စာအုပ်ထဲမှာဆိုရင် Fan death (ပန်ကာအကြာကြီးခံပြီးသေတာ) ကို တောင်ကိုရီးယားကပြည်သူတွေကလည်း တကယ်ပဲယုံကြည်ကြတယ်လို့ဆိုပါတယ်။(ဆိုတော့ အိုပါးတွေလဲယုံတာပဲ…ကျမတို့လဲယုံမှာပဲဆိုလဲ သဘောပါ) တောင်ကိုရီးယားမှာ ဘယ်လောက်တောင် ပန်ကာအစွဲရှိသလဲဆိုရင် ပန်ကာထုတ်လုပ်တဲ့စက်ရုံတွေက အချိန်တခုရောက်ရင် အလိုလိုပိတ်တဲ့စနစ်ထည့်ပေးရတဲ့အထိ ဖြစ်လာပါတယ်။ အလိုလိုပိတ်တဲ့စနစ်မပါတဲ့ ပန်ကာဆို ဘယ်သူမှမဝယ်ကြတဲ့အထိပါပဲ။ ဒါဆို ပန်ကာခံပြီးလေဖြတ်သွားတဲ့သူ တွေ့ဖူးလားမေးတဲ့အခါ ၁၀၀ မှာ ၉၉ ယောက်လောက်က မတွေ့ဖူးပါဘူး… သူများပြောလို့ လိုက်မလုပ်တာပဲဖြစ်တာပါ။ တယောက်သောသူကတော့ ပန်ကာခံပြီးလေဖြတ်သွားတာတွေ့ဖူးချင်တွေ့ဖူးပါလိမ့်မယ်။ ဒါကလဲ လေဖြတ်ရတာ ပန်ကာလေကြောင့်မဟုတ်နိုင်ပါဘူး။Continue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 2)”
Tag Archives: ကျန်းမာရေးဗဟုသုတ
အမြင်အာရုံကိုလာလာရှုပ်နေတတ်တဲ့ တီကောင်လေးများ (သို့) floaters များအကြောင်း
တခါတခါ လင်းနေတဲ့မျက်နှာပြင် ကိုကြည့်မိရင် မြင်ကွင်းထဲမှာအောက်ကပုံထဲကလို တီကောင်လိုအကောင်လေးတွေရှိနေတာကို ခံစားဖူးပါသလား။ အဲ့အကောင်လေးတွေက မျက်စိကြည့်တဲ့အခါ လာလာရှုပ်နေတတ်ပြီး သူတို့ကိုမြင်အောင်လှမ်းကြည့်လိုက်ရင် ပျောက်သွားတတ်ပါတယ်။တခြားနေရာကိုပြောင်းကြည့်လိုက်တော့မှ သူတို့တဖန်ပြန်ပေါ်လာပြန်ပါတယ်။ အများအားဖြင့် ရှည်မျောမျောပုံစံရှိပြီး အစက်အပြောက်ပုံစံ၊ အခက်အလက်ပုံစံ၊ ချည်လုံးပုံစံ စသဖြင့် ပုံစံအမျိုးမျိုးပြောင်းနေတတ်ပါတယ်။ ဒီလိုအကောင်လေးတွေကို Floaters လို့ခေါ်ပါတယ်။ ဒီ floaters လေးတွေက အပြင်လောကမှာရှိနေတာမဟုတ်ဘဲ သင့်မျက်လုံးထဲမှာရှိနေတာပါ။ ဒီလိုပြောလို့မလန့်သွားပါနဲ့ဦး။ဒီလို floaters တွေက တကယ့်တီကောင်အစစ်တွေမဟုတ်ပါဘူး။ Floaters တွေကဘာတွေလဲဆိုတာ ရှင်းပြပါ့မယ်။ Floaters ရဲ့ သိပ္ပံနာမည်ကတော့ Muscae Volitantes ဖြစ်ပြီး Flying flies လို့အဓိပ္ပာယ်ရပါတယ်။ ကျနော်တို့မျက်လုံးထဲမှာ အခန်းငယ်လေးတွေရှိပြီး အရှေ့ခန်းထဲမှာ Aqueous humour လို့ခေါ်တဲ့အရည်တွေရှိပြီး အနောက်ခန်းထဲမှာတော့ vitreous humour လို့ခေါ်တဲ့ အရည်တွေပြည့်နေပါတယ်။ အဲ့Continue reading “အမြင်အာရုံကိုလာလာရှုပ်နေတတ်တဲ့ တီကောင်လေးများ (သို့) floaters များအကြောင်း”
သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)
အများကမှန်တယ်လို့ ယူဆထားတဲ့ကျန်းမာရေးအကြောင်းအရာတချို့က ဆေးပညာအရလွဲနေပါတယ်။ဒါတွေကို အပိုင်းလိုက်ရေးသွားပေးမှာဖြစ်ပါတယ်။ ၁။ အစပ်များများစားရင် အစာအိမ်မှာအနာဖြစ်တတ်သလား? ဒီအချက်က အစပ်ကြိုက်တတ်သူတွေမကြာခဏပြောတတ်တဲ့ကိစ္စပါ။ အစပ်တွေစားမိလို့ အစာအိမ်မှာအနာဖြစ်တယ်ဆိုတာ ဆေးပညာအရမမှန်ပါဘူး။ Stomach ulcer ဆိုတဲ့ အစာအိမ်မှာအနာဖြစ်ရခြင်းက Helicobacter pylori လို့ခေါ်ဘက်တီးရီးယားပိုးကြောင့်အဓိကဖြစ်တာပါ။ဒါ့အပြင် အကိုက်အခဲပျောက်ဆေးတွေခဏခဏသောက်ရင်လဲ အစာအိမ်အနာဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တတ်တဲ့သူတွေမှာလဲ အစာအိမ်အနာပိုဖြစ်တတ်ပါတယ်။နောက်ပြီးစိတ်ဖိစီးတာကြောင့်ဖြစ်စေ ၊ Physical stress တခုခုကြောင့်ဖြစ်စေ အစာအိမ်ကိုသွေးရောက်တာနည်းပြီး အနာဖြစ်တတ်ပါတယ်။ ဒါကြောင့် အစပ်စားလို့ အစာအိမ်ကိုအနာဖြစ်တယ်ဆိုတာ မမှန်ပါဘူး။သို့သော် အပူအစပ်များများစားရင် နဂိုရှိပြီးသားအနာကိုတော့ ပိုဆိုးစေ ပိုနာစေပါတယ်။အရက်သောက်တာဖြစ်ဖြစ်၊ အပူအစပ်တွေအများကြီးစားလိုက်တာဖြစ်ဖြစ် ရှိပြီးသားအနာက အစပ်နဲ့ထိပြီး ပိုနာတတ်ပါတယ်။ ဥပမာ ပါးစပ်ထဲမှာ အနာတခုခုရှိရင် အစပ်စားတဲ့အခါ ပိုစပ်တဲ့သဘောပဲဖြစ်ပါတယ်။ စပ်တာစားရင် ရှိပြီးသားအနာကိုတော့ ပိုစပ်စေပေမယ့် အနာကိုတော့မဖြစ်စေပါဘူး။ အစာအိမ်အနာရှိရင် ဆရာဝန်နဲ့ပြပြီး လိုအပ်တဲ့ဆေးကုသမှုခံယူသင့်ပါတယ်။ ၂။ အတွင်းခံဘောင်းဘီကြပ်ကြပ်ဝတ်ရင်Continue reading “သင်ထင်သလိုမဟုတ်တဲ့ ကျန်းမာရေးဗဟုသုတအလွဲများ (Part 1)”
အသက်ရှူလေ့ကျင့်ခန်းက ကိုဗစ်သမားမှာ ဘာလို့ အောက်ဆီဂျင်ပြန်တက်စေတာလဲ?
အခုရက်ပိုင်းမှာ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့တို့ မှောက်နေဖို့ (proning position) တို့ကို လူတိုင်းလိုလိုပြောလာကြပါတယ်။ မှောက်ရက်အနေအထား (proning position) ထားခြင်းက အဆုတ်ကို နေရာပိုချောင်စေလို့ အဆုတ်ကိုပိုလွတ်လပ်စေလို့ဆိုတာ အတော်များများရှင်းပြထားပြီးပါပြီ။ သိပ်မပြောကြတာက အသက်ရှူလေ့ကျင့်ခန်းကိစ္စပါ။ အသက်ရှူလေ့ကျင့်ခန်းက ကောင်းတယ်လို့သိထားပေမယ့် ဘာလို့ကောင်းတာလဲ ဘာလို့အလုပ်ဖြစ်တာလဲဆိုတဲ့ နောက်ကွယ်ကအကြောင်းတွေကိုသိထားရင် သူများမေးလာတဲ့အခါ ချက်ကျလက်ကျပြန်ရှင်းပြလို့ရပါလိမ့်မယ်။ ဒါကြောင့် အသက်ရှူလေ့ကျင့်ခန်းက ဘာလို့အောက်ဆီဂျင်ပြန်တက်စေတာလဲဆိုတဲ့ Why ကိစ္စကို ကျနော်သိထားသလောက်ပြောပြပေးပါမယ်။ အများပြောနေကြတဲ့ အသက်ရှူလေ့ကျင့်ခန်းဆိုတာ Deep breathing လုပ်တာပါ။ ဖြေးဖြေးမှန်မှန်နဲ့ အသက်ကိုတဝကြီးရှူ တဝကြီးပြန်ထုတ် အဲ့လိုလုပ်တာပါ။ လူတွေအသက်ရှူတဲ့အခါ ပုံစံ ၂ မျိုးရှိပါတယ်။Thoracic dominant type (Chest breathing) နဲ့Abdominal dominant type (Belly breathing) တို့ဖြစ်ပါတယ်။ လွယ်အောင်ပြောရရင် ရင်ဘတ်မောက်ပြီးရှူတာလား၊Continue reading “အသက်ရှူလေ့ကျင့်ခန်းက ကိုဗစ်သမားမှာ ဘာလို့ အောက်ဆီဂျင်ပြန်တက်စေတာလဲ?”
လက်ဆစ်၊ ခါးဆစ်ချိူးခြင်းနဲ့ ဇက်ချိူးခြင်းတို့ရဲ့ကျန်းမာရေး
သင့်မှာ လက်ဆစ်ချိုးတတ်တဲ့အကျင့် ၊ ခါးချိူးတတ်တဲ့အကျင့်ရှိပါသလား။ဒါဆို သင်သိချင်လောက်မယ့် အကြောင်းတွေပါလာမှာမို့ ဆက်ဖတ်ကြည့်ပေးပါ။ လက်ဆစ်ချိုးတာ မကောင်ဘူး၊ လက်ဆစ်လွဲမယ်တို့၊ ခါးကိုခဏခဏမချိုးနဲ့ ဆိုပြီး အိမ်ကလူတွေပြောတာကြားဖူးကြမှာပါ။ ဒါပေမယ့် အကျင့်ဆိုတာဖျောက်ရခက်တော့ အကျင့်ဖြစ်နေသူတွေအတွက် လက်ချိုးလိုက်ရမှ ၊ ခါးချိူးလိုက်ရမှ နေသာထိုင်သာရှိတာ ကြုံဖူးမှသိမှာပါ။ ဘေးကလူတွေကြားရင်တော့ လက်ဆစ်ချိုးတဲ့အသံက တော်တော်နာမယ့်အသံလို့ထင်နေကြပေမယ့် တကယ်တော့ နာကျင်မှုမရှိတတ်ပါဘူး။ ဘာလို့ အဆစ်တွေကိုချိုးလိုက်ရင် ဖောက်ဆိုပြီး အသံထွက်ရတာလဲ။ ဒါဘာလို့ဖြစ်တာလဲဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာကြပါတယ်။ အစောဆုံးလေ့လာခဲ့ကြတာကတော့ ၁၉၄၀ ခုနှစ်လောက်ကစခဲ့ပါတယ်။ အဲ့တုန်းကထင်တာက အဆစ်ချိုးတဲ့အခါ အရိုးထိပ်မှာဖုံးထားတဲ့ အရွတ်ခွက်ကလေးတွေ တင်းကြပ်ပြီး ပြန်ချောင်သွားတဲ့အခါ အသံထွက်လာတာလို့ထင်ခဲ့တာပါ။ဒါကို Articular release theory လို့တင်စားခဲ့ပါတယ်။ နောက်ပိုင်းမှာ ခေတ်စားလာတဲ့ theory တခုကကျ လက်ဆစ်ကိုချိုးလိုက်တဲ့အခါ အရိုးအဆစ်နားက တစ်ရှူးတွေတုန်ခါလို့ ထွက်တဲ့အသံလို့Continue reading “လက်ဆစ်၊ ခါးဆစ်ချိူးခြင်းနဲ့ ဇက်ချိူးခြင်းတို့ရဲ့ကျန်းမာရေး”