ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?

ကိုဗစ်ကာကွယ်ဖို့ mask တပ်ရမယ်ဆိုတဲ့အသိရှိကြပေမယ့် ဘယ် mask ကိုရွေးရမလဲဆိုတာ သေချာမသိကြပါဘူး။ မှန်ကန်တဲ့ mask ကိုတပ်မှပဲ ကိုဗစ်ကိုကာကွယ်မှာပါ။ လူအသေအပျောက်များခဲ့တဲ့ India မှာဆို ၅၀% လောက်က mask မတပ်ကြသလို Mask တပ်တဲ့လူရဲ့ ၅၀% လောက်ကလဲ mask ကိုမှားယွင်းစွာတပ်ထားကြတာ တွေ့ရပါတယ်။ စာတွေအများကြီးနဲ့မရေးပေးတော့ဘဲ ပုံလေးတွေအဓိကထည့်ပေးထားလို့ တပုံချင်းကြည့်လိုက်ရအောင်။ သင်တပ်ထားတဲ့ mask က အောက်ကလို လေဝင်ပေါက်(valve)ပါတဲ့ maskမျိုးဆို လုံးဝမတပ်သင့်ပါဘူး။ အောက်ကပုံလိုမျိုး အလှတပ်တဲ့ mask မျိုးတွေလဲမတပ်သင့်ပါဘူး။ကိုဗစ်ရောဂါပိုးကအလွန်သေးငယ်တဲ့အတွက် ဒီလိုအလှတပ် mask တွေကမကာကွယ်နိုင်ပါဘူး။ အခုလို ခြုံပဝါတွေ၊ မာဖာလာတွေကိုလဲ mask အနေနဲ့ မသုံးသင့်ပါဘူး။ အောက်ကပုံထဲကလို face shield မျက်နှာအကာကိုလဲ သူတခုထဲလုံးဝမတပ်သင့်ပါ။ face shieldContinue reading “ကိုဗစ်အတွက် ဘယ် mask ကိုရွေးကြမလဲ?”

လူတွေကို အရသာနဲ့တွဲမြင်ခြင်း၊ အသံတွေကို အရောင်နဲ့ကြားခြင်းဖြစ်စေတဲ့ ရောဂါ

အခု ပြောမယ့်ရောဂါက တော်တော်ထူးဆန်းပါတယ်။ ဒီရောဂါရှိတဲ့သူတွေက အသံကို ကြားရုံတင်မဟုတ်ဘဲ အရောင်တွေအနေနဲ့မြင်ရသလို အနံ့အနေနဲလည်း ရတတ်ပါတယ်။ စကားလုံးတွေကို အရောင်နဲ့တွဲမြင်တာတွေရှိသလို လူတွေကိုလည်း အရသာတစ်ခုခုနဲ့တွဲမြင်တာတွေရှိပါတယ်။ ဒီရောဂါကို Synesthesia လို့ခေါ်တယ်။ လူတွေရဲ့ 2-4% လောက်မှာ ဒီလိုဖြစ်နေတတ်တယ်လို့ ပြောကြတယ်။ ဒီတော့ စာဖတ်နေတဲ့သူတွေထဲမှာလည်း ဒီလိုဖြစ်နေတဲ့သူတွေ ပါကောင်းပါနိုင်ပါတယ်။စမ်းသပ်ချင်တဲ့လူတွေအတွက် စမ်းလို့ရအောင် နောက်ဆုံးမှာ ထည့်ပေးထားပါတယ်။ အပေါ်က ပြောခဲ့တဲ့ ဥပမာတွေလောက်နဲ့တင် မကသေးပါဘူး။ ဒီရောဂါဟာ လူတွေရဲ့ အာရုံငါးပါးထဲက ၂မျိုးသွားပူးနေတာဆိုတော့ အမျိုးမျိုးဖြစ်နိုင်ပါတယ်။Synesthesia ဆိုတာ Greece စကား Synth (တူတူဖြစ်ခြင်း) နဲ့ Esthesia (ခံစားချက်) ကိုပေါင်းထားတာပါ။ ဒီတော့ Sense ၂ခုသွားပူးနေတာပေါ့။ ဒီလိုဖြစ်တဲ့လူတွေက မွေးကတည်းက (သို့) ငယ်ဘဝကတည်းက စဖြစ်တတ်တယ်။ ဒါကြောင့်Continue reading “လူတွေကို အရသာနဲ့တွဲမြင်ခြင်း၊ အသံတွေကို အရောင်နဲ့ကြားခြင်းဖြစ်စေတဲ့ ရောဂါ”

Phobia များကို တွန်းလှန်ကြည့်ခြင်း

ကျနော်ငယ်ငယ်က အတော်ကြောက်တဲ့ အကောင်က ဓားခုတ်ကောင်ပါ။ နာမည်ကိုက ဓားပါနေလို့လား…သူတို့ပုံစံကိုက အစိမ်းရောင်ဂြိုဟ်သားပုံပေါက်နေလို့လားမသိ။ ဓားခုတ်ကောင်ကို အတော်ကြောက်ပါတယ်။ တခြားကြွက်တို့ ပိုးဟပ်တို့ အိမ်မြှောင်တို့ထက် ဓားခုတ်ကောင်ပျံလာရင် အတော်လေး ကြောက်လန့်ပြီး ထွက်ပြေးရပါတယ်။ အင်္ဂလိပ်လို Orthopterophobia လို့ ခေါ်ပါတယ်။ ကြီးလာတော့ အဲ့အကောင်ကိုမကြောက်အောင်ဘယ်လိုလုပ်ရမလဲရှာဖတ်ရင်း ကိုယ့်ဘာသာ လိုက်လုပ်ရပါတယ်။ တလောကပဲ Page မှာလဲ စာဖတ်သူတယောက်က လာပြောပြတယ်။ သူ့မှာ phobia တခုရှိတယ်ပေါ့။အဲ့အကြောင်းရေးပေးဖို့နဲ့ ၊ မိသားစုက မယုံလို့ ခဏခဏ စနောက်တဲ့အကြောင်းကြားရတော့ ကိုယ်ချင်းစာမိပါတယ်။ လူတိုင်းမှာကြောက်တတ်တဲ့အရာတွေရှိပါတယ်။ အဲ့ကြောက်တဲ့အရာတွေက ခဏတဖြုတ်မဟုတ်ဘဲ လနဲ့ချီပြီးကြောက်နေရတဲ့အရာမျိုးဆို ဆေးပညာအရ Phobia လို့ခေါ်ပါတယ်။ Phobia ကို ၄ မျိုး အကြမ်းဖျင်းခွဲကြည့်လို့ရပါတယ်။ ပထမတမျိုးက Situational Phobia ပါ။အခြေအနေတခုခုဖြစ်လာမှ ကြောက်တာပါ။Continue reading “Phobia များကို တွန်းလှန်ကြည့်ခြင်း”

COVID-19 Waste Management

Covid-19 တတိယလှိုင်း မြန်မာပြည်မှာတော်တော်ဆိုးနေပါပြီ။ ဆိုးတာဘယ်လိုသိလဲဆိုတော့ ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာ ခပ်စိပ်စိပ်တွေ့လာရလို့ပါ။ ဆရာဝန်တွေ၊ Volunteer တွေလည်း ရသလောက် ကူညီနေကြပါတယ်။ ဒါပေမယ့် အခြေအနေအမျိုးမျိုးကြောင့် အကူအညီရဖို့ ခက်ခဲနေတဲ့သူတွေသိဖို့ ဒီစာကို ရေးလိုက်ပါတယ်။ ဘယ်ဆေးသောက်ရမလဲ၊ ဘယ်လိုကုရမလဲဆိုတာကတော့ Call Center တွေကိုဖုန်းဆက်မေးတာ ပိုကောင်းပါတယ်။ဒီစာရဲ့ရည်ရွယ်ချက်က Mask ကိုဘယ်လိုစွန့်ပစ်ကြမလဲ၊ COVID-19 လူနာရဲ့ ကိုယ်ခန္ဓာက ထွက်တဲ့ အညစ်အကြေးကို ဘယ်လို Manage လုပ်ကြမလဲဆိုတာ သိစေချင်တာပါ။ COVID-19 ပိုးဟာ မျက်နှာပြင်တွေပေါ်မှာ အသက်ရှင်နိုင်ပါတယ်။ အကြမ်းဖျင်း ၁နာရီကနေ ၇နာရီအထိ အသက်ရှင်ပါတယ်။ Plastic တွေပေါ်မှာ အကြာဆုံးပါပဲ။လေ့လာချက်တွေအရ ၇ ရက်အထိတောင် ဒီပိုးကို မျက်နှာပြင်တွေပေါ်မှာ တွေ့ရတယ်လို့ဆိုပါတယ်။သိစေချင်တာက နေရာတိုင်းမှာ COVID-19 ပိုးတွေရှိနေနိုင်တယ်ဆိုတာပါ။ ပိုက်ဆံတွေ၊Continue reading “COVID-19 Waste Management”

ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း

ဆေးပညာမှာ ယုံကြည်မှုကိုအခြေခံပြီး ကုသတဲ့နည်းနာတွေရှိပါတယ်။ အဲ့တာကို Placebo effect လို့ခေါ်ပါတယ်။ Latin စကားမှာတော့ placebo ဆိုတာ I shall be pleasing လို့ဆိုသတဲ့။ ကောင်းချီးပေးခံရတယ်… ကျေနပ်စေတယ်ဆိုတဲ့သဘောပေါ့။ ယုံကြည်မှုနဲ့ဆေးကုတာက တကယ်ရောသက်သာလားဆိုတော့ သက်သာတဲ့ သာဓကတွေရှိပါတယ်။ စမ်းသပ်မှုတခုမှာ ဒူးနာနေတဲ့ လူနာတွေကိုရှာပြီးအုပ်စု၂စုခွဲလိုက်တယ်။ ပထမအုပ်စုကို ဒူးနာပျောက်ဆေးလို့ရေးထားတဲ့ ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်တအုပ်စုကိုကျတော့ ဘာမှရေးမထားတဲ့ပုလင်းထဲက ဆေးကိုလိမ်းပေးလိုက်တယ်။ နောက်ထပ် နာရီအနည်းငယ်ကြာတော့ ပထမအုပ်စုက ဒူးနာသက်သာတဲ့သူများပြီး ဒုတိယအုပ်စုကတော့ တံဆိပ်မပါတဲ့ မဟုတ်တဲ့ဆေးတွေလိမ်းခိုင်းတယ်ဆိုပြီး ပိုတောင် ဒူးနာကြပါသတဲ့။ တကယ်တမ်းက အဲ့ဆေး ၂မျိုးလုံးက အတူတူပါပဲ။ဆေးမဟုတ်ဘဲ ရိုးရိုးဟင်းချက်ဆီတွေပါ။ ပုလင်းပဲကွာတာပါ။ ပထမအုပ်စုက ဒူးနာပျောက်ဆေးလို့ ယုံကြည်စွာနဲ့ လိမ်းတဲ့အခါ တကယ်လဲ နာတာသက်သာသွားပါတယ်။ ဒုတိယအုပ်စုကျတော့ ပြောင်းပြန်ပါ။Continue reading “ရေစင်ရေမန်းတော်ကြီးနှင့် ယုံကြည်မှုကို ဂျင်းကုကုခြင်း”

Design a site like this with WordPress.com
Get started