ဆရာဝန်တွေ၊ စားသောက်ဆိုင်ဝန်ထမ်းတွေအတွက် ဘယ်အရာက ဆတူ အရေးကြီးတယ်လို့ထင်ပါသလဲ။ သန့်ရှင်းရေးပါ။သူတို့တွေ သန့်ရှင်းမှ လူနာတွေ၊ စားသုံးသူတွေ ရောဂါမရမှာဖြစ်တယ်။ဒါပေမယ့် သူတို့တွေ လက်ကို သေချာဆေးကြရဲ့လား။ အမေရိကန်မှာတော့ ဆရာဝန်တွေ၊ နာ့စ်တွေ တော်တော်များများဟာ လူနာကြည့်ပြီးတိုင်း လက်မဆေးပါဘူးလို့ လေ့လာမှုတွေကဆိုတယ်။လူနာနေရာကတွေးကြည့်ရင် စိတ်မချမ်းသာစရာပါ။အဲ့ဒီတော့ သူတို့ကို လက်ဆေးအောင် ခြောက်မလား၊ မြှောက်မလား ရွေးရပါတယ်။ ခြောက်တဲ့နည်းကို စသုံးကြည့်ပါတယ်။ ဆရာဝန်တွေရဲ့ Ward တွေထဲမှာ ကင်မရာတွေတပ်လိုက်ပြီး စောင့်ကြည့်နေတဲ့အဖွဲ့ဆီကို Live လွှင့်ပါတယ်။ (ဒါကို ဆေးရုံဝန်ထမ်းတွေ အကုန်သိပါတယ်)သူတို့တွေကို စောင့်ကြည့်နေတာသိပေမယ့် လက်ဆေးတဲ့အရေအတွက် သိသိသာသာတိုးမလာဘူး။ ဒီလိုနဲ့ မြှောက်တဲ့နည်းသုံးကြည့်တယ်။ Ward ထဲမှာ Score Board ကြီးထောင်ပြီး လက်ဆေးရင်ဆေးသလို အမှတ်တွေတက်လာအောင် လုပ်လိုက်တယ်။ဒီတော့ Shift တစ်ခုနဲ့တစ်ခုအပြိုင်အဆိုင်ဖြစ်လာပြီး တော်တော်များများ လက်ဆေးလာကြတယ်။Continue reading “ကြောက်အောင်ခြောက်မလား၊ မြောက်အောင်မြှောက်မလား?”
Tag Archives: စိတ်ပညာ
Fan, Fandom နဲ့ စိတ်ပညာ အယူအဆ
Fan ဆိုတာ ပရိသတ်လို့ပဲ ဆိုကြပါစို့။ ပန်ကာ မဟုတ်ဘူးနော်။Fandom ဆိုတာ တူညီတဲ့ အကြောင်းအရာ တစ်ခုအောက်မှာ စုစည်းထားတဲ့ Fan တွေကို ခေါ်တာပါပဲ။ Fan ပဲဖြစ်ဖြစ် Fandom ပဲ ဖြစ်ဖြစ် လူတွေကိုပဲ အခြေပြုပြီး ဖြစ်လာတာ ဖြစ်လို့ လူတွေရဲ့ မူလဇာစ်မြစ်ကိုပဲ ပြန်ပြီး လေ့လာရပါတယ်။ Decartes ဆိုတဲ့ philosopher တစ်ယောက်က လူမှာ ရုပ်နဲ့ နာမ်ရှိတယ်လို့ ပြောပါတယ်။ Cartesian Dualism ဆိုပြီး နာမည်ကြီးပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာနဲ့ စိတ်ကို အခြားတစ်နည်းနဲ့ ဖော်ပြတာမျိုးပါ။ စိတ်ဆိုတာ အတွေးနဲ့ ခံစားချက် နှစ်မျိုးပေါင်း ထားတာလို့လည်း ရေးခဲ့ဖူးပါတယ်။ ဒီအတွေးတွေ နဲ့ ခံစားချက်ဟာ လူရဲ့ သိစိတ်Continue reading “Fan, Fandom နဲ့ စိတ်ပညာ အယူအဆ”
ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)
(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) ယောကျာ်းတို့ကို ဝေဖန်အကြံပေးရာတွင် မိန်းမတို့ ဂရုပြုသင့်များရှိသည်။အများအားဖြင့် ဝေဖန်အကြံပေးခြင်းကို ယောကျာ်းတို့မကြိုက်တတ်ကြပါ။အဲ့ဒီလိုဆို ဖိနပ်ရှပ်တိုက်စီးနေတာကိုမပြောရတော့ဘူးလား၊ ထမင်းစားရင် ပလုတ်ပလောင်းစားပြီး အသံတွေမြည်နေတာကိုရော မဝေဖန်ရတော့ဘူးလားလို့ မေးစရာရှိလာသည်။ အကြံမတောင်းဘဲနဲ့မပေးပါနဲ့၊ ထင်မြင်ချက်တွေမတောင်းဘဲနဲ့ မပေးပါနဲ့၊ အရမ်းအရမ်းမဝေဖန်ပါနဲ့ လို့ ခပ်လွယ်လွယ်ပြောရမည်ဖြစ်သည်။အရှိအတိုင်း လက်ခံပေးနိုင်အောင်ကြိုးစားသင့်သည်။ယောကျာ်းတို့လိုချင်တာ သူတို့ရဲ့မကောင်းခြင်းတွေကို လက်ချာရိုက်နေတာမဟုတ်၊ နားလည်လက်ခံပေးခြင်းဖြစ်သည်။ ကိုယ့်ကို နားလည်လက်ခံပေးနေပြီလို့ ခံစားရရင် ဘယ်အချက်ကိုမကြိုက်ဖူးလဲဆိုတာ ထုတ်ပြီးမေးလာတတ်ကြသည်။ (မကြိုက်တာကို ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုလိုချင်တာမဟုတ်ပါ) အဲ့လိုမဟုတ်ဘဲ ပြောင်းလဲဖို့အတင်း တွန်းအာပေးခံရတဲ့အခါ မိန်းမဆီက အကြံဉာဏ်တွေ၊ ထင်မြင်ချက်တွေContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 6)”
အမိန့်နာခံခြင်း (Part 2)
(Part 1 ကိုဖတ်ပြီးမှ ဒါကိုဖတ်ပါ) ရှည်ရှည်ဝေးဝေး နိဒါန်းချီမနေတော့ဘဲ အရမ်းနာမည်ကြီးခဲ့တဲ့ စမ်းသပ်မှုတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။Part 1 က စမ်းသပ်ချက်မှာ ပတ်ဝန်းကျင်အခြေအနေက စကားပြောပါတယ်။စမ်းသပ်မှုလုပ်နေတယ်ဆိုတာကို Volunteer တွေက ခံစားမိနေသေးတယ်။ အခုတစ်ခေါက်မှာတော့ အကျဉ်းသားနဲ့ ထောင်အာဏာပိုင်တွေဆိုပြီး စမ်းသပ်တာဖြစ်ပါတယ်။တကယ့်အကျဉ်းထောင်မှာ စမ်းသပ်တာမျိုးတော့မဟုတ်ပါဘူး။Stanford University မှာပဲ ထောင်ပုံစံလုပ်ပြီး စမ်းသပ်တာဖြစ်တယ်။Stanford Prison Experiment ဆိုပြီး Psychology စာအုပ်တော်တော်များများမှာ ထည့်ရေးထားတတ်ကြပါတယ်။ ခုတစ်ခေါက်မှာတော့ အကျဉ်းသားတွေရော၊ ထောင်အာဏာပိုင်တွေရောက Volunteer တွေပါ။ စမ်းသပ်တဲ့စိတ်ပညာရှင်ကတော့ ထောင်မှူးအနေနဲ့ တာဝန်ယူပါတယ်။ထောင်ပုံစံဖြစ်တဲ့အတွက် အကျဉ်းသားတွေချုပ်ထားမယ့် အချုပ်ခန်းလည်း ရှိပါတယ်။စမ်းသပ်မှုကာလကို နှစ်ပတ်သတ်မှတ်ထားခဲ့ပေမယ့် အခြေအနေတွေ ထိန်းမနိုင်သိမ်းမရဖြစ်လာလို့ ၆ ရက်နဲ့ပဲ အဆုံးသတ်လိုက်ရပါတယ်။ အကျဉ်းသားလား၊ ထောင်အာဏာပိုင်လားဆိုတာကို ခေါင်း၊ ပန်းလှန်ပြီး လွယ်လွယ်နဲ့ ဆုံးဖြတ်ရွေးချယ်ပါတယ်။Continue reading “အမိန့်နာခံခြင်း (Part 2)”
အမိန့်နာခံခြင်း (Part 1)
စာဖတ်သူကို ကိုယ်မလုပ်ချင်တာ အတင်းလာလုပ်ခိုင်းရင် နာခံမလား။ဘာလို့နာခံရမှာလဲလို့ ပြန်ပြောမယ့်သူချည်းပါပဲ။ခိုးဆိုးလုနှိုက်၊ သတ်ဖြတ်တာတွေကိုရော လုပ်မလားဆိုရင် ဝေလာဝေးလို့ ပြောကြမှာပါ။ဒါပေမယ့် အမိန့်တစ်ခုပေးလိုက်တဲ့အခါမှာတော့ ဒါတွေကိုစိတ်ပါလက်ပါ လုပ်ကြပါတော့တယ်။ဥပမာရှည်ရှည်ဝေးဝေးပေးနေစရာ မလိုဘူး၊ ဘယ်သူတွေလဲဆိုတာမြင်ကြမယ်ထင်ပါတယ်။နောက်ဥပမာ တစ်ခုအနေနဲ့ ဒုတိယကမ္ဘာစစ်အတွင်းက ဂျူးတွေ သန်းပေါင်းများစွာကို သတ်ခဲ့တဲ့ နာဇီတွေကိုပြရမှာပါ။ဒီလောက်ထိ ရက်ရက်စက်စက် သတ်နိုင်ဖို့ဆိုတာ လူတစ်ယောက်တည်း အမိန့်နာခံခြင်းထက် အဖွဲ့အစည်းတစ်ခုလုံးက အမိန့်နာခံမှပဲရမှာပါ။ အမိန့်နာခံမှုဆိုတာ မရှိခဲ့ရင် လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ဖြစ်တည်မှုကိုပါ ခြိမ်းခြောက်လာနိုင်တယ်လို့ အရင်ခေတ် အတွေးအခေါ်ပညာရှင်တွေက ဆိုခဲ့ကြတယ်။ဘယ်လောက်ထိပြောခဲ့ကြလဲဆိုရင် အထက်က မကောင်းတာတစ်ခုခု လုပ်ခိုင်းရင်တောင်မှ အမိန့်ဖီဆန် အာခံခြင်းထက် ခိုင်းတာလုပ်လိုက်တာ ပိုကောင်းတယ်လို့ဆိုတယ်။အဲ့ဒီအတွက် ဖြစ်လာတဲ့နောက်ဆက်တွဲအကျိုးဆက်တွေကို ပြုလုပ်သူမဟုတ်ဘဲ ခိုင်းတဲ့သူမှာပဲ တာဝန်ရှိတယ်လို့ Thomas Hobbes ကဆိုခဲ့တယ်။(ဒီနေရာမှာပြောချင်တာက လူတွေ ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းပြုမူဖို့ နှောင့်နှေးနေခြင်းသည် နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်ဖြစ်တယ်၊ ဒီအချက်ကို ဖယ်ပေးလိုက်တဲ့အခါမှာတော့ ခိုင်းတာလုပ်ဖို့ ဝန်မလေးကြတော့ပါ)Continue reading “အမိန့်နာခံခြင်း (Part 1)”