အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment

(ဤစာတွင် စိတ်ပေါ့သွပ်သူ စိတ်ဝေဒနာရှင်များကို စော်ကားလို၍ အရူးဟုသုံးနှုန်းခြင်းမဟုတ်ဘဲ ဖတ်ရူရရှင်းလင်းပြီး စကားလုံးမဖောင်းပွစေလိုသောကြောင့်သာဖြစ်ပါသည်။ အသုံးနှုန်းရိုင်းပျမှုအတွက် သည်းခံနားလည်ပေးစေလိုပါသည်။) သင်က လူကောင်းတယောက်လား။ ဒါမှမဟုတ် ရူးနေသူလား။ ဘယ်သူဆိုရင်တော့ အရူး ၊ ဘယ်သူဆိုရင်တော့ အရူးမဟုတ်ဘူးဆိုတာ တကယ်ရော ဂဃနဏကွဲပြားရဲ့လား။ လူကောင်းတွေကရော အရူးနဲ့မတူနေဘူးလား။အရူးတွေကရော လူကောင်းတွေလို ပြုမူတာတွေ့ဖူးကြမှာပါ။ ဒါဆို စိတ်မနှံ့ခြင်း ၊ ရူးသွပ်ခြင်း (Insanity) နဲ့စိတ်ကျန်းမာခြင်း (Sanity) ကို ဆရာဝန်တွေ စိတ်ရောဂါကုဆေးပညာရှင်တွေ တကယ်ရောကွဲကွဲပြားပြား ခွဲခြားနိုင်ရဲ့လား။ ၁၉၇၃ ခုနစ်မှာ Stanford University ရဲ့ Professor David Rosenhan က စမ်းသပ်မှုတခုပြုလုပ်ခဲ့ပါတယ်။ သူသိချင်တာက တခုပဲရှိပါတယ်။ အရူးတယောက်နဲ့ လူကောင်းတယောက်ကို စိတ်ရောဂါကုဆရာဝန်တွေ ခွဲခြားနိုင်ရဲ့လားတဲ့။ ဆရာဝန်တွေကမှ မခွဲခြားပေးနိုင်ရင် ရူးခြင်းContinue reading “အရူးဟန်ဆောင်သူများနှင့် ဟန်ဆောင်ထားသောအရူးများကို စမ်းသပ်မှု Experiment”

ယုံကြည်ခြင်းများကို ချေဖျက်ခြင်း

ဘဝမှာ မငြင်းခုန်ဘူးတဲ့သူမရှိလောက်ပါဘူး။ငြင်းကြခုန်ကြရင်း ရန်ဖြစ်တဲ့အဆင့်ထိ ရောက်ကုန်ကြတာလည်း မြင်ဖူးကြမှာပါ။လူတွေမှာ ကိုယ်ပိုင်အမြင်တွေ၊ အတွေးတွေ၊ ခံစားချက်တွေနဲ့ဆိုတော့ အချင်းချင်းတန်းညှိဖို့၊ ကိုယ်မြင်သလို သူလည်းမြင်ဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ဒါပေမယ့် ကျွန်တော်တို့တွေ ဆက်ပြီးငြင်းခုန်နေကြဆဲပါ။ ငြင်းခုန်တဲ့အခါ ဘာတွေနဲ့ ကိုင်ပေါက်ကြသလဲ။Data တွေနဲ့ပဲကိုင်ပေါက်ငြင်းခုန်ကြတာ များပါတယ်။ စကားရည်လုပွဲတွေကြည့်ရင် သိနိုင်ပါတယ်။ဘယ်သူက ဘယ်တုန်းက ဘယ်လိုပြောခဲ့လို့၊ ဘယ် Research မှာတော့ ဘယ်လိုရေးထားလို့ဆိုပြီး မိမိရဲ့အမြင်ဟာခိုင်မာကြောင်း၊ တစ်ဖက်လူရဲ့အမြင်ဟာ မှားကြောင်း ငြင်းခုန်ကြတယ်။ ဆိုတော့… ကိုယ့်ရဲ့အမြင်ဟာ တကယ်ခိုင်မာတာဟုတ်ရဲ့လား။Data တွေအရမ်းပေါများလာတဲ့ခေတ်ကြီးမှာ သိချင်တာကို Google လိုက်ရုံနဲ့ရနေပြီဆိုတော့ ကိုယ့်ရဲ့အမြင်ကို ထောက်ခံပေးတဲ့ အရေးအသားတွေကိုပဲ ဖတ်မိနေတာရောမဖြစ်နိုင်ဘူးလား။ ဥပမာပြရရင် Flat Earthers (ကမ္ဘာပြားတယ်ထင်သူများ) တွေကိုကြည့်ပါ။သူတို့ကို ကမ္ဘာကလုံးပါတယ်လို့ Convince လုပ်နိုင်တဲ့သူမရှိသေးပါ။ဒီလောက် Information တွေ တောင်လိုပုံနေတဲ့ခေတ်ကြီးမှာ ဒီကောင်တွေ အContinue reading “ယုံကြည်ခြင်းများကို ချေဖျက်ခြင်း”

နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)

ပြီးခဲ့တဲ့ နွေဦးက ကျနော်တို့အတွက် တော်တော်လေး ကြမ်းတမ်းခဲ့တယ်။ ဖမ်းဆီးတဲ့သတင်း၊ သေတဲ့သတင်းတွေကို နေရာအနှံ့မှာကြားရ မြင်ရတဲ့အခါ စိတ်မချမ်းမြေ့မှုတွေ ထိတ်လန့်မှုတွေနဲ့ တစ်နေ့တာတွေကို ကုန်ဆုံးကြရတယ်။ Covid ကြောင့် လဲကျသွားတဲ့ စီးပွားရေးတွေ ထမယ်ကြံခါမှ အရှိူက်ကိုခပ်ပြင်းပြင်းထိုးခံလိုက်ရတယ်။ ပိုက်ဆံတောင် ထုတ်ဖို့ နေပူမိုးရွာထဲ တန်းစီစောင့်ဆိုင်းနေကြရတယ်။ ဒီလိုမျိုး တစ်နေ့တာ စိတ်ပင်ပန်းစရာတွေကြောင့် အားလုံးဟာလည်း စိတ်ထွက်ပေါက်ရှာလာကြပါတယ်။ ဒီလို စိတ်ထွက်ပေါက်ရှာတဲ့အခါမှာ အမျိုးမျိုးသော နည်းလမ်းတွေကိုသုံးကြရင်း လမ်းလွဲရောက်သွားပြီး ကိုယ့်ကို ရုပ်ပိုင်း စိတ်ပိုင်း ထိခိုက်စေမယ့်အရာတွေကို လုပ်မိကြတာလည်း ရှိလာပါတယ်။ (၁) Survival guilt လို့ခေါ်တဲ့ ဆက်လက်ရှင်သန်နေရခြင်းအတွက် မိမိကိုယ်ကို အပြစ်ရှိတယ်လို့ ခံစားရတဲ့စိတ်၊ သိမ်ငယ်စိတ်တွေကြောင့် သူတစ်ပါးအပေါ် အလွယ်တကူအပြစ်တင်လိုစိတ်တွေ ဖြစ်ပေါ်လာတဲ့အခါ ချက်ကျလက်ကျ မဟုတ်ဘဲ ပြစ်တင်ဆဲဆိုပြီး ကိုယ့်ရဲ့Continue reading “နွေဦးက ပေးသော စိုးရိမ်ကြောင့်ကျမှုများနဲ့ ဖြေရှင်းမှုများ (Part 1)”

အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ

စာဖတ်သူ ကြောက်တတ်ပါသလား။လူဆိုရင် အကြောက်တရားဆိုတာ ရှိရမှာပေါ့။ရောဂါကြောင့် အကြောက်တရားမရှိတော့တဲ့ လူတွေလည်းရှိပါတယ်။ သူတို့ကတော့ ခုပြောမယ့် Topic နဲ့အကျုံးမဝင်ပါဘူး။ လူတစ်ယောက်အနေနဲ့ ဘယ်လိုအခြေအနေမျိုးပဲကြုံရကြုံရ ကိုယ်ထိန်းချုပ်နိုင်တယ် (သို့) ကိုယ့်ထိန်းချုပ်မှုအောက်မှာရှိတယ်လို့ တွက်ရင် ကြောက်ရွံ့မှုဆိုတာဖြစ်မလာပါဘူး။ဥပမာ ကားမောင်းကျွမ်းကျင်တဲ့သူက ကားအရမ်းရှုတ်လည်း စိုးရိမ်စိတ်မဝင်ပါဘူး။ဒါပေမယ့် အမောင်းသင်ခါစလူတစ်ယောက် ကားရှုတ်တဲ့လမ်းပေါ်ကိုရောက်သွားတဲ့အခါမှာတော့ သူ့မှာအကြောက်တရားပေါ်လာပါတယ်။ ခွဲစိတ်ခန်းဝင်ရမယ့်လူနာဟာ ကြောက်ရွံ့မှာအသေအချာပါပဲ။ခွဲစိတ်မယ့်ဆရာဝန်အတွက်တော့ ထမင်းစား၊ ရေသောက်ကိစ္စပဲမို့ ခွဲစိတ်မှုအတွက် အကြောက်တရားရှိမှာမဟုတ်ပါ။ အကြောက်တရားဟာ လူတွေအသက်ရှင်ရပ်တည်ဖို့အတွက် မရှိမဖြစ်လိုခဲ့တဲ့တယ်။ ဒါကြောင့် ခုချိန်ထိ ကျွန်တော်တို့မှာ အကြောက်တရားရှိနေသေးတာပေါ့။ ကြောက်သွားတဲ့လူတစ်ယောက်ဟာ မလှုပ်မယှက်ဖြစ်သွားတတ်ပါတယ်။ဒါက Evolution အရဖြစ်တဲ့သဘောပါ။လူက ဉာဏ်ရည်မြင့်ပေမယ့် ခွန်အားအရာမှာတော့ အချို့တိရစ္ဆာန်တွေကို မရှင်နိုင်ပါဘူး။ ဒါကြောင့် အသက်ရှင်ရပ်တည်ဖို့အတွက် အန္တရာယ်ကိုထိပ်တိုက်မတိုးဘဲ ရှောင်ကြရပါတယ်။ ပြေးမလားဆိုတော့… လူကအမြန်ဆုံးသတ္တဝါထဲမှာ မပါပါဘူး။ဒါဆို ခံချမလားဆိုတော့လည်း… အားက မကြီးပြန်ပါဘူး။အဲ့တော့ တိတ်တိတ်ကလေးနေလိုက်ကြတာပါပဲ။ခန္ဓာကိုယ်လှုပ်ရှားမှုတွေကိုContinue reading “အကြောက်တရားကို အသုံးပြုခြင်းနှင့် နောက်ကွယ်က စိတ်ပညာ”

ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 5)

(အောက်ပါအကြောင်းအရာများတွင် ယောကျာ်းနှင့်မိန်းမအသုံးသည် Husband & Wife သဘောမျိုးမဟုတ်ဘဲ Male & Female သဘောကိုသာဆောင်ပါသည်။ယေဘုယျသဘောများကိုသာ ဖော်ပြခြင်းဖြစ်သဖြင့် အဖြူအမည်းသဲကွဲသလိုဖြစ်နေသော်လည်း Grey area များများစွာရှိကြောင်း သတိပြုစေချင်ပါသည်။ အတိအကျမယူစေလိုပါ။ ဗဟုသုတအတွက်သာ ဖတ်ပါ။) ယောကျာ်းနဲ့မိန်းမ အချင်းချင်းစကားတွေပြောနေကြပေမယ့် သေချာနားမလည်ကြဘူး။ပြောတဲ့စကားလုံးချင်းတူနေရင်တောင် ယူဆပုံခြင်းမတူတော့ အဓိပ္ပါယ်ပါကွဲလွဲလာတယ်။ဒါကြောင့်ပဲ ယောကျာ်းတွေက နားမထောင်ကြဘူး၊ မိန်းမတွေက နားလည်ရခက်တယ်ဆိုပြီး ဖြစ်လာကြတယ်။ ယောကျာ်းတို့စကားပြောခြင်းသည် အကြောင်းအရာနှင့် သတင်းအချက်အလက် ဖလှယ်ရန်ဖြစ်သည်။အားကစား၊ နိုင်ငံရေး၊ ဘာသာရေးစသဖြင့် မိမိစိတ်ဝင်စားသောအကြောင်းအရာများကို အချက်အလက်တစ်ခုအနေနဲ့ ပြောဆိုကြတာများသည်။ယုတ်စွအဆုံး မိမိစိတ်ဝင်စားသောကောင်မလေးတစ်ယောက်အကြောင်း အချင်းချင်းတိုင်ပင်ကြရင်တောင် သတင်းအချက်အလက်တစ်ခုအဖြစ်သာ ပြောဆိုတတ်ကြသည်။ခံစားချက်များကို ဝေမျှလေ့မရှိကြ။ အချင်းချင်းပြောဆိုသောစကားများတွင် မိမိတို့ခံစားချက်များကို အဓိကထားသော မိန်းမတို့နှင့်ဆန့်ကျင်ဘက်ဖြစ်သည်။ယောကျာ်းနှင့်မိန်းမစကားပြောဆိုသောအခါ Facts & Information များကိုသာဖလှယ်လေ့ရှိသော ယောကျာ်းက ခံစားချက်များကိုအဓိကထားသော မိန်းမပြောသမျှကို တိုက်ရိုက်ဘာသာပြန်လေ့ရှိသည်။ဥပမာContinue reading “ယောကျာ်း၊ မိန်းမနှင့် စိတ်ဝိရောဓိများ (Part 5)”

Design a site like this with WordPress.com
Get started