ဦးနှောက်ကို မယုံဖို့အခါခါရေးခဲ့ဖူးပါတယ်။ အခုတစ်ခါတော့ မှတ်ဉာဏ်တွေကိုရော ယုံလို့ရလားဆိုတာ ရေးချင်ပါတယ်။ ခုချိန်မှာ ကိုယ့်ရဲ့ငယ်ဘဝကို စဉ်းစားလိုက်ရင် မှတ်မိတယ်လို့ ထင်စရာရှိပါတယ်။ အရာရာဟာ အစဉ်အတိုင်းပဲ ဖြစ်နေတယ်လို့ တွေးမိမှာပါ။ သူငယ်တန်းမှာ စပြီး ရင်ခုန်တတ်တယ်၊ ၁ တန်းတုန်းက ချော်လဲပြီး ခေါင်းပေါက်သွားတယ်၊ ၇ တန်းမှာ ဆရာမနဲ့ ပြဿနာအကြီးအကျယ်တက်ဖူးတယ် စသဖြင့်ပေါ့။ ဒါပေမယ့် ဒါတွေဟာ တကယ်မှန်ကန်လားဆိုတာ ပြောရခက်ပါတယ်။ ကိစ္စတစ်ခုကို ကိုယ်ထင်တဲ့ Version နဲ့ သူငယ်ချင်းတွေထင်တဲ့ Version ၂မျိုး သိသိသာသာ ကွဲလွဲနေတယ်လို့ ကျွန်တော်တို့ကို လာပြောကြတဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့တွေရဲ့ မှတ်ဉာဏ်ကိုလာပြီး Challenge လုပ်မယ့်သူမရှိမရင် ဒါတွေကို မှန်တယ်လို့ပဲ တွေးမိနေမှာပါ။ တကယ်မှန်နေလား၊ မှားနေလားဆိုတာ သိနိုင်ဖို့တော့ ခက်ခဲပါတယ်။ ဒါပေမယ့်Continue reading “လူတိုင်းမှာရှိသော်လည်း သေချာမသိတဲ့ မှတ်ဉာဏ်အမှားများ”
Tag Archives: စိတ်ပညာ
Panic buying နောက်ကွယ်က psychology (Part 2)
လိုလိုမလိုလို ဝယ်စုထားခြင်းက panic buying ကို ပိုဆိုးအောင် လောင်စာထည့်နေသလိုပါပဲ။ ပထမပိုင်းက ဥပမာမှာလို ကြက်ဥသွားဝယ်တဲ့အခါ ကိုယ့်လက်ထဲမှာ ငွေဘယ်လောက်ကျန်သလဲပေါ်မူတည်ပြီး မလိုတာတွေထပ်ထပ်ဝယ်မိစေပါတယ်။ ငွေကုန်သွားရင်တော့ ဝယ်မိမှာမဟုတ်တော့ပါဘူး။ ဒီအချက်ကိုကြည့်ရင် ပိုက်ဆံတတ်နိုင်တဲ့သူတွေကသာ panic buyer တွေပိုဖြစ်နေတတ်ပါတယ်။ ပိုက်ဆံကိုအရမ်းသုံးပြီး မလိုတဲ့အရာတွေကိုပါ ဝယ်ထားမိတော့ ငွေတန်ဖိုးကလဲတဖြေးဖြေးကျလာပါတော့တယ်။ ပစ္စည်းတွေကသာစျေးတက်လာပြီး ငွေကအသုံးမခံဖြစ်လာပါတော့တယ်။ ဒါ့အပြင် panic buying လုပ်တဲ့သူတွေက တကယ် အထိတ်တလန့် panic ဖြစ်နေတဲ့သူတွေလုပ်တာထက် တခုခုဆို ကြိုစီစဥ်ချင်တဲ့သူတွေ စျေးတင်ပြီးပြန်ရောင်းချင်တဲ့ လောဘသမားတွေကလုပ်ကြတာများပါတယ်။ Panic တကယ်ဖြစ်တဲ့သူတွေကကျ ဘယ်လိုတွေးလဲဆိုတော့ဝယ်ရမလား… လိုပါ့မလား… ပိုက်ဆံကုန်သွားမလား ဆိုပြီးတွေးကာ ချီတုံချတုံဖြစ်နေပါတယ်။ အဲ့လိုနဲ့ အချိန်ဆွဲနေမိရင်း နောက်ဆုံးမှာမှလုယက်ပြီးသွားဝယ်မိကြတဲ့ last minute buying လုပ်ဖြစ်သွားပါတော့တယ်။ Panic buying လုပ်မိခြင်းရဲ့Continue reading “Panic buying နောက်ကွယ်က psychology (Part 2)”
Panic buying နောက်ကွယ်က psychology (Part 1)
ကိုဗစ်ရောဂါကြီးအခြေအနေဆိုးတဲ့ဒီကာလမှာ ရောဂါကူးစက်ခံရသူတွေပဲ ဒုက္ခရောက်တာမဟုတ်ပါ။ ရောဂါမကူးသေးတဲ့ မိသားစုတွေကလဲ ဝယ်စရာခြမ်းစရာ အကုန်ပြတ်လပ်ကုန်တဲ့ ဒုက္ခလှလှကိုကြုံနေရပါတယ်။ ဆေးဝါးတွေရှာဝယ်ရခက်လာတယ်။ စျေးတွေလဲကြီးလာတယ်။ စားစရာကုန်ပစ္စည်းတွေလဲ စျေးတက်ကုန်ပြီး ကြက်ဥတောင်ရှာရခက်လာပါတယ်။ ဒီလိုဖြစ်ရခြင်းမှာ လူတွေရဲ့ Panic buying (လိုလို၊ မလိုလို အလုအယက်ဝယ်ယူခြင်း) က အဓိကတရားခံဖြစ်ပါတယ်။ ဘာလို့ လူတွေက တခုခုဆို panic buying လုပ်ကြတာလဲ? Panic buying ရဲ့နောက်ကွယ်မှာ psychology သဘောတရားတွေအများကြီး ကြိုးကိုင်ထားပါတယ်။ အရေးအကြီးဆုံးအကြောင်းကတော့ Anxiety လို့ခေါ်တဲ့ စိုးရိမ်ပူပန်စိတ်ကြောင့်ပါ။ ဒီကာလကြီး ဘယ်လောက်ဆိုးမယ်၊ ဘယ်လောက်ကြာဦးမယ် ဘယ်သူမှသေချာမသိပါဘူး။ လူတွေက မသိခြင်းတရား နဲ့ မသေချာခြင်းတွေကို အလွန်ကြောက်ပါတယ်။(Fear of the unknown and uncertainty) လူတွေရဲ့စိတ်ထဲမှာ အနာဂတ်ကဝေဝါးလာပါတယ်။ဘာတွေဆက်ဖြစ်ဦးမှာလဲ… ဘာတွေလုပ်ရတော့မှာလဲContinue reading “Panic buying နောက်ကွယ်က psychology (Part 1)”
ဒေါသထွက်တာ ကောင်းလား?
ဒေါသကြီးတဲ့လူတွေကို မြင်ဖူးကြမှာပါ။ ဘာမှမဟုတ်တာလေးကို ပုံကြီးချဲ့ပြီး ပြဿနာရှာဒေါသထွက်တတ်တဲ့ လူတွေပေါ့။ ဒီတော့ လွယ်လွယ်နဲ့ ဒေါသထွက်တတ်တာ ကောင်းလားဆိုတာ ဆွေးနွေးချင်ပါတယ်။ တစ်ခါက ဘွားတော်တစ်ယောက်ဟာ ဆိုင်တစ်ဆိုင်မှာ ကံစမ်းမဲလဲနေတာမြင်ဖူးတယ်။ ဆိုင်က ကံစမ်းမဲကာလ ကုန်သွားပြီမို့ လဲလို့မရတော့ပါဘူးလို့ပြောတယ်။ သူက မကျေနပ်ဘဲ ရစ်နေတာ တော်တော်နဲ့မပြီးဘူး။ ဒီတော့ ကံစမ်းမဲက တော်တော်များမယ်ထင်တယ်လို့ တွေးလိုက်မိတယ်။ အဲ့လိုဟုတ်မနေဘူး။ ကံစမ်းမဲက ၂၀၀ တည်းပါ။ တော်တော်နဲ့မပြီးတော့ ဆိုင်ကလည်း ဘူပြီး လဲပေးလိုက်ပါတယ်။ စိတ်ပညာအရတော့ လူတွေက လုပ်စရာအလုပ်မယ်မယ်ရရ မရှိဘဲ အားယားနေရင် ပြဿနာရှာချင်ကြတယ် လို့ဆိုတယ်။ ဒီဘွားတော်လည်း တော်တော်အားနေတာများလား လို့ တွေးလိုက်မိတယ်။ ၂၀၀ က သူ့အတွက်တန်ဖိုးရှိတာလည်း ဖြစ်နေနိုင်တယ်လို့ တွေးမိပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်ပါတယ်။ လူတွေက ဒေါသထွက်ဖို့လွယ်ကြပါတယ်။ သူတို့ရဲ့Continue reading “ဒေါသထွက်တာ ကောင်းလား?”
သူများအတွက်ပါ… ဆိုတာရဲ့ နောက်ကွယ်
မြန်မာနိုင်ငံမှာ အနီ၊ အစိမ်းပြဿနာ ရှိခဲ့တာ ကြာခဲ့ပါပြီ။ ခုဆိုရင် အပြာပါ ထပ်တိုးလာပါတယ်။ ဒါပေမယ့် အပြာက သက်တမ်းနုသေးလို့ သူ့ကို ခဏဖယ်ထားလိုက်ပါမယ်။အနီတွေက အစိမ်းတွေကို ပထွေးအားပေးအနေနဲ့ မြင်ကြပါတယ်။ ဒီလောက် ယုတ်မာရိုင်းစိုင်းနေတာကို ဘာလို့များ အစိမ်းကို ထောက်ခံနေရသလဲဆိုပါတော့…။အစိမ်းတွေကလည်း အစိမ်းကိုကြိုက်တာမှာ သူတို့ Reason တွေနဲ့သူရှိကြပါတယ်။ (Rational ဖြစ်မဖြစ်ကိုတော့ မပြောချင်ပါဘူး) သူတို့ကလည်း အနီတွေကို အများယောင်လို့လိုက်ယောင်တယ်၊ ပိန်းတယ်၊ မိန်းမနောက်လိုက်တယ် (ဒါကတော့ Misogynistic ဖြစ်ပါတယ်) စသဖြင့် မြင်ကြပါတယ်။ ဘာလို့များ အနီကိုထောက်ခံနေလဲဆိုပြီး တွေးကြမှာပါ။ အနီတွေကိုလည်း အနီကြိုက်ရခြင်းအကြောင်းမေးကြည့်ရင် တစ်ထောင့်တစ်ညပုံပြင်တွေလို ပြောပြနိုင်ကြပါလိမ့်မယ်။ ဒီတော့ ၂ဖက်လုံးဟာ အခြားတစ်ဖက်က တော်တော်ပိန်းတယ်လို့ ထင်ကြပါတယ်။ လမ်းမှားကို ပို့ဖို့လွယ်လိုက်တာကွာ… ယုံလွယ်လိုက်တာကွာ… ဆိုပြီး မယုံနိုင်လောက်အောင်Continue reading “သူများအတွက်ပါ… ဆိုတာရဲ့ နောက်ကွယ်”