Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?

လူတွေဟာ ကိုယ့်ကိုလာကြောရင် မခံချင်ကြတာများတယ်။ ကိုယ့်ဆီက ငွေကြေး၊ အချိန် တစ်ခုခုမပါသွားရင်တောင်မှ “အကြောခံလိုက်ရတယ်ကွာ…” ဆိုတဲ့ စိတ်ကဝင်နေတတ်တယ်။ တနုံ့နုံ့နဲ့ဖြစ်နေတတ်တယ်။ ရရင်ရသလို ပြန်ဆော်ထည့်လိုက်မယ်ဆိုတာမျိုး တွေးနေတတ်တယ်။ဒီလိုလုပ်ခြင်းမှာ ဘယ်လို နောက်ဆက်တွဲဆိုးကျိုးတွေ ရှိမလဲ ပြောပြချင်ပါတယ်။ (တရားဟောမှာ မဟုတ်ပါဘူး၊ Logic ကျကျပြောချင်တာပါ) ငါးတွေအပြည့်ရှိတဲ့ကန်ကြီးတစ်ကန်ရှိတယ် ဆိုပါစို့။ လူတွေက ဒီအကြောင်းကို သိပ်မသိသေးတော့ ငါးလာမျှားတာ ကိုယ်အပါအဝင် ၅ ယောက်ပဲရှိတယ်။ အစပိုင်းမှာတော့ ငါးမျှားတံလေးတစ်ချောင်းစီကိုင်ပြီး လာကြတာပေါ့။ ကိုယ်စားဖို့ တစ်ရက်စာရရင် ပြန်သွားကြတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ဒီကန်ကြီးမှာ ငါးတွေနည်းမသွားနိုင်ဘူး ဆိုပါတော့။ ဒါပေမယ့် တစ်ရက်မှာ လူတစ်ယောက်က တစ်ရက်စာထက်ပိုပြီး မျှားနေတာကို တွေ့လိုက်ရတယ်။ မေးကြည့်တော့ ရောင်းစားဖို့မျှားနေတာတဲ့။ ဒါနဲ့ တစ်ယောက်တည်းပိုမျှားတာ မျှားပါစေဆိုပြီး ဘယ်သူ့ကိုမှ မပြောဘဲထားလိုက်တယ်။ စိတ်ထဲမှာတော့Continue reading “Cheater တွေကို ဘယ်လိုတုံ့ပြန်ကြမလဲ?”

ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ

နိဒါန်းချီမနေတော့ပါဘူး။အောက်မှာရေးထားတဲ့ စာကိုဖတ်ပြီး ဘယ်သူ့ကိုသွားသတိရမိလဲ စဉ်းစားကြည့်ပါဦး။ “သင်ဟာ လူတွေကိုယ့်ကို သဘောကျလေးစားတာ ခံချင်တယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကိုယ် ချက်ကျလက်ကျတွေးခေါ်သုံးသပ်တတ်တယ်။ကိုယ့်မှာအားနည်းချက်တွေရှိပေမယ့် ယေဘုယျအားဖြင့် ဒါတွေကို မကြုံရအောင် အကောင်းဆုံးကြိုးစားပြီး နေထိုင်တတ်တယ်။ကိုယ့်မှာ ကိုယ့်အကျိုးအတွက် အသုံးမချရသေးတဲ့ စိတ်စွမ်းအားတွေရှိနေတယ်။ အပေါ်ယံကြည့်ရင်တော့ စာဖတ်သူဟာ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်တယ်။ စည်းကမ်းရှိတယ်။ ဒါပေမယ့် အတွင်းစိတ်ထဲမှာတော့ စိတ်မလုံမလဲဖြစ်တာတွေ၊ စိုးရိမ်ပူပန်တာတွေ ရှိနေတယ်။ တခါတခါ ကိုယ်ဆုံးဖြတ်လိုက်တာ မှန်မှမှန်ပါ့မလားလို့ ဒွိဟလေးတွေ ဝင်နေတတ်တယ်။လွတ်လပ်မှုကို မြတ်နိုးတယ်။ အတော်အသင့် ပြောင်းလဲမှုကို လက်ခံနိုင်တယ်။ ချုပ်ချယ်တာ၊ ကန့်သတ်တာတွေကို မကြိုက်တတ်ဘူး။ ကိုယ့်ကိုကိုယ် တွေးခေါ်တတ်တယ်လို့ ထင်တယ်။ သူများပြောသမျှကို လက်ခံလောာက်တဲ့ အထောက်အထား သက်သေမခိုင်လုံဘဲနဲ့ မယုံတတ်ဘူး။ကိုယ်က ပွင့်ပွင့်လင်းလင်းရှိပေမယ့် အခြားလူတွေကို ကိုယ့်အကြောင်းပြောပြနေရတာ မကြိုက်ဘူး။တခါတခါ ကိုယ်က Extrovert တစ်ယောက်ဖြစ်နေတယ်။Continue reading “ဗေဒင်၊ ယတြာ၊ တားရော့၊ Horoscope နှင့် Astrology အလွဲများ”

သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ

အခုခေတ်မှာ personality အကြောင်းတော်တော်ကျယ်ကျယ်လောင်လောင်ပြောလာကြပါတယ်။ အပေါင်းအသင်းတွေစုံရင်လဲ personality အကြောင်း မေးကြမြန်းကြပါတယ်။ အလုပ်လုပ်ရင်လဲ အင်တာဗျူးတွေ၊ အလုပ်ဝင်စာမေးပွဲတွေမှာ personality test တွေထည့်စစ်ကြတာ၊ personality အကြောင်းမေးကြတာ ရှိပါတယ်။ Personality အကြောင်းပြောကြရင် ပါလာလေ့ရှိတာက Introvert တွေအကြောင်းပါ။ Introvert ဆိုရင် လူတွေက အရှက်အကြောက်ကြီးတယ်… အပေါင်းသင်းမရှိဘူး… ဂွစာတွေလို့ ထင်တတ်ကြပါတယ်။ တကယ့်တကယ်တော့ Introvert ဆိုတဲ့စကားလုံး တစ်လုံးကို တော်တော်လေး ရှင်းပြရခက်ပါတယ်။ Introvert တိုင်းကလဲ Introvert မနေကြသလို အချိန်တိုင်းလဲ Introvert ဖြစ်မနေတတ်ပါဘူး။ ရှုပ်သွားရင် အောက်မှာပြန်ရှင်းပြပါမယ်။ Introvert ဆိုတာ introversion ဆိုတဲ့ personality trait ရှိတဲ့သူတွေကို ဆိုလိုပါတယ်။ ဘယ်လိုလူမျိုးတွေလဲဆိုတော့ လူစုလူဝေးထဲရောက်ရင် အာရုံစိုက်လို့မရတော့ဘဲ တယောက်ထဲContinue reading “သင်သိထားတဲ့ Introvert နဲ့ လက်တွေ့ ဘဝထဲက Introvert များ”

ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming

ငြင်းခုန်ကြတဲ့အခါ မျက်စိမှိတ်၊ ဖင်ပိတ်ငြင်းတတ်တဲ့ လူတွေအကြောင်းရေးပြီးပါပြီ။ စိတ်ဝင်စားရင် ဒီမှာသွားဖတ်ပေးပါ။ မျက်စိမှိတ် ဖင်ပိတ်ငြင်းခြင်းရဲ့နောက်ကွယ်https://ouo.io/EDMOXJ ခုရေးချင်တာလည်း ငြင်းခုန်ကြတဲ့အကြောင်းပါပဲ။ ဒီစာမှာတော့ တစ်ဖက်လူကို တိုက်ခိုက်ရန်ရှာတဲ့အကြောင်းရေးချင်တာပါ။ငြင်းခုန်ကြရင်း အရမ်း Heat တက်လာတဲ့အခါ တစ်ဖက်လူရဲ့ Argument ကိုငြင်းမနေတော့ဘဲ လူကို တိုက်ခိုက်တာပါ။ ဥပမာ မင်းက ဂျပုလေးမို့ မင်းပြောတဲ့စကားတွေက ဘောင်မဝင်ဘူး… တို့၊ အသားမည်းတဲ့ကောင်တွေပြောတာ မကြားချင်ဘူးကွာ… တို့ဆိုပါတော့။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူပြောတဲ့အကြောင်းအရာတွေကို ငြင်းဆိုရလွယ်သွားစေတယ်။ စောင်ဂျပုစကား စိတ်ထဲထားနေစရာမလိုပါဘူးကွာ…၊ စောင်အသားမဲကောင်ရဲ့ စကားကို အချိန်ပေးပြီး နားထောင်မနေတော့ဘူးကွာ… ဆိုတာမျိုး ဖြစ်သွားတာပေါ့။ဒီလိုလုပ်လိုက်လို့ စိတ်သက်သာရာရပေမယ့် ကိုယ်ပြောတဲ့စကားတွေက ပိုမှန်မလာသလို၊ သူပြောတဲ့စကားတွေကလည်း ပိုပြီး မှားမသွားပါဘူး။ တရားခွင်မှာ Jury တွေနဲ့ဆုံးဖြတ်တယ်ဆိုရင် ရှေ့နေတစ်ယောက်အနေနဲ့ ဒီလူအများကြီးကို Convince ဖြစ်အောင် လုပ်နိုင်မှContinue reading “ငြင်းခုန်ခြင်း နောက်တစ်မျိုးနှင့် Body Shaming”

ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?

သင်အခု ခွဲစိတ်မှုတခု ခံယူရတော့မယ်ဆိုပါတော့။သင့်ကိုခွဲစိတ်ပေးဖို့ဆရာဝန် ၂ယောက်ရှိတယ်။ ပထမဆရာဝန်တယောက်က သူခွဲစိတ်လိုက်ပေးတိုင်း လူနာ ၉၀% က ပြန်ကောင်းလာကြတယ်။ ဒုတိယဆရာဝန်ကတော့ ခွဲတဲ့လူနာအယောက်၁၀၀မှာ ၁၀ ယောက်သေထားဖူးတယ်။ ဘယ်ဆရာဝန်နဲ့ သင်အခွဲခံချင်သလဲ? လူတိုင်းလိုလို ပထမဆရာဝန်ကိုပဲရွေးတတ်ကြပါတယ်။ သေချာ ပြန်စဥ်းစားကြည့်ရင် ဆရာဝန်၂ယောက်လုံးရဲ့ အောင်မြင်နှုန်း ကျဆုံးနှုန်းကတူတူပါပဲ။ သင်္ချာသဘောအရ နည်းနည်းကစားပြီးပေးထားတာပါ။ ဒါပေမယ့် လူတွေက အောင်မြင်တယ်လို့ပေးထားတာမြင်ရင် ပိုသဘောကျကြပါတယ်။ ဥပမာ- ဒီလိုခွဲစိတ်မှုက 80% ပြန်ကျန်းမာတယ်လို့ ပြောတာနဲ့ ဒီလိုခွဲစိတ်မှုက 20% သေသွားကြတယ်လို့ ပြောတာမှာ လူနာတွေရဲ့ လက်ခံပုံခြင်းမတူကြပါဘူး။ ဒါကို psychology မှာ Framing effect လို့ခေါ်ပါတယ်။ ပေးထားတဲ့ အချက်အလက်အပေါ်မူတည်ပြီး လူတွေရဲ့ဆုံးဖြတ်ချက်တွေပြောင်းလဲတတ်ကြတာကို ပြောထားတာပါ။ အကောင်းတွေချည်းပဲ ပေးထားရင် ဆုံးဖြတ်ချက်ကတမျိုး… အဆိုးတွေချည်းပဲ ပေးထားရင်Continue reading “ခံစားချက်အတိုင်းဆုံးဖြတ်မှာလား? ဆုံးဖြတ်ချက်အတိုင်းခံစားမှာလား?”

Design a site like this with WordPress.com
Get started