Quantum Tunneling (Quantum Mechanics Part 8)

ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်နေတဲ့အချိန် ရှေ့တည့်တည့်မှာ ကွမ်းယာဆိုင်တစ်ဆိုင်တွေ့ရင် ဘာလုပ်မလဲ။ (ဒါ… လူတိုင်းကြုံနေကြကိစ္စ)တည့်ဝင်တိုးပြီး ရန်ဖြစ်မလား၊ လမ်းပေါ်ကိုဆင်းရှောင်မလား။ဒီစာကိုဖတ်နေနိုင်သေးတယ်ဆိုတော့ စာဖတ်သူဟာ လမ်းပေါ်ကိုဆင်းရှောင်တဲ့အဖွဲ့မှာပါမယ်လို့ထင်ပါတယ်။ ဒါပေမယ့် Particle တွေကတော့ တည့်ဝင်တိုးတဲ့အဖွဲ့ပါ။တည့်ဝင်တိုးလိုက်လို့ ထိခိုက်မိကုန်ပြီး ပြဿနာတက်ကြပြီလို့တော့ မထင်ပါနဲ့။သူတို့က တခါတလေမှာ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုကို ဘာမှမဟုတ်သလိုပဲ ကျော်ဖြတ်သွားနိုင်စွမ်းရှိပါတယ်။ ဒါက Particle တွေရဲ့ လှိုင်းအဖြစ်တည်ရှိမှု (Wave Function) ပေါ်မှာ မူတည်ပါတယ်။Quantum Mechanics မှာ ဖြစ်တန်စွမ်းတွေနဲ့အလုပ်လုပ်ကြတယ်ဆိုတာ ရှေ့အခန်းတွေမှာ ရေးခဲ့ပြီးပါပြီ။အဲ့ဒီတော့ ရုပ်ပိုင်းဆိုင်ရာအတားအဆီးတစ်ခုရဲ့ အခြားတစ်ဖက်မှာ Particle ရှိနိုင်မယ့် ဖြစ်တန်စွမ်းဆိုတာလည်း ရှိပါတယ်။ (ဖြစ်တန်စွမ်း နည်းတော့နည်းတယ်၊ လုံးဝမရှိတာမဟုတ်ပါ)မြင်အောင်ပြောရရင် Quantum Mechanics မှာ လူတစ်ယောက် လက်ရှိနေထိုင်တဲ့နေရာကနေ လ (Moon) ဆီကို ရုတ်တရက်ရောက်သွားနိုင်တဲ့ ဖြစ်တန်စွမ်းတောင် ရှိတယ်လို့ဆိုကြတယ်။Continue reading “Quantum Tunneling (Quantum Mechanics Part 8)”

Quantum Teleportation (Quantum Mechanics Part 7)

(Part 6 ကိုမဖတ်ရသေးဘဲ ဒီ Topic ကို ကျော်မဖတ်သင့်ပါ) ခုရေးမယ့် Topic ကို Sci-fi ဇာတ်လမ်းတွေမှာ တွေ့ဖူးကြမှာပါ။ (ဥပမာ Doctor Who)Game တွေထဲမှာလည်း ဒါနဲ့ခပ်ဆင်ဆင် အယူအဆတွေကို သုံးကြတာပါပဲ။တစ်နေရာကနေပျောက်သွားပြီး နောက်တစ်နေရာမှာ ရုတ်တရက်ပေါ်လာတာမျိုးပေါ့။ Quantum Entanglement အရ ချိတ်ဆက်မိထားတဲ့ Particle ၂ခုမှာ တစ်ခုကိုတိုင်းတာလိုက်တာနဲ့ အခြား Particle တစ်ခုက ဆန့်ကျင်ဘက် Property တစ်ခုသို့ ချက်ချင်းပြောင်းလဲသွားခြင်းကို သိရှိပြီးဖြစ်မှာပါ။Quantum Teleportation ကတော့ နောက်တစ်ဆင့်တက်လိုက်ခြင်းဖြစ်တယ်။တတိယ Particle တစ်ခုပါဝင်လာတာဖြစ်တယ်။ တတိယ Particle (Particle C လို့အလွယ်ခေါ်လိုက်မယ်) ကို Quantum Entanglement အရချိတ်ဆက်ထားတဲ့ Particle ၂ခုထဲက တစ်ခုနဲ့သွားချိတ်လိုက်တယ်။(Particle AContinue reading “Quantum Teleportation (Quantum Mechanics Part 7)”

မသေချာခြင်းများနဲ့ အလုပ်လုပ်ခြင်း (Quantum Mechanics Part 5)

Particle တစ်ခုမှာ အမှုန်သဘာဝပဲရှိတယ်ဆိုရင် မသေချာခြင်းဆိုတာရှိမှာမဟုတ်ဘူး။ Particle ကို ဘယ်နေရာမှာ ရှာလို့ရမယ်ဆိုတာ အတိအကျတွက်ချက်ပြီးပြောနိုင်တယ်။ဒါပေမယ့် သူ့မှာလှိုင်းသဘာဝလည်းရှိနေတယ်ဆိုတော့ သူ့ကိုလှိုင်းရဲ့ဘယ်နေရာမှာရှာရမလဲဆိုတာ မသေချာမရေရာတော့ဘူးပေါ့။ဒီလို မသေချာခြင်းတွေနဲ့ပဲ ရအောင်အလုပ်လုပ်ဖို့အတွက် Werner Heisenberg က Uncertainty Principle ကို စတင်မိတ်ဆက်ပေးခဲ့တယ်။ သူ့ရဲ့အဆိုအရ သီအိုရီအရဖြစ်စေ၊ လက်တွေ့မှာဖြစ်စေ ဝတ္ထုတစ်ခုရဲ့ နေရာ (Position) ကိုသိချင်ရင် အဟုန် (Momentum) ကိုမသိနိုင်၊ အဟုန်ကိုသိလိုရင် နေရာကိုမသိနိုင်လို့ဆိုတယ်။(Momentum = Mass x Velocity) ဒါဟာ ကျွန်တော်တို့သာမန်လူတစ်ယောက်အနေနဲ့ တွေးကြည့်ရင် တော်တော်ယုတ္တိမရှိတဲ့စကားပဲ။မောင်းနေတဲ့ကားတစ်စီးရဲ့ အဟုန်ရော၊ နေရာရောကို ကျွန်တော်တို့လွယ်လွယ်နဲ့တိုင်းတာကြည့်လို့ရနေတာပဲ။ ဒါပေမယ့် ဒီ Principle ကပြောတဲ့ဝတ္ထုဆိုတာ လှိုင်းလေးတွေပါ။ (သူတို့ဟာ သေးငယ်လွန်းတဲ့အတွက် ရုပ်လောကရဲ့ကန့်သတ်ချက်တွေ မရှိပါဘူး)လှိုင်းတစ်ခုကို မြင်ကြည့်ရင် ခုံးတဲ့နေရာတွေနဲ့Continue reading “မသေချာခြင်းများနဲ့ အလုပ်လုပ်ခြင်း (Quantum Mechanics Part 5)”

Schrödinger’s cat (Quantum Mechanics Part 2)

ဒီ Topic ကို မကြားချင်၊ မမြင်ချင်မှအဆုံး ခဏခဏတွေ့ဖူးကြမှာပါ။Quantum Mechanics ကိုနားလည်နိုင်ဖို့ သာမန်လူတွေမြင်သာတဲ့ Thought Experiment တစ်ခုအဖြစ်နဲ့ Erwin Schrödinger ကဖော်ပြခဲ့ပါတယ်။(ဒီစာကို ဆက်မဖတ်ခင် Quantum Mechanics Part 1 ကို အရင်ဖတ်စေလိုပါတယ်၊ အသေးစိတ်များကို Part 1 မှာမြင်လွယ်အောင် တတ်သလောက် ရှင်းပြထားပါတယ်) စမ်းသပ်မှုအကြောင်း ပြောရအောင်။ကြောင်တစ်ကောင်ကို အလုံပိတ်သေတ္တာတစ်ခုထဲထည့်ထားလိုက်တယ်။(ကြောင်ကို ရှေ့အခန်းမှာပြောခဲ့တဲ့ Electron လို့မှတ်ယူလိုက်ပါ) သေတ္တာထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်းတစ်ခု (Radioactive Sample) ကိုထည့်ထားတယ်။အဲ့ဒီပစ္စည်းမှာ ပျက်စီးယိုယွင်းမှု (Decay) ဖြစ်ပြီး ကြောင်ကိုသေစေဖို့ 50% chance ရှိတယ်ဆိုပါတော့။သေတ္တာက အလုံပိတ်ဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကြောင်ကလေးသေ၊ မသေကို ဘယ်လိုမှ မသိနိုင်ဘူး။အဖုံးကိုလှပ်ကြည့်မှ သိနိုင်မယ်။(အဖုံးဖွင့်ကြည့်လိုက်တယ်ဆိုတာ Observe လုပ်လိုက်ခြင်းပါပဲ)Continue reading “Schrödinger’s cat (Quantum Mechanics Part 2)”

ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)

အလင်းဟာ သစ္စာရှိတယ်လို့ ထင်ပါသလား။ရှေ့တင်ဆိုတမျိုး၊ ကွယ်ရာကြတမျိုးဆိုတဲ့အထဲမှာ အလင်းကိုလည်း မပါမဖြစ်ထည့်ပေးရမှာပါ။မနက်ခင်း နေရောင်ထိုးရင် အလင်းတန်းကို ကြည့်လိုက်တဲ့အခါ အလင်းကို အမှုန်တွေလိုတွေ့နေရပါတယ်။ဒါဆိုအလင်းက အမှုန်သဘောရှိတာပေါ့။မြင်မှယုံမယ်ဆိုတဲ့သူတွေအတွက်တော့ ဒီလောက်နဲ့ပဲ ကိစ္စပြတ်သွားတာပေါ့။ ဒါပေမယ့် Einstein က အလင်းမှာ အမှုန်သဘာဝရော၊ လှိုင်းသဘာဝရောရှိတယ်လို့ဆိုခဲ့တယ်။အဲ့လိုနဲ့ Double Slit Experiment ကိုလုပ်လိုက်ကြတယ်။စမ်းသပ်တာက ရိုးရိုးလေးပါပဲ။ အပေါက် ၂ပေါက်ပါတဲ့ ကတ်ထူပြားကို ထောင်ထားလိုက်တယ်။ နောက်မှာ detect လုပ်နိုင်တဲ့ Detector ကိုထားလိုက်တယ်။ပြီးတော့ အလင်းကိုလွှတ်ပေးလိုက်တယ်။ (အစောပိုင်းကာလတွေမှာ ဒီလိုစမ်းသပ်ခဲ့ကြတယ်)အဲ့ဒီနောက်ပိုင်းမှာ Electron ကိုသုံးပြီးစမ်းသပ်ကြတယ်။ (ဆက်ပြောမယ့်စမ်းသပ်မှုမှာ Electron လို့ပဲသုံးသွားပါတော့မယ်၊ သိစေလိုတာက Photon, Electron, Neutron ကြိုက်တာနဲ့စမ်း၊ အဖြေကတော့ တူတူပါပဲ) Electron source က တစ်ကြိမ်မှာ Electron တစ်ခုကိုပဲထုတ်ပေးတာပါ။အပေါက်Continue reading “ဖောက်ပြန်သော အလင်း နှင့် Double Slit Experiment (Quantum Mechanics Part 1)”

Design a site like this with WordPress.com
Get started